သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Sunday, February 28, 2010




ဘာကြောင့် ဒီပို့စ်လေး တင်မိသလဲဆိုတော့ Miss You Like Crazy ဆိုတဲ့အတိုင်းပဲနော်. ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်လို့ သီချင်လေးကို ရှေ့နေငှားလိုက်တာပါ။ ခံစားတတ်သူများအတွက် နားဝင်ပီယံ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

Saturday, February 27, 2010

ခရစ်ယာန်ဘာသာဝင်တွေရဲ့ သမ္မာကျမ်းစာထဲမှာ ခရစ်တော်အတု ပေါ်လာမယ်ဆိုတာ ပါရှိပါတယ်။ အဲ့အခုတော့ သူ့ကိုယ်သူ ခရစ်တော်လို့ ပြောတဲ့သူ နောက်တစ်ယောက် ပေါ်လာပါပြီးဗျာ ..တန်ခိုးတော့မပြနိုင်ပေမဲ့ လူပေါင်း တစ်သောင်းလောက်ကို လက်နက်မရှိ၊ ငွေမရှိဘဲ သူကိုရှစ်ခိုးတဲ့သူတွေ၊ သူ့နောက်လိုက်တွေ ဖြစ်လာအောင်လုပ်နိုင်တဲ့သူ့အစွမ်းကိုတော့ လျှော့တွက်လို့မရဘူး။ သူဟာ ရုရှားလူမျိုးဖြစ်ပြီး နာမည်ကတော့ Sergey Anatolyevitch Torop လို့ခေါ်ပါတယ်။
သူဟာ Krasnodar မြို့ မှာ ဇန်နဝါရီလ ၁၄ရက် ၁၉၆၁ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ သူရဲ့ဘာသာဝင်တွေကိုတော့ Vissarionites လို့ခေါ်ပါတယ်။ သူနေတဲ့ Petropavlovka ရွာနားက ရွာပေါင်းသုံးဆယ်လောက်မှာရှိတဲ့ လူအယောက် ၅ဝဝဝ လောက်ဟာသူ့ကို ယေရှု့လို့ယုံကြည်ကြသလို ကမ္ဘာတစ်ဝန်းမှာဆို သူ့ကို ယုံကြည်သူ ၁ဝဝဝဝ လောက်ရှိပါတယ်။ အမှန်တော့ သူဟာ "Church of the Last Testament" ဆိုတဲ့ ဘာသာကို စတင်အုပ်မြစ်ချပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဘာသာဟာ ရုရှားအောက်သဒေါ့ခရစ်ယာန် နဲ့ ဗုဒ္ဓဘာသာဝင် တွေကနေပြီး ပတ်ဝန်းကျင်နှင့်ဆက်နွယ်၍ ဆင်ခြင်အပ်သော သတ္တလောက။ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပညာ။ ဂေဟဗေဒ နဲ့ သက်သက်လွတ်စားခြင်း စတဲ့ ကောင်းမြတ်တဲ့အချက်တွေကို ပေါင်းစည်းထားခြင်းသာဖြစ်ပါတယ်။ "Community of Unified Faith" (ယုံကြည်မှု့များ ပေါင်းစည်းထားသောအဖွဲ့) လို့လဲ တစ်မျိုးတဖုန်လူသိကြပါသေးတယ်။
နောက်တစ်ယောက်ကတော့ dailymail ကပါ
မုတ်ဆိတ်မွှေး နှုတ်ခမ်းမွေးတွေနဲ့ အဝတ်အစား ဝတ်ဆင်ပုံ က ယေရှု့ နဲ့တူသလို တစ်ချက်တစ်ချက်တစ်ပြုံးလိုက်တဲ့ အချိန်မှာ တော့ သူတော်စင်တစ်ယောက်နဲ့လိုပါဘဲ။ ဒါပေမဲ့ သူကို ယုံကြည်ကြတာတော့ ဆိုက်ဘေးရီးယားအစွန်အဖျား ကလူတွေ ဖြစ်ပါတယ်။ Sergei Torop ဆိုတဲ့သူဟာအရင်က ယာဉ်ထိန်းရဲ တစ်ယောက်ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်ပုံကလဲ အပိုစာသားတွေမပါဘဲ ယေရှု ကဲ့သိုသာဖြစ်ပါတယ်။ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ Torop ဟာ မော်စကို မြို့နဲ့ မိုင်ပေါင်း ၂ဝဝဝ လောက်ဝေးတဲ့ Petropavlovka ဆိုတဲ့ ရွာကလေးတစ်ရွာက လူအယောက်ပေါင်း ၅ဝဝဝ လောက်ရဲ့ အထင်ကြီး ကိုးကွယ်ယုံကြည်မှု့ကိုခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Torop စစ်မှု့ထမ်းအပြီးမှာတော့ ယာဉ်ထိန်းရဲ့ဝင်လုပ်ပါတယ်။ ယာဉ်ထိန်းရဲ့အလုပ်ကလဲပြုတ်သွားရော ချက်ခြင်းလက်ငင်းဆိုသလိုဘဲ သူဟာ လွန်ခဲ့တဲ့ နှစ် ၂ဝဝဝ လောက်က ကားတိုင်မှာ အသေသတ်ခြင်းခံခဲ့ရတဲ့ ယေရှုဖြစ်ပြီး ဒုတိယအကြိမ် ပြန်ကြွလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဘုရားသခင်က သူကို ဒီကမ္ဘာမြေပေါ်မှာ အကြမ်းဖက်မှု့ စစ်ခင်းနေမှု့ နဲ့ သဘာဝဘေးအန္တရာယ်တွေ... .. (မကောင်းတာတွေအကုန်လုံးကို ပေါ့ဗျာ) ဆုံးမသင်ကြားပေးဖို့လွတ်လိုက်တာလို့ဆိုပါတယ်။ သူ့တို့ရွာမှာ တစ်ကမ္ဘာလုံး ပြုလုပ်နေတဲ့ ခရစ္စမက်ပွဲတော် မပြုလုပ်ဘဲ သူရဲ့ တရားစဟောတဲ့နေ့ သြဂုတ်လ ၁၈ ရက်နေ့မှာကြီးကျယ် ခန်းနားစွာပွဲတော်ကြီး ပြုလုပ်ကြပါတယ်။ သူရဲ့နောက်လိုက်ဖြစ်ခြင်ရင်တော့ သက်သက်လွတ်စားရမယ် ဆေးလိပ်၊ အရက် မသောက်ရဘူး ပြီးတော့ ပိုက်ဆံလဲကိုင်လို့ မရပါဘူး။ ရွာထဲမှာတော့ သူ့ယုံကြည်သူ တွေဟာ သစ်လုံးအိမ် ပေါင်း သုံးရာလောက် နဲ့ဆောက်နေကြပြီး ထောင်ပေါင်းများစွာသော တခြားယုံကြည်သူတွေကလည်း အိမ်တွေကို ရွာပါတ်လည်မှာ ဆောက်ပြီးနေကြပါတယ်။ အကြောင်းကတော့ သူတို့ဆီက ဆိုးရွားလှတဲ့ ဆောင်းရာသီမှာ သူတို့ယုံကြည်ကိုးစားရတဲ့ မေရှိယအရှင် နဲ့ အနီးမှာနေခြင်လို့ဘဲဖြစ်ပါတယ်။ သူတို့ရွာနဲ့နီးတဲ့ တောင်ပေါ်မှာတော့ ခေါင်းလောင်းကြီး တစ်လုံးထားပြီး တစ်ရက်ကို သုံးခါ တီးပါတယ်။ အဲ့ဒီခေါင်းလောင်းတီရင်တော့ အလုပ်လုပ်နေတဲ့သူတွေဟာ အလုပ်ကို ရပ်ပြီး ဒူးထောက်ဘုရားရှင်ခိုးကြရပါတယ်။ Torop ဟာ မိန်းမနဲ့ သားသမီးခြောက်ယောက်ရှိပါတယ်။ အဲ့ဒီ သားသမီးခြောက်ယောက်ထဲမှာတော့ တစ်ယောက်က မွေးစားထားတာဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ နေ့ရက်တွေကို ပန်းချီဆွဲတဲ့အလုပ်နဲ့ ကုန်စေသူတစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင် လဲ သူဟာ ပြင်သစ်၊ အီတလီ နဲ့ ဟောလန်နိုင်ငံတို့ကိုသွားပြီး သူ့ကိုယ်ကိုးကွယ်တဲ့ တပည့်သစ်တွေရရှိဖို့ သာသနာပြုထွက်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ သူ့ဘုရားကျောင်းကပိုက်ဆံမဟုတ်ဘူးတဲ့ ခေါ်တဲ့သူစပွန်စာနဲ့ သွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ်တစ်ယောက်ကတော့ သူတို့ကိုယ်သူတို့ ယေရှု့ခရစ်တော် ဝင်စားတာပါလို့ ပြောခဲ့ကြတဲ့ သူများဖြစ်ပါတယ်။
သူနာမည်ကတော့ Suma Ching Hai ဖြစ်ပါတယ်။ ဂျပန်လူမျိုးဖြစ်ပြီး ၁၉၅၀ မေလ ၁၂ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ သူ့ကိုယ်သူကတော့ ဗုဒ္ဓဘုရားနဲ့ ယေရှု့ဘုရားဝင်စား တာလို့ပြောသူဖြစ်ပါတယ်။ သူကတော့ တရားထိုင်ခြင်းနဲ့ ပါတ်သတ်တဲ့ အကြောင်းတွေကို သင်ကြားပေးသူတစ်ယောက်ဖြစ်ပါတယ်။
Jim Jones လို့ခေါ်ပါတယ် ၁၉၃၁ မေလ ၁၃ ရက်နေ့မှာမွေးပြီး ၁၉၇၈ နိုင်ဝင်ဘာလ ၁၈ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကတော့ သူ့ကိုယ်သူ ဗုဒ္ဓဘုရား၊ ယေရှု့ဘုရား၊ ရုရှာရဲ့အောက်တိုဘာတော်လှန်ရေးက လီနင်၊ ပြီးတော့ဘာတွေလဲမသိဘူး Akhenaten တို့ Father Divine တို့စုံနေတာဘဲ ။
John Nichols Thom လို့ခေါ်ပါတယ်။ ၁၇၉၉ မှာမွေးပြီး ၁၈၃၈ မေလ ၃၁ မှာတိုက်ပွဲကျလို့ သေဆုံးခဲ့သူဖြစ်ပါတယ်။ သူကလဲ သူကိုယ်သူ ယေရှု ဝင်စားတာပါတဲ့ သူခန္ဓာကိုယ်ကလဲ ကောင်းမြတ်တဲ့ ဝိဥာဉ်တွေရဲ့ ဘုံဘိမာန်ဖြစ်တယ်လို့ပြောပါတယ်။
Marshall Applewhite ဖြစ်ပြီး သူကလဲ သူ့ကိုယ်သူ ဘုရားသားတော် ယေရှုဖြစ်ပါတယ်လို့ပြောခဲ့သူတစ်ဦးဖြစ်ပါတယ်။

မူရင်းကတော့ Mistake 51 Area ကပါ။ အဲဒီမှာ ပုံနဲ့တကွ ဝေေ၀ဆာဆာ ဖော်ပြထားပါတယ်။




နောင်ဘ၀ဆိုတာ
ဝေးလွန်းပါတယ်။ 

တကယ်လို့များ…..
အခွင့်အရေးရှိခဲ့သေးရင်
ဒီဘ၀ရဲ့ …..
သင့်တော်ချိန်လေးတစ်ခုထိပေါ့။

ချစ်သူ့ခြေရင်းထံမှာ...
သက်ဆင်းခစားချင်ပါသေးတယ်။

Thursday, February 25, 2010


ဒီနေ့ကတော့ တပေါင်းလဆန်း ၁၂ ရက်နေ့ပါ။ မွန်ပြည်သူတွေ အတော်များများမသိတဲ့ မွန်ဘုရင်မ ရှင်စောပုရဲ့မွေးနေ့ပေါ့။ အဲဒါကို "မွန်အမျိုးသမီးနေ့" အဖြစ်သတ်မှတ်ခဲ့ကြတယ်။ သတ်မှတ်ခဲ့တဲ့ ခုနှစ်ကတော့ သေသေချာချာမသိပါဘူး။ အခုဆိုရင် မွန်လူမျိုးတွေ နေထိုင်တဲ့ နေရာဒေသအချို့မှာ မွန်ဘုရင်မကြီးရဲ့ မွေးနေ့ကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ အသီးသီးကျင်းပခဲ့ကြတယ်။ ဒီနှစ်ကတော့ မွန်နယ်စပ်ဒေသတစ်ခုဖြစ်တဲ့ ပလယ်ဒုန်ဖိုက် (ဗလးဒုန်ဖါ်) ကျေးရွာလေးမှာ 
ကျင်းပပါတယ်။
ဒီနေ့မှာ မွန်အမျိုးသမီးအသင်းများမှ လက်ရှိမွန်လူမျိုးများရဲ့ နိုင်ငံရေး၊ လူမှုရေးအပေါ်အခြေခံပြီး တောင်းဆိုချက် ၇ ချက်ကို အဓိကထား တောင်းဆိုထားတယ်။

နိုင်ငံတော်အစိုးရမှ

၁.... မွန်ဒေသတွင် အခြေစိုက်ထားသော တပ်မတော်တပ်များကို ရုပ်သိမ်းပေးရန်၊
၂....စားသောက်ဆိုင်ဟု အမည်ခံပြီး ဖွင့်လှစ်ခွင့်ပေးထားသော ပြည့်တန်ဆာရုံးများကို ရုပ်သိမ်းပေးရန်၊
၃....အစီတကျ ချမှတ်ထားသော သွေးရော(သွေးဖြင့် မျိုးနွယ်ပွားခြင်း) နှင့် မဟာဗမာဝါဒကို ရပ်ဆိုင်းပေးရန်၊
၎....၂၀၀၈ ခုနှစ်တွင် ချမှတ်ထားသော အခြေခံဥပဒေသည် တိုင်းရင်းသားများအတွက် တရားမျှတမှု မရှိသောကြောင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း တရားမျှတမှုရှိအောင် ကျင်းပပေးရန်

မွန်ပြည်သစ်ပါတီနှင့် မွန်အဖွဲ့အစည်းများမှ

၁....မွန်အမျိုးသမီးများကို နိုင်ငံရေးတွင် ဦးဆောင်ပါဝင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့် တိုးမြှင့်ပေးရန်၊
၂....မွန်အမျိုးသမီးများအတွက် အထူးစနစ်ဖြင့် အရည်အချင်းကို မြှင့်တင်ပေးရန်၊
၃....မွန်လူမျိုးများအကျိုးကို ရှေ့ရှုပြီး လူမျိုးအတွက် ပြတ်ပြတ်သားသား ရပ်တည်ပေးရန်
စသည့်အချက်များကို တောင်းဆိုထားသည်။


မွန်အမျိုးသမီးများနေ့တွင် forward mail မှရရှိခဲ့သော statement မှ ကိုးကား ဘာသာပြန်ထားသည်။
မွန်ဘုရင်မရှင်စောပုကတော့ သည်းခံခြင်းတရားနဲ့ ပြည့်စုံပြီး လောဘတရားလည်းနည်းတယ်ဆိုတာကို ဟောဒီက (http://www.scribd.com/full/4502823?access_key=key-1o2jabzbdky7bibxm8mh) Link လေးမှာ ဖတ်ကြည့်နိုင်ပါတယ်။ သမိုင်းကို စိတ်ဝင်စားသူ စာဖတ်ပရိတ်သတ်များ သူမရဲ့ စိတ်နေစိတ်ထားနဲ့ သနားစရာ ဘ၀အကြောင်းလေးကို လေ့လာနိုင်ပါတယ်။ 
မှတ်ချက်။ ။ မသိသေးသူများအတွက်ဗဟုသုတပေါ့။ သိပြီးသားသူများအတွက်ကတော့ နောက်တစ်ခေါက်ပေါ့နော်။ မနေ့က အင်တာနက်ပျက်သွားလို့ ဒီနေ့မှ တင်ရတော့တယ်။ နောက်ပြီး ဓါတ်ပုံကို google မှရှာပြီး တင်ထားပါတယ်။

မွန်ဘုရင်မကြီး ရှင်စောပုအား ဂုဏ်ယူခြင်းများဖြင့် လေးစားကြည်ညိုလျှက်....



Tuesday, February 23, 2010

ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်နေတာ ၂ ရက်ရှိပြီ၊ ဘာသာပြန်နေတဲ့အချိန်မှာ ကြည့်လိုက်တဲ့ ရုပ်ရှင်က ၇ ကားလောက်ရှိမယ် မြန်မာဇာတ်ကားတွေပါ။ တက်သစ်စ မင်းသားမင်းသမီးတွေ သရုပ်ဆောင်ထားတာ ကြည့်နေရတာ အသားမကျသလိုပဲ။ အရင်တုန်းက သရုပ်ဆောင်ဟောင်းတွေသတိရမိတယ်။ အထူးသဖြင့် ဒွေးကို အရမ်းသတိရမိတယ်။ ဒွေးရဲ့ပရိတ်သတ်တစ်ယောက်ပေါ့။ ဒွေး၊ထက်ထက်မိုးဦး တွဲရိုက်ထားတဲ့ ကားတွေဆို အရမ်းကြိုက်ခဲ့တာပေါ့။ သရုပ်ဆောင် ၀ိုင်း ပါထပ်ဖြည့်လိုက်ရင် အရမ်းအရမ်းကို ကြိုက်ပေါ့။ ဘာရယ်မဟုတ်ပါဘူး ဒီပို့စ်လေးကို တင်ဖြစ်တာကတော့ ရုပ်ရှင်ဆိုဒ်လေး မျှဝေချင်လို့ပါ။ သိပြီးသားတွေ များမှာပါ။ ဘာပဲဖြစ်ဖြစ်လေ မသိသေးတဲ့ တစ်ယောက်တစ်လေများ မျက်စိလည်လမ်းမှားလာရင်လည်း အကျိုးမယုတ်ပါဘူး။ ဇာတ်ကားတွေ အလကားကြည့်ရတာပေါ့နော်။  Link က ဒီမှာပါ။ (http://www.burmeseclassic.com)



ဟာသလေးကို အားပေးသွားပါဦး။ အပိုင်းဆက်တွေကို youtube မှာ ဆက်ပြီးအားပေးနိုင်ပါတယ်ရှင်။ပြုံးပျော်နိုင်ပါစေ။



အတိတ်ကို အရိပ်လို့ပြောကြတယ်
အရိပ်ဆိုတော့လည်း
အသက်ရှင်နေတဲ့ တစ်သက်တာ
ပျောက်ပျက်မသွားနိုင်တဲ့ အရာပဲလေ။

ဒါပေမဲ့ ….
တစ်ချို့ကျတော့
အတိတ်ကို ဖျောက်ဖျက်ဖို့ ကြိုးစားကြတယ်
ကြိုးစားတဲ့ လူသားတိုင်းကို
လောကကြီးက ဟားတိုက်ရယ်နေမှာပါ။

အရိပ်ဆိုမှတော့
အရိပ်ကိုဖျောက်ဖို့ ကြိုးစားချင်ရင်
တည်နေတဲ့ အရာဝတ်ထုရဲ့ အကောင်အထည်ကိုသာ
ပထမဆုံး ဖျောက်ဖျက်ရတော့မှာပေါ့။  

ဒါကြောင့်မို့ အတိတ်ကို ဖျောက်ဖျက်ဖို့
ကိုယ်ကိုယ်တိုင် ဘယ်တော့မှ
ကြိုးစားမိမှာ မဟုတ်တော့ဘူး။  

ဒါပေမဲ့……
အတိတ်က အရိပ်ဆိုးတွေလို
ထပ်ပြီး မကျန်ရစ်နေဖို့နဲ့
နောက်ထပ် အတိတ်လှလှလေးတွေ
ချန်ရစ်ထားနိုင်ဖို့တော့
ပစ်စုပ်ပန်တွေကို အတည်ငြိမ်ဆုံး
အကောင်းဆုံးဖြစ်အောင်ပဲ
ကြိုးစား ဖန်တီးကြည့်ချင်ပါတယ်။


ရင်မဆိုင်ရဲပါ
လောကကြီးကို
လောကဓံကိုလည်း
 ရွံ့ထိတ်မိတယ်။

 မျက်နှာငယ်လေးနဲ့
 တောင်းပန်ခွင့်လေးတောင်
မရနိုင်တော့တာ
"ဘ၀" ဆိုတာကြောင့်လား?......

Monday, February 22, 2010




မေ……
မောင် စေချင်သလိုစေ
နေမဲ့ မိန်းမသား
အာဂ အချစ်သမားပေါ့။



မောင်……
မေ့ အကြိုက်ဆောင်လို့
ယောင်ဆောင်ပြီးချစ်တဲ့
အတုအယောင် အသဲနဲ့လေ။

အားလုံးသော ပုရိသကို ရည်ရွယ်ရေးဖွဲ့ထားခြင်းမဟုတ်ပါ။ သံယောဇဉ်ရဲ့ အနီးအနားမှာ တွေ့မြင်ခဲ့ရတဲ့ အဖြစ်အပျက်လေးကို အခြေခံထား ခံစားရေးဖွဲ့ထားတာပါ။ ကဗျာမမြောက်ပေမဲ့ ခံစားအားပေးသွားပါဦး။။။။

Sunday, February 21, 2010

လူတိုင်း လူတိုင်းမှာ စိတ်ဖိစီးမှုဆိုတာကို အနည်းနဲ့ အများတော့ ရင်ဆိုင်ရ တတ်ပါတယ်။ မိမိခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်ဖို့ ခန္ဒာကိုယ်က စိတ်ဖိစီးမှုကို ဘယ်လို တုန့်ပြန်တယ်ဆိုတာ အရင်သိထားဖို့ လိုပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အခါ အောက်ပါ အဆင့်ကလေးတွေဟာ အစီအစဉ်တကျ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါတွေကတော့
ပထမအဆင့်
ဒီအဆင့်မှာတော့ သင်ရဲ့ခန္ဓာကိုယ်ဟာ အန္တာရာယ်ရဲ့ ခြောက်လှန့်မှုကို ခံစားနေရချိန် ဖြစ်ပါလိမ့်မယ်။ နောက်ပြီး သင်ဟာ အဲဒီ ဖြစ်ရပ် အခြေအနေတခု ကနေ လွတ်မြောက်အောင် တိုက်ခိုက် တွန်းလှန်လိုစိတ် ဒါမှမဟုတ် ထွက်ပြေး ချင်စိတ်တွေ ဖြစ်ပေါ်နေပါလိမ့်မယ်။
…………………………………………………………..

ဒုတိယအဆင့်
ပထမအဆင့် ကနေကျော်လွန်လာတဲ့အခါ သင့်ခန္ဓာကိုယ်ကနေ ဟော်မုန်းပေါင်း များစွာ ထွက်နေပြီး အဲဒီဟော်မုန်းတွေက အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေမယ့် စိတ်ဖိစည်းမှုကို ရေရှည်ခံနိုင်ရန် ပြင်ဆင်နေကြပါပြီ။ သင်ဟာ စိတ်ဖိစီးမှုရဲ့ အလယ်မှာ အနည်းငယ် ခံနိုင်ရည် ရှိနေတာကို သုံးသပ်နိုင်ပါပြီ။
တတိယအဆင့်
ပထမအဆင့်နဲ့ ဒုတိယအဆင့်ကို သင်အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်ပြီးရင်တော့ သင်ဟာအား အင်ကုန်ခမ်းပြီး မလှုပ်ချင်မကိုင်ချင်အောင် နွမ်းနယ် နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါက တတိယအဆင့်ပါ။
ဘယ်လို အခါမှာ စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာသိနိုင်မလဲ...
စိတ်ဖိစည်းမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေဟာ မထူးဆန်းလှပေမယ့် လူတယောက်ဟာ စိတ်ဖိစီးနိုင်တဲ့ အကြောင်းအရာတွေဖြစ်တဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့အဆင်မပြေမှု၊ အကျပ်အတည်းရိုက်မှု တွေနဲ့အတူ မောပန်းခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်၍ မရခြင်း၊ အိပ်မပျော်ခြင်း သို့မဟုတ် အလွန်အမင်း အိပ်နေခြင်း၊ ခေါင်းကိုက်ခြင်း၊ အကြောင်း ပြချက် မခိုင်လုံပဲအမြဲ စိုးရိမ်ပူပန်နေခြင်း၊ ဆီးဝမ်း မမှန်ခြင်း၊ ခုခံအားကျဆင်းသဖြင့် ဖျားနာလွယ်ခြင်း၊ စတာတွေပါ ပူးတွဲနေမယ်ဆိုရင် စိတ်ဖိစီးမှုလို့ပြောဖို့ အခွင့်အရေး အများကြီး ရှိနေပါပြီ။
ဒါဆို စိတ်ဖိစည်းမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ...
ဖြေရှင်းပုံနည်းလမ်းများစွာရှိတဲ့ အထဲကမှ လူအများနဲ့ သင့်တော်တယ် ထင်တဲ့အချက်ကလေးတွေကို တင်ပြပေးပါမယ်။ အဲဒါတွေကတော့
၁။ လေ့ကျင့်ခန်း
လေ့ကျင့်ခန်းလုပ်ပေးပါ။ သင်လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက endorphins ထွက်လာပြီး သည်ဟောမုန်းတွေရဲ့ အကျိုးအာနိသင်က သင့်စိတ်ကိုချမ်းမြေ့စေပါလိမ့်မယ်။
၂။ တိုးတိုးဖော်လေးရှိစေချင်တယ်
စိတ်ထိခိုက်စရာ ပေါ်လာတဲ့အခါ တယောက်တည်း မနေပဲ မိတ်ဆွေ ၊ ဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းတွေနဲ့စကားပြောပေးပါ။ သူတို့က သင့်ကို ကျွမ်းကျင်သူတွေလို မစွမ်းဆောင်ပေးနိုင်ပေမယ့် ။သင့်နဲ့အတူ လိုက်ပါ ခံစားပေးခြင်း အားဖြင့် သင့်ရဲ့စိတ်ဖိစီးမှုတွေကို သက်သာစေ ပါလိမ့်မယ်။
၃။ ပျော်ပျော်ပါးပါးပေါ့
ရယ်မောခြင်းဟာ သင့်စိတ်ကိုပျော်ရွှင်စေပါလိမ့်မယ်။ ဒါကြောင့် သင့်မှာစိတ်ဖိစီးမှုတွေ များနေတဲ့ အချိန်တွေမှာ ပျော်ရွှင်စရာ ရုပ်ရှင်ကားကလေးတွေကို ကြည့်ပေးပါ။ ဒါမှ မဟုတ် ရယ်စရာပြောတတ်တဲ့ သူငယ်ချင်းနဲ့ စကားပြောပေးပါ။
၎။ သင်နှင့်အစားအသောက်
စိတ်ဖိစီးမှုကို ခံစားနေရချိန်မှာ ပေါ့ပေါ့ပါးပါး အစာလေးတွေကို စားသုံးတာ ပိုသင့်လျော်ပါ လိမ့်မယ်။ caffine ဟာ သင့်ကို စိတ်ဖိစီးမှု ပိုမိုဖြစ်ပွား စေတတ် တာမို့ သင့်ရဲ့ caffine စားသုံးမှုကို လျှော့ချပေးပါ။
၅။နားနားနေနေပေါ့
သင့်စိတ်ကို အနားရစေမယ့် အလုပ်ကလေးတွေဖြစ်တဲ့ ရေနွေးနွေးကလေးနဲ့ ရေချိုးတာ၊ ဂိမ်းဆော့တာ ၊ သင်နှစ်သက်တဲ့ ပေါ့ပေါ့ပါးပါး စာအုပ်ကလေးတွေ ဖတ်တာ တွေဟာ သင့်ရဲ့ လက်ရှိခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို အတိုင်းအတာ တခု၊ အချိန်တခုအထိ မေ့ထား စေပါလိမ့်မယ်။
၆။ နှိပ်နယ်ပေးတဲ့အခါ
နည်းစနစ်ကျနတဲ့ နှိပ်နယ်မှုကို ခံယူခြင်းဟာလည်း သင့်ရဲ့စိတ်ဖိစီးမှု ကို လျော့ကျစေပါလိမ့်မယ်။
၇။ ပြင်ဆင်ချက်ကလေးများ
စိတ်ပူပန်ခြင်းဟာ ဘာကိုမှပြီး မြောက်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့်စိတ်ပူပန် နေမဲ့အစား ရှေ့ကိုဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားပါ၊ ကိုယ်စိုးရိမ်တဲ့ ကိစ္စအတွက် ကျွမ်းကျင် တတ်သိတဲ့သူတွေနဲ့ တိုင်ပင်ပါ ။ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေက သင့်ကို စိတ်ဖိစီးမှုဒဏ်မှ ကျော်လွှားစေပါလိမ့်မယ်။
၈။ ငြိမ်းချမ်းရာတခုမှာ
ဘယ်လိုပဲ စိတ်ဖိစည်းမှုတွေကြုံရ ကြုံရ တရားအားထုတ်ခြင်းဟာ ရေရှည်မှာ ငြိမ်းချမ်းတဲ့ ဘ၀တခုဆီကို ဆောင်ယူပေးတတ်တာမို့ မိမိကိုးကွယ်တဲ့ ဘာသာအလိုက် ဘာသာရေး လုပ်ပေးနိုင်ပါတယ်။
ဒီလိုပြုမူသည့်တိုင် စိတ်ဖိစီးမှုဒဏ်က မလွတ်မြောက်နိုင်သေးဘူး ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သင့်ဆရာဝန်က သင့်ကို ဆေးဝါးကုသမှု ပေးမှာဖြစ်တဲ့အပြင် စိတ်ဖိစီးမှုရဲ့ အကြောင်းရင်းကို ဂရုတစိုက် နားထောင်ပေးမှာ ၊ မည်သို့မည်ပုံ ကာကွယ်ရမယ်၊ ရင်ဆိုင်ရမယ်ကို ဆွေးနွေး အဖြေရှာပေးမှာ ဖြစ်လို့သင်ဟာ အချိန်အတိုင်းအတာ တခုမှာ စိတ်ရောလူပါ လန်းဆန်းတက်ကြွ လာနိုင်ပါလိမ့်မယ်။



လေးနက်တဲ့ စာသားတွေနဲ့ အေးအေးလေး ဆိုထားတဲ့ ဒီသီချင်းလေးကို အရမ်းကြိုက်ပါတယ်။ သူငယ်ချင်းများလည်း ကိုယ်မက်ချင်တဲ့ အိပ်မက်တွေ လက်တွေ့ဘ၀မှာ ပျော်ရွှင်ပိုင်ဆိုင်နိုင်ပါစေ လို့နော်............။



မဆုံနိုင်တော့တဲ့
လက်တွေ့ဘ၀မှာ
ကြောခိုင်းသွားတဲ့ ချစ်သူရယ်
တစ်ဝဲ၀ဲလည်လည်နဲ့
အိပ်မက်ထဲမှာ
 မင်းလေးနဲ့
အမြဲတမ်းဆုံတယ်။

လန့်နိုးမသွားချင်ဘူး
ချိုမြိန်အိပ်မက်ကနေ
လက်တွေ့ဘ၀ထဲကို
ယူဆောင်ခွင့်ပေးပါလား
မြားနတ်မောင်ရယ်
အိပ်မက်လေးထဲက
နားလည်မှုနဲ့ အချစ်တွေကိုလေ။

ပြာလွင်ကောင်းကင်မှာ

အဖြူရောင်တိမ်စလွင့်လို့

မျက်ခင်းစိမ်း နွဲ့ယိမ်း။

ဟိုက်ကူကဗျာလေး ဆိုပြီး ထပ်ကြိုးစားပြီး ရေးကြည့်တယ်။ ခေါင်းစဉ်မပေးတတ်လို့ (လေပြေ) လို့ပေးလိုက်တာ သင့်တော်လား မသင့်တော်လားမသိပါဘူး။ ဝေဖန်ပေးသွားပါနော်။

Friday, February 19, 2010


ညနေ ဆည်းဆာချိန်
တိမ်တွေလည်း လိမ်မော်ဟပ်တော့
မောင်နှံငှက်တို့လည်း
အိပ်တန်းဆီကို
ပြန်ချိန်တန်ပေါ့။


နေညိုချိန်မှာ…
တိမ်တွေမပြိုသေးပေမဲ့
ချစ်တဲ့သူရေ….
မေတို့လည်းလေ
ကိုယ်စီအိမ်လေးဆီကို
ပြန်ချိန်တန်ကြပြီနော်..။  

ကဗျာရပ်ဝန်းဆီ အလည်သွားရင်း ဟိုက်ကူကဗျာစပ်နည်းလေးတွေ့လို့ သဘာဝအလှကို ဖော်ကျူးတဲ့ ပန်းချီကားဆန်ဆန် ကဗျာလေး ၃ ကြောင်းလောက် စပ်မယ်ဆိုပြီး ရေးလိုက်တာ ဒါလေးပဲ ထွက်လာတယ်။ အောင့်အည်းပြီး အားပေးသွားပါဦးနော်..။ 

Tuesday, February 16, 2010

တင်လိုက်ပြန်ပြီ နောက်ထပ် သီချင်းတစ်ပုဒ်၊ နားဆင်သွားကြပါနော်.... သီချင်းလေး ကောင်းပါတယ်။ ကိုယ်ကြိုက်တော့ ကောင်းတာပေါ့နော်၊ ဘာဖြစ်လို့များ မျေက်ဖြစ်ချင်တယ်လို့ နာမည်လေးပေးထားလဲ ဆိုတာတော့ မစဉ်းစားတတ်အောင်ပါပဲ။ (ညာဏ်မမှီလို့လေ) သူကမျောက်ဖြစ်ချင်တယ်ဆိုတော့ ကိုယ်လည်းမျောက်ဖြစ်ချင်နေလို့ ဒီသီချင်းလေး ကြိုက်မိတယ်ထင်ပါ့။ . ဒါကြောင့်မို့ တင်လိုက်တာ... ကဲ ကဲ နားသောတဆင်ကြည့်လိုက်ပါဦး။



Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။
Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။ follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရသွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲ အခြား Google က services တွေ မှာ ကျွန်တော်လုပ်သမျှ Buzz မှာ update လုပ်နေတယ်။ ဥပမာ Google Reader မှာ တစ်ခုခု share တာမျိုးကို အကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status message ကိုလဲ update လုပ်တယ်။
Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်းကြည့်လို့ရနေပြီ။ အရင်က profile ကို hide လုပ်ထားလို့ရတယ်။ အခု Buzz ထွက်လာတော့ profile က ကျွန်တော့် message က နာမည်ကို နှိပ်လိုက်တာနဲ့ တန်းပြီး ကြည့်ရုံပဲ ဖုန်းနံပါတ်တွေ Geolocation တွေများ ထည့်ထားသေးရင် ဘယ်နားရောက်နေတယ် ဆိုတာပါသိရမယ်။ အရမ်းကြောက်ဖို့ ကောင်းတယ် နောက် Google က live Search လိုမျိုးလုပ်ပြီး လူတိုင်း messages တွေကို ဝင်ရှာနိုင်တဲ့ service မျိုးလုပ်နိုင်သေးတယ်။ မိုဘိုင်းဖုန်းကနေ Nearby Search အခုလုပ်လိုက်ရင် Buzz ကို မိုဘိုင်းဖုန်းသုံးနေတဲ့ သူတွေ (မြန်မာနိုင်ငံသားတွေ) အကုန်ရှာလို့ ရနေတယ်။
တော်တော်လေးလန့်သွားတယ် ကျွန်တော်က VIP ပုဂ္ဂိုလ်လဲမဟုတ်ဘူး ကိုယ့်အကြောင်းကို ဖုံးထားမှ ဖြစ်မယ့် လူမျိုးလဲ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့် အကြောင်းကို web ပေါ်မှာ အကုန်ကြည့်လို့ ရနေတာကိုတော့ တော်တော်လေးလန့်သွားတယ်။ လောလောဆယ် Buzz ထဲမှာ Mashable လိုမျိုးကို follow လုပ်လို့ရတယ်။ သူတို့ ဘာတွေ အသစ်တင်လဲဖတ်လို့ရတယ် comment ဝင်ရေးလိုက်ပြီဆိုပါစို့ အဲဒီ comment မှာပါတဲ့ ကျွန်တော့် နာမည် profile ကနေ email ဖြည့်ထားရင် spam mail ပို့လို့ရပြီ။ Geolocation နဲ့ Buzz ကို update လုပ်ထားရင် ကျွန်တော်ရှိတဲ့ နိုင်ငံကို လိုက်ပြီး location based Spam ကြော်ငြာတွေ ပို့လို့ရပြီ။ ပြောလို့မရဘူး contact မှာပါတဲ့ ဖုန်းနံပါတ်တွေကို mobile ဖုန်း ကြေငြာလုပ်တဲ့ သူတွေ location based နဲ့ လိုက်ရှာပြီး SMS ကြော်ငြာတွေ ပို့လို့ ရနေမယ်။ အနည်းဆုံး SMS နဲ့ မင်းထီပေါက်ပါတယ် ဆိုပြီး လာတဲ့ အချိန် ထီထိုးထားမိရင် ကျွန်တော်သာဆို ယုံမိတော့မှာပဲ။
Google Buzz က အမှန်တော့ Twitter + FaceBook’s Like + Geolocation ပေါင်းထားတာပဲ။ Google က အချိန်တို အတွင်းမှာ သူ့ရဲ့ Social Networking ဆိုဒ်ကို အကြီးကြီးဖြစ်လာချင်တော့ အတင်း force လုပ်ပြီး ကျွန်တော် ဘာမှ မသိလိုက်ရပဲ ကျွန်တော့် Gtalk list ထဲက သူတွေကို follow လုပ်ထားပြီးသားဖြစ်နေတာ တွေ့ရတယ်။ မလုပ်ရသေးတဲ့သူများဆိုလဲ Recommanded ဆိုပြီး လာပြနေသေးတယ်။ Spammer တွေအတွက် အကောင်းဆုံး ဂွင်တစ်ခုလိုဖြစ်နေပြီ bot များရေးထားပြီး crawl လုပ်လိုက်ရင် Buzz ကနေ နာရီဝက်လောက် အတွင်းမှာ email contact ပေါင်းသိန်းချီရနိုင်တယ်။ ပြီးရင် အဲဒီကောင်တွေ ကို business တွေဆီ ဒေါ်လာ ရာဂဏန်းလောက်နဲ့ ရောင်းစား ပိုက်ဆံရှာလို့ရတယ်။
ထွက်တာ ၂ ရက်ပဲရှိသေးတဲ့ Buzz ရဲ့Privacy သတင်းကတော့ web ပေါ်မှာ တော်တော်လေးပြန့်နေတယ်။ အခု ကျွန်တော်ရေးထားတာတောင် personal အမြင်ပဲ ရှိသေးတယ် security professional တွေရဲ့ articles တွေ အခုပဲ “Google Buzz Privacy” ဆိုပြီး ရှာလိုက်တာတောင် result 66,300,000 အဲဒီလောက်ထွက်နေပြီ။ ကျွမ်းကျင်တဲ့သူတွေ ရေးထားတာကို ရှာဖတ်ကြည့်လေ Buzz က ကြောက်စရာကောင်းလာလာလေလေ ဖြစ်လာတာနဲ့ ကျွန်တော်ကတော့ Buzz ကို လုံးဝပိတ်လိုက်ပြီ။ ပိတ်ချင်ရင် Gmail အောက်ဆုံးမှာ turn off buzz ဆိုပြီး ရှိပါတယ်။ အဲဒီကနေ ပိတ်လို့ရပါတယ်။ ကျွန်တော်ကတော့ Buzz သုံးလိုက်ကတည်းက online privacy နဲ့ပက်သက်ပြီး shock ရသွားတယ် ပထမဆုံးဘဲ။ Google လိုမျိုးက သူ့ product အောင်မြင်ဖို့ဆို ကျွန်တော်တို့ privacy ကို ချနင်းဖို့ ဝန်လေးပုံ မရဘူး။ :(


စာမေးပွဲရှိတယ် သိကြရဲ့လား (ဟယ်ဟယ် သံယောဇဉ်ပြောမှ သိကြမှာပေါ့လို့) စာမကျက်ချင်လို့ လျှောက်ရေးနေတာ.... အား နာနာနဲ့ ဖတ်သွားပေါ့နော်.။ ကောင်မလေးတစ်ယောက် စာကျက်ရပျင်းလို့ ဒီအိမ်လေးမှာ ပုန်းဖို့ အကွက်ချောင်းနေတာ။ ကျောင်းသူသာပြောတာ စာမေးပွဲ ဖြေတဲ့အပါတ်မှ ကျက်ဖို့စာလိုက်ရှာတာလေ... ကောင်းရော။ သူငယ်ချင်းတွေကိုလည်း အပူလိုက်ကတ်ရသေးတယ် စာရပြီးသားလူတွေကို ကိုယ့်ကို ပြန်ရှင်းပြခိုင်းတာလေ။ သူတို့ကပြောပါတယ် တော်တော်ဆိုးတာပဲတဲ့။ ဒါပေမဲ့ အလိုလိုက်ကြပါတယ်။ အတန်းထဲမှာ ကိုယ်က သူတို့တွေထက် အသက်ကြီးပေမဲ့ ကိုယ့်ကိုသာ အလိုလိုက်နေကြရတာ... အထူးပါဝါရထားတာလေ (မိန်းခလေးတစ်ယောက်ထဲမို့ ယဉ်ကျေးမှုအရ ညှာတာလို့ထင်ပါ့)။ မညှာလို့လည်းမရပေါင်နော်...။ သံယောဇဉ်ခြိမ်းခြောက်တာကို သူတို့အရမ်းကြောက်လို့လေ.. သိက်ခါတရားကိုပါထိပါးလာတော့ ကောင်လေးတွေ ဘယ်ခံနိုင်မလဲလို့။ သူတို့ရဲ့ ပျော့ကွက်ကိုအပိုင်ရထားလို့သာပေါ့ ( နင်တို့ စာမရှင်းပြရင် နင်တို့ပဲ အရှက်ရမှာနော်. ကိုယ့်သူငယ်ချင်း တစ်ယောက်လေးကိုတောင် စာမေးပွဲအောင်အောင် စာမရှင်းပြနိုင်တာ နင်တို့ညံ့လို့ဆိုတာ လူတိုင်းသိတယ်။ မရှက်တတ် မရှင်းပြပဲနေကြပေါ့ ရှုံးတဲ့အခါကျရင်တာ ငါ့ကိုလာပြီးတောင်းပန်မနေနဲ့ ....အဟွန်း) ဒီလိုသာမခြိမ်းခြောက်ရင် သံယောဇဉ်တော့ ဘုန်း ဘုန်းပဲ ကျလိုက်တဲ့ စာမေးပွဲ။ အခုလည်း ဘယ်သူစာရှင်းပြမလဲစောင့်နေတာလေ။
တကယ်တော့ သံယောဇဉ်က လိမ်မာပါတယ်။ စိတ်လေတဲ့အခါတာ ဒီလိုဖြစ်တာပါ။ ကံဆိုးချင်တော့ စာမေးပွဲနီးတိုင်း စိတ်လေတတ်တာ အကျင့်ဖြစ်နေပြီထင်တယ်။ သူငယ်ချင်းတွေကိုက အလိုလိုက်လွန်းတာလည်းပါတယ် ထင်တာပဲ (သက်သက်ချောက်ချတာ ဟားဟား) ဆရာအာခံ အာခေါင်လှန်စူးနေဦးမယ် (ဘွာတေးနော် သံယောဇဉ်ရဲ့ သူငယ်ချင်းတွေ အကုန်ကောင်းပါတယ်။ စိတ်ဓါတ်ပေါ့။ ရုပ်ကတော့ သိပ်မချောကြပါဘူး။ သူတို့သာသိကြရင်တော့ လာထုလို့ ပုတဲ့အရပ်လေး မြေကြီးထဲတောင် ၀င်သွားမှာ ဆိုးရသေးတယ်)
အဟမ်း... အဟမ်း... ဘာတွေရေးလိုက်လဲ မသိဘူး ဖတ်တဲ့သူငယ်ချင်းတွေပဲ သိကြမှာပေါ့နော်. ဒီတော့ ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး.... ဒါကြောင့်မို့ ဒီအိမ်လေးမှာ စာလာရိုက်တာလေ.။ သူငယ်ချင်းတို့ကို စိတ်ရှုပ်အောင် မလုပ်ချင်တော့ပါဘူးရှင်။ သံယောဇဉ် အိပ်တော့မယ် .......... ဟုတ်ဝူး... အိပ်ရင်း စာဖတ်တော့မှာကိုပြောတာ တစ်နာရီလောက်ရ ဘယ်ဆိုးလို့လဲနော်။။ (ကျေးဂျူးပါ) အိပ်ချင်လို့ စကားတောင်မပီတော့ဘူး... စာကျက်မှာတော့မှာ.... မတားကြနဲ့နော် .. အိပ်မက်ထဲမှာပဲဖြစ်ဖြစ်ပေါ့။ ပြောထားတဲ့စကား မေ့တတ်ဘူး အိပ်ရင်း စာကျက်မှာပြောထားတယ်လေ မေ့သွားပြီလား ...စိတ်မပူကြနဲ့နော်..။ စာကျက်ပြီ ... ဘိုင် ... ဘိုင် see u, Have a peace times with all of u friends. ဆောတီးပါ နှုတ်ဆက်ရင် အရမ်းရှည်ကြောတတ်လို့....။ ok ... ဒါပဲ .. take care...

အားလုံးပဲ ပြုံးပျော်နိုင်ပါစေ... ။



သို့ ... ဖေဖေနှင့် မေမေ

ကျောင်းစဖွင့်ကတည်းက မအားတော့တာနဲ့ မေမေ ဖေဖေတို့ ဆီကို စာမရေးဖြစ်တော့ဘူးနော်။
အခုမှပဲ ဖြစ်ဖြစ်သမျှ အကြောင်းတွေကို အားရပါးရ ပြောပြရတော့မယ်။
ဒီစာဖတ်ပြီး တော့လဲ စိတ်ပူမနေကြနဲ့ ဦး။
ဖြစ်ပုံကဒီလို…

ဘာမှတော့ စိုးရိမ်စရာမဟုတ်ပါဘူး။ ပြီခဲ့တဲ့ တစ်ပတ်လောက်ကတော့
ပါတီတစ်ခုကို သွားပြီး အပြန်မှာ ခေါင်းတွေ သွက်သွက်ခါလောက်အောင်ကို
မူးခဲ့တယ်။
ဒါကလည်း ဆေးမှားသောက်မိလို့ ပါ။ အဲဒီဆေးကလဲ ပါတီမှာတွေ့ တဲ့
ကောင်လေးတစ်ယောက်က သမီးကို စမ်းသောက်ကြည့်ဖို့ ပေးတာလေ။

ဒါပေမယ့် အဲဒီနေ့ က အဖြစ်အပျက်တွေကိုတော့ ပြန်ပြောပြလို့ ရလောက်အောင်
သိပ်ပြီး မမှတ်မိချင်တော့ဘူး။
သမီးရဲ့ အဝတ်အစားတွေ အကုန်လုံးကိုတော့ နောက်နေ့ မနက် ပြန်ရှာတွေ့ ပါတယ်။
အဲဒီအတွက်တော့ ဘာမှ စိတ်ပူစရာမလိုပါဘူး။
ဆေးရုံရောက်မသွားတာပဲ တော်သေးတယ် ပြောရမယ်လေ။ အခုတော့ တစ်နေ့ 
သုံးကြိမ်လောက် ခေါင်းတအား ထိုးထိုးကိုက်တာက လွဲလို့ 
ဘာမှမဖြစ်တော့ပါဘူး။

ကျောင်းတက်ခါစက အဆောင်မှာ နေတာဆိုတော့ ဆူဆူညံညံ အသံတွေကြောင့် မလွတ်လပ်ဘူးပေါ့။
အခုတော့ ကောင်လေးတစ်ယောက်နဲ့  လိုက်နေတာ အားလုံး အဆင်ပြေပါတယ်။ သူက
သမီးတို့ ကျောင်းနားက ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်တယ်လေ။

သူကသမီးအပေါ်မှာ ကောင်းရှာပါတယ်။ အခုလဲ သူကလက်ထပ်မယ်တဲ့လေ။ ဘယ်နေ
့ဘယ်ရက်လို့ တော့ မရွေးရသေးပါဘူး။
ဒါပေမယ့် သမီးကတော့ သိပ်ကြာကြာ မစောင့်ချင်တော့ဘူး။ ဗိုက်ကလဲ တနေ
့ထက်တနေ့  ပိုပိုပူပူ လာနေပြီ။

ဖေဖေနဲ့  မေမေတို့ ရေ… ဖေဖေတို့ ရဲ့ သမီးက ကလေးအမေဖြစ်တော့မှာ။ အားလုံး
အဆင်ပြေပါတယ်။ တခါတခါတော့ ခေါင်းထဲမူးတူးတူး ရှိတာပေါ့။
ဒါပေမယ်လဲ ဒါက အနာတွေပေါက်နေလို့  ဆေးသောက်နေရလို့ ဖြစ်တာပါ။ အနာတွေက
အာဘ်ဒူဆီက ကူးတာလေ။ ဒါလဲ သူ့ အပြစ်တော့ မဟုတ်ပါဘူး။ အမှန်က
သမီးကိုယ်တိုင် စောစောထဲက ဆင်ခြင်ခဲ့ဖို့ ကောင်းတာပါ။

အာဘ်ဒူကိုတော့ ဖေဖေ မေမေတို့ လက်ခံရလိမ့်မယ်။ သူက ဘာပညာမှတော့ မတတ်ပါဘူး။
ဒါပေမယ့် အရမ်း ရည်ရွယ်ချက်ကြီးတာ။
အခုလဲ သူက ကိုယ်ပိုင်ဓာတ်ဆီဆိုင် ဖွင့်မယ်တဲ့လေ။ သမီးနာမည်နဲ့  ဘဏ်ကနေ
ငွေချေးလို့ ရရင်ပေါ့။ သူကအချုပ် ကျဖူးထားတော့ ဘဏ်မှာ သူ့ နာမည်နဲ
့ငွေချေးလို့ မရဘူးတဲ့လေ။

သူက နိုင်ငံရေးကိုတော့ စိတ်ဝင်စားမှုရှိပါတယ်။ သူက အာရတ်အဖွဲ့ သုံးဖွဲ
့ရဲ့ အဖွဲ့ ဝင်တစ်ယောက်လေ။ ဘင်လာဒင် ထောင်ထားတဲ့ အဖွဲ့ တွေပေါ့။
ဘင်လာဒင်ဆိုတာ တကယ့်ကို ကျိကျိတက်ချမ်းသာတဲ့ မီးခိုးရောင်
မုတ်ဆိတ်ရှည်ကြီးနဲ့ လူလေ။
သမီးက ဒီထက်ပိုပြီးတော့ တော့ သူတို့ အကြောင်းတွေ မသိပါဘူး။ သူတို့ 
စည်ဝေးနေပြီဆိုရင်လဲ သမီးကို သူတို့ အနားကနေ အမြဲ ထွက်သွားခိုင်တယ်လေ။

မနေ့ တနေကတော့ သူ့ ကို သမီးကိုယ်တိုင် ရဲစခန်းမှာ
သွားပြီးရွေးခဲ့ရသေးတယ်။ သူ ရဲတွေကို ပြန်ထိုးနှက်ပြီး
ပြောနေလိုက်တာအမေရယ် ရဲမှူးသုံးယောက်မှာ ပါးစပ်ကို ပိတ်ရောပဲ။

သူကသမီးအတွက် ဂုဏ်ယူတယ်တဲ့။ သမီးက မွတ်စလင်ဘာသာဝင် မိန်းကလေးတွေလို
ခေါင်းပေါင်းဆောင်းထားတာ
(ဟုတ်တယ် အမေ သမီးအဲဒါကို မဆောင်းမနေ ဆောင်းရတယ်) သူ့  အရင်မိန်းမတွေထက်
ပိုပြီး ကြည့်လို့ လှတယ်တဲ့။

ကဲ…

အခုတော့ သမီးရဲ့ ဘဝအခြေအနေ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား
ဖြစ်သွားနိုင်တယ်ဆိုတာ အမေတို့ သိပြီမဟုတ်လား။
အမှန်တော့ သမီးပြောခဲ့တဲ့ ခေါင်းကိုက်တာတို့ ၊ ဆေးမှားတာတို့ ၊
ကလေးရတာတို့ ၊ အနာတွေပေါက်တာတို့ ၊ ရည်းစားရနေတာတို့ ဆိုတာ
တကယ်မဟုတ်ပါဘူး။

သမီးဒီလ ဖြေခဲ့တဲ့ စာမေးပွဲ ၅ ဘာသာမှာ နှစ်ဘာသာကကျပြီး နှစ်ဘာသာက ပြန်ဖြေရမှာတဲ့။
ဒါပေမယ့် အခုဏက ပြောခဲ့တဲ့ အဖြစ်အပျက်တွေနဲ့  နှိုင်းယှဉ်ကြည့်ရင်တော့
ဒါဟာ ဘာမှ မပြောပလောက်ပါဘူး လေ… နော်

ချစ်တဲ့ သမီး
Forward mail ထဲကနေ ရတာပါရှင့်။ သူငယ်ချင်းများကို ရယ်မောစေလိုသောကြောင့် ယင်း post လေးကို ကူးယူဖော်ပြလိုက်ပါသည်။ ပြုံးပျော်နိုင်ပါစေသော်.....။ သံယောဇဉ်။ 

Sunday, February 14, 2010

ချစ်သူများနေ့တဲ့လား ......

ယဲ့ယဲ့လေး ပြုံးမိတယ်
ချစ်ခဲ့ဖူးပေမဲ့
ကိုယ့်အတွက် ဒီလိုနေ့မျိုး
မရှိခဲ့ရိုးအမှန်ပါ...။



ချစ်ခဲ့ကြတဲ့တစ်ချိန်က
အိပ်မက်မဟုတ်ခဲ့ပေမဲ့
ကိုယ့်အတွက်တော့ဖြင့်
အလွမ်းတွေ သက်သက်ပါပဲလား...။

ဒီနေ့မှာ....
မင်းဘာများလုပ်နေမလဲ
မမျိုသိပ်နိုင်လို့
vzo လေးမှာ
ခြေရာ လိုက်ကောက်မိတယ်...။

တကယ်ပါပဲ
busy ပြနေတယ်လေ
ကိုယ်ဘယ်လို ဖြေနိုင်မလဲကွယ်
အလွယ်ဆုံး ထွက်ပေါက်နဲ့ ကိုယ်ငိုမိပါတယ်...။

ငိုတာ မင်းမကြိုက်တတ်ပေမဲ့
အခုအချိန်မှာ ကိုယ်ငိုတာ
မင်းမှ မမြင်နိုင်တော့တာ
မင်းကိုယ့်ကို မဆူနိုင်တော့ဘူးလေ...။

နားလည်မှုတွေနဲ့
လမ်းခွဲခဲ့ကြတဲ့ ဒို့နှစ်ယောက်
ဘယ်တော့မှ မမုန်းကြေးလို့
ဂတိတွေ ဆိုခဲ့ကြတယ်နော်...။

မမုန်းပါဘူး ချစ်သူရယ်
မင်းကိုချစ်ခဲ့တာ မုန်းမေ့ဖို့မဟုတ်ပါဘူး
ဒီတော့ မင်းတို့နှစ်ယောက်ကို
VZOရဲ့ နောက်ကွယ်မှာ
တိတ်တဆိက် ကြည့်နေရင်း
ကိုယ်ရှိုက်နေမိတယ်...။


ကိုယ်လေ ငိုနေရင်းနဲ့
ဆုတောင်းပေးနေပါတယ်
မင်းတို့ နှစ်ယောက်စလုံး အတွက်ပေါ့
Happy Valentine day ပါ ချစ်သူရယ်
Happy Valentine ပါ......။




ချစ်သူများနေ့မှာ ကိုယ့်အတွက် အမှတ်တရသီချင်းလေးပေါ့။ သူငယ်ချင်းတို့လည်း ခံစားလို့ရမယ်လို့ မျှော်လင့်ပါတယ်ရှင်.။

Friday, February 12, 2010

နေအေးအေးမှာ

သီချင်းဆွေးဆွေးနဲ့
ချစ်သူ့ဘေးမှာ
မှေးမှိတ်ရင်း
နွေးထွေးမှုတွေနဲ့လေ
ဒို့ .... အတူရှိခဲ့ဖူးတယ်။

မှိန်ဖျော့ဖျော့
လရောင်အောက်မှာ
ချစ်သူ့ရင်ခွင်မှီရင်း
အကြင်နာတွေနဲ့လေ
ဒို့.... အတူ ရှိခဲ့ဖူးတယ်။

အဝေးကို ထွက်သွားတဲ့ ချစ်သူရယ်.............။

နွေးထွေးမှုတွေ
အကြင်နာတွေနဲ့အတူ
ပြန်လာခဲ့ပါလား....
မငြီးငြူပဲ ကြည်ဖြူနေဆဲ
စောင့်မြဲ စောင့်နေဆဲပါ
မေ့ ချစ်သူရယ်။ ။



သတိရတယ်ဆိုတာတောင် သံယောဇဉ်အမျိုးအစားလိုက်ပြီး ကွဲပြားတတ်တာကို အခုမှပဲ ကောင်းကောင်းနားလည်တော့တယ်။ အရင်ကတော့ အနေဝေးလို့ မိဘနဲ့ ညီအစ်ကိုမောင်နှမကိုလွမ်းရ သူငယ်ချင်းတွေကို လွမ်းရနဲ့ လွမ်းခဲ့ဖူးပါရဲ့။ ဒါပေမဲ့ ပူလောင်မှုတွေ မရှိတဲ့ ငြိမ်းအေးတဲ့ အလွမ်းလို့ ပြောရမလားပဲ။
သြော်…… အခုတော့လည်း သူနဲ့ စကားပြောတိုင်း ဟန်ဆောင်ရတာအမော၊ ကိုယ့်အပြုံးကို တောက်ပအောင် သတိထားပြုံးနေရတာလေ၊ သူကလည်း ကိုယ့်စိတ်ကို အရမ်းဖတ်တတ်တဲ့သူကိုး၊ ဒါပေမဲ့ ကိုယ့်ရင်ထဲမှာ ဘယ်လောက်ထိ လောင်ကျွမ်းပူလောင်နေပါစေ သူ့ကိုတော့ အပူတွေ မကူးစေချင်တာ အမှန်ပါပဲ။ အဲဒီ စေတနာစိတ်လေးက ကိုယ့်အတွက် ဟန်ဆောင်မှုတွေ ပီပြင်အောင် အကောင်းဆုံးသော တွန်းအားတစ်ခုပဲလေ။
အချိန်တွေက သူ့အတွက် ကြာသွားခဲ့ပြီလား? ကိုယ့်အတွက်ကတော့ အရာရာတိုင်းဟာ မနေ့တစ်နေ့ကလိုပါပဲ။ ဘယ်သူ့ဆီကမှ ကော်ပီကူးယူလာတဲ့ စကားလုံးမဟုတ်ပါဘူး။ ကိုယ်ပိုင် ခံစားချက်နဲ့ လေးလေးနက်နက်ပြောတာပါ။ အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလို ဆိုပေမဲ့ ဝေးနေကြရတာ ကိုယ့်အတွက် နှစ်ပေါင်းတွေမရေမတွက်နိုင်အောင် ကြာလှပါတယ်။
တစ်ခါတစ်ခါ ရောက်လာတတ်တဲ့ သူ့ရဲ့ တစ်ကြောင်းတည်းသော (အစ်ကို့ ညီမလေး ပျော်ရွှင်ပါစေ) ဆိုတဲ့ off line message လေးက ကိုယ့်အတွက် ခံစားမှုတွေ အမျိုးမျိုး ဖန်တီးပေးနိုင်တုန်းပါပဲ။ သူ့ဘက်ကတော့ ဘာမှမဟုတ်တော့တဲ့ တာဝန်ကျေ စကားလုံးတွေပဲ ထင်ပါတယ်။
ဘာပြောရမလဲ။ အရမ်လွမ်းတယ် ဆိုတဲ့စကားက ကိုယ့်ရဲ့ ခံစားချက်အတိမ်အနက်ကို ကောင်းကောင်း သရုပ်မဖော်နိုင်တာတော့ အမှန်ပါ။ ဒီ့ထက်ပိုပြီးတော့လည်း ပြောမပြတတ်ဘူး။ ဒါကြောင့်မို့ စာရေးဆရာတွေ ကဗျာဆရာတွေ သီချင်းရေးဆရာတွေကို ကိုယ်အရမ်းပဲ သဘောကျမိတယ်။ ကိုယ် အဲလိုဖြစ်ခဲ့ရင် …..။ မဖြစ်နိုင်တော့လည်း ဘယ်တတ်နိုင်မလဲနော်။ ဒါကြောင့်မို့ ကိုယ်ပိုင်တဲ့ ကိုယ့်ခံစားချက်တွေ ဖွင့်အန်လို့ရတဲ့ လေပေါ်က ဘလော့အိမ်လေးမှာပဲ ကာရံမရှိတဲ့ စကားလုံးတွေကို စာကြောင်းခွဲပြီး လျှောက်ရေးရင်း ကဗျာလို့ ခေါင်းစဉ်တတ်လိုက်တော့ ကိုယ်ရေးတဲ့ ကိုယ်ပိုင်ကဗျာတွေ ဖြစ်လာတာပဲ။
ကိုယ်ကတော့လေ သူ့ကို အရမ်းသတိရတိုင်း ကဗျာတွေတာ ရေးဖြစ်ရင် (ရေးတတ်ခဲ့ရင်) ကိုယ့်အိမ်လေးမှာ ကဗျာတွေနဲ့ ပြည့်သိပ်နေမှာပဲ..။ သူငယ်ချင်းတွေက ကိုယ့်ကို ခံစားချက်အရမ်းကြီးတဲ့သူတဲ့။ အတိတ်မှာနေချင်တဲ့သူလို့ အမျိုးမျိုး ဝေဖန်ကြတယ်၊ စေတနာနဲ့ အပစ်တင်ကြတယ်။ ဘယ်တတ်နိုင်မလဲ။ ကိုယ်ကိုယ်တိုင် ဒီလိုမဖြစ်ချင်ပါဘူး။ ဖြစ်အောင်လည်း ဖန်တီးခဲ့တာမဟုတ်ဘူးလေ။
လွမ်းရင် မျက်ရည်ကျရတာလည်း ကိုယ့်အတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုတောင်ဖြစ်ခဲ့ပြီ။ အရင်တုန်းကတော့ ကိုယ့်ကိုယ်ကို အငိုလွယ်တဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာ ကြွေးကြော်နိုင်ခဲ့တဲ့သူလေ။ အခုတော့လည်း
…………။
မိန်းမတွေက စွန့်လွှတ်ရရင် ငိုသတဲ့ --- မှန်ပါတယ် ကိုယ့်အတွက်ပေါ့။ ယောက်ျားလေးတွေက အရမ်းချစ်ရင် ငိုသတဲ့ ဒီစကားပုံလေးက သူ့အတွက် မှန်ရဲ့လား။ ကိုယ့်ကို အရမ်းချစ်တယ်လို့ ပြောတတ်လွန်းလို့ပါ။ ကိုယ်ကတော့ သူ့စကားကို မျက်စိမှိတ်ရုံလေး ယုံလိုက်တာမဟုတ်ဘူးနော်။ ဘ၀တစ်ခုလုံး အမှောင်တိုက်ထဲ သွတ်သွင်းပြီး သူ့ကို တစ်သက်လုံး ယုံနေတော့မှာပါ။
ကဗျာတွေရေးတိုင်း ငိုခဲ့ရတယ်။ သီချင်းတွေနားထောင်ရင်းလည်း ငိုတတ်ခဲ့ပြီ။ ဇာတ်ကားတွေကြည့်ရင်းလဲ မျက်ရည်ဝဲတတ်နေပြီ။ ကိုယ်အရမ်း ပျော့ညံ့သွားပြီပဲ။ မင်းဒီတစ်သက်တော့ ကိုယ့်ရဲ့ ဝေဒနာတွေကို လေးလေးနက်နက် ခံစားနားလည်ပေးတတ်မှာမဟုတ်တော့ပါဘူး။ ကိုယ်လောဘမကြီးပါဘူးလေ ကိုယ့်ဘ၀မှာ မင်းကသာ ကိုယ့်စိတ်ခံစားချက်ကို နားအလည်တတ်ဆုံးသူပဲလေ။
ဒီလိုနဲ့ပဲ လွမ်းရင်း ငိုရင်းနဲ့ စွန့်လွှတ်လိုက်ရတဲ့ မင်းကို အေးအေးချမ်းချမ်းနဲ့ အနာဂတ်လှလှလေး ပိုင်ဆိုင်နိုင်ဖို့ ကိုယ်အဝေးကနေပဲ အားပေးအပြုံးတွေနဲ့ ကိုယ့်ဟန်ဆောင်ပျော်ရွှင်မှုတွေနဲ့ မင်းစိတ်အေးအောင် ဆက်ပြီးတော့ မင်းအတွက် နားလည်ရပ်တည်ပေးနေဦးမှာပါ။

Thursday, February 11, 2010

အနှစ်မပါပဲ
အယောင်အဆောင်
အကာတွေနဲ့သာ
ဖွဲ့တည်နေတဲ့အချစ်မှာ
အပြစ်တွေ မြင်တတ်လာတာ
မဆန်းပါဘူး။

အချစ်နဲ့အချစ်ပေါင်းတာ
အချစ်တွေနဲ့ ရလဒ်ပဲဖြစ်ပါရစေ....။
အချစ်နဲ့ အပြစ်ပေါင်းပြီး
အပြစ်တွေနဲ့ ပြည့်နေတဲ့ ရလဒ်တွေ
ဝေးပါရစေ.....။

အချစ်ရှင်းကြရင်
အပြစ်ကင်းမှာပါ
အပြစ်လုပ်တာ
အချစ်ရှုပ်နေလို့ပေါ့

ဒီတော့
အနှစ်နဲ့ချစ်တဲ့
အပြစ်ကင်းတဲ့အချစ်စစ်နဲ့
တို့နှစ်ယောက် ဆက်ချစ်သွားအောင်လား?

Tuesday, February 9, 2010

Sunday, February 7, 2010



သံစဉ်ရော မလည်တလည် စာသားလေးတွေပါ နားထောင်ရတာ တကယ်ကို အဆွေးဓါတ်ပါတဲ့ သီချင်းလေးပါ ....(ကျွန်မအတွက်ပြောတာနော်) သူငယ်ချင်းတို့လည်း ခံစားလို့ရမယ်လို့ မျှော်လင့်ပါတယ်။။ သောတအာရုံနဲ့ အမောပြေနိုင်ပါစေရှင်.။

Saturday, February 6, 2010

လာလည်တဲ့ သူငယ်ချင်းများအားလုံး ဗဟုသုတအဖြစ်တော့ ဖတ်သွားကြပါနော်။ ဒီလိုအဖြစ်အပျက်မျိုး သွားရင်းလာရင်း တွေ့ကြုံခဲ့ကြရင် မွန်မြတ်တဲ့ ကူညီမှုမျိုးပါ သူတစ်ပါးကို အကျိုးပြုနိုင်တာပေါ့။ ရောဂါဘယ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးပါတယ်။

(၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ
ရွှေ.ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ.ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်းဒဏ်များကြောင့်
ဦးနှောက်သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို
ပိုဆိုးစေပါသည်။
ထို.ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင်
အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက်
ပိုးသတ်ထားသော
ဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏လက်ချောင်းဆယ်ချောင်းထိပ်ဖျားများကို
(ပဲစေ့ခန်.) သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့်
သွေးမထွက်ပါက လက်ဖြင့်
ညှစ်ထုတ်ပေးပါ။ ထိုသို. သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း
လူနာပြန်လည်သတိရလာပါလိမ့်မည်။

(၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့်
ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို
ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင်
နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန်.)
သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း
ရွဲ.နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။

(၄)။ ။ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို.
ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက (၁)အကြောသေခြင်း
(၂)ကိုယ်တစ်ခြမ်းသေခြင်း
(၃)ခြေလက်လှုပ်မရခြင်း (၄)စကားမပီသခြင်း စသည်တို.လုံးဝမဖြစ်နိုင်တော့ပါ။


> လက်တွေ.ပျောက်ကင်းသက်သာစေသောနည်းဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ
ကင်းဝေးစေရန်အတွက် ကုသိုလ်ပြု
လိုက်ပါသည်။
တရုတ်ပြည်မှပေးပို.သော
တရုတ်ရိုးရာဆေးကျမ်း
မှ
တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။

Friday, February 5, 2010

ဒီ Post လေးက ပညာရေးနဲ့ပတ်သက်ပြီး လေ့လာနေသူတစ်ချို့အတွက် အကျိုးပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူလည်း forward mail ကပါပဲ။ အချက်အလက်တွေကို မြန်မာလို ဘာသာမပြန်ပေးနိုင်တာကိုတော့ ခွင့်လွှတ်နားလည်ပေးပါနော်.။ အဆင်ပြေစွာဖြင့် ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေရှင်.။

The Asian Development Bank (ADB) - Japan Scholarship Program (JSP)
wasestablished in April 1988 with financing from the Government of Japan.
It aims to provide an opportunity for well-qualified citizens of ADB's
developing member countries to pursue postgraduate studies in economics,
management, science and technology, and other development-related fields at
participating academic institutions in the Asian and Pacific Region.*
Scholarship*
The ADB-JSP provides

- full tuition fees
- a monthly subsistence and housing allowance
- an allowance for books and instructional materials
- medical insurance
- travel expenses
- For scholars engaged in research, a special grant may be available for
thesis preparation.
- In special circumstances computer literacy, preparatory language and
other similar courses may be covered under the scholarship.

*Programs covered by the ADB-JSP*
Programs covered by the ADB-JSP are postgraduate studies in

- economics
- management
- health
- education
- agriculture
- environment
- natural resource management
- science and technology
- other development-related fields

*D**uration of the scholarship award?*
The scholarship is for one year with an extension to the second year of
study, as appropriate, which shall be conditional on the scholar maintaining
a satisfactory level of performance as determined by the institute.

The maximum duration of scholarship award is two years for masters and
doctorate programs.

*D**eadline for submission*
Send applications for scholarships at least six months prior to the planned
time that you wish to commence studies.
*Eligibility Country*
Afghanistan, Armenia, Azerbaijan, Bangladesh, Bhutan, Cambodia, Cook
Islands, Fiji Islands, India, Indonesia, Kazakhstan, Kiribati, Kyrgyz
Republic, Laos People's Democratic Republic, Malaysia, Maldives, Marshall
Islands, Micronesia, Mongolia, *Myanmar*, Nauru, Nepal, Pakistan, Palau,
Papua New Guinea, Philippines, Samoa, Solomon Islands, Sri Lanka,
Tajikistan, Thailand, Timor-Leste, Tonga, Turkmenistan, Tuvalu, Uzbekistan,
Vanuatu, Vietnam.
Upon completion of their study programs, scholars are expected to contribute
to the economic and social development of their home countries.
The ADB-JSP enrolls about 300 students annually in 20 academic institutions
located in 10 countries within the Region.The ADB-JSP provides full
scholarships for one to two years.
*List of Academic Institutions*

- Crawford School of Economics and Government (National Centre for
Development Studies)/The Australian National
University
GPO Box 4, Canberra ACT 0200, Australia(Attn: Liaison Officer)

Field of Study: Master/Doctorate in

1. International and Development Economics
2. Public Policy (Development Administration)
3. Environmental Management & Development
4. Infrastructure Management

Contact:Ms. Billie Headon Director, Student Recruitment, Alumni and
Scholarships E-mail: billie.headon@anu.edu.au

- The University of Melbourne
Parkville Victoria, 3010 Australia (Attn: Melbourne Scholarships Office)

Masters by Coursework in

1. Business Administration
2. Commerce
3. Commerce (specializing in Economics or Finance)
4. Engineering
5. International Business
6. Public Health
7. Agribusiness, Agricultural Sciences, and Forest Science

Contact: Ms. Naomi Taguchi, Postgraduate Scholarships OfficerMelbourne
Scholarships Office Website:
http://www.services.unimelb.edu.au/scholarships/gradcoursework/international/adb.html



- The University of
Sydney
The International Office Sydney, 2006, Australia (Attn: International
Scholarships Officer)


1. Master/Doctorate in Economics
2. Master of Commerce or International Business
3. Master of Transport Management
4. Master of International Public Health
5. Master in Engineering Studies

Contact: Margaret O'Byrne Deputy Director (Government & Student Relations)
International ScholarshipsE-mail: infoschol@io.usyd.edu.au

- The University of Hong Kong Pokfulam Road, Hong
Kong, China(Attn: Administrative Assistant, Research Services Section,
Registry)


1. Master of Science in Urban Planning
2. Master of Science in Urban Design

Contact: Mrs. Beckie Kwok Administrative Assistant Research Services,
Registry, E-mail: rss@reg.hku.hk

- Indian Institute of Technology, Delhi Hauz
Khas, New Delhi, 110 016 India(Attn: The Registrar)


1. Master of Technology

Contact: Mr. K.P. SinghDeputy Registrar (PGS&R)E-mail:
drpgsr@admin.iitd.ac.in

- International University of Japan Graduate
School Of International Relations777 Kokusai-cho, Minami
Uonuma-shiNiigata-ken 949-7277, Japan(Attn: Office of GSIR)


1. Master in International Development
2. Master in International Relations
3. Master in Business Administration
4. Master in e-Business Management

Contact: Mr. Ichiro AbeDeputy Manager Office of Student ServicesE-mail:
iabe@iuj.ac.jp, admgsir@iuj.ac.jp or admgsim@iuj.ac.jp

- International Graduate Program on Advanced Science and Technology, Keio
University 3-14-1
Hiyoshi, Kohoku-ku,Yokohama-shi, Kanagawa-ken 223-8522, Japan (Attn:
Chairman, Committee for International Affairs)

International Graduate Program on Advanced Science and Technology

1. Nano-Science Program
2. Electronics and Photonics Program
3. Mechanics and Manufacturing Program
4. Computer Science and Communication Technology Program
5. Environment and Multi-Scare Dynamics Program
6. Biomedical Engineering Program

Contact: Prof. Kohei Itoh Chairman Committee for International Affairs,
Faculty of Science and TechnologyE-mail: yg-international@adst.keio.ac.jp

- Graduate School of International Development, Nagoya
UniversityFuro-cho
Chikusa-ku, Nagoya 464-8601, Japan(Attn: Dean, Graduate School of
International Development)


1. Master in International Development
2. Master in International Cooperation Studies

Contact: Mr. Akihiro AsakawaInternational Student Advisor Graduate School of
International DevelopmentE-mail: adb@gsid.nagoya-u.ac.jp

- National Graduate Institute for Policy
Studies
7-22-1 Roppongi, Minato-Ku, Tokyo 106-8677 Japan(Attn: Admissions
Office)

Master/Doctorate in

1. Policy Studies
2. Policy Analysis
3. Public Policy
4. Public Administration

Contact: Mr. Kiyomi Tanabe Manager, Academic and Student Affairs Division
E-mail:mailto:admissions@grips.ac.jp

- Graduate School of EconomicsRitsumeikan
University1-1-1
Nojihigashi, Kusatsu, Shiga 525-8577 Japan (Attn: Manager, Office of
International Education at Biwako Kusatsu Campus)


1. Master in Economics

Contact: Mr. Mitsuru HitomiAdministrative Manager, Office of International
Education at Biwako Kusatsu Campus E-mail: kokusai@st.ritsumei.ac.jp

- Saitama University 255
Shimo-Okubo, Sakura-ku, Saitama-shi, Saitama 338-8570, Japan (Attn: The
Registrar, The Foreign Student Office) Department of Civil & Environmental
Engineering


1. Master/Doctorate in Civil and Environmental Engineering

Contact: Ms. Naoko NakasoneAdministrative Assistant Foreign Student
OfficeE-mail: fso@sun.civil.saitama-u.ac.jp

- University of Tokyo 7-3-1 Hongo,
Bunkyo-ku Tokyo 113-8656, Japan(Attn: Foreign Student Office)


1. Master/Doctorate in Civil Engineering and Infrastructure Development

Contact: Prof. Takeshi IshiharaProfessor of Civil Engineering & Foreign
Student OfficerE-mail: fso@civil.t.u-tokyo.ac.jp

- Department of Civil Engineering


1. Master/Doctorate in Urban Engineering

Contact: Prof. Tetsuo KidokoroAssociate Professor & Foreign Student Offcer
Department of Urban EngineeringE-mail: fso@civil.t.u-tokyo.ac.jp

- Department of Urban
EngineeringGraduate
School of Engineering


1. Master/Doctorate in Environment Studies
2. Master/Doctorate in International Studies
3. Master in Sustainability Science

Contact: Prof. Masahiko KunishimaProfessor & Foreign Student OfficerThe
Institute of Environmental Studies E-mail: fso@k.u-tokyo.ac.jp

- Institute of Environmental
Studies


1. Master/Doctorate in Public Health (International Health)

Contact: Prof. Masamine JimbaProfessor, Department of International
Cummunity Health,School of International Health,Graduate School of
MedicineE-mail: adb@m.u-tokyo.ac.jp

- The University of Auckland


1. Master in International Business
2. Master of Commerce (International Business)
3. Master of Arts (Development Studies)
4. Master of Science (Environmental Science)
5. Master/Doctorate in Engineering
6. Master of Public Health

Contact: Ms. Rita Fatialofa-PatoloInternational Scholarships CoordinatorNZ
Australia Pacific RegionInternational OfficeE-mail:
int-questions@auckland.ac.nz

- Lahore University of Management Sciences


1. Master in Business Administration

Contact: Ms. Saba JavedDeputy Manager Admissions & Financial AidSuleman
Dawood School of BusinessE-mail: admission@lums.edu.pk

- Asian Institute of Management


1. Master in Business Management
2. Master in Management
3. Master in Development Management
4. Master in Entrepreneurship for Social and Development Entrepreneurs

Contact: Mr. Rey ReyesAssociate Director, Student ServicesAdmissions &
Registration E-mail: admissions@aim.edu.ph

- International Rice Research Institute/University of the Philippines in
Los Baños


1. Master/Doctorate in Rice and Rice-based Farming Systems

Contact: Ms. Anilyn ManingasAssistant Manager, Training CenterE-mail:
adb-inquiry@irri.exch.cgiar.org, a.maningas@cgiar.org

- National University of Singapore NUS
Business School


1. Master in Business Administration

Contact: mba@nus.edu.sg

- Lee Kuan Yew School of Public Policy


1. Master in Public Policy

Contact: LKYSPPmpp@nus.edu.sg

- Department of Economics


1. Master in Social Sciences (Economics)

Contact: ecssec@nus.edu.sg, ecsbox2@nus.edu.sg

- School of Design and Environment


1. Master in Environmental Management

Contact: sdelvlc@nus.edu.sg

- Asian Institute of Technology

Master of Sciences or Engineering in:

1. Computer Science
2. Information Management
3. Industrial Engineering & Management
4. Design Manufacturing Engineering
5. Mechatronics
6. Telecommunications
7. Microelectronics
8. Remote Sensing and Geographic Information Systems
9. Information and Communications Technologies
10. Geotechnical & Geoenvironmental Engineering
11. Construction, Engineering & Infrastructure Management
12. Structural Engineering
13. Transportation Engineering
14. Water Engineering & Management
15. Agricultural Systems & Engineering
16. Aquaculture & Aquatic Resources Management
17. Energy
18. Food Engineering & Bioprocess Technology
19. Gender and Development Studies
20. Natural Resources Management
21. Regional & Rural Development Planning
22. Environmental Engineering & Management
23. Urban Environmental Management
24. International Business
25. Management of Technology
26. Service Marketing & Technology
27. International Public Marketing

Contact: Mr. Benjamin GargabiteDirector of Admissions and Scholarships
UnitE-mail: admissions@ait.ac.th

- Thammasat University


1. Master in Engineering
2. Master/Doctorate in Economics

Contact: pinanong@tu.ac.th

- East-West Center

Master /Doctorate in

1. Architecture
2. Business Administration
3. Economics
4. Geography
5. International Management
6. Japan Focused MBA (JEMBA)
7. Natural Resources & Environmental Management
8. Ocean Engineering
9. Oceanography
10. Pacific Island Studies
11. Public Administration
12. Sociology
13. Tropical Plant & Soil Science
14. Urban and Regional Planning
15. Master of Law

Contact: Ms. Jeane YamamotoADB-JSP & EWC Scholarship AssistantE-mail:
adbjsp@eastwestcenter.org

Visit: http://www.adb.org/JSP/default.asp

--
Best rgds,

Thet Aung

Template by:
Free Blog Templates