သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Saturday, March 10, 2012



ပြုံးပျော်နိုင်ကြပါစေနော်...

Tuesday, February 28, 2012

Saturday, April 3, 2010

မြန်မာသက္ကရာဇ် ၁၃၇၁ ပြည့်နှစ်ဝယ် ဘိုးတော်သိကြားမင်းသည် တစ်ဖက်မှ

ဂျော်နီလမ်းလျှောက်ပုလင်း ကျန်တစ်ဖက်မှ ကြက်ကင် ကိုင်ပြီး ယခုနှစ်တွင်

တမူထူးခြားစွာ T-wall သို့ အလည်အပတ်ခရီး ဆင်းသက် ရောက်ရှိမည်ဖြစ်သည်။

အိမ်သာ admin ကြီးများထံသို့ ကိုယ်ရံတော် နတ်သမီးများခြံရံကာ ရေကစား

မည်ဖြစ်ကြောင်း မာတလိနတ်သား၏ mail ကို အိမ်သာ admin ကြီးများမှ လက်ခံ

ရရှိထားပြီး ဖြစ်သည်။


ဤကဲ့သို့ ထူးကဲလှသောအခါသမယ၀ယ် ခုနစ်ရက် သားသမီးများအတွက် ဟော စာတမ်းကို

သိပ္ပံနည်းကျကျ T-wall ၏ ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးများကို ကြေးစား ခေါ်ယူကာ

နေ၊လ၊နက္ခက် အစုံအလင် အချိန်၌ ကျဉ်းမြောင်းလှသော အခန်းငယ်ထဲ၌

ဂျော်နီလမ်းလျှောက်လေးသောက်ရင်း (၇)ရက်သားသမီးများ၏ ကံဇာတာကို

ပရိုဂရမ်များ၏ အကူအညီ များဖြင့် အချိန်နှင့် တပြေးညီ တိကျ မှန်ကန်စွာ

ထုတ်ပြန်သွားမည်ဖြစ်သည်။


တနင်္ဂနွေ(အ၊ဥ၊သြ)

အားအားယားယား ဖြစ်နေတတ်သည်။ အူကြောင်ကြား ဖြစ်နေသောသူတစ် ယောက်နှင့်

မိတ်ဆွေဖြစ်ကိန်းရှိသည်။ အူတူတူ အတတ ကောင်မလေးတစ်ယောက်နှင့် ဥတုတု ညုတုတု

ဖြစ်ကိန်းရှိသည်။ အီရတ် နိုင်ငံသို့ နွေရာသီ အပန်းဖြေခရီး

ထွက်ရကိန်းရှိသည်။ ဥ နှင့်ပတ်သက်၍ ကျန်းမာရေး အညံ့ရှိသည်။ အိမ်သာတက်ရင်း

အူကျရောဂါ အပြင်းအထန်း ခံစားရတတ်သည်။ အနာကြီးရောဂါ ဖြစ်နေသော

သူတစ်ယောက်နှင့် မတော်တဆ အိမ်ထောင်ကျကိန်း ရှိသည်။


ယတြာ။ ။အင်္ဂါနေ့တွင် ဥဥနေသော ကြက်မဖင်ကို အံ့သြစွာကြည့်၍ “အောင်ပြီ၊

အောင်ပြီ” ဟု သုံးကြိမ်တိုင်တိုင် အော်ပါ။




တနလာၤ(က၊ခ၊ဂ၊ဃ၊င)

ကုန်းကုန်း ခွခွ အလုပ်များနေတတ်သည်။ တနင်္လာနံဖြစ်ပစ္စည်းများ ဖြစ်သော

ကုန်တင်ကား၊ဘစ်(စ်)ကားများ မမျှော်လင့်ပဲ အစုံလိုက်အပြုံလိုက်

ဝင်လာတတ်သည်။ ရုတ်တရက် ၀င်လာတတ်သဖြင့် သတိကြီးစွာထားရန် လိုအပ်သည်။

ဂေါက်ကြောင် ကြောင်ဖြစ်နေသော ကုလားမတစ်ယောက်နှင့်

ချစ်ကြိုက်ရကိန်းရှိသည်။ ကျပ်မပြည့်သော လူတစ်ယောက်၏ ကြောင်တောင်တောင်

လုပ်ခြင်းခံရတတ်သည်။ လကုန်ရက် ဖြစ်ပါက ငွေဝင်ကိန်းရှိသည်။

ခွေးရူးပြန်ရောဂါ ရှိသူများ ချွတ်ခြုံကျနေသော သူများ၏

မရမကချစ်ကြိုက်ခြင်းကို ခံရတတ်သည်။ ဂတ်ထဲတွင် အိပ်စက်ရကိန်းရှိသည်။

ကြောက်ခမန်းလိလိ ခွေးကိုက်ခြင်း၊ ဂနိုကျခြင်းများ ဖြစ်တတ်သည်။


ယတြာ။ ။ကြာသပတေးနေ့တွင် ဂတုံးပြောင်အောင် တုံးပြီး ကင်းမြီးကောက်ထောင်ကာ

ကြောင်တစ်ကောင်လို အော်ဟစ်၍ ယတြာချေပါ။




အဂၤါ(စ၊ဆ၊ဇ၊စ်၊ည)


စာမလုပ်သူများ အထူးသတိထားပါ စေ့စပ်သေချာ၍ စေ့စေ့စပ်စပ်လုပ်တတ် သော ဆရာ၏

စာမေးပွဲနှင့် စိတ်ညစ်စွာ ကြုံရတတ်သည်။ အပြင်းအထန် ဇစ်ညှပ်ခြင်း

ခံစားရတတ်သည်။ ဆိုက်ကားနင်းစားခြင်း ၊စာခိုးချခြင်း၊ ဈေးရောင်းခြင်း၊

ညစောင့်ခြင်း စသည့် ပညာရပ်များကို ဇင်ဘာဘွေ နိုင်ငံတွင် သွားရောက်

သင်ယူရကိန်းရှိသည်။ စိတ်ရောဂါရှိသူများ အဆဲသန်သူများ ဆစ်ဖလစ်ရောဂါ

ရှိသူများနှင့် စီးပွါးရေးစပ်တူ လုပ်ပါက အထူးအောင်မြင်ကိန်းရှိသည်။ ညှင်း

၊၀ဲ စွဲကပ်နေသော သူများနှင့် အိမ်ထောင်ကျကိန်းရှိသည်။


ယတြာ။ ။စနေနေ့ ညဘက် ၁၂ နာရီတွင် စိုင်းစိုင်းခမ်းလှိုင်၏

သီချင်းတစ်ပုဒ်ကို ဈေးထဲ၌ အဆဲသန်သော ဈေးသည်တစ်ယောက်ရှေ့တွင်

စွဲစွဲမြဲမြဲ ဆယ်ရက် ဆက်ဆိုပါ။




ဗုဒ္ဓဟူး(ယ၊ရ၊လ၊၀)


ဝဲ၊ယားနားအကြီးအကျယ် ပေါက်တတ်သည်။ လမ်းလျှောက်ရင်း လေလည်တတ် သောသူများ၏

နောက်မှမလိုက်ပါနှင့်၊ လုံးပါးပါးနိုင်သည်(နှာခေါင်း)။

ရူှးနှမ်းနှမ်းဖြစ်နေ သူတစ်ယောက်၏ ရင်ဖွင့်စကားကို နားထောင်ပေးရတတ်သည်။

ဝက်ရူးပြန်ရောဂါရှိ သူများ၊ ယဉ်ယဉ်လေး ရူးနေသော သူများ ၊လေကျယ်တတ်သူများ၊

ဝိတ်ပေါပေါနေသူ များနဲ့ စပ်တူစီးပွါးရေးလုပ်ပါက အကြီးအကျယ်

အောင်မြင်ကိန်းရှိသည်။ ၀က်မတစ်ကောင် ကဲ့သို့ ၀အစ်နေသော

မိန်းကလေးတစ်ယောက်၏ ရေလာမြောင်းပေးခြင်း နှင့် ချစ်ခင်နှစ်သက်ခြင်းကို

မထင်မှတ်ပဲ လက်ခံရတတ်သည်။ ယာဉ်၊ ရထားတို့ ပေါ်၌ ယားနာဆေး၊

လိပ်ခေါင်းပျောက်ဆေး ရောင်းခြင်းမှ ထူးခြားစွာအမြတ်ရကိန်းရှိသည်။


ယတြာ။ ။လင်ရှိမယား တစ်ယောက်၏ အိမ်ရှေ့တွင်

“၀င်သက်ထွက်သက်(နွဲ့ယဉ်ဝင်း)”သီချင်းကို လေးဖက်ကုန်း၍ လဒမှိုင်မှိုင်ကာ

လက်ယာရစ်ပတ်ကာ လေးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။




ကြာသပတေး(ပ၊ဖ၊ဗ၊ဘ၊မ)


ဘိုင်ကျပြီး မွဲတေနေတတ်သည်။ မျက်နှာတွင် ပိုးစိုးပက်စက် မီးလောင်တတ်သည်

ဗိုက်ကြီးသည် တစ်ယောက်နှင့် အိမ်ထောင်ကျကိန်းရှိသည်။ ပုတက်မွေးခြင်း

၊ဖွတ် မွေးခြင်း၊ ပုရစ်မွေးခြင်း၊ ဘယာကြော် ကြော်ရောင်းခြင်းစသည့်

အလုပ်များဖြင့် ပိုးစိုး ပက်စက် မြိုးမြိုးမြက်မြက်

စီးပွါးတက်ကိန်းရှိသည်။ ဖိနပ်ချုပ်ခြင်း၊ မီးသွေး ရောင်းဝယ်ခြင်း

၊ပြောင်းဖူးဖုတ်ခြင်း ပညာများရပ်များကို မွန်ဂို***ယား၊ ဖင်လန်၊

ဘော့ဇနီးယား၊ မြန်မာ စသည့်နိုင်ငံများတွင် ပညာတော်သင် သွားရကိန်းရှိသည်။

ဘာဘူကုလားမကြီး၏ ဖောဖောသီသီ မျက်နှာပေးခြင်း၊ ပုဆိုးကြားတွင် ပိပိရိရိ

မေတ္တာစာ ခိုးထည့်ခံရခြင်းများ ကြုံရတတ်သည်။


ယတြာ။ ။ဘောင်းဘီတိုဝတ်၍ ဗိုက်ကြီးသည် တစ်ယောက်နှင့်အတူ ဘောလုံးကွင်းတွင်

ဘရိတ်ဒန့် အတူတွဲက၍ ယတြာချေပါ။ လိုအပ်ဆန္ဒပြည့်ဝ လာလိမ့်မည်။




သောကြာ(သ၊ဟ)


ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် သတိလက်လွတ် ဖြစ်နေတတ်သည်။

သောက်ရှက်ဟက်တက်ကွဲ၍ သူတစ်ပါး၏ သေချင်စော်နံလောက်အောင် သောက်မြင်

ကပ်ခြင်းကို ပိုးစိုးပက်စက် အကြီးအကျယ် ကြုံရတတ်သည်။ သရဲမတစ်ယောက်နှင့်

ဟိုကိစ္စ ဖြစ်ကိန်းရှိသည်။ သင်္ချိုင်းကုန်း၊သုဿာန် စောင့်ခြင်း

၊သန်ကောင်မွေးခြင်း ဟောင်းနွမ်းပစ္စည်းရောင်းဝယ်ခြင်းတို့မှ ဟိုးလေးတကျော်

အကျိုးအမြတ်ရကိန်း ရှိသည်။ ဟိုင်းနေသော သူတစ်ယောက်နှင့်

သိုးသိုးသန့်သန့် သတင်းထွက်ကိန်းရှိ သည်။ သတိကြီးကြီး ထားပါ တော်ကာကျမည်။

သပ်သပ်ရပ်ဝတ်ပြီး ဟိုင်းလတ်ကားတိုက်ကာ ဟပ်ထိုးလဲပြီး ဟောဟဲဟောဟဲ

ဖြစ်နေတတ်သည်။


ယကြာ။ ။သောကြာနေ့တွင် သုဿာန်၌ သေသွားသူ၏ မိသားစုရှေ့တွင် ဟာသလုပ်၍

ဟဲလေးသီချင်းဖြင့် သုံးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။အညံ့များ

ပျောက်သွားလိမ့်မည်။




စနေ(တ၊ထ၊ဒ၊ဓ၊န)


တင်ပါးတွင် ဒက်ပေါက်၍ ဒန့်တန့်တန့်ထုံပေထုံပေ ဖြစ်နေတတ်သည်။

နူနာရောဂါရှိသူ တစ်ယောက်၏ တီတီတာတာ ထူးထူးခြားခြား

ချစ်ကြိုးသွယ်ကိန်းရှိသည်။ တင်တု လုပ်ခြင်း ထီးပြင်ခြင်း ဓါးသွေးခြင်း

ဒန်အိုးဖာထေးခြင်း စသော လုပ်ငန်းများ နှင့် သက်ဆိုင်သော ပညာရပ်များကို

တူနီးရှား ထိုင်း နယူးယောက် စသောနေရာများသို့ သွားရောက်သင်ရကိန်းရှိသည်။

နတ်ကတော်များနှင့် တွဲဖက်လုပ်ငန်းစပ်တူ လုပ်ပါက ထူးထူးခြားခြား

အောင်မြင်ကိန်းရှိသည်။ထီးနှင့် အသံနီးစပ် သောပစ္စည်းများ အပြွတ်လိုက်

ဝင်ကိန်းရှိသည်။ ဓါတ်ရိုက် ဓါတ်ဆင်လုပ်ခြင်း ဓါတ်ရုင်ရိုက် ခြင်း

ဓါတ်သွားခြင်းကိုပိတ်ဆို့ ဆေးရောင်းခြင်း စသောလုပ်ငန်းများမှ

အကျိုးအမြတ်ရရှိမည်။


ယတြာ။ ။တနလာင်္နေ့ တွင် တင်ပါးပေါ်ဝတ်ပြီး နတ်သီချင်းဖွင့်ကာ နံနက်အချိန်၌

နိုင်းနိုင်းကဲ့သို့ ထိထိမိမိ ကပါ။


ဒီနေ့ မေးဝင်စစ်ကြည့်တာ your fortune ဆိုတဲ့ forward mail လေးတစ်စောင်ရောက်နေလို့ စိတ်ဝင်တစားဖတ်လိုက်တော့ စိတ်ဖိစီးမှု နဲနဲပေါ့သွားတယ်။ ဟောတဲ့သူအရမ်းတော်တယ်နော်..... အဲလို ဟာသညာဏ်လေးတာရှိရင်ကောင်းမယ် ... :P....

Tuesday, February 23, 2010



ဟာသလေးကို အားပေးသွားပါဦး။ အပိုင်းဆက်တွေကို youtube မှာ ဆက်ပြီးအားပေးနိုင်ပါတယ်ရှင်။ပြုံးပျော်နိုင်ပါစေ။

Tuesday, February 16, 2010



သို့ ... ဖေဖေနှင့် မေမေ

ကျောင်းစဖွင့်ကတည်းက မအားတော့တာနဲ့ မေမေ ဖေဖေတို့ ဆီကို စာမရေးဖြစ်တော့ဘူးနော်။
အခုမှပဲ ဖြစ်ဖြစ်သမျှ အကြောင်းတွေကို အားရပါးရ ပြောပြရတော့မယ်။
ဒီစာဖတ်ပြီး တော့လဲ စိတ်ပူမနေကြနဲ့ ဦး။
ဖြစ်ပုံကဒီလို…

ဘာမှတော့ စိုးရိမ်စရာမဟုတ်ပါဘူး။ ပြီခဲ့တဲ့ တစ်ပတ်လောက်ကတော့
ပါတီတစ်ခုကို သွားပြီး အပြန်မှာ ခေါင်းတွေ သွက်သွက်ခါလောက်အောင်ကို
မူးခဲ့တယ်။
ဒါကလည်း ဆေးမှားသောက်မိလို့ ပါ။ အဲဒီဆေးကလဲ ပါတီမှာတွေ့ တဲ့
ကောင်လေးတစ်ယောက်က သမီးကို စမ်းသောက်ကြည့်ဖို့ ပေးတာလေ။

ဒါပေမယ့် အဲဒီနေ့ က အဖြစ်အပျက်တွေကိုတော့ ပြန်ပြောပြလို့ ရလောက်အောင်
သိပ်ပြီး မမှတ်မိချင်တော့ဘူး။
သမီးရဲ့ အဝတ်အစားတွေ အကုန်လုံးကိုတော့ နောက်နေ့ မနက် ပြန်ရှာတွေ့ ပါတယ်။
အဲဒီအတွက်တော့ ဘာမှ စိတ်ပူစရာမလိုပါဘူး။
ဆေးရုံရောက်မသွားတာပဲ တော်သေးတယ် ပြောရမယ်လေ။ အခုတော့ တစ်နေ့ 
သုံးကြိမ်လောက် ခေါင်းတအား ထိုးထိုးကိုက်တာက လွဲလို့ 
ဘာမှမဖြစ်တော့ပါဘူး။

ကျောင်းတက်ခါစက အဆောင်မှာ နေတာဆိုတော့ ဆူဆူညံညံ အသံတွေကြောင့် မလွတ်လပ်ဘူးပေါ့။
အခုတော့ ကောင်လေးတစ်ယောက်နဲ့  လိုက်နေတာ အားလုံး အဆင်ပြေပါတယ်။ သူက
သမီးတို့ ကျောင်းနားက ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်တယ်လေ။

သူကသမီးအပေါ်မှာ ကောင်းရှာပါတယ်။ အခုလဲ သူကလက်ထပ်မယ်တဲ့လေ။ ဘယ်နေ
့ဘယ်ရက်လို့ တော့ မရွေးရသေးပါဘူး။
ဒါပေမယ့် သမီးကတော့ သိပ်ကြာကြာ မစောင့်ချင်တော့ဘူး။ ဗိုက်ကလဲ တနေ
့ထက်တနေ့  ပိုပိုပူပူ လာနေပြီ။

ဖေဖေနဲ့  မေမေတို့ ရေ… ဖေဖေတို့ ရဲ့ သမီးက ကလေးအမေဖြစ်တော့မှာ။ အားလုံး
အဆင်ပြေပါတယ်။ တခါတခါတော့ ခေါင်းထဲမူးတူးတူး ရှိတာပေါ့။
ဒါပေမယ်လဲ ဒါက အနာတွေပေါက်နေလို့  ဆေးသောက်နေရလို့ ဖြစ်တာပါ။ အနာတွေက
အာဘ်ဒူဆီက ကူးတာလေ။ ဒါလဲ သူ့ အပြစ်တော့ မဟုတ်ပါဘူး။ အမှန်က
သမီးကိုယ်တိုင် စောစောထဲက ဆင်ခြင်ခဲ့ဖို့ ကောင်းတာပါ။

အာဘ်ဒူကိုတော့ ဖေဖေ မေမေတို့ လက်ခံရလိမ့်မယ်။ သူက ဘာပညာမှတော့ မတတ်ပါဘူး။
ဒါပေမယ့် အရမ်း ရည်ရွယ်ချက်ကြီးတာ။
အခုလဲ သူက ကိုယ်ပိုင်ဓာတ်ဆီဆိုင် ဖွင့်မယ်တဲ့လေ။ သမီးနာမည်နဲ့  ဘဏ်ကနေ
ငွေချေးလို့ ရရင်ပေါ့။ သူကအချုပ် ကျဖူးထားတော့ ဘဏ်မှာ သူ့ နာမည်နဲ
့ငွေချေးလို့ မရဘူးတဲ့လေ။

သူက နိုင်ငံရေးကိုတော့ စိတ်ဝင်စားမှုရှိပါတယ်။ သူက အာရတ်အဖွဲ့ သုံးဖွဲ
့ရဲ့ အဖွဲ့ ဝင်တစ်ယောက်လေ။ ဘင်လာဒင် ထောင်ထားတဲ့ အဖွဲ့ တွေပေါ့။
ဘင်လာဒင်ဆိုတာ တကယ့်ကို ကျိကျိတက်ချမ်းသာတဲ့ မီးခိုးရောင်
မုတ်ဆိတ်ရှည်ကြီးနဲ့ လူလေ။
သမီးက ဒီထက်ပိုပြီးတော့ တော့ သူတို့ အကြောင်းတွေ မသိပါဘူး။ သူတို့ 
စည်ဝေးနေပြီဆိုရင်လဲ သမီးကို သူတို့ အနားကနေ အမြဲ ထွက်သွားခိုင်တယ်လေ။

မနေ့ တနေကတော့ သူ့ ကို သမီးကိုယ်တိုင် ရဲစခန်းမှာ
သွားပြီးရွေးခဲ့ရသေးတယ်။ သူ ရဲတွေကို ပြန်ထိုးနှက်ပြီး
ပြောနေလိုက်တာအမေရယ် ရဲမှူးသုံးယောက်မှာ ပါးစပ်ကို ပိတ်ရောပဲ။

သူကသမီးအတွက် ဂုဏ်ယူတယ်တဲ့။ သမီးက မွတ်စလင်ဘာသာဝင် မိန်းကလေးတွေလို
ခေါင်းပေါင်းဆောင်းထားတာ
(ဟုတ်တယ် အမေ သမီးအဲဒါကို မဆောင်းမနေ ဆောင်းရတယ်) သူ့  အရင်မိန်းမတွေထက်
ပိုပြီး ကြည့်လို့ လှတယ်တဲ့။

ကဲ…

အခုတော့ သမီးရဲ့ ဘဝအခြေအနေ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား
ဖြစ်သွားနိုင်တယ်ဆိုတာ အမေတို့ သိပြီမဟုတ်လား။
အမှန်တော့ သမီးပြောခဲ့တဲ့ ခေါင်းကိုက်တာတို့ ၊ ဆေးမှားတာတို့ ၊
ကလေးရတာတို့ ၊ အနာတွေပေါက်တာတို့ ၊ ရည်းစားရနေတာတို့ ဆိုတာ
တကယ်မဟုတ်ပါဘူး။

သမီးဒီလ ဖြေခဲ့တဲ့ စာမေးပွဲ ၅ ဘာသာမှာ နှစ်ဘာသာကကျပြီး နှစ်ဘာသာက ပြန်ဖြေရမှာတဲ့။
ဒါပေမယ့် အခုဏက ပြောခဲ့တဲ့ အဖြစ်အပျက်တွေနဲ့  နှိုင်းယှဉ်ကြည့်ရင်တော့
ဒါဟာ ဘာမှ မပြောပလောက်ပါဘူး လေ… နော်

ချစ်တဲ့ သမီး
Forward mail ထဲကနေ ရတာပါရှင့်။ သူငယ်ချင်းများကို ရယ်မောစေလိုသောကြောင့် ယင်း post လေးကို ကူးယူဖော်ပြလိုက်ပါသည်။ ပြုံးပျော်နိုင်ပါစေသော်.....။ သံယောဇဉ်။ 

Thursday, February 4, 2010

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်

(၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း

(၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း

(၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း

(၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း

(၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း

(၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း

(၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း

(၈) ပါးစပ်အားနံစေသော ဆေးလိပ် ၊ ကွမ်းယာ ၊ သေရည် ၊ ဒညင်းသီးများအား
အချိန်မရွေး စားသုံးလို့ရခြင်း

(၉) ရည်းစာမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့် သူငယ်ချင်းဖြစ်သူက
နားညီးသက်သာသောကြောင့် သင့်အား အလိုက်အသင့် ဆက်ဆံခြင်း

(၁၀) ရည်းစားမရှိပါက ဘီယာတိုက်တဲ့ ပိုက်ပိုက် သက်သာစေခြင်း
(ဘီယာတိုက်ပြီး ရင်ဖွင့်တဲ့သူရှိလို့ပါ)

(၁၁) ရည်းစား၏ နားပူနားစာ ၊ အမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။


လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်
(၁) လူအများကြား၌ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း

(၂) ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး စွာနေနိုင်ခြင်း

(၃) ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း

(၄) ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း

(၅) ကိုကို ၊ မောင် ၊ ချစ် ၊ မ ၊ မေ လို့ ယုယစွာ
စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း

(၆) Web site ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့် လန်းဆန်းတက်ကြွနေခြင်း

(၇) လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေ
သန့်ရှင်းမှု ရှိခြင်း

(၈) ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို့ မေးလို့ရခြင်း

(၉) ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ၀ယ်ရသည့် ပိုက်ပိုက် သက်သာစေခြင်း

(၁၀) ပိုက်ဆံချေးလို့ရခြင်း နှင့်

(၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ ဖြစ်ပါသည်။
--
ဒါလေးဖတ်တာနဲ့ သူငယ်ချင်းတို့တော့ မသိဘူးနော်၊ ကျွန်မကတော့ ပြုံးမိတယ်။ မှန်သင့်သလောက်မှန်နေလို့လေ...။ လောကမှာ အကောင်းနဲ့ အဆိုး အမြဲတမ်းဒွန်တွဲနေတာပဲ။ သူတို့ ၂ ဦးကမှ တကယ် လက်တွဲမြဲတဲ့သူတွေပဲ။။ ပျော်ရွှင်ပါစေနော်။။။

Template by:
Free Blog Templates