သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Thursday, September 30, 2010

Sunday, September 26, 2010

A story tells that two friends were walking through the desert. During some point of the journey they had an argument, and one friend slapped the other one in the face. The one who got slapped was hurt, but without saying anything, wrote in the sand: "TODAY MY BEST FRIEND SLAPPED ME IN THE FACE."
They kept on walking until they found an oasis, where they decided to take a bath. The one, who had been slapped, got stuck in the mire and started drowning, but the friend saved him. After the friend recovered from the near drowning, he wrote on a stone: "TODAY MY BEST FRIEND SAVED MY LIFE."
The friend who had slapped and saved his best friend asked him, "After I hurt you, you wrote in the sand and now, you write on a stone, why?"
The other friend replied: "When someone hurts us, we should write it down in sand where winds of forgiveness can erase it away. But, when someone does something good for us, we must engrave it in stone where no wind can ever erase it."
LEARN TO WRITE YOUR HURTS IN THE SAND, AND TO CARVE YOUR BENEFITS IN STONE

မူရင်း.......http://www.indianchild.com/sand_and_stone.htm 
ဓါတ်ပုံ......http://www.perfectmemorials.com/images//product_images/52/lg/4165.writeyoursorrows_lrg_0.jpg

Thursday, September 23, 2010


A real friend would forgive
If I did something wrong
A real friend will lend a hand
Whenever I'm not strong

A real friend would listen
If I tried to speak
A real friend will accept
Whether I am strong or weak

A real friend would care
If I ever fell ill
A real friend will know
How I really feel

A real friend would always be there
If I need them by my side
A real friend will remember me
Long after I have died

A real friend would be forever
If I even moved away
A real friend will never truly leave
In each other's hearts we shall always stay

Poet....Katherine Sessor

http://www.poemhunter.com/poem/a-real-friend-5/

Sunday, September 19, 2010


ဒီပို့စ်လေးကတော့ ရင်ထဲက ပုစ္ဆာတစ်ပုဒ်ကို ချရေးလိုက်ခြင်းပဲဖြစ်ပါတယ်။ လောကမှာ အဖက်ဖက် ပြီးပြည့်စုံတဲ့ မိသားစုရယ်လို့ မရှိမှန်းသိပါတယ်။ နောက်ပြီး အဖက်ဖက်မပြည့်စုံတဲ့ မိသားစုတွေလည်း အများကြီးရှိကြပါသေးတယ်။ ပုံစံမျိုးစုံပဲပေါ့လေ။ ကိုယ့်ဒုက္ခက အကြီးဆုံးလို့တော့ မပြောလိုပေမဲ့ တခါတလေ ရင်ဖွင့်စရာ မရှိရင် ဒီအိမ်လေးမှာပဲ သွန်ချပစ်လိုက်ချင်တာကြောင့်မို့ လာလည်တဲ့ သူငယ်ချင်းတွေကိုတော့ အားနာမိပါတယ်။ TYZ ရေးထား တင်ထားတဲ့ပို့စ်တွေကို ဖတ်သွားကြပါလို့တော့ အတင်းမတိုက်တွန်းလိုပါ။ အရေးအသားကလည်းမကောင်း အကြောင်းအရာတွေကလည်း ကဘောက်တိကဘောက်ချာတွေမို့ အားနာပြီးရင်း အားနာရပါတယ်။ ဘာပဲဖြစ်ဖြစ် comment လေးတစ်ခုလောက်ဖြစ်ဖြစ် ရရင်တော့ အရမ်းပျော်မိတာအမှန်ပါ။ လာလည်သူအရေအတွက်တွေကို ကြည့်ပြီးတော့လည်း ပီတိတွေဖြစ်နေတတ်ပါတယ်။ shoutbox လေးမှာ နှုတ်ခွန်းဆက်ခဲ့တာလေးတွေ မြင်ရင်လည်း ငါ့ကိုနှုတ်ဆက်သူရှိပါလားဆိုပြီး ၀မ်းသာရပါတယ်။ စာအရေးအသားမတတ်တော့လည်း ခံစားချက်တွေပဲ ရေးဖြစ်ပါတယ်။ ရေးတတ်ချင်တာက ၂ မျိုးထဲ၊ ကဗျာနဲ့ ၀တ္ထုတိုလေ။ ဒါပေမဲ့ မရေးတတ်ပါဘူး။ ဘယ်လိုရေးရမှန်းတောင် မသိပါဘူး။ ဒါကြောင့်မို့ အိမ်လည်ရင်း လိုက်ဖတ်ဖြစ်တာပဲ များပါတယ်။ မောင်နှမတွေရေးထားတွေက တကယ်ကောင်းကြတယ်။ အားလည်းကျမိတယ်အရမ်းပဲ။ စကားရှည်သွားပြန်ပြီနော်။ ကဲ..ကဲ .. TYZ ကိုခင်တဲ့ သူငယ်ချင်းတို့ မောင်နှမတို့ရေ... သံယောဇဉ် (TYZ) မတွက်တတ်တဲ့ ပုစ္ဆာလေးက ဘာလဲဆိုတာ သိချင်ရင် ဒါမှမဟုတ် အားနာစွာနဲ့ အားပေးချင်ကြတယ်ဆိုရင် ဖတ်သွားပေးပေါ့နော်။  

အဖြေရှာမရတဲ့ ပုစ္ဆာ

ဖခင်ရဲ့ ရင်ခွင်ဆိုတာ သားသမီးတွေအတွက် လုံခြုံမှုတွေပေးပြီး နွေးထွေးမှုတွေ ပြည့်နေတဲ့ ရင်ခွင်တစ်ခုဆိုတာ မမှားပါဘူးနော်။
သမီး..အဖေ့ကို အရမ်းချစ်ပါတယ်။ အားလည်းကိုးတယ်။ ယုံလည်းယုံကြည်ပါတယ်အဖေ........။
မိသားစုအတွက်ဆိုတဲ့ ရည်ရွယ်ချက်က သမီးရင်မှာ အမြဲတမ်း စွဲနေတဲ့ ရည်မှန်းချက်တစ်ခုပါ။ အဖေ့ရဲ့ စကားတစ်ခွန်းက သမီးရင်မှာ  ဆူးတစ်ချောင်းလိုပဲ အဖေ " သမီးကအဖေ့ကို ပခုံးချင်းယှဉ်ဖို့ ကြိုးစားနေသလား" တဲ့ အဖေရယ် အဖေ့ဆီက ဒီလိုစကားမျိုးကြားရမယ်လို့ တစ်ခါမှ မစဉ်းစားမိဘူး။ အဖေ့ကို ကူညီနိုင်ဖို့ သမီးပညာတွေ သင်နေရတာပါ။ အဖေမထောက်ပံ့နိုင်လို့ ပညာသင်ဆုရတဲ့ သမီးကို သူများမိဘတွေလို ဂုဏ်ယူနေရမဲ့အစား အဖေ့အတွေးမှာ ဘယ်လိုစဉ်းစားခဲ့သလဲအဖေ။

ဒါပေမဲ့ သမီးသိပါတယ်။ အဖေရဲ့ အတွေးတစ်ချို့မှာ သမီးအတွက် စိုးရိမ်ခြင်းတွေတော့ ပါဝင်နေတာပဲမဟုတ်လား။ သမီးနားလည်ပါတယ်အဖေ။ သမီး ပညာသင်ဆုနဲ့ ကျောင်းတက်ရတာ အဖေ့သိက္ခာတွေကို ထိပါးမိလို့လား။ သမီးတို့လို ဆင်းရဲတဲ့မိသားစုအတွက် အဖေ့မာနတစ်ချို့မစတေးနိုင်ဘူးလားအဖေ။

သမီးအခုလိုကျောင်းတက်နေတာ အဖေ့အတွက် မျက်နှာငယ်စရာ ဖြစ်စေသတဲ့လား။ သေချာစဉ်းစားပါအဖေရယ်။ အဖေ့ကို တစ်နေ့မှာ ကူညီနိုင်ဖို့ အထောက်အပံ့ဖြစ်အောင်
ဒီပညာတွေ သမီးသင်နေရတာပါ။ အဖေ့ကို အန်တုချင်တယ်လို့ ဘာကြောင့်များ တွေးထင်နေရတာလဲ။ သမီး ၁၀ တန်းအောင်ကတည်းက အဖေလုပ်စေချင်တဲ့ ဆရာမအလုပ်ကို မလုပ်ခဲ့လို့ အခုထိ စိတ်ဆိုးနေတုန်းလားအဖေ။ သမီး အဖေ့ကို ဆန့်ကျင်ခဲ့တာ မှန်ပါတယ်။ သမီးလမ်းကို သမီးဘာသာ ထွင်းပြီးလျှောက်ချင်တယ်လေ။ အဖေက အားမပေးခဲ့ပေမဲ့ သမီး ဘာမှမပြောခဲ့ပါဘူး။
တက္ကသိုလ်တက်ခဲ့တဲ့ သမီး အဖေပေးတဲ့ ငွေတစ်ချို့နဲ့ ထမင်းနပ်မှန်အောင်တောင် မစားခဲ့ရပါဘူးအဖေ။ ငတ်တစ်ခါ ပြတ်တစ်လှည့်နဲ့ ခြိုးခြံပြီး ကျောင်းပြီးတဲ့အထိ ကျိတ်မှတ်နေခဲ့တယ်။ ပညာလိုချင်လို့ပါ အဖေ.......။ ကိုယ့်ကိုယ်ကိုလည်း စာရိတ္တတွေ ပျက်မသွားအောင် သမီးကိုယ်သမီး လမ်းကြောင်းမှန်ပေါ်လျှောက်နိုင်အောင် ထိန်းသိမ်းခဲ့ပါတယ်အဖေ။ သမီးကြော့ကြော့မော့မော့နဲ့ နေခဲ့ရတာမဟုတ်ပါဘူး။ တက္ကသိုလ်တက်တာ သမီးအပျော်ရှာချင်လို့ မဟုတ်ခဲ့ပါဘူးအဖေ။

သမီးပညာရေးနဲ့ ပတ်သက်ပြီး အဖေအားမပေးခဲ့ဘူးနော်။ အခုလိုကျောင်းလာတက်တော့လည်း အဖေက သမီးရဲ့ စာရိတ္တတွေတောင် ထိပါးပြီးပြောခဲ့တယ်။ အမေပြောမှ သမီးသိခဲ့ရပေမဲ့ ရင်ထဲမှာ တကယ်မကောင်းဘူး။
သမီးက အဖေ့ရဲ့ သမီးအရင်းပါ။ အဖေချစ်တဲ့ သမီးပဲမဟုတ်လား။ အဖေက သမီးကို စွပ်စွဲမပြောအပ်တဲ့ စကားတွေတဲ့ သမီးကို အဖေအထင်လွဲရက်တယ်အဖေ။ အဖေ့ကို အကြိမ်ကြိမ်ရှင်းပြနေလည်း အဖေက နားမလည်ပေးပါလား။
အဖေနဲ့ စကားပြောရမှာ သမီးကြောက်လာတယ်အဖေ။ အဖေနဲ့ ပြောတိုင်း အဖေ့ခနဲ့တဲ့ စကားလုံးတွေကို သမီးမကြားချင်တော့ဘူး။ မဟုတ်တာကိုပြောရင် ခေါင်းငုံ့ခံမနေတတ်တဲ့ သမီးနဲ့ အဖေကြားမှာ သူစိမ်းတွေထက် ပိုပြီးအေးစက်တဲ့ ဆက်ဆံရေး ဖြစ်လာတယ်။ တခါတလေတွေးမိတယ် အဖေက သားသမီးတွေကို မချစ်တတ်သေးပဲကိုး။
သမီးနဲ့ အဖေ့အကြောင်းသိတဲ့ သူငယ်ချင်းတချို့ကပြောကြတယ်။ "နင့်အဖေကလည်း တစ်မျိုးကြီးနော်" တဲ့။ အဲလိုအပြောခံရရင် သမီးမခံနိုင်ဘူးအဖေ။ သူငယ်ချင်းတွေကို အဖေနဲ့ပတ်သက်ပြီး မဝေဖန်ဖို့ တားမိတယ်။ သူတို့ဝေဖန်တာ သမီးခံနိုင်ရည်မရှိဘူးအဖေ။ 
သမီးချစ်တဲ့အဖေ.... အဖေ့ရဲ့ ပတ်ဝန်းကျင်မှာ အဖေဟာ သူတပါးလေးစားရတဲ့သူ၊  သူတပါးအားကိုးရတဲ့သူပေါ့ ။ တခါတလေပဲဖြစ်ဖြစ် အဖေ့ရင်ခွင်ဟာ သမီးတို့အတွက်လည်း အားကိုးအားထားစရာ ရင်ခွင်တစ်ခုဖြစ်စေချင်တယ်အဖေ။ သားသမီးတွေကို နဲနဲလေးပဲ ငဲ့ကြည့်ပါ သားသမီးတွေရဲ့ ရင်ထဲမှာ အဖေနဲ့ ပတ်သတ်ပြီး အဖြေမရှာနိုင်တဲ့ ပုစ္ဆာတွေအများကြီးဆိုတာ အဖေ သေချာကြည့်ရင် မြင်မှာပါအဖေ။ 



Saturday, September 18, 2010

ချစ်ရတဲ့သူရေ ဒို့တစ်တွေ ရင်နာနာနဲ့ပဲ တစ်ယောက်ရင်ခွင်ဆီ တစ်ယောက်က ပြန်လာဖို့ ဘယ်လိုမှ ဖြစ်မလာနိုင်တော့လည်း နှုတ်မဆက်ပဲ လမ်းခွဲကြရတော့မှာပေါ့..။ တကယ်ချစ်ခဲ့မိသူတွေ ဘယ်သူတစ်ယောက်ကမှ ဒီလိုလမ်းခွဲခြင်းမျိုးနဲ့ အဆုံးသတ်ချင်မှာမဟုတ်ဘူးနော်။ ရူးမတတ်ချစ်ခဲ့ရတာပါ။ ချစ်သူကို ငါ့ဘ၀ထက်ချစ်ခဲ့တယ်။ အရာရာငါစွန့်လွှတ် ချစ်ခဲ့ပေမဲ့လည်း ကံကြမ္မာက မျက်နှာသာမပေးတော့လည်း ချစ်သူပြောခဲ့သလို ကိုယ်တို့ ၂ ယောက် ဖူးစာမပါလို့လားကွယ်။ ပြန်မဆုံနိုင်တဲ့လမ်းကို ဆက်လျှောက်ကြရင်း ဝေးကြဦးမယ် ဘယ်အချိန်ထိလဲ....... ဒီတစ်သက်တာအတွက်လား......။ ငါတော့ လွမ်းနေရဆဲပါပဲ ချစ်သူ။ မင်းလေးတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ။ မေတ္တာတရားမှာ ကံခေလွန်းတဲ့ ကိုယ့်ဘ၀အတွက် ၀မ်းနည်းအားငယ်မိတယ်။ အဆက်အသွယ်တွေ မရတော့တဲ့ ဒီ ၂ လပြည့်တဲ့နေ့လေးမှာ မင်းလည်းကြိုက်တတ်တဲ့ သီချင်းလေးတစ်ပုဒ် ကိုယ်နားထောင်နေမိတယ်ရင်း င့ါနှလုံးသားလေး မွန်းကျပ်နေတယ်။ မင်းသိရင် ကိုယ့်ကိုသနားနေဦးမှာပါ ကိုယ်သိနေပါတယ်ချစ်သူ. မင်းရဲ့အကြင်နာတွေ ကိုယ့်အပေါ်လျော့သွားမှာမဟုတ်ဘူးနော်.......။ အဲဒီအတွက်ကြောင့် မင်းကိုချစ်ခဲ့မိတာ ကိုယ်နောင်တမရပါဘူး။ နှလုံးသားတွေကြေမွသွားခဲ့ရင်လည်း ဆက်ချစ်နေမှာပါ။

ထူးအိမ်သင် - ပြန်မလာတော့ဘူးကွယ်

Saturday, September 11, 2010


Once upon a time, there was an island where all the feelings lived: Happiness, Sadness, Knowledge, and all of the others, including Love. One day it was announced to the feelings that the island would sink, so all constructed boats and left. Except for Love.

Love was the only one who stayed. Love wanted to hold out until the last possible moment.

When the island had almost sunk, Love decided to ask for help.

Richness was passing by Love in a grand boat. Love said,
"Richness, can you take me with you?"
Richness answered, "No, I can't. There is a lot of gold and silver in my boat. There is no place here for you."

Love decided to ask Vanity who was also passing by in a beautiful vessel. "Vanity, please help me!"
"I can't help you, Love. You are all wet and might damage my boat," Vanity answered.

Sadness was close by so Love asked, "Sadness, let me go with you."
"Oh . . . Love, I am so sad that I need to be by myself!"

Happiness passed by Love, too, but she was so happy that she did not even hear when Love called her.

Suddenly, there was a voice, "Come, Love, I will take you." It was an elder. So blessed and overjoyed, Love even forgot to ask the elder where they were going. When they arrived at dry land, the elder went her own way. Realizing how much was owed the elder,

Love asked Knowledge, another elder, "Who Helped me?"
"It was Time," Knowledge answered.
"Time?" asked Love. "But why did Time help me?"
Knowledge smiled with deep wisdom and answered, "Because only Time is capable of understanding how valuable Love is." 

http://www.indianchild.com/short_stories.htm

Wednesday, September 8, 2010

ဒီ email password အခိုးခံရတဲ့ အကြောင်းလေးက ကျွန်မတို့လို နည်းပညာအကြောင်း မသိတဲ့သူတွေအတွက် တကယ့်ကို တုန်လှုပ်စရာလေးပါ။ ကိုယ့် account ထဲမှာ သန်းကြွယ်စေနိုင်မဲ့ အချက်အလက်တွေမရှိပေမဲ့လည်း

ကိုယ့်ကိုယ်ရေးကိုယ်တာကစ္စလေးတွေကိုတော့ လူတိုင်းက တန်ဖိုးထားကြမှာ မလွဲပါဘူးလို့ ယုံကြည်ပါတယ်။ 



အခု ကျွန်မခင်မင်ရသူသုံးယောက် တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ သြဂုတ်လမှာ  gmail ပြဿနာတွေ ကြုံခဲ့ကြရတာကို ပြောပြချင်ပါတယ်။သူတို့တွေထဲက ၂ ယောက်ကတော့ သာမန် ဖြစ်စဉ်လေးပါ။ မြန်မာပြည်မှာ အင်တာနက်ဆိုင်ထိုင်ပြီး စာရိုက်တတ်ရုံလေးပဲသိတော့ အထွက်မှာ sing out မလုပ်မိလို့ သူများတွေ ၀င်သုံးတာ ခံလိုက်ရတာပါ။



ပထမတစ်ယောက်ကတော့ ကျွန်မသူငယ်ချင်းကပဲ သူ့account ကို ခိုးယူထားသလိုလို ပြန်စွပ်စွဲတာ ခံရပါတယ်။ကျွန်မကိုတောင် ဖုန်းနံပါတ်လေးပေးခဲ့သေးတယ်။ သူ့ယုံကြည်ရင် ဆက်ကြည့်ဖို့ပါတဲ့။ မဖော်ပြသင့်ဘူးထင်လို့ သူ့နံပါတ်ကို ရေးမပေးတော့ပါဘူး။ ဖြစ်ပုံက ကျွန်မသူငယ်ချင်းက ရန်ကုန်ကနေ အပေါင်မြို့ကိုပြန်ဖို့ ကားစီးနေတုန်းချိန်မှာ သူဝင်သုံးလို့ သိသာလွန်းနေတာ။ သူ့ကို ကျွန်မစစ်မေးနေတုန်းကလည်း ကျွန်မသူငယ်ချင်း account ထဲမှာ ရှိတဲ့ သူချင်းတွေတစ်ချို့ကလည်း သူ့ကို ကျွန်မမေးနေသလိုပဲမေးနေကြတာ စိတ်ရှုပ်လာပြီလို့ တောင် သူကပြန်ငြီးပြနေသေးတယ်။ အခုတော့ သူငယ်ချင်းလေး က password လဲလိုက်ပါပြီတဲ့…..။ 



ဒုတိယသူငယ်ချင်းတစ်ယောက်ကလည်း ရန်ကုန်ကဆိုင်တစ်ဆိုင်မှာပဲ ဒါလည်း ကျွန်မသူငယ်ရဲ့အမှားလို့ ပြောနိုင်ပါတယ်။ ပြန်တိုင်း sign out လုပ်ပြီးထွက်ရမှန်းကို မသိတာ။ ကျွန်မလည်း သူဒီလောက်တော့ သိမယ်ထင်နေခဲ့တာပေါ့။ အဲဒီလူက ကျွန်မသူငယ်ချင်းအကောင့်ကို နေ့တိုင်းပုံမှန်သုံးနေသလိုပဲ။ မေးတိုင်းမဖြေဘူး။ ကျွန်မက သူငယ်ချင်းအလုပ်ရှုပ်နေလို့ ပြန်မဖြေတာပဲ ထင်နေခဲ့တာပေါ့။အသေအချာသိတဲ့နေ့ကတော့ ည ၁၂ နာရီကျော်တဲ့အထိ အွန်လိုင်းပေါ်မှာ မြင်နေရမှ သိခဲ့တာ။ကျွန်မ စာပို့လိုက်ရင် ဟိုဘက်က ဖောက်ဖတ်တယ်လို့ထင်ရတယ်။ လိမ္မောရောင်ကနေ အစိမ်းရောင်လေးပြောင်းသွားတာ သိသာနေတယ်လေ။ ကျွန်မသူငယ်ချင်း အဲဒီအချိန်ထိ သုံးတာ လုံးဝမဖြစ်နိုင်တော့တာ သေချာသွားပြီ။ ကံကောင်းလို့ နောက်နေ့မှာပဲ သူငယ်ချင်းနဲ့ ပြန်ဆုံမှ သူ့ကိုပြောပြီး password လဲခိုင်းလိုက်တယ်။ sing out လုပ်ရမှာကိုလည်း သတိပေး လိုက်တယ်။



တတိယတစ်ယောက်ကတော့ နိုင်ငံမတူတဲ့ လူတစ်ဦးက သူ့အီးမေးလ် ၀င်သုံးနေခဲ့တဲ့ ပြဿနာပါ။ ဒါကမှ တကယ့်ကို hacking လုပ်ခံလိုက်ရတာလို့ထင်တာပဲ။ ၃ ရက်လားမသိဘူး အဲလောက်ကြာမှ သိတာလေ။ သူငယ်ချင်းတွေ မေးလို့ပြောလို့ ဘာမှမပြန်မဖြေးတာနဲ့ သူငယ်ချင်းတွေဆုံတဲ့အခါပြန် မေးကြည့်မှ သူပြန်စစ်ကြည့်ပြီး သိခဲ့ရတာ။ account ပိုင်ရှင်က ထိုင်းမှာ ရှိပါတယ်။ ခိုးသုံးနေတဲ့ သူကတော့  အမေရိကန်ကလို့ သိရပါတယ်။ email အောက်ခြေနားက ဘယ်သူတွေ ၀င်သုံးနေလဲ ဆိုတဲ့ detail လေးမှာ တွေ့တဲ့ IP နဲ့ နိုင်ငံအရမို့ US ကမှန်းသိတာပါ။ ဒါကလည်း IP အစစ်လား အတုလားတော့ ကျွန်မတို့ မသိပါဘူး။ ဒီတစ်ယောက်ကတော့ အဲဒီ account ကို စွန့်လွှတ်လိုက်ရ  ပါတယ်။ ဘာကြောင့် ခိုးသုံးနေတဲ့သူကို US ကဖြစ်နိုင်တယ်လို့ ထင်မိသလဲဆိုတာ ပြောပြပါ့မယ်။ account ပိုင်ရှင်ရဲ့အစ်ကိုက US မှာနေပါတယ်။ ဒါပေမဲ့ သူ့အစ်ကိုလုပ်တာမဟုတ်ပါဘူး။ မောင်နှမအရင်းတွေပါ။ ဖြစ်နိုင်ချေ သူမအထင်တော့ သူ့အစ်ကိုရဲ့ သူငယ်ချင်းတစ်ယောက်ယောက် ဖြစ်နိုင်သလို သူရန်ဖြစ်ခဲ့ဖူးတဲ့ အခြား သူ့အစ်ကိုရဲ့အသိတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေ ခန့်မှန်းတာပါ။ အဲဒီလူကတော့ မြန်မာနိုင်ငံသားပါပဲ။ကျွန်မ တကယ်အံ့သြတာက email account လေး သိရုံနဲ့ hacking လုပ်လို့ ရနိုင်ပါ့မလား ဆိုတာရယ်ပါ။ နည်းပညာတွေ တိုးတက်နေတော့လည်း ဖြစ်ချင်ဖြစ်နိုင်မှာပေါ့နော်။



ပြန်ပြီး သုံးသပ်ကြည့်ရရင် ပထမတစ်ယောက်ရဲ့ အကြောင်းအရာက သိပ်မထူးဘူး။ ကျွန်မအထင်တော့ sing out မလုပ်ထားခဲ့တဲ့ account ထဲကို အသင့်ဝင်ပြောနေခဲ့တာပဲ။ ဒါပေမဲ့ ဒုတိယတစ်ယောက်ကျ တော့ ကျွန်မနားမလည်ပါဘူး။ ကျွန်သူငယ်ချင်း အွန်လိုင်းမတက်တဲ့ရက်တွေ ၃- ၄ ရက်လောက် အဲဒီလူက ဆက်တိုက်သုံးနေခဲ့တာ။ sing out မလုပ်ခဲ့လို့ အဲဒီလူက၀င်ပြောပြီးရင် password ပြောင်းပြီးမှ ဆက်သုံးရမှာပေါ့။ အခုတော့ password ကလည်းအရင်အတိုင်းပဲဆိုရင်………။  password ဖတ်တဲ့ ကိရိယာတွေ ထည့်ထားလို့များလား။ ဒါမှမဟုတ် password ကြည့်လို့ရတဲ့နည်းနဲ့ ကြည့်ထားပြီး ဆက်သုံးနေခဲ့တာလား။ ဒါက ကျွန်မလုံးဝမသိ၊ နားမလည်တဲ့နည်းပညာပိုင်းတွေပေါ့။ တတိယအကြောင်းအရာလေးက တကယ်ပဲ ပြောင်မြောက်တဲ့ နည်းပညာနဲ့ လုပ်လိုက်တာဖြစ်မှာပဲနော် ကိုယ်လိုက်မမှီ ၊ မသိတဲ့နည်း ပညာတွေနဲ့ပေါ့လေ။ 



ဒီအကြောင်းအရာတွေကိုအခြေခံပြီးတော့ အဲဒီလူတွေရဲ့စိတ်ဓါတ်အကြောင်း စဉ်းစားမိတယ်။ အဲဒီလူတွေနော် ကိုယ့်အကြောင်းမဟုတ်တာကိုလည်း အချိန်ကုန်ခံပြီး စပ်စုတတ်ကြတာပဲလို့။ သူတို့ကို အဲလိုလုပ်ရင်ရော ကြိုက်ကြမှာတဲ့လား။ ကိုယ့်စိတ်လေးနဲ့ နှိုင်းပြီးကိုယ်ချင်းစာဖို့ မစဉ်းစားကြဘူး။ ကျွန်မရန်ကုန်မှာ အွန်လိုင်းတက်တုန်းက ကြုံ ဖူးပါတယ်။ sing out မလုပ်ထားတဲ့လူတွေ။ gtalk ရော vzo ရော ဒီအတိုင်း sign in ၀င်နေတာ။ sing out လုပ်ရမှာ မသိတာလည်း ဖြစ်နိုင်တယ်။ အကြောင်းကြောင်းကြောင့်လည်း ဖြစ်နိုင်တာပဲလေ။



 ဒါပေမဲ့ ကိုယ့်account မှမဟုတ်တာ။ sign out လုပ်ပေးလိုက်ပါတယ်။ ကိုယ်ချင်းလည်းစာတယ်။ ကိုယ့်ကောင်းကြောင်းပြောတာမဟုတ်ပါဘူ။ လုံးဝကို စိတ်မ၀င်စားတာ။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ ကိုယ့်သက်ဆိုင်သူဆိုရင် စိတ်ဝင်စားမိမလားပဲ။ :):) စိတ်ဝင်စားလည်းပဲ သူကိုယ်တိုင်က ခွင့်ပြုချက်မပေးရင်တော့ စပ်စုမိမှာ မဟုတ်ပါဘူး။ သူ့အခွင့်အရေး ကိုယ့်အခွင့်အရေးလေးတော့ လေးစားရမှာပေါ့။  တခါတလေ သူငယ်ချင်းကို လှမ်းနှုတ်ဆက်ရင်း သူ့တို့ချစ်သူတွေနဲ့ တိုးဖူးတယ်။ အဲလိုကျပြန်တော့လည်း မကောင်းဘူးနော်။ သူငယ်ချင်းမိန်းခလေးရဲ့ ချစ်သူတွေဆိုတော်သေးတယ်။ နှုတ်ဆက်ပြီး ကိုယ့်သူငယ်ချင်းမဟုတ်ဘူးဆိုရင် bye လိုက်ရုံပေါ့လေ။ သူငယ်ချင်းကောင်လေးတွေရဲ့ ရည်းစားနဲ့ တိုးလို့ကတော့ အစစ်အဆေးခံရကိန်းရှိတယ်။ အဲလိုဆို ကိုယ်က စိတ်ရှည်တာ မဟုတ်ဘူးနော် ဖြေရှင်းချက်ပေးနေမှာတော့ မဟုတ်ဘူး။ နင့်အကောင်ကို သွားမေးလို့ ငါဘယ်သူလဲ ဆိုတာ သေချာရအောင် ဆိုပြီး စကားစဖြတ်လိုက်မိမှာပဲ။ :):) သူကကောင်းကောင်း ပြန်ပြောရင်တော့ သူငယ်ချင်းတစ်ယောက်တိုးလာနိုင်တာပေါ့လေ။ စကားတွေ ဘယ်ရောက်ကုန်ပြီလဲမသိတော့ဘူး။ ရိုက်ကောင်းကောင်းနဲ့ ရိုက်နေတာ။ ထပ်ပြီးဘာရိုက်ရမလဲဟင် ပြောချင်တာတော့ ပြောလိုက်ပြီ ဒါဆို ဒါပဲနော်။ ပြီးပါပြီရှင့် :).

Tuesday, September 7, 2010

သူငယ်ချင်းနှစ်ယောက်လုံးကအခြားတစ်ယောက်ကအလုပ်များနေမှာဘဲလို့တွေးကြတယ်..



ပြီးတော့တစ်ယောက်နဲ့စခေါ်လိုက်ရင်သူ့ကိုအနှောက်အယှက်ဖြစ်စေမှာဘဲလို့တွေးမိကြပြီးမ

ဆက်သွယ်မိကြဘူး…



အချိန်တွေကြာလာတာနဲ့အမျှ



နှစ်ယောက်စလုံးကအခြားသူကစပြီးဆက်သွယ်လာမှာကိုဘဲစောင့်နေကြတယ်..



အဲဒါပြီးတော့ တစ်ယောက်ခြင်းဆီက ငါကဘာလို့အရင်ဆက်သွယ်ရမှာလဲလို့တွေးမိကြတယ်…



ဒီအချိန်မှာအစပိုင်းက သူငယ်ချင်းအချစ်တွေကအမုန်းတွေအဖြစ်ကိုပြောင်းလဲသွားကြတယ်…



သူတို့နှစ်ယောက်ဟာတစ်ဦးနဲ့တစ်ဦးမေ့သွားကြတယ်…..


ဒါကြောင့်ဒီလိုမဖြစ်စေဖို့…Forward mail လေးကို မျှဝေလိုက်တယ်နော်။ ချစ်သောသူငယ်ချင်းများအားလုံး သံသယကင်းတဲ့ ခင်မင်မှုတွေနဲ့ပျော်ရွှင်မှုတွေ ထာဝရ တည်ဆောက်နိုင်ကြပါစေ။

Template by:
Free Blog Templates