Blind ဆိုတာ ကိုးရီးယား ဇာတ်ကားလေးပါ။ မျက်မမြင်ဖြစ်သွားတဲ့
ရဲဝန်ထမ်းအမျိုးသမီးတစ်ယောက်ရဲ့ အာရုံခံနိုင်မှုနဲ့ ပြစ်မှုတစ်ခုအပေါ်
မျက်မြင်သက်သေလိုက်လုပ်ပေးရင်း သူမကိုယ်တိုင်
လူသတ်ကောင်ရဲ့ကြိုးစားနှုတ်ပိတ်ခြင်းကို ပြန်လည်ခုခံနိုင်ခဲ့တဲ့အပြင်
မျက်မမြင်ရဲမေအဖြစ် ဆက်လက်ထမ်းဆောင်သွားတဲ့ ဇာတ်လမ်းလေးပါ။
စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကြာမြင့်ချိန် ၁နာရီနဲ့ ၅၁မိနစ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်မအတွက်တော့ အချိန်ပေးရကျိုးနပ်တဲ့ဇာတ်ကားတစ်ကားပါ။ အကြိုက်ချင်းတူပြီး မကြည့်ရသေးရင် ကြည့်သွား
ပေါ့နော်။ ကြည့်ပြီးသားသူငယ်ချင်းတွေဆိုလည်း ဒီဇာတ်ကားကောင်းကြောင်း သိပြီးသားပေါ့ ဟုတ်တယ်မလား။
ကြည့်မယ့် မိတ်ဆွေများကတော့ အင်္ဂလိပ်စာတန်းထိုးအတွက် (cc) ကိုနှိပ်လိုက်ပါနော်။