သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Wednesday, April 25, 2012



ဓါတ်ပုံ-ဂူဂဲလ်

ကျွန်မက....
 ချစ်သူရင်ခွင်အပါး ဖြတ်တိုက်သွားတဲ့ လေပြေတစ်ခုတဲ့လား
ချစ်သူကတော့.....
 ကျွန်မရင်တစ်ခုလုံး ၀ါးမြိုတိုက်ခတ်သွားတဲ့ မုန်တိုင်းကြီးတစ်ခုပါ။

ကျွန်မက.....
 ချစ်သူ ဆော့ကစားချင်စရာ တိမ်ဖြူတစ်စတဲ့လား
ချစ်သူကတော့.....
 ကျွန်မမျှော်ကိုးရတဲ့ မိုးနတ်သားလေးပါ။

ကျွန်မက.....
 ချစ်သူထံပါး ခစားရမဲ့ ကြယ်လေးတစ်ပွင့်တဲ့လား
ချစ်သူကတော့.....
 ကျွန်မနှလုံးသားရဲ့ လမင်းတစ်စင်းလိုပါ။

ကျွန်မက.....
 ချစ်သူရဲ့ အိပ်မက်မင်းသမီးတစ်ပါးတဲ့လား
ချစ်သူကတော့.....
 ကျွန်မဘ၀ရဲ့  ရှင်ဘုရင်တစ်ပါးပါ။

ကျွန်မက.....
 ချစ်သူအတွက် အေးမြစေမဲ့ နှင်းကလေးတစ်စက်တဲ့လား
ချစ်သူကတော့.....
 ကျွန်မအတွက် ရစ်မူးစေမဲ့ ၀ိုင်နီတစ်ခွက်လိုပါ။

ကျွန်မက.....
ချစ်သူအတွက် ချစ်စရာ အရုပ်ကလေးတစ်ရုပ်တဲ့လား
ချစ်သူကတော့.....
ကျွန်မအတွက် အဖိုးမဖြတ်နိုင်စရာ ရတနာတစ်ပါးပါ။
 
ကျွန်မက.....
 ချစ်သူဦးနှောက်ထဲမှာ မေ့ပစ်လိုက်ချင်တဲ့ အတိတ်ပုံပြင်တစ်ပုဒ်လား
ချစ်သူကတော့.....
 ကျွန်မနှလုံးသားထဲမှာ ထာဝရသိမ်းဆည်းထားတဲ့ မက်မပြေ ဒဏ္ဍာရီလေးတစ်ပုဒ်ပါ။


ရေးပြီးချိန် နံနက် ၃း၃၃ နာရီ ဗုဒ္ဓဟူးနေ့၊ ၂၅ ရက် ဧ‎ပရယ်လ၊ ၂၀၁၂။


Tuesday, April 24, 2012


တကယ့်ကို အားကျအတုယူဖွယ် အချစ်စစ်အချစ်မှန်နဲ့ချစ်ကြတဲ့သူတွေလည်း ရှိနေသေးတာပဲ။ လောကကြီးက ဘာတွေပြောင်းလဲနေပါစေ စစ်မှန်တဲ့ချစ်ခြင်းတစ်ခုကို အလွယ်တကူ မပြောင်းလဲတတ်ကြရင် သာယာတဲ့ ဘ၀တခုကို ပိုင်ဆိုင်နိုင်ကြမယ်လို့ လူသားအားလုံးက ယုံကြည်ထားကြမယ်ဆိုရင် လောကကြီးက ပိုပြီး သာယာစရာကောင်းနေမှာပါ။

Sunday, April 22, 2012













ဓါတ်ပုံ Keralites@yahoogroups.com

Wednesday, April 18, 2012


နှစ်သစ်မှာ ချစ်သူကို အရင့်အရင်အတိတ်တွေထက် ပျော်ရွှင်လန်းဆန်းသောနှစ်သစ်ဖြစ်ပါစေလို့ ဆန္ဒပြုပေးပါရစေ။

အရာအားလုံးကို ငါမမေ့ပျောက်နိုင်သရွေ့ပေါ့
သတိရမှုတွေနဲ့အတူ ဆုမွန်တွေ ခြွေပေးနေချင်သေးတယ်
နှစ်အသစ်မှာ တောက်ပတဲ့မင်းအိပ်မက်တွေ ပြည့်စုံလှပလာပါစေ
နှစ်သစ်မှာ ပျိုမျစ်တဲ့ချစ်ခြင်းတွေ အရင်ကထက် ရရှိပိုင်ဆိုင်နိုင်ပါစေ
နှစ်သစ်မှာ ချစ်သူ သာယာချမ်းမြေ့ပါစေ….
ငါ့မေတ္တာတရားတွေထည့်ဖျော်ထားတဲ့ ရေတခွက် ဖြန်းပက်လိုက်တယ်
ချစ်သူ………….ဘ၀င်အေးပြီး ဘ၀လေးလည်းငြိမ်းချမ်းပါစေ
 

Monday, April 9, 2012

ဆယ်တန်းအောင်ကျောင်းသူ/သားတွေအတွက် ပြည်တွင်းမှာ ဆေးကျောင်းမမှီခဲ့ရင်နေစရိတ် စားစရိတ်အတွက် ငွေကြေးတတ်နိုင်ပါက ပြည်ပမှာ ဆေးပညာအတွက်အခမဲ့ဆည်းပူးလို့
ရနိုင်တယ်ဆိုတဲ့အခွင့်အရေးကို ရရှိနိုင်ပါသေးတယ်ဆိုပဲလေ....။ 

သတင်းကောင်းတစ်ခုကို ပြန်လည်မျှဝေလိုက်ပါတယ်နော်...။ 


မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်ပြီး၍ သွားတက္ကသိုလ် (ဝါ) ဆေးတက္ကသိုလ်များသို့ ဝင်ခွင့် မရသူများကို ချက်ကိုစလို ဘတ်ကီးယားနိုင်ငံမှ အခမဲ့ ပညာသင်ခွင့် ပေးနေပါပြီ။ တစ်နှစ်လျှင် ဆေး ကျောင်းသား ကျောင်းသူ (၃၀) နှင့် သွားတက္ကသိုလ် တက်မည်သူ (၃၀) ယောက်ကို လက်ခံ လျှက်ရှိပါသည်။
အဆိုပါ သွားတက္ကသိုလ်၊ ဆေးတက္ကသိုလ်သို့ တက်ရောက် ပညာသင်ယူမည့်သူများ မတ်လမှစ၍ ပြည်ဝင်ခွင့် လျှောက်လွှာများကို ထိုင်းနိုင်ငံသို့ သွားရောက် ဗီဇာ လျှောက်နိုင်ပါသည်။
တက္ကသိုလ် ဖွင့်ချိန် ဇွန်လမှ စတင်ပါမည်။ တက်ရောက်လိုသူများ မိမိစားစရိတ်နှင့် နေစရိတ်ကို မိမိ ကိုယ်တိုင် တာဝန်ယူရမည်။
ပထမ တစ်နှစ် သွား/ဆေး တက္ကသိုလ်တက်မည့်သူများ တစ်နှစ်တာ ချက်ဘာသာစကား သင်ယူရပါမည်။ ဘွဲ့လက်မှတ်ရသောအခါ တစ်ကမ္ဘာလုံးရှိ နိုင်ငံအသီးသီးသို့ လိုင်စင်စာမေးပွဲ ဖြေဆိုနိုင်ခွင့် ရှိပါသည်။
နှစ်စဉ် မြန်မာ ကျောင်းသား ကျောင်းသူ (၆၀) ယောက်သာ လက်ခံသွားမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
ဆန်းသစ်အာရောဂျံ Co.,Ltd
အမှတ် (၇၄)၊ ရွှေတောင်တန်းလမ်း၊
လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Ph: 01 - 222540 

ဒီကနေ တွေ့လာတဲ့ သတင်းတစ်ပုဒ်ပါ။ 

Sunday, April 1, 2012

အိန္ဒိယက ဆံပင်အလှနဲ့ ကျော်ကြားပါတယ်။ သူတို့ဆံပင်ဟာ မဲနက်တောက်ပြောင်ပြီး သန်စွမ်းတာကိုး။ ဂျပန်မလေးတွေက အရမ်းအသားအရေလှတယ်နော်။ ဘရာဇီးတွေမှာတော့ ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်ရှိတယ်။ ဒါတွေက မျိုးရိုးလိုက်တာ ဟုတ်ဘူးနော်။ နိုင်ငံတိုင်းမှာ အလှအပအတွက် သူတို့ဓလေ့နဲ့ သူတို့ရှိတယ်လေ။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အဲဒီဓလေ့ကြောင့်ပဲ သူတို့ အားလုံးလှနေတာပေါ့။ အဲ့ဒီတော့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေမှာ သူတို့ရဲ့ ထင်ရှားတဲ့အလှတရားတွေအတွက် ဘယ်လိုဓလေ့တွေရှိလဲဆိုတာကို ရင်းနှီး သလောက် ပြောပြမယ်နော်။
Itly

အီတလီတွေရဲ့ မျက်တောင်တွေဟာ စိုပြေပြီး အရမ်းလှတယ်လေ။ သူတို့ဟာ ဆယ်ကျော်သက်ဘ၀ထဲက အဖွားတို့အမေတို့ပြောလို့ ညမအိပ်ခင် မျက်တောင်ကို ကြက်ဆူဆီလိမ်းပေးတဲ့အကျင့် ရှိတာကိုး။
Greece

ဂရိတွေရဲ့ အသားတွေနူးညံ့နေတာက သူတို့ခန္ဓာကိုယ်ကို Baby Oil အမြဲလိမ်းလို့ပါတဲ့။
Poland

ပိုလန်တွေဟာ သူတို့ရဲ့အလှအပအတွက် ပျားရည်ကို သုံးကြတယ်တဲ့။ ပျားရည်ကိုအပူပေးပြီး မျက်နှာရဲ့အစိုဓာတ်အတွက် လိမ်းကြသလို နှုတ်ခမ်းသားတွေ နှုးညံ့စိုပြေစေဖို့ နှုတ်ခမ်းသားမှာလည်း လိမ်းကြပါသေးတယ်။
India

အိန္ဒိယလူမျိုးတွေရဲ့ ဆံပင်ဟာ အရမ်းကောင်းတယ်နော်။ ဆံပင်လည်း သန်တယ်။ မဲနက်တောက်ပြောင်နေတယ်လေ။ အဲ့ဒါ အုန်းဆီရဲ့တန်ခိုးကြောင့်ပေါ့။ အုန်းဆီဟာ ဆံလုံးသေးပြီး အရမ်းပါးတဲ့ဆံပင်ကိုလည်း သန်စွမ်းစေတယ်။ လုပ်ရမှာကတော့ ညအိပ်ယာမ၀င်ခင် အပူပေးထားတဲ့အုန်းဆီကို တခေါင်းလုံးအနှံ့လိမ်း၊ ဦးရေပြားကို အသေအချာလေးနှိပ်နယ်ပြီး အိပ်လိုက်ပါ။

မနက်အိပ်ယာနိုးတော့ လျှော်လိုက်ပေါ့။ တပတ်တခါ ပုံမှန်လုပ်ပေးရင် ဆံသားတွေပျက်စီးနေတာတွေနဲ့ ဆံပင်နှစ်ခွဖြစ်တာတွေပါ ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။
Egypt

အီဂျစ်တွေရဲ့သွားတွေက ဖြူဖြူဖွေးဖွေးနဲ့ လှတယ်လေ။ ဘာလို့လဲဆိုတော့ အီဂျစ်တွေက သွားတိုက်တဲ့အခါ မုန့်ဖုတ်ဆိုဒါနဲ့ ဆားကြမ်းကိုရောပြီး တိုက်လို့ပါတဲ့။ အဲ့အရောကို သင့်လက်ချောင်းလေးတွေကို အသုံးပြုပြီး သွားတိုက်နိုင်ပါတယ်။ ၁မိနစ်လောက်ထားပြီးရင် ပလုတ်ကျင်းပေးရုံပါပဲ။

Australia


သြစတြေးလျတွေဟာ သူတို့ခြေထောက်က အသားမာတွေပျောက်ကင်းအောင် ထောပတ်သီးအခွံနဲ့ သေချာပွတ်တိုက်ကြသတဲ့။
Spain

စပိန်တွေရဲ့ ဓလေ့ကတော့ မျက်ကွင်းညိုပြီဆိုတာနဲ့ အာလူးကို ပါးပါးလှီးပြီး မျက်လုံးမှာ ကပ်လိုက်တာပါပဲ။ ၁၀ မိနစ်လောက်ကပ်လိုက်တာနဲ့ မျက်ကွင်းညိုတာလည်း သက်သာသွားတယ်တဲ့။
Jamaica

ဂျမေကာတွေကတော့ အထူးအဆန်းပဲ။ သူတို့ မျက်နှာလေးတွေ နူးညံနေဖို့နဲ့  နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ ငှက်ပျောသီးအခွံနဲ့ မျက်နှာကိုပွတ်တယ်တဲ့။ နေလောင်တာကို ကုသတာမှာလည်း ငှက်ပျောသီးအခွံကိုသုံးပါသေးတယ်။
Japan

ဂျပန်မလေးတွေ အသားအရေလှတာကတော့ တကယ်မနာလိုစရာပဲနော်။ သူတို့က ရေညှိရဲ့အစွမ်းကြောင့် လှနေတာပါ။ မျက်နှာသန့်စင်ဆေးတွေ Toner တွေကိုလည်း ရေညှိက ထုတ်လုပ်တာကိုပဲ သုံးစွဲကြတယ်။ မျက်နှာပေါင်းတင်တာ၊ အဆီပိုတွေကိုဖယ်ရှားတာ အားလုံးကို ရေညှိက ထုတ်ထားတယ်။ ပြီးတော့ ဆံပင်သန်အောင်ဆိုပြီး ရေညှိကို စားကြသေးသတဲ့။ ဘက်စုံအသုံးဝင်တဲ့ ရေညှိပါပဲ။
Scotland

အသားဖြူတဲ့ စကော့တလန်သူတွေရဲ့ အသားအရေဟာ အရမ်းထိခိုက်လွယ်ပါတယ်။ သူတို့ဟာ အသားအရေ ကောင်းမွန်အောင်အသားအရေကို သန့်စင်ပြီးတာနဲ့ မက်မွန်ဆီကို လိမ်းကြပါတယ်။
Taiwan

ထိုင်ဝမ်ကလူတွေဟာ ကျန်းမာလှပနေတာဟာ ရေနွေးကြမ်းရဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့်ပါပဲ။ သူတို့ဟာ နေလောင်တာကို အေးမြစေဖို့လည်း ရေနွေးကြမ်းရည် လိမ်းကြပါသတဲ့။
Turkey

တူရကီတွေဟာ ဒိန်ချဉ်အများကြီး သောက်ကြပါတယ်။ ဒိန်ချဉ်ဟာ အစာတွေကို ချေဖျက်တာကို အကူအညီပေးလို့ အစားအစာတွေရဲ့ အဟာရဓာတ်ကို ပိုရပြီး ပိုကျန်းမာလှပနိုင်တယ်လို့ ယုံကြည်ကြလို့ပါပဲ။
France
ပြင်သစ်တွေရဲ့  သွားတွေက ခိုင်ခံ့ပြီး ပိုးလည်းမစားဘူးတဲ့။ ဘာလို့လဲသိလား။ သူတို့က ဒိန်ခဲတွေ အရမ်းစားတယ်လေ။ ဒိန်ခဲမှာပါတဲ့ ဓာတ်တွေက သွားကြွေလွှာတွေကိုခိုင်ခံ့စေပြီး သွားပိုးမစားအောင် ကာကွယ်ပေးလို့ပါ။
Sweden

ဆွီဒင်က အလှပဂေးတွေဟာ သူတို့သားအရေလှပဖို့ ဘလူးဘယ်ရီသီးအစိမ်းတွေကို တခြားအသီးအနှံတွေ

အသားတွေနဲ့ တွဲဖျက်ပြီး စားသုံးကြပါသတဲ့။
Brazil

ကမ္ဘာ့အလှဆုံးမှာပါတဲ့ ဘရာဇီးသူတွေဟာ ကမ်းခြေသွားတဲ့အခါ သဲတွေလက်တစ်ဆုပ်စာအပြည့်နဲ့ သူတို့

ခန္ဓာကိုယ်ကိုပွတ်တိုက်ကြပါတယ်။ ဒီနည်းက အဆီပိုတွေကို ဖယ်ရှားပေးနိုင်သလို သွေးလှည့်ပတ်မှုကိုလည်း
ကောင်းစေလို့ သူတို့အသားအရေဟာ ကျစ်လစ်လှပနေတာပေါ့။
ကဲ … ဒီလောက်ဆိုရင် ကျွန်တော့ရဲ့သူငယ်ချင်းတွေ တော်တော်ဗဟုသုတ ရသွားလောက်ပြီ။ အတုယူလို့ရတဲ့နည်းလေးတွေကို အတုယူ အသုံးချပြီး နိုင်ငံပေါင်းစုံရဲ့ကိုယ်ပိုင်အလှလေးတွေကိုပါ ပိုင်ဆိုင်ပြီး မြန်မာတွေလည်း ကမ္ဘာ့အလှဆုံးတွေဖြစ်လာနိုင်တာပဲနော်။
From-Myanmar Health & Beauty Corner
                                                                                                                                      Reference From:http://welcometoitbank.blogspot.com/

မူရင်းဖတ်ချင်ရင် ဒီကို ၀င်လိုက်ပါ။  

Template by:
Free Blog Templates