သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Saturday, November 3, 2012


အံ့သြစရာ ပါရမီနဲ့ ကြည်ညိုစရာကောင်းသလို။ အရွယ်ကလေးနဲ့ ချစ်စရာလည်းကောင်းလွန်းတယ်။
လူဝင်စားဆိုတာ တကယ်ရှိမရှိ ငြင်းဖို့က အင်မတန်မှ ခဲယဉ်းပါတယ်။

Monday, March 12, 2012


ဓါတ်ပုံ Keralites@yahoogroups.com

Monday, March 5, 2012

ဓါတ်ပုံ Keralites@yahoogroups.com

Saturday, March 3, 2012

One afternoon, a boy approached his mother,
who was preparing dinner, and handed him a sheet of paper
with something written. After she dried her hands and took off his apron, she read:
- Cut the lawn: $ 3.00
- For cleaning my room this week $ 1.00
- Why go to the supermarket instead $ 2.00
- For taking care of my little brother while you went  scompras $ 2.00
- By taking out the garbage every week R $ 1.00
- For a newsletter with good grades $ 5.00
- For cleaning and sweeping the yard $ 2.00
- TOTAL DEBT $ 16.00 The mother looked at the boy,
awaiting full of expectation.
finally,
she took a pencil and the back of the same note he wrote:
- Why take you nine months in my womb and give you life
- NOTHING
- So many nights without sleep, heal you and pray for you
- NOTHING-those problems and the tears that I causastes
- NOTHING - For fear and the concerns that I hope
-NOTHING - For food, clothes and toys
- NOTHING - For you clean the nose
-NOTHING - TOTAL COST OF MY LOVE
- NOTHING
When the boy finished reading what his mother
had written his eyes filled with tears.
He looked into her mother's eyes and said:
"I love you, Mommy!" Soon after, took a pencil and wrote
with a huge bill:
"FULLY PAID".

Wednesday, February 29, 2012

ဓါတ်ပုံ Keralites@yahoogroups.com

Monday, February 27, 2012

“I am the left brain.
 I am a scientist. 
A mathematician. 
I love the familiar. 
I categorize.
 I am accurate.
 Linear.
 Analytical. 
Strategic.
 I am practical.
 Always in control. 
 A master of words and language.
 Realistic.
 I calculate equations and play with numbers.
 I am order.
 I am logic.
 I know exactly who I am.”

“I am the right brain. 
I am creativity. 
A free spirit.
 I am passion.
 Yearning. 
Sensuality. 
I am the sound of roaring laughter.
 I am taste. 
The feeling of sand beneath bare feat.
I am movement. 
Vivid colors.
 I am the urge to paint on an empty canvas.
 I am boundless imagination.
 Art. 
Poetry.
 I sense.
 I feel. 
I am everything I wanted to be.”



Source: ဓါတ်ပုံ Keralites@yahoogroups.com


( How about You, Left or Right ?)

Saturday, January 15, 2011


က................ကလိမ်စေ့ ငြမ်းစင် သူတို့ပင်


..................ခဏခဏ အယောင်တွေပြ
...................ဂတိ အလွန်ပျက်၏

...................ငါတို့အား အသေဖိထား

...................စစ်တပ် ပြည်သူတွေကိုသတ်

..................ဆရာတော်များ အသက်စွန့်သွား

....................ဇစ်မြစ် ဘယ်ကမှန်းမသိ

..................ညှင်းဆဲ ပြည်သူတွေမှာ သူတို့လက်ထဲ

................တရားဥပဒေ စာအုပ်ထဲမှာနေ

.................ထင်ရာစိုင်း လူ့ငရိုင်း

..................ဒလိမ့်ကောက်ကွေး အမြန်ဆင်းပေး

.................ဓန သူတို့ လက်ထဲမှာဗျ

.................နိုင်ငံခြား အဆက်ဖြတ်ထား(အဆက်အသွယ်)

................ပုန်းနေ သချိုင်းကုန်းမြေ

...............ဖွံ့ဖြိုးမူမှာ နောက်ဆုံးကပါ

..............ဗိုလ်ချူပ်မူးကြီး အချိန်မစီး(ဟီးးးးးးးး ဘယ်ဒူပါလိမ့်)

............ဘယ်သူမှ အထင်မကြီးပါဗျ

.............မြုံနေရ သေနတ်ကြောက်လို့ပါကွ

............ယတြာ ခြေလွန်းတယ်ဗျာ

..............ရူးနေ ဘုရင်ရူးပေ

............လူတိုင်း ဘုရားထူးခိုင်း

..............၀ဋ်ရယ် လည်ပါတော့ကွယ်

............သက်တမ်း အမြန်ကုန်စမ်း

..............ဟိုမှာ လေဖြတ်နေပြီကွာ :D

...............အမင်္ဂလာ ဆိုက်ပြီဗျာ တဲ့ သူငယ်ချင်းတို့ရေ.............:P

ဦးဦးမှော်ဆရာအသင်းဝင်မမ ပန်းနှင်းဆီ မှမျှ ဝေလို့ သယ်ရင်းတို့ ပျော်အောင်ပြန်လည်မျှဝေလိုက်ပါတယ်

-- အခု သံယောဇဉ်ကထပ်ဆင့် မျှဝေပေးပါတယ်။

Wednesday, November 17, 2010

Aspire to reach your potential.
Believe in yourself .
Create a good life .
D
ream about what you might become .
Exercise frequently .
Forgive honest mistakes.
Glorify the creative spirit .
Humor yourself and others .
Imagine great things.
Joyfully live each day .
Kindly help others .
Love one another.
Meditate daily..
Nurture the environment ..
Organize for harmonious action .
P
raise performance weel done .
Question most things .
R
egulate your own behavior .
Smile often.
Think rationally .
Understand your self.
Value life .
Work for the common good .
X-ray and carefully examine problems .
Yearn to improve.
Zestfully pursue happiness ..


Forward mail မှတဆင့် ပြန်လည်မျှဝေပါတယ်။ လာရောက်လည်ပတ်ပေးကြတဲ့ သူငယ်ချင်းမောင်နှမများအားလုံးကို အစဉ်ကျေးဇူးတင်လျှက်..... သံယောဇဉ်။

Thursday, September 23, 2010


A real friend would forgive
If I did something wrong
A real friend will lend a hand
Whenever I'm not strong

A real friend would listen
If I tried to speak
A real friend will accept
Whether I am strong or weak

A real friend would care
If I ever fell ill
A real friend will know
How I really feel

A real friend would always be there
If I need them by my side
A real friend will remember me
Long after I have died

A real friend would be forever
If I even moved away
A real friend will never truly leave
In each other's hearts we shall always stay

Poet....Katherine Sessor

http://www.poemhunter.com/poem/a-real-friend-5/

Tuesday, September 7, 2010

သူငယ်ချင်းနှစ်ယောက်လုံးကအခြားတစ်ယောက်ကအလုပ်များနေမှာဘဲလို့တွေးကြတယ်..



ပြီးတော့တစ်ယောက်နဲ့စခေါ်လိုက်ရင်သူ့ကိုအနှောက်အယှက်ဖြစ်စေမှာဘဲလို့တွေးမိကြပြီးမ

ဆက်သွယ်မိကြဘူး…



အချိန်တွေကြာလာတာနဲ့အမျှ



နှစ်ယောက်စလုံးကအခြားသူကစပြီးဆက်သွယ်လာမှာကိုဘဲစောင့်နေကြတယ်..



အဲဒါပြီးတော့ တစ်ယောက်ခြင်းဆီက ငါကဘာလို့အရင်ဆက်သွယ်ရမှာလဲလို့တွေးမိကြတယ်…



ဒီအချိန်မှာအစပိုင်းက သူငယ်ချင်းအချစ်တွေကအမုန်းတွေအဖြစ်ကိုပြောင်းလဲသွားကြတယ်…



သူတို့နှစ်ယောက်ဟာတစ်ဦးနဲ့တစ်ဦးမေ့သွားကြတယ်…..


ဒါကြောင့်ဒီလိုမဖြစ်စေဖို့…Forward mail လေးကို မျှဝေလိုက်တယ်နော်။ ချစ်သောသူငယ်ချင်းများအားလုံး သံသယကင်းတဲ့ ခင်မင်မှုတွေနဲ့ပျော်ရွှင်မှုတွေ ထာဝရ တည်ဆောက်နိုင်ကြပါစေ။

Saturday, August 28, 2010

အားလပ်ချိန်လေးမှာ စာတွေလိုက်ဖတ်ရင်း နှစ်သက်မိတဲ့ အမေအတွက် ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်လေးပါ။

M  .... is for the millions things she gives us.
မိခင်ဟာ ကျွန်တော်တို့ကို သန်းပေါင်းများစွာသော ထိုက်တန်တဲ့အရာတွေကို ပေးခဲ့သူပါ။

O.... means only that she's growing old.
မိခင်ဟာ သားသ္မီးတွေ ရှင်သန်ဖို့အတွက် ပေးဆပ်ရင်း အိုမင်းရင့်ရော်သွားခဲ့သူပါ။

T.... is for tears to save us.
မိခင်တွေဟာ သားသ္မီးတွေရဲ့ နောင်ရေးအတွက် ကျမျက်ရည်များခဲ့ရသူပါ။

H.... is for heart of purest gold.
မိခင်ဟာ ကျွန်တော်တို့အတွက်တော့ ဖြူစင်အေးမြတဲ့ ရွှေစင်နှလုံးသားပိုင်ရှင်ပါ။

E.... is for her eyes, with love sight.
မိခင်ဟာ ကျွန်တော်တို့ကို ဂရုဏာများနဲ့ ကြီးမားတဲ့မေတ္တာ အကြင်နာတွေနဲ့ ကြည့်ရှု ပြုစုစောင့်ရှောက်ခဲ့သူပါ။

R.... means right she'll always be.
မိခင်ဟာ ကျွန်တော်တို့အတွက် အမြဲတမ်း မှန်ကန်တဲ့စကားတွေကိုသာ ပြောဆိုတတ်ခဲ့သူပါ။


မူရင်း... ချိုလင်းပြာ အမျိုးသ္မီးစာစောင်၊ အမှတ် ၃၊ ၂၀၀၈ မေလထုတ်
နိုင်ငံတကာ အမေများနေ့ အမှတ်တရစာစု မှ မာန်လှိုင်းငယ်ရဲ့ (မအိုသော၊ မနာသော၊ မသေဆုံးသော)
မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။

Tuesday, August 17, 2010

တစ်ခါတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးပင်ကြီးတစ်ပင်ရှိတယ်...
ကောင်လေးတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း အဲဒီသစ်ပင်ကြီးဆီကိုလာပြီး ဆော့ကစားလေ့ရှိတယ်..
သစ်ပင်ကြီးက အဲဒီကောင်လေးကိုအလွန်ချစ်ရှာတယ်...
ကောင်လေးကလည်းသစ်ပင်ကြီးကိုချစ်တယ်....
ကောင်လေးဟာနေ့စဉ်သစ်ပင်ကြီးထိပ်ဖျားထိရောက်အောင်တက်တယ်...အသီးတွေကိုစားတယ်..သစ်ပင်ကြီးရဲ့အရိပ်အောက်မှာ တစ်ရေးတစ်မောမှေးတယ်...
ကောင်လေးဟာသစ်ပင်ကြီးကိုချစ်တယ်...သစ်ပင်ကြီးကလည်းအလွန်ပျော်ရှာတယ်...
ဒီလိုနဲ့အချိန်တွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးလာခဲ့တယ်....
တစ်နေ့မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုလာခဲ့တယ်..
သစ်ပင်ကြီး - "ကောင်လေးရေ..လာပါ..ငါနဲ့လာဆော့ပါအုံး"
ကောင်လေး - " ကျွန်တော်အရင်လိုကလေးလေးမဟုတ်တော့ပါဘူး.. ဒီသစ်ပင်ကြီးနားမှာလည်းထပ်ပြီးမဆော့ချင်တော့ဘူး.. ကျွန်တော်အရုပ်တွေလိုချင်တယ်..အဲဒါတွေဝယ်ဖို့အတွက်ပိုက်ဆံလိုအပ်နေပါတယ်"
သစ်ပင်ကြီး - "၀မ်းနည်းပါတယ်ကောင်လေးရယ်.. ငါ့မှာမင်းကိုပေးဖို့ပိုက်ဆံမရှိဘူး... ဒါပေမယ့်ငါ့ရဲ့အသီးတွေအားလုံးကိုမင်းခူးသွားပါ.. ပြီးရင်ရောင်းပါ..အဲဒါဆိုမင်းလိုအပ်နေတဲ့ပိုက်ဆံတွေရပါလိမ့်မယ်"
ကောင်လေးဟာအလွန်စိတ်လှုပ်ရှားစွာနဲ့ သစ်ပင်ပေါ်ကပန်းသီးတွေအားလုံးကိုသိမ်းကျုံးယူပြီး ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...
ပန်းသီးတွေကိုခူးဆွတ်သွားပြီးတဲ့နောက်မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုဘယ်တော့မှပြန်မလာတော့ဘူး...
သစ်ပင်ကြီးဟာအလွန်ဝမ်းနည်းနေခဲ့တယ်....
သက္ကရာဇ်ပေါင်းများစွာကိုကျော်ဖြတ်ပြီးတဲ့ တစ်နေ့မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးဟာ သစ်ပင်ကြီးဆီကို ပြန်လာခဲ့တယ်..
သစ်ပင်ကြီးကစိတ်လှုပ်ရှား စွာနဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးကိုကြည့်နေတယ်...
သစ်ပင်ကြီး - " လာပါ..ငါနဲ့လာဆော့ပါ"
ကောင်လေး - "ငါ့မှာကစားဖို့အတွက်အချိန်မရှိဘူး..ငါ့မိသားစုအတွက်အလုပ်လုပ်နေရတယ်... အခုတို့မိသားစုခိုလှုံဖို့အတွက်အိမ်တစ်လုံးလိုအပ်နေတယ်..ငါ့ကိုကူညီနိုင်မလား?"
သစ်ပင်ကြီး - "၀မ်းနည်းပါတယ်ကောင်လေးရယ်...ငါ့မှာမင်းကိုပေးဖို့အိမ်မရှိပါဘူး..ဒါပေမယ့် မင်းငါ့ရဲ့အကိုင်းအခက်တွေကိုခုတ်သွားပါ..ပြီးရင်မင်းရဲ့အိမ်ကိုဆောက်ပါ"
ကောင်လေးဟာ သစ်ပင်ကြီးရဲ့အကိုင်းအခက်တွေအားလုံးကိုခုတ်ယူပြီး ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...
အချိန်တွေကြာလာတဲ့အခါ ကောင်လေးဟာသစ်ပင်ကြီးဆီ ထပ်ရောက်လာပြန်ပါတယ်...
ကောင်လေး - "ငါလည်းတဖြည်းဖြည်းနဲ့အိုမင်းလာပြီ..အနားယူရင်းနဲ့ငါကိုယ်တိုင်ရွက်လွှင့်ချင်တယ်...ငါ့ကိုလှေတစ်စင်းပေးနိုင်မလား?"
သစ်ပင်ကြီး - "ငါ့ရဲ့ပင်စည်ကိုအသုံးပြုပြီး မင်းအတွက်လှေတစ်စင်းဆောက်ပါ...ဒါဆိုရင် ဟိုးအဝေးကြီးကို မင်းရွက်လွှင့်နိုင်ပါပြီ....ပျော်ရွှင်ပါစေကွာ"
ကောင်လေးဟာသစ်ပင်ကြီးတစ်ပင်လုံးကိုခုတ်ယူသွားပြီး လှေတစ်စင်းပြုလုပ်ခဲ့တယ်...ပြီးတော့ရွက်လွှင့်သွားလိုက်တာ အချိန်တွေအကြာကြီးသူ့ကိုမတွေ့ရတော့ပါဘူး..
အဲဒီနှစ်တွေမှာ သစ်ပင်ကြီးဟာပျော်ရွှင်နေတယ်လို့ထင်ရပေမယ့် တစ်ကယ်တော့မဟုတ်ခဲ့ပါဘူး...
နှစ်များစွာကြာပြီးတဲ့ နောက်ဆုံးမှာတော့ အိုမင်းနေပြီဖြစ်တဲ့အဘိုးအိုတစ်ယောက်ဟာ သစ်ပင်ကြီးဆီကိုရောက်လာခဲ့တယ်...
သစ်ပင်ကြီး - "၀မ်းနည်းပါတယ် ကောင်လေးရယ်... ငါ့မှာမင်းကိုဒီ့ထက်ပိုပြီးပေးစရာ ဘာမှမရှိတော့ဘူး... မင်းအတွက်ပန်းသီးတွေလည်းမရှိတော့ပါဘူး"
အဘိုးအို - "ကိစ္စမရှိပါဘူး...အဲဒါတွေကိုကိုက်ဖို့အတွက် ငါ့မှာသွားတွေမရှိတော့ဘူး"
သစ်ပင်ကြီး - "မင်းတက်ဖို့အတွက်ပင်စည်လည်းငါ့မှာမရှိတော့ပါဘူး"
အဘိုးအို - "အဲလိုတက်ဖို့အတွက်လည်း ငါအရမ်းအိုမင်းနေပါပြီ"
သစ်ပင်ကြီး - "ငါ့မှာမင်းကိုပေးဖို့အတွက် တကယ့်ကိုဘာမှမရှိတော့ပါဘူးကွယ်..ငါ့မှာခြောက်သွေ့နေတဲ့အမြစ်ကြီးတစ်ခုပဲကျန်ပါတော့တယ်"
သစ်ပင်ကြီးကမျက်ရည်များနဲ့ပြောရှာတယ်...
အဘိုးအို - "အခုငါ့အတွက်အများကြီးမလိုအပ်တော့ပါဘူး...အနားယူဖို့နေရာလေးတစ်ခုဆိုရပါပြီ...ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာငါအရမ်းပင်ပန်းခဲ့တယ်"
သစ်ပင်ကြီး - "ကောင်းပြီ..ဒီအမြစ်အိုကြီးဟာအနားယူဖို့အတွက်တော့အကောင်းဆုံးနေရာပါ...လာ-ငါနဲ့အတူထိုင်ပြီးအနားယူလှည့်ပါ"
ပင်ပန်းနွမ်းနယ်နေရှာတဲ့အဘိုးအိုဟာ ခြောက်သွေ့နေပြီဖြစ်တဲ့အမြစ်ကြီးပေါ်မှာ ထိုင်လိုက်ပါတယ်...
သစ်ပင်ကြီးကတော့ဝမ်းသာမှုတွေနဲ့ မျက်ရည်တွေကြားကနေအတောက်ပဆုံးပြုံးနေပါတော့တယ်....

***သင်ဘယ်လောက်ပဲအလုပ်တွေများနေပါစေ သင့်ရဲ့အချို့သောအချိန်လေးတွေကိုတော့ မိဘနဲ့အတူကုန်ဆုံးနိုင်ပါစေ***

ဖတ်မိတဲ့ " The Boy & The Apple Tree " ပုံပြင်လေးကို ဘာသာပြန်ပြီး ဖြန့်ဝေလိုက်ပါတယ်....
ဒီပုံပြင်လေးဖတ်ပြီး ကိုယ့်မိဘအပေါ်မှာ အချိန်လေးအနည်းငယ်ပိုပေးနိုင်ပါစေ လို့ဆန္ဒပြုပါတယ်..... 
Forward mail က ရခဲ့တာလေးပါ။ ဒီမေးလ်ရခဲ့တာတော့ ကြာပါပြီ။ ကျွန်မဆို ဒီပုံပြင်လေးကို ၃၊ ၄  ခေါက်လောက် ဖတ်ဖူးပြီးပြီ။ အဲဒါကြောင့်မို့ အလည်ရောက်လာသူများကိုလည်း ဖတ်စေချင်တဲ့ စိတ်ရင်းနဲ့ တင်လိုက်တာပါ။ အိမ်မှာ ကျန်နေခဲ့တဲ့အမေ့ကို မြင်ယောင်မိတယ်။ အမေ့ကို တစ်ယောက်ထဲ မထားခဲ့ချင်ပေမဲ့ အခြေအနေတွေက ဘယ်လိုမှ ကိုယ်ဖန်တီးချင်သလို ခွင့်မပြုဘူးလေ။ အမေနဲ့အတူ ရွာမှာနေခွင့်တောင်းပေမဲ့ အမေက ကျွန်မသာရွာမှာ နေမယ်ဆိုရင် သူအရမ်းစိတ်မကောင်းဖြစ်မိမယ်တဲ့။ သားသမီးကို အမြင့်မှာပဲ မြင်ချင်တာ မိဘတိုင်းရဲ့ အရင်းခံစေတနာတွေပဲမဟုတ်လား။ အမေ့ကို ထားခဲ့ရတာ စိတ်မအေးပေမဲ့ အမေစိတ်မထိခိုက် အောင်လို့ အမေနဲ့ဝေးတဲ့ အမေသွားစေချင်တဲ့ ဒီဒေသလေးမှာ ကျွန်မ မပျော်ပေမဲ့ နေနေရဆဲ ပေါ့။ မိဘတိုင်းဟာ အသက်တွေကြီးရင့် အိုမင်းလာလေလေ သားသမီးမေတ္တာကို ပိုပြီး ငတ်မွတ်တောင့်တလာလေပါပဲ။ သားသမီးတွေအားလုံး ကိုယ့်မိဘရဲ့ စိတ်ခံစားမှုကို နားလည် ပေးနိုင်တဲ့ သားကောင်းသမီးမွန်တွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။

Friday, August 6, 2010

သင်တန်းကျောင်းတစ်ခုရဲ့ နောက်ဆုံးသင်တန်းချိန်က "အိမ်ထောင်ရေး၏
လုပ်ဆောင်မှုနှင့် ထီထွင်မှု" အကြောင်းဖြစ်တယ်။ ဟောပြောမယ့်ဆရာက
အတန်းထဲဝင်လာပြီး အသင့်ယူလာတဲ့ ကားချပ်တစ်ချပ်ကို ကျောက်သင်ပုန်းပေါ်
ချိတ်ဆွဲလိုက်တယ်။ ကားချပ်ပေါ်မှာက "အောင်မြင်တဲ့ အိမ်ထောင်ရေး
အချက်နှစ်ချက်" ဆိုပြီး

၁) လူကောင်းတစ်ယောက်ကို ရှာပါ။
၂) ကိုယ်ကိုယ်တိုင် လူကောင်းဖြစ်အောင် လုပ်ပါ... လို့ ရေးထားတယ်။

ဆရာက "အောင်မြင်တဲ့ အိမ်ထောင်ရေးက ဒီလောက်ပဲ လွယ်ကူပါတယ်။
တစ်ခြားအောင်မြင်တဲ့ လျှို့ဝှက်ချက်တွေကိုလည်း သက်ကြီးရွယ်အိုတွေဆီက
အမြဲကြားဖူးကြလိမ့်မယ် ထင်ပါတယ်" လို့ စကားစလိုက်တာနဲ့ သင်တန်းသားတွေဆီက
တွတ်ထိုးသံတစ်ချို့ ထွက်လာတယ်။ သင်တန်းသားအများစုက အိမ်ထောင်ရှိသူတွေ
ဖြစ်ကြတယ်။

တအောင့်ကြာတော့ အသက် ၃ဝအရွယ် အမျိုးသမီးတစ်ဦးက ထရပ်ပြီး "တကယ်လို့
ဒီအချက် နှစ်ချက်စလုံးကို မလုပ်နိုင်ခဲ့ဘူးဆိုရင်ရော? " လို့
ဆရာ့ကိုမေးတယ်။

ဆရာက "မလုပ်နိုင်ခဲ့ရင် အချက်(၄)ချက် ဖြစ်သွားလိမ့်မယ်" လို့ ပြောပြီး
နောက်ကားချပ်တစ်ခုကို ချိတ်ဆွဲလိုက်တယ်။

၁) သည်းခံပါ၊ ကူညီပါ။ ကူညီတာ အလိုမကျရင် သည်းခံပါ။
၂) သည်းခံတာကို အကျင့်ဖြစ်အောင် လုပ်ပါ။
၃) တုံးအတဲ့ စရိုက်လေးပါအောင် ကျင့်ပါ။
၎) တုံးအအ စရိုက်ကို တစ်သက်လုံး ကျင့်သွားပါ။

အချက် (၄)ချက်ကို ဆရာရွတ်မပြီးခင် သင်တန်းသားတွေ လှုပ်လှုပ်ရွရွ
ဖြစ်လာကြတယ်။ ဒါမဖြစ်နိုင်ဘူး၊ ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့
တီးတိုးသံတစ်ချို့ လွှင့်လာတယ်။ အားလုံး ငြိမ်သက်သွားချိန်ရောက်မှ ဆရာက
"တည်ငြိမ်တဲ့ အိမ်ထောင်ရေးတစ်ခု ရှိချင်တယ်။ ဒီ (၄)ချက်ကိုလည်း
မလုပ်နိုင်ဘူးဆိုရင် အောက်က အချက် (၁၆) ချက်ကို လုပ်နိုင်ရမယ်" လို့
ပြောလိုက်တယ်။

ဆရာက နောက်ကားချပ်တစ်ချပ်ကို ချိတ်ဆွဲလိုက်ပြန်တယ်။
၁) မတူတဲ့အချိန်မှာ စိတ်တို၊ ဒေါသထွက်ကြပါ။
၂) ရေးကြီးခွင်ကျယ် မဟုတ်ခဲ့ရင် စကားပြောတဲ့အချိန် အော်မပြောပါနဲ့။
၃) ရန်ဖြစ် အငြင်းပွါးတဲ့အခါ တစ်ဖက်လူကို အနိုင်ပေးလိုက်ပါ။
၎) ဒီနေ့ငြင်းခုံတာကို မနက်ဖြန်အထိ သယ်မသွားပါနဲ့။
၅) ငြင်းခုံရန်ဖြစ်ပြီး အမေအိမ်ပြန်တာပဲဖြစ်ဖြစ်၊
အပြင်ထွက်သွားတာပဲဖြစ်ဖြစ် အချိန် ၈နာရီထက် မကျော်ပါစေနဲ့။
၆) ဝေဖန်တဲ့စကားမှာ မေတ္တာပါပါစေ။
၇) ကိုယ့်အမှားကို တောင်းပန်တတ်ဖို့ အမြဲအသင့်ပြင်ထားပါ။
၈) ကိုယ့်အကြောင်း သွားပုပ်လေလွှင့် အတင်းကြားတဲ့အခါ ဟာသလို သဘောထားပြီး ရီပစ်ပါ။
၉) တစ်လကို တစ်ညလောက် သူ (သူမ) အတွက် လွတ်လပ်တဲ့အချိန်ပေးလိုက်ပါ။
၁ဝ) ဒေါသစိတ်နဲ့ အိပ်ရာမဝင်ပါနဲ့။
၁၁) သူ (သူမ) အိမ်ပြန်ချိန်မှာ ကိုယ်အိမ်မှာ ရှိနိုင်ဖို့ကြိုးစားပါ။
၁၂) တစ်ဖက်လူက မနှောင့်ယှက်စေချင်ရင် မနှောင့်ယှက်မိအောင် ကြိုးစားပါ။
၁၃) ဖုန်းမြည်တဲ့အချိန် တစ်ဖက်လူ အရင်ကိုင်ပါစေ။
၁၄) အိတ်ကပ်ထဲ ငွေဘယ်လောက်ရှိတယ် ဆိုတာကို အမြဲစာရင်းပေးပါ။
၁၅) ငွေမရှိတဲ့နေ့ရက်ကို ဖျက်ဆီးနိုင်အောင် ကြိုးစားပါ။
၁၆) ကိုယ့်မိဘကို ပေးတဲ့ငွေက တစ်ဖက်မိဘကို ပေးတဲ့ငွေထက် နည်းပါစေ။

(၁၆) ချက်ကို ဆရာရွတ်ပြီးနောက် သင်တန်းသား တစ်ချို့ကရီကြတယ်။ တစ်ချို့က
သက်ပြင်းချကြတယ်။ ဆရာက ဆက်ပြီး "တကယ်လို့ ဒီ(၁၆)ချက်ကို
မလုပ်နိုင်သေးဆိုရင် အောက်က အချက် (၂၅၆) ချက်ကို
လုပ်ရလိမ့်မယ်။လူနှစ်ယောက် ပေါင်းသင်းတဲ့သီအိုရီက
တိုးကိန်းသီအိုရီဖြစ်တယ်။ ရှေ့က အခြေခံအချက်တွေပေါ်မှာ
နှစ်ထပ်တိုးသွားတာဖြစ်တယ်"

အဲဒီနောက် ဆရာက အချက်(၂၅၆)ချက်ကို ရေးလိုက်တယ်။

" ဒီအခြေအနေကို ရောက်သွားတဲ့ အိမ်ထောင်ရေးက အန္တရာယ်နဲ့ အရမ်းနီးနေပြီ"
လို့ ပြောပြီး သင်ခန်းစာကို အဆုံးသတ်လိုက်ချိန်မှာ တစ်ခန်းလုံး
လက်ခုပ်သံတွေ ဟိန်းသွားခဲ့တယ်။ ဟောပြောပွဲပြီးကြောင်း ကြေညာခဲ့ပေမယ့်
တစ်ချို့သင်တန်းသားတွေက မလှုပ်မယှက် ထိုင်နေခဲ့ကြတယ်။ သူတို့မျက်နှာပေါ်မှာ
မျက်ရည်တွေ စီးဆင်းနေခဲ့တယ်။


 inbox အဟောင်းတွေကို တနေကုန်တနေခန်း ၀ီရိယကြီးစွာ လုံ့လအပြည့်နဲ့ အပင်ပန်းခံ ပြန်မွှေပြီး တင်လိုက်တာနော်။ :) ထုံးစံအတိုင်း forward mail လေးကို ဆားချက်လိုက်တယ်။  photo -Google search မှာ happy couple လို့ ရိုက်ပြီး ကိုယ့်အကြိုက်ဒါလေး ရွေးလိုက်တာပါ။ သူတို့စုံတွဲလေးကြည့်ပြီး ကြည်နူးမိတယ်။ ကိုယ့်မှာတော့ နောင်ဘ၀တောင် ဒီလိုအခွင့်အရေးရှိသေးလားဆိုတာ မသေချာပါဘူး... ဟူး ဟူးဟူး နောင်ရေးတွေးမိ ရင်လေး၏။ ချစ်မိတ်ဆွေများအားလုံးပဲ အောင်မြင်တဲ့ အိမ်ထောင်ရှင်ဘ၀တွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။

Wednesday, August 4, 2010


သယ်ရင်းရေ.......
လူတွေဟာ တစ်စုံတစ်ယောက်ကို လိုအပ်ချိန်မှာ အသုံးချပြီးတဲ့အခါ
မေ့ပစ်လိုက်တတ်တဲ့သဘောရှိပါတယ်.......
ကိုယ့်ဆီကနေ တစ်ခုခုလိုချင်တဲ့အချိန်မှာ......
ရွှန်းရွှန်းဝေအောင် ချဉ်းကပ်တတ်ပြီး......
ကိုယ့်ကို အသုံးချပြီးတဲ့အခါမှာ....
မသိတော့သလို၊လှည့်မကြည့်တော့တာမျိုး
သယ်ရင်း...ရင်ဆိုင်ရတဲ့ အခါ...
ကျေကွဲနာကျင်စရာမလိုပါဘူး သယ်ရင်း...
အစကတည်းက စဉ်းစားထားပါ....
ကိုယ်ဟာ သူတစ်ပါးရဲ့  အသုံးချခံပစ္စည်းတစ်ခု
အဖြစ်ခံမှာလား.......

အကယ်၍
ကိုယ့်ကို သူတစ်ပါးရဲ့ အသုံးချခွင့်ပေးလိုက်မိပြီဆိုရင်လည်း..
အဲဒိကနေ ရရှိခံစားရမယ့် ဆုလာဘ်ဆိုတာကို
လုံးဝမျှော်လင့်မထားပါနဲ့ တော့ ....
သူများကို တစ်စုံတစ်ခု ပေးဆပ်တော့မယ်ဆိုရင်
စိတ်ရှင်းရှင်းနဲ့  ....စေတနာသန့် သန့် နဲ့ 
ကြည်ကြည်ဖြူဖြူသာ ပေးလိုက်ပါတော သယ်ရင်း......
ကိုယ့်ကို လှည့်မကြည့်ရင်သာနေရမယ်....
သူ့ ရင်ထဲမှာတော့ ....သူ ဘာလုပ်ခဲ့တယ်ဆိုတာ
အမြဲသိနေပါလိမ့်မယ်......
အဲဒီ မလုံခြုံမှုဟာ..သူ့ ကို သယ်ရင်းကပေးလိုက်တာပါ.....
လောကမှာ.....
`မရဘူး´ဆိုတိုင်းလည်း မကောင်းတာ မဟုတ်သလို.....
`ရလိုက်တယ်´ ဆိုပေမယ့်လည်း မကောင်းပါဘူး...
အသုံးချခံရသူက`ပေးလိုက်ခြင်း´ဆိုတာနဲ့ 
ကိုယ့်တန်ဖိုးကိုယ် မြှင့်တင်လိုက်ချိန်မှာ....
အသုံးချသွားသူက `ရယူလိုက်ခြင်း´ဆိုတာနဲ့ 
သူ့ တန်ဖိုးသူဖြတ်သွားတာပါ သယ်ရင်း.....
ဒါကြောင့် သယ်ရင်းကိုကျွန်တော် မှာချင်တာက
သယ်ရင်းရဲ့ ဘ၀မှာ.......
သူတစ်ပါးကို ခုတုံးလုပ်ပြီး ကိုယ်ရရှိဖို့ အတွက်
`အသုံးချသူ´တစ်ယောက် ဘယ်တော့မှမဖြစ်ပါစေနဲ့ နော်......။
  forward mail လေးကပါ။ အသိတရားရစရာလေးမို့ မျှဝေပေးတာပါ။
အသုံးချခံ ဘ၀မှ ကင်းလွတ်ကြပါစေ။။။

Saturday, July 24, 2010

အရွယ်ရောက်သူတိုင်းအတွက် တစ်ယောက်နဲ့တစ်ယောက် ဘ၀လက်တွဲဖော်ရွေးချယ်ရာမှာ
ချစ်ခြင်းမေတ္တာက အဓိကကျသလို တခြားအရေးပါတဲ့ အချက်တွေလဲ ရှိပါတယ်။အဲဒီထဲမှာ
တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားခြင်း တိုက်ဆိုင်ဖို့ ၊လိုက်ဖက်ညီဖို့လည်းပါရှိမှာပါ။ အဲသလို လိုက်ဖက်ညိီမှု့ ရှိမရှိ လေ့လာရာမှာနှစ်ဦးနှစ်ဖက်ရဲ့ မွေးလရာသီခွင် လိုက်ဖက်ညီ မှု့ရှိမရှိကို ကြည့်ခြင်းကလည်းဆုံးဖြတ်ရာမှာ အထောက်အကူ ပြုပါတယ်။မွေးလရာသီခွင်ကို
အကြမ်းအားဖြင့် မီးဓာတ် ၊ မြေဓာတ် ၊ လေဓာတ် ၊ ရေဓာတ် ဆိုပြီး ဓာတ်ကြီးလေးပါးနဲ့ ပြန်ခွဲ ထားပါတယ်။ သင်က ဘယ်ဓာတ်နဲ့ လိုက်ဖက်လဲ အဆင်ပြေမလဲဆိုတာ ကြည့်လိုက်ရ အောင်နော်...

မီးဓာတ်
မိဿရာသီဖွား(မတ် ၂၁ မှ ဧပြီ ၁၉ ကြား)
သိဟ်ရာသီဖွား(ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ကြား)

ဓနုရာသီဖွား(နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ကြား)

မြေဓာတ်
ပြိဿရာသီဖွား(ဧပြီ ၂၀ မှ မေ ၂၀ ကြား)
ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ကြား)

မကာရ ရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်န၀ါရီ ၁၉ ကြား)

လေဓာတ်
မေထုန်ရာသီဖွား(မေ၂၁ မှ ဇွန် ၂၁ကြား)
တူရာသီဖွား(စက်တင်ဘာ၂၃ မှ အောက်တိုဘာ ၂၂ ကြား)
ကုံရာသီဖွား(ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ကြား)

ရေဓာတ်
ကရကဋ်ရာသီဖွား(ဇွန် ၂၂ မှ ဇူလိုင် ၂၃ ကြား)

ဗြိစ္ဆာရာသီဖွား(အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ကြား)
မိန်ရာသီဖွား(ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ကြား)

မြေဓာတ်နှင့်လေဓါတ်
မြေဓာတ်သမားတွေက ခိုင်မာမှု့ရှိကာ ဟန်ချက်ညီသလို လေဓာတ်သမားတွေကတော့
စကားပြောအလွန်ကောင်းသောပေါင်း
သင်း ဆက်ဆံရေးကောင်း သူဖြစ်ပါတယ် ။ မြေဓာတ်က လေဓာတ်ကို တည်ငြိမ်အောင်ပြုလုပ် ပေးနိုင်သလို လေဓာတ်ကလည်း မြေဓာတ်ကို လွတ်လပ်စွာနေတက်အောင် အခွင့်အ ရေးပေးနိုင် ပါတယ်။

 
မြေဓာတ်နှင့်မြေဓာတ်

အောင်မြင်တဲ့ဘ၀ကို အတူတကွဲ လျှောက်လှမ်းနိုင်ဖို့ အနာဂတ်တွေကို တည်ဆောက်နိုင်စွမ်းရှိတဲ့
အတွဲပါ။နှစ်ယောက်ပေါင်းက ကြီးပွားတိုးတက်အောင် မြင်တက်ပါတယ်။

မြေဓာတ်နှင့်မီးဓာတ်
မီးဓာတ်ရဲ့ အိပ်မက်နဲ့
အိုင်ဒီယာစိတ်ကူးစိတ်သန်းတွေကို ဖြည့်ဆည်းပေးဖို့ မြေဓာတ်က အောက်ခြေခိုင်အောင် ကူညီပေးပါတယ်။

မြေဓာတ်နှင့်ရေဓာတ်

ရေဓာတ်ဟာ မြေဓာတ် ခံစားချက်အစစ်အမှန်ထိတွေ့စေဖို့ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

လေဓာတ်နှင့်လေဓာတ်
လေဓာတ်စုံတွဲဟာ ဥာဏ်ကြီးရှင်စုံတွဲလို့ ပြောရမှာပါ တစ်ယောက်နဲ့တစ်ယောက် အတွေး အခေါ်တွေ ပွင့်လင်းရိုးသားစွာ ဖလှယ် လေ့ရှိတတ်ကြပါတယ်။

လေဓာတ်နှင့်မီးဓာတ်

ဒီဓာတ်ပိုင်ရှင်တွေက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ချီးကျူးတက်ကြတာ သူတို့ရဲ့ စွမ်းအားနဲ့ အိုင်ဒီယာတွေက သူတို့ဘ၀မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေတတ် ပါတယ်။

လေဓာတ်နှင့်ရေဓာတ်
ဒီဓာတ်နှစ်ခုက ခံစားမှု့ပိုင်းဆိုင်ရာ ဆက်နွယ်မှု့တွေ ရှိတက်ကြပါတယ်။အတွဲညီကာ သူတို့ရဲ့စွမ်း အားတွေ ပေါင်းလိုက်ပါက အထင်ကြီးလောက်ဖွယ် အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။
ရေဓာတ်က လေဓာတ်အနေနဲ့ ခံစားမှု့တွေကို ပိုပြီး ထုတ်ဖော် ပြနိုင်အောင် ကူညီပါတယ်။

ရေဓာတ်နှင့်မီးဓာတ်

ရေဓာတ်က မီးဓာတ်ကို အေးချမ်းတည်ငြိမ်စေပါတယ်။သတိတော
့ထားပါ ။ စုံတွဲအနေနဲ့ဆိုပါက တစ်ယောက်က တစ်ယောက်ကို နိုင်ဖို့ ကျိုးစားနေလို့ပါ။

ရေဓာတ်နှင့်ရေဓာတ်
ရေဓာတ်စုံတွဲက သံယောဇဉ်ကြိုးခိုင်မာပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်
အားပေးထောက်ပံ့လေ့ရှိပါတယ်။

မီးဓာတ်နှင့်မီးဓာတ်

အင်အားကြီးဓာတ်နှစ်ခု ပေါင်းဆုံတာဖြစ်သောကြောင့် နှစ်ယောက်ကြား ချစ်ခြင်းမေတ္တာ ခိုင်မာစေဖို့ သေချာတော့ညှိယူရမယ်။ မီးဓာတ်စုံတွဲဟာ စွန့်စား ရှာဖွေလေ့ရှိတဲ့ စုံတွဲပါ။
Forward mail က ရတာလေးပါ။ ပြန်လည်မျှဝေလိုက်ပါတယ်။

Wednesday, July 21, 2010

လူတော်တော်များများ အသဲကွဲဖူးမှာပါ။
အသဲကွဲရင် လုပ်သင့်တဲ့အရာလေးတွေကို ကြားဖူးနားဝရေးသားတင်ပြလိုက်တာပါ.. အဟဲ
စမ်းသပ်ကြည့်ပေါ့နော့...

၁။ ထိုင်ငိုလိုက်ပါ ။ ကလေးတစ်ယောက်လို အားပြဲနဲ့ ငိုပါ။ ကြိတ်မငိုပါနဲ့ ရင်ဘတ်တွေ နာလိမ့်မယ်။ သင်ချစ်သလောက်ငိုပါ။ သေချာတာကတော့
၂ရက်ထက်မပိုဘူး ဆိုတာကိုပါ။

၂။ ပြီးရင် လုပ်သင့်တာများကို ဆက်ဆောင်ရွက်ပါ။ အသဲကွဲနေတာနဲ့ အလုပ်မပြီးပါဘူး။ ဘ၀မှာ လုပ်စရာတွေ အများကြီးထပ်ရှိနေသေးတာကတော့
အသေချာဆုံးပါဘဲ။

၃။ အလုပ်ရှုပ်ပေးပါ။ အလုပ်ရှုပ်နေလျှင် သင်ချစ်သူကို သင်လည်း မေ့သွားပါလိမ့်မယ်။

၎။ ရေချိုးပါ။ ရေစိမ်ပါ။ လှလှပပလေးနေပါ။ ပြီးရင် မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကို ချီးမွမ်းပါ။
ဥပမာ - ဒီလောက်လှတဲ့ငါလိုလူကို ထားသွားတာလို့ ပြောပါ။

၅။ ထမင်း၀၀ စားပါ။ အစာအိမ်နဲ့ အသည်းနှလုံးနဲ့ တခြားဆီပါ ။ အစာအိမ်ကို ဒုကွမပေးပါနဲ့။

၆။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေပါ။ သင်လည်း တဖြည်းဖြည်းမေ့သွားပါလိမ့်မယ်။

၇။ အားကစားလုပ်ပါ။ ညအိပ်ခါနီးအချိန်က ချစ်သူကို သတိအရဆုံးအချိန်ဖြစ်ပါတယ် မောမောနဲ့ အိပ်ပျော်သွားရင် သင်လည်း သူ့ကို
သတိမရတော့ဘူးပေါ့။

၈။ အဆင်မပြေသော အိမ်ထောင်ရေးသို့သွားပြီး ယောင်္ကျားမကောင်းကြောင်းနားထောင်ပါ။
(ယောကျာင်္းဖြစ်လျှင် မိန်းမ မကောင်းကြောင်းနားထောင်ပါ)


ဒါဆိုရင် သင့်အသည်းကွဲရောဂါလည်း ပျောက်သလောက်ဖြစ်သွားပါလိမ့်မယ်



forward mail ကို ပြန်လည်မျှဝေလိုက်ပါတယ်။ 

Friday, February 5, 2010

မိဘတိုင်းက ကိုယ့်သားသမီးတိုင်းကို လိမ္မာထက်မြက်စေချင်ကြတယ်။
"မကြိုးစားချင်"တဲ့ သားသမီးတွေနဲ့ ကြုံရတဲ့အခါ မိဘဘယ်နှစ်ပါးကများ
ကိုယ်ချင်းစာစိတ်နဲ့ နားလည်မှုတွေ ပေးနိုင်ခဲ့သလဲ?
တချို့ကပြစ်တင်ဆဲဆိုဖို့၊ တချို့က ရိုက်နှက်ဖို့နဲ့ တချို့က
အဓမ္မတိုက်တွန်းဖို့လောက်ပဲ နားလည်ခဲ့ကြတယ်။ ဒီလိုအဖြစ်က
သားသမီးတွေကိုဆုံးမရာမှာ အသုံးမဝင်တဲ့အပြင် သူတို့အတွက် စိတ်ဒဏ်ရာနဲ့
ကိုယ့်ကိုယ်မယုံကြည်မှုတွေ ပိုတိုးစေပြီး သင်ယူရမှာကို
မုန်းတီးသွားနိုင်ပါတယ်။

"မကြိုးစားချင်"တဲ့ သားသမီးတွေနဲ့ ကြုံရတဲ့အခါ မိဘတွေက ကိုယ့်ဒေါသစိတ်ကို
အရင်ဆုံး မထိန်းချုပ်နိုင်ခဲ့ရင် ကလေးကိုပြောဆို ဆုံးမရာမှာ
အရာရောက်လိမ့်မယ် မဟုတ်ပါဘူး။ မိဘလုပ်သူမှာ အရင်ဆုံး တည်ငြိမ်တဲ့EQ၊
ငြိမ်သက်တဲ့ ရင်ဘတ်၊ ကျယ်ပြန့်တဲ့အတွေး အမြင်ရှိမှ သားသမီးတွေကို
ညွှန်ပြဆုံးမနိုင်မှာဖြစ်တယ်။

ကလေးတစ်ယောက်က အဖြစ်အပျက်တစ်ခုကို လုံးဝနားမလည်နိုင် ဖြစ်နေခဲ့တယ်။
ဘာဖြစ်လို့ သူ့ဘေးခုံသူငယ်ချင်းက အဆင့်တစ်ရချင်တိုင်း ရနေပြီ၊
အဆင့်တစ်မှန်းထားတဲ့သူက အဆင့် (၂၁)ဖြစ်နေခဲ့ရသလဲ
ဆိုတာနဲ့ပတ်သက်ပြီးဖြစ်တယ်။

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ မိခင်ဖြစ်သူကို "မေမေ.. မေမေ သားကသူ့ထက်
ပိုညံ့နေလို့လား? သားက သူ့လိုပဲ ဆရာမ စကားကိုနားထောင်တယ်၊
စာမှန်မှန်လုပ်တယ်။ ဒါပေမယ့် ဘာဖြစ်လို့ သားက သူ့ထက်အမှတ်နည်းရသလဲ?"

သားစကားကိုကြားတော့ မိခင်က သားဟာ ကိုယ့်ကိုယ်လေးစားကြည်ညိုစိတ်
(Self-esteem) ရှိလာပြီလို့ ထင်မိတယ်။ ဒီလို ကိုယ့်ကိုယ်လေးစားစိတ်ကို
ကျောင်းစာရဲ့အဆင့်က ထိခိုက်နာကျင်စေခဲ့တယ်။

မိခင်ဟာ သားအမေးကိုမဖြေဘဲ သားကိုပဲကြည့်နေခဲ့တယ်။ ဘယ်လိုအဖြေမျိုး
ပေးရမယ်မှန်း သူ မသိခဲ့လို့ဖြစ်တယ်။

နောက်တစ်ကြိမ်စာမေးပွဲမှာ သားအဆင့်(၁၇)ရပြီး သားသူငယ်ချင်းက
အဆင့်တစ်ရပြန်တယ်။ အိမ်ရောက်တာနဲ့ သားက အရင်အတိုင်း မိခင်ကိုမေးပြန်တယ်။

"သာမန်လူတစ်ဦးရဲ့ အသိဥာဏ်က ၃၆၉ရှိပြီး အဆင့်တစ်ရသူရဲ့ ဦးနှောက်က
တစ်ခြားလူထက် ပိုသွက်လက်လို့"လို့ သားကို သူဖြေချင်ခဲ့တယ်။ ဒါပေမယ့်
ဒီလိုအဖြေမျိုးက သားလိုချင်ခဲ့တဲ့ တကယ့်အဖြေလား? ဒါကြောင့် သားအမေကို
သူမဖြေခဲ့ပြန်ဘူး။

သားအမေးကို ဘယ်လိုပြန်ဖြေရမလဲလို့ သူအမြဲတွေးခဲ့တယ်။
တစ်ခြားမိဘဖြေခဲ့ဖူးတဲ့ အပ်ကြောင်းထပ်အဖြေတွေလို "သားက အဆော့မက်လို့၊
ကြိုးစားမှုနည်းလို့၊ တစ်ခြားလူထက် မကြိုးစားလို့" စတဲ့ အဖြေတွေဖြေဖို့
သူစဉ်းစားခဲ့ဖူးသေးတယ်။

ဒါပေမယ့် သားလိုဥာဏ်ထိုင်းတဲ့သူ၊ အတန်းထဲမှာ အဆင့်မမီသူတစ်ယောက်အဖို့
ဘဝမှာ ရှင်သန်ရတာကိုက တစ်ခြားလူထက် ပိုပင်ပန်းနေခဲ့ပါပြီ။ ဒါကြောင့်
သားရဲ့ထပ်တလဲလဲ အမေးအတွက် ပြည့်စုံတဲ့အဖြေတစ်ခုပေးဖို့
သူဆုံးဖြတ်လိုက်တယ်။

မူလတန်းအောင်ခဲ့တဲ့ သားက အရင်ထက်ပိုကြိုးစားခဲ့ပေမယ့် သူ့သူငယ်ချင်းကို
မမီခဲ့ဘူး။ ဒါပေမယ့် အရင်ကထက်စာရင် အမှတ်တွေ ကောင်းခဲ့တယ်။
သားရဲ့တိုးတက်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ မိခင်ဟာ သားနဲ့အတူ ပင်လယ်ဖက်ဆီ
အလည်အပတ် ထွက်ခဲ့ကြတယ်။ အဲဒီခရီးစဉ်မှာပဲ သားရဲ့အမေးကို
သူပြန်ဖြေခဲ့ပါတယ်။

အခုအချိန်မှာ ကလေးငယ်ဟာ အဆင့်အတွက်နဲ့ စိုးရိမ်ပူပန်မနေခဲ့တော့ဘူး။
မူလတန်းတုန်းက သူအဆင့်ဘယ်လောက် ရခဲ့ကြောင်းကို လူတွေမေးမှာ
မကြောက်ခဲ့တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အထက်တန်းကို ပထမအဆင့်နဲ့
အောင်မြင်ခဲ့လို့ဖြစ်တယ်။

ဆုပေးပွဲမှာ ကလေးငယ်က ကျောင်းသားနဲ့ အုပ်ထိန်းသူတွေကို သူပထမရတဲ့
အတွေ့အကြုံကို ပြောခဲ့တယ်။ ဟောပြောပွဲမှာ ငယ်ငယ်က
မိခင်နဲ့တွေ့ကြုံခဲ့တာကို သူက ဒီလိုပြောပြခဲ့တယ်။

"အဲဒီနေ့က ကျွန်တော်နဲ့မေမေ သဲသောင်ပြင်ပေါ်မှာ ထိုင်နေခဲ့ကြတယ်။ မေမေက
ကမ်းခြေတစ်နေရာကို ထိုးပြပြီး "သား ပင်လယ်ဘေးက အစာရှာနေတဲ့
ငှက်ကလေးတွေကို ကြည့်လိုက်၊ လှိုင်းလာတဲ့အချိန် တစ်ခြားငှက်တွေက အတောင်
၂ချက်၊ ၃ချက်ခတ်ပြီး အမြန်ရှောင်နိုင်ကြတယ်။ ဒါပေမယ့် ဇင်ယော်တွေက
ပိုနှေးကွေး ထုံအသလိုပဲ၊ ကမ်းခြေကနေ အမြင့်ကိုပျံဖို့
သူတို့အချိန်တော်တော်ယူရတယ်။ ဒါပေမယ့် တကယ့်ကျယ်ပြန့်တဲ့ ပင်လယ်ပြင်ကို
ပျံသန်းကျော်ဖြတ်နိုင်တာလည်း အဲဒီဇင်ယော်ငှက်တွေပဲ"

အဲဒီဟောပြောပွဲမှာ မိခင်တော်တော်များများနဲ့အတူ သူ့မေမေလည်း မျက်ရည်ကျခဲ့ရတယ်။

သူ့မိခင်က အကူအညီမဲ့တဲ့စကား၊ စိတ်ပျက်အားငယ်စေတဲ့စကားတွေ သားကို
ဘယ်တော့မှမပြောခဲ့ဘူး။ သင့်တော်တဲ့အဖြေ မတွေ့ခင်မှာ
သူနှုတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ တစ်လှမ်းချင်း တဖြေးဖြေး
ကြီးပြင်းလာတဲ့သားကို အားပေးဖေးမခဲ့တယ်။ ဒီလို နားလည်ခွင့်လွတ်တတ်တဲ့
မိခင်ရင်ခွင်ထက်က ကြီးပြင်းခဲ့တဲ့သားဟာ နောက်ဆုံးမှာ အကောင်းဆုံးကို
ရွေးချယ်နိုင်ခဲ့တယ်။

အဆုံးအမဆိုတာ ဘဝတစ်ခုလုံးအတွက် လေးစားကြည်ညိုခြင်းနဲ့
လှုပ်နှိုးခြင်းဖြစ်ပြီး ကိုယ်ထဲခိုအောင်းနေတဲ့ ဖြစ်နိုင်စွမ်းတွေကို
ဖွံ့ဖြိုးတိုးတက်စေတာဖြစ်တယ်။ ကလေးငယ်တွေ ကျန်းကျန်းမာမာ
ကြီးထွားရှင်သန်အောင် လူကြီးမိဘတွေမှာ ငြိမ်းချမ်းတည်ငြိမ်တဲ့စိတ်နှလံ
ုး၊
ကျယ်ပြန့်တဲ့ရင်ခွင်တွေ ရှိသင့်ပါတယ်။ ဒါဟာ ခွင့်လွတ်နားလည်တဲ့စိတ်ရဲ့
အခြေခံတွေပဲဖြစ်တယ်။

Forward mail ပို့လာပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။ ရသရော သုတရော ပေါ်လွင်တဲ့ ဇာတ်လမ်းတိုလေးပါ။ ဒီ post လေးဖတ်ပြီး သင်ခန်းစာလေးအနည်းဆုံး တစ်ခုလောက်တော့ ရနိုင်ကောင်းပါရဲ့နော်..။ ဘ၀မှာ အံဝင်ခွင်ကျစွာ နေနိုင်ကြပြီး ပျော်ရွှင်ကြပါစေ..။

Thursday, February 4, 2010

လက်ထပ်ပြီးရက်ပေါင်း ၂၅၅၅ရက်…. သူနဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးက
လုံးဝကွဲအက်သွားခဲ့တယ်။ ဘောင်ခတ်ထားတဲ့ စည်းရိုးတစ်ခုကို ကျော်ဖြတ်ခဲ့တဲ့
ယောက်ျားမိန်းမတွေလည်း လက်ရှိသူ့ပုံစံအတိုင်း ဖြစ်မယ်လို့ တံခါးဝက
လှမ်းထွက်သွားတဲ့ သူ့ကိုကြည့်ပြီး ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော့်ကို
နောက်ထပ်တစ်ချက် စောင်းငဲ့လို့ သူမကြည့်ချင်ခဲ့တော့ဘူး။

နောက်တစ်နေ့ သူ့ပစ္စည်းတွေကို သူကိုယ်တိုင်လာသိမ်းခဲ့တယ်။
ပစ္စည်းတွေသိမ်းဆည်းပြီး အခန်းထဲ ဟိုဟိုသည်သည် သူလှည့်ပတ်ကြည့်နေတယ်။
ရုတ်တရက် သစ်သီးခြင်းထဲက အနီဆုံးပန်းသီး ၃,၄လုံးကို နှိက်ပြီး
အိတ်ထဲသူတည့်လိုက်တယ်။ အဲဒီပန်းသီးတွေကို လွန်ခဲ့တဲ့ရက်တွေက
သူဝယ်ခဲ့တာဖြစ်တယ်။

ကျွန်တော်ခပ်ယဲ့ယဲ့တစ်ချက် ပြုံးလိုက်မိတယ်။ အိမ်ထောင်ရေးဆိုတာက တကယ်ပဲ
ရယ်စရာကောင်းတဲ့ အရာတစ်ခုလား! အတူနေစဉ်မှာ သူ့အတွက် ရင်ကိုခွဲပြီး
အသဲနှလုံးကိုတောင် ထုတ်ပေးချင်ခဲ့တယ်။ ကွဲကြ၊ လမ်းခွဲကြတော့ ပန်းသီးတောင်
အလွတ်မပေးဘဲ ချန်မထားချင်ခဲ့တော့ဘူး။ ပစ္စည်းတွေကုန်သလောက်
သိမ်းပြီးတာတောင် အိမ်အနှံ့ သူလှည့်ပတ်ကြည့်နေခဲ့သေးတယ်။

ရုတ်တရက်သူ့အကြည့်တွေ နံရံတစ်နေရာမှာ ရပ်သွားခဲ့တယ်။ အဲဒီနေရာက
မှန်ဘောင်သွားပြီး ချိတ်ဆွဲထားတဲ့ လက်မ၄ဝရှိ မင်္ဂလာဆောင်ဓာတ်ပုံဆိုတာ
ကျွန်တော်သိလိုက်တယ်။ အဲဒီဓာတ်ပုံကို သူယူသွားမယ်လို့ ကျွန်တော်ထင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဓာတ်ပုံကို ပုံကြီးချဲ့မယ်ဆိုတုန်းက ကုန်ကျငွေကို
ကျွန်တော်မပေးချင်ခဲ့ဘူး။ ဒါကိုသူက “တစ်သက်မှ တစ်ခါပဲ။
ကပ်စီးနည်းမနေပါနဲ့။ ငါတို့တစ်ယောက်တဝက် ထုတ်ပြီးလုပ်ကြရအောင်” လို့
ပြောခဲ့တယ်။

ထိုင်ရာကထပြီး ဓာတ်ပုံကို ကျွန်တော်ဖြုတ်ယူလိုက်တယ်။ ဘောင်အနားမှာ
တပ်ထားတဲ့ သံတွေကို လှည့်ယူဖို့ပြင်လိုက်တယ်။ ကျွန်တော်လည်း
ကုန်ကျငွေတဝက် ထုတ်ထားတဲ့အတွက် ကျွန်တော်လည်းတဝက်ပိုင်ပါတယ်။
သူလိုချင်ရင် တဝက်ပဲရမယ်!

ဒါပေမယ့် ဘောင်ပေါ်က သံ(၁၂)ချောင်းလုံး သံချေးတက်နေခဲ့လို့ ဘယ်လိုမှ
လှည့်ထုတ်လို့ မရခဲ့ဘူး။ ကျွန်တော်လွှထယူတော့ သူက ခပ်တိုးတိုးဆိုတယ်။

“ဖြုတ်မရလည်း ထားလိုက်ပါ… နင်ပဲသိမ်းထားလိုက်တော့”

သူ့အပြောကို ကျွန်တော်တစ်ချက်မဲ့လိုက်ပြီး “ဟင်း… မလိုပါဘူး။ နင်ပဲယူသွားလိုက်”

ခေါင်းမာမာနဲ့ ဓာတ်ပုံကို သူ့ကားနောက်ခန်းထဲ
ကျွန်တော်ထိုးထည့်ပေးလိုက်တယ်။ စိတ်ထဲမှာ အားရကျေနပ်လို့… ဒါပေမယ့်
အိမ်ထဲပြန်ဝင်ခဲ့ပြီး ဓာတ်ပုံမဲ့နေတဲ့ နံရံအဖြူကွက်ကို တွေ့လိုက်တဲ့တခဏ
အမည်မသိ ဝေဒနာတစ်ခုက ကျွန်တော့်ရင်ထဲ တိုးဝင်လာခဲ့တယ်။

အဲဒီနောက်ပိုင်း နေ့လယ်ရုံးတက်၊ ညနေ ဘားတက်နဲ့ နေ့ရက်တွေကို ကျွန်တော်
ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တယ်။ ဒါပေမယ့် အိမ်ပြန်ရောက်တိုင်း
နံရံပေါ်က အဖြူကွက်ကိုပဲ အကြည့်ရောက်သွားတတ်တယ်။ အဲဒီအခါ နာကျင်မှုတွေက
ရင်ဝမှာ လာဆို့နေတော့တယ်။

ရက်သတ္တပတ်ရဲ့နောက်ဆုံးနေ့ အဖော်သူငယ်ချင်းတွေက စုံတွဲကိုယ်စီနဲ့
ထွက်လည်ကြပြီး ကျွန်တော့်ကို ချန်ထားခဲ့ကြတယ်။ အဖော်မဲ့တဲ့ကျွန်တော်
အိမ်ကိုပဲ ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ ကွန်ပြူတာကို
ကျွန်တော်ဖွင့်လိုက်တယ်။ ဟုမ်ပေ့ခ်ျမှာ သူ့ဘလော့ဂ်ထွက်ကျလာခဲ့တယ်။

ဒီဘလော့ဂ်က သူ(၃ဝ)ပြည့်မွေးနေ့မှာ ကျွန်တော်ကိုယ်တိုင် လုပ်ပေးလိုက်တဲ့
လက်ဆောင်ဘလော့ဂ်ဖြစ်တယ်။ လွမ်းဆွတ်မှုတစ်မျိုးကြောင့်
သူ့နေ့စဉ်မှတ်တမ်းကို ကျွန်တော် ဖွင့်ကြည့်လိုက်မိတယ်။
သူနောက်ဆုံးရေးခဲ့တဲ့ စာက ကျွန်တော်နဲ့သူ လမ်းခွဲတဲ့နေ့ဖြစ်တယ်။

“သူရုံးဆင်းချိန် သူကြိုက်တတ်တဲ့ အစားအစာတွေချက်ပြုတ်ပြီး
ဝိုင်တစ်ပုလင်းနဲ့ ကျွန်မစောင့်နေခဲ့တယ်။ ဒါပေမယ့် အဲဒီညက
သူပြန်အလာကိုစောင့်ရင်း စားပွဲခုံပေါ် မှောက်ရက်
ကျွန်မအိပ်ပျော်သွားခဲ့တယ်”

“နံရံပေါ်က ဓာတ်ပုံကို သူဖြုတ်နေချိန် ချွေးဇောတွေပြန်နေခဲ့တယ်။ သံတွေက
သံချေးတက်နေပေမယ့် မှန်ဘောင်ကိုပိုမြဲအောင် တွယ်ထားသေးတယ်။ တကယ်လို့
အချစ်မှာလည်း ဒီအတိုင်းဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ…….”

ရင်ဝထဲက တစ်စုံတစ်ခု ကွဲအက်သွားသံကို ကျွန်တော်ကြားလိုက်မိတယ်။ ကွန်ပြူတာ
စခရင်ကိုပဲ ကျွန်တော်ငေးမောကြည့်နေခဲ့တယ်။ လက်ဖမိုးပေါ် အေးစက်တဲ့
မျက်ရည်တစ်စက်ကျသွားမှ ကျွန်တော်သတိဝင်လာခဲ့တယ်။
ကျွန်တော့်မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျံနေခဲ့ပြီလေ။

သူ့ပို့စ်အောက်မှာ ကျွန်တော်ကော်မန့်ရေးလိုက်မိတယ်။

“ပစ္စည်းတစ်ခု အိမ်မှာကျန်ခဲ့သေးတယ်။ လာယူပါ”

နောက်တစ်နေ့ နေအိမ်ကိုသူရောက်လာခဲ့တယ်။ မယုံသလို အပြောမျိုးနဲ့ သူမေးတယ်။

“ငါ့ပစ္စည်း ဘာကျန်ခဲ့တာလဲ”

သူ့ကိုစေ့စေ့ကြည့်ပြီး ကျွန်တော်နှုတ်ဆိတ်နေလိုက်တယ်။ တစ်ခုခုကို
သူသဘောပေါက်သွားသလိုနဲ့ ကျွန်တော်အကြည့်ကို ရှောင်ပြီး နံရံပေါ်က
အဖြူကွက်ကိုပဲ ငေးကြည့်နေခဲ့တယ်။

“ငါ့ပစ္စည်း ဘာကျန်ခဲ့တာလဲ”

တိတ်ဆိတ်ခြင်းကို သူစတင်ခွဲလိုက်တယ်။ သူ့ပုခုံးကို ဆွဲလှည့်ပြီး
ကျွန်တော် တစ်လုံးချင်းပြောလိုက်တယ်။

“ဒီမှာ… ဒီလူက နင်ပိုင်ဆိုင်တဲ့ ပစ္စည်းပဲလေ”

နေရာမှာတင် သူငေးကြောင်ပြီး ရပ်နေခဲ့တယ်။ ကျွန်တော့်ဆီကလည်း နောက်ထပ်
ဘာသံမှထွက်မလာခဲ့ဘူး။ တအောင့်ကြာမှ ကြိုးပြတ်သွားတဲ့ ပုလဲလေးတွေလို့
မျက်ရည်တွေ သူ့ပါးပြင်ပေါ် ကျလာခဲ့တယ်။ သူ့ကို ရင်ခွင်ထဲ
တင်းတင်းဆွဲပွေ့ထားလိုက်မိတယ်။ သူလည်း ကျွန်တော့်ပုခုံးကို လက်နှစ်ဖက်နဲ့
သိုင်းဖက်လို့…. ရင်ဘတ်နှစ်ခုက အသက်ရှုလို့မရအောင် တင်းကြပ်နေခဲ့တယ်။

အချိန်ဘယ်လောက်ကြာသွားခဲ့လဲ မသိဘူး။ ကျွန်တော့်ကို သူညင်ညင်သာသာ
တွန်းထုတ်တယ်။ ပြီးတော့ ပလတ်စတစ်နဲ့ ထုတ်ထားတဲ့ အရာတစ်ခုကို
ကားနောက်ခန်းက ထုတ်ယူလာခဲ့တယ်။ ပလတ်စတစ်ကို ခွါပြီး ဓာတ်ပုံကို
နံရံပေါ်ပြန်ချိန်ထားလိုက်တယ်။ သူ့ပုခုံးကို သာသာလေးဖက်ပြီး
ဓာတ်ပုံကိုကျွန်တော်တို့ ရပ်ကြည့်ခဲ့ကြတယ်။

ကျွန်တော်တို့ တစ်ယောက်ခေါင်းကိုတစ်ယောက် မှီလို့….
တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းဆုတ်ကိုင်လို့….
ဖြူဖွေးတဲ့ မင်္ဂလာဝတ်စုံ ဇာပုဝါအောက်မှာ သူ့အပြုံးက ပျော်ရွှင်သက်ဝင်လို့…..

တကယ်တော့ အိမ်ထောင်ရေးက ဒီမှန်ဘောင်နဲ့တူခဲ့တယ်။ သံတွေဖြုတ်လို့မရရင်
တစ်သက်လုံးဖြုတ်လို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့
ချစ်ခြင်းကလည်း မျက်စိရှေ့က မင်္ဂလာဓာတ်ပုံလိုပါပဲ ဘဝရဲ့ အလှဆုံးအချိန်မှာ
ဘောင်သွင်းခဲ့သလို ထာဝရစဉ် မြဲနေတော့မှာဖြစ်ပါတယ်။

ရေးသူအမည်မပါတဲ့ London Global Times က သတင်းစာမှာ ဖတ်မိတဲ့ စာတစ်ပုဒ်ကို
ဘောင်သွင်း (ဘာသာပြန်)ပါတယ်။

ဒီ post လေးကတော့ forward mail ကနေတစ်ဆင့်ရတာဆိုပေမဲ့ ဘာသာပြန်တဲ့သူအမည် ပါမလာလို့ ဒီအတိုင်းတင်လိုက်တာပါ။ ဖတ်ပြီးသားသူတွေလည်း ရှိချင်ရှိမှာပေါ့။ တကယ်ကို ရသမြောက်လို့ စေတနာဖြင့် ပြန်လည်မျှဝေလိုက်ပါတယ်။ ဖတ်ရှု ခံစားနိုင်ပါစေ။ သူငယ်ချင်းများလည်း ချစ်သောသူနဲ့ တစ်သက်တာ ပေါင်းဖက်နိုင်ကြပါစေရှင် ။။။

Template by:
Free Blog Templates