သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Friday, April 9, 2010

အလည်လာကြသော ရပ်နီးရပ်ဝေးမှ သူငယ်ချင်းမိတ်ဆွေများရှင်..... ဇာတိရွာလေးသို့ တစ်လကျော်ကျော် ပြန်ပြီး အလွမ်းပြေပြန်မှာ ဖြစ်လို့ အသိပေးတာပါ။။။ ဒါကြောင့်မို့ သင်္ကြန်သီချင်းတစ်ပုဒ်နဲ့ နှစ်သစ်ကို ကြိုဆိုရင်း နှုတ်ဆက်ခဲ့ပါတယ်။။။။။ အားလုံးကို ကျေးဇူးတင်လျှက်......... သံယောဇဉ် (TYZ)

Monday, April 5, 2010


ခုခေတ်ဟာ အင်တာနက်ခေတ်ဖြစ်တာနဲ့အမျှ၊ အင်တာနက်ရဲ့ကောင်းကျိုးတွေကြောင့်လူတွေအကျိုး ကျေးဇူးရကြတယ်။
ဒါပေမယ့်ဒါဟာ အင်တာနက်ကိုမဇ္ဈိမပဋိပဋာနည်းနဲ့
သုံးတတ်သူတွေအတွက် ဖြစ်ပါတယ်။ အလွန်အကျွံစွဲလမ်းသွားမိသူတွေကတော့ ဘိန်း၊ အရက်၊ ဆေးစတာတွေလို အင်တာနက်စွဲရောဂါရ တတ်ပါတယ်။

About disorder - ရောဂါအကြောင်း

အင်တာနက်စွဲရောဂါမှာ၊ တခြားဘိန်း-ဆေးတွေလိုပစ္စည်းကို
စွဲတဲ့ substance
addiction မဟုတ်ဘဲ ချက်နေရတာ၊ ဘလောဂင်နေရတာ၊နက်ရှော့ပင်နေရတာ
စတဲ့
လုပ်ဆောင်မှုကိုစွဲတဲ့ process addiction ဖြစ်ပါတယ်။

Symptoms - ရောဂါလက္ခဏာများ


၁။ tolerance - ယဉ်ပါးသွားခြင်း (ဆေးယဉ်သကဲ့သို့)-

အင်တာနက်သုံးတဲ့အချိန်များနေေ
ပမယ့် ဆက်ပြီးဆက်ပြီးသုံးချင်နေတာ၊
အချိန်နည်းတယ်လို့ခံစားရ၊ စိတ်ကျေနပ်မှုမရတာ။

၂။ withdrawal symptoms- ဆေးဖြတ်လက္ခဏာများခံစားရခြင်း -

အင်တာနက်သုံးတာလျှော့ချလိုက်
ရရင်၊ စိတ်မပျော်တာ၊ စိတ်တိုစိတ်ဆတ်လာတာ၊
စိတ်ဓာတ်ကျသလိုခံစားရတာ၊ စိတ်အလိုမကျသလိုခံစားရတာ။
အင်တာနက်သုံးနေတုန်းမှာ အနှောက်အယှက်ပေးသလိုဖြစ်ရင်
ပုံမှန်ထက်ပိုပြီးစိတ်တိုလာတာ။
အင်တာနက်ကြည့်နေရမှ စိတ်ပျော်ရွှင်ကျေနပ်မှုရတာ။

၃။ပုံမှန်အချိန်တွေမှာပါ အင်တာနက်နဲ့ပတ်သက်တာတွေးနေမိတာ၊ ဥပမာ-ဘလော့ဂ်မှာ

ဘာတင်လိုက်မယ်၊ ဘယ်သူ့ဆီသွားမလည်ရသေးဘူးစသဖြင့်
ဈေးသုံးနေရင်းစဉ်းစားနေမိတာမျု
ိး။

၎။ အင်တာနက်နဲ့ပတ်သက်တဲ့အိပ်မက်မြ
ကာခဏမက်တာ။

၅။ type ရိုက်သလိုမျိုးလက်ဂနာမငြိမ်လှု
ပ်ရှားတတ်လာတာ။

၆။ စိတ်ကူးထားတာထက်ပိုပြီးအင်တာနက်
ကိုအချိန်ပေးနေမိတာ။ ဥပမာ-မအိပ်ခင်
နာရီဝက်လောက်ကြည့်လိုက်ဦးမယ်ဆု
ိပြီး ၂-၃ နာရီဆက်မိတာ။

၇။ အင်တာနက်နဲ့ပတ်သက်ဆက်နွယ်တဲ့ကိ
စ္စတွေမှာ အချိန်ပိုပေးနေမိတာ
(အင်တာနက်ကြည့်တာအပြင်) ဥပမာ- ဘလော့ဂ်မှာတင်ဖို့ စာအုပ်ရှာဖတ်တာမျိုး

၈။ အင်တာနက်ကို လျှော့ဖို့စိတ်ကူးပေမယ့် မအောင်မြင်တာ။


၉။ တခြားလူမှုရေးနဲ့ နေ့စဉ်ဘ၀လုပ်ငန်းဆောင်တာတွေပျက်
ကွက်လာတာ။ အထူးသဖြင့်
မိသားစုရှိသူတွေမှာ၊ ချက်ပြုတ်သန့်ရှင်းလိုစိတ်နည်း
လာ၊
လင်မယားဆက်ဆံရေးစိတ်ဝင်စားမှုေ
လျာ့လာ၊
လိင်စိတ်အလိုဆန္ဒနည်းလာ-သားသမီးေ
ပ်ါဝတ္တရားပျက်လာတာ။ တစ်ဦးထဲသမားတွေမှာ
အပြင်သူငယ်ချင်းတွေနဲ့ထိတွေ့ဆက်
ဆံမှုနည်းလာတာ။
ကျောင်းသားတွေမှာအဆင့်ကျလာတာ။ အလုပ်သမားတွေမှာ
အလုပ်ထဲစိတ်ပါဝင်စားမှုနည်းလာတာ
။

၁၀။ ကိုယ်လက်လှုပ်ရှားမှု၊ အပြင်ထွက်အပမ်းဖြေခြင်း၊ တီဗီကြည့်ခြင်းစတာတွေ

သိပ်မလုပ်တော့တာ။

၁၁။ အင်တာနက်အချိန်များလွန်းလို့ အိပ်ရေးပျက်ပြီး၊

နောက်နေ့မနက်စောစောမထနိုင်တာ၊ အိပ်ရေးပျက်မှုကြောင့်
အင်တာနက်ထိုင်တာကလွဲပြီးဘာမှလု
ပ်ချင်စိတ်မရှိတာ၊

၁၂။ အလုပ်အကိုင်၊ ကျန်းမာရေး၊ အိမ်ထောင်ရေးဝတ္တရားပျက်နေမှန်း
သိနေလျက်နဲ့
အင်တာနက်ကို မဖြတ်နိုင်ဘဲဖြစ်လာတာ။

၁၃။ Forming cyber relationships with strangers met online is also a

sign of internet addiction. - အွန်လိုင်းကတဆင့် မတွေ့ဘူးမမြင်ဘူးသူ
သူစိမ်းများနဲ့မိတ်ဆွေဖြစ်-ဆက်
ဆံဖြစ်တာ။ Extra-marrital relations -
အိမ်ထောင်ဖက်ဇနီး၊ခင်ပွန်းအပြင် ဆက်သွယ်မှုများ
ရောဂါဖြစ်လွယ်သူများ
စိတ်ဓာတ်ရေးရာအားနည်းချက်ရှိသူ
များမှာ ဒီရောဂါစွဲလွယ်ပါတယ်။ ငယ်ဘ၀က
စိတ်အနာရဖူးသူများ (psychological trauma)၊ စိတ်ဓာတ်ကျလွယ်သူများ၊
အများနဲ့မဆက်ဆံချင် တကိုယ်တည်းနေတတ်သူများ၊ အလုပ်ဒဏ်ကိုရှောင်တတ်သူများ၊
အင်တာနက်နဲ့စိတ်ထွက်ပေါက်ရှာတတ်
သူများ

Complications - ဆက်တွဲဆိုးကျိုးများ


၁။ ကျန်းမာရေးဆိုင်ရာပြဿနာများ-
health problems

(၁) မျက်စိပြဿနာ

(၂) ကျောအောင့်ခါးနာ စသော အကြောဆိုင်ရာဝေဒနာများ
(၃) လက်မ၊လက်ညိုးနှင့်လက်ခလယ်လက်ချေ
ာင်းလေးများထုံကျင်ခြင်းရောဂါ -carpal
tunnel syndrome
(၄) အားအင်နည်းပါးခြင်း(fatigue)
(၅) အဆီတက်လာခြင်း-ထိုမှတဆင့် နှလုံးသွေးကြောရောဂါများ

၂။ မိသားစုပြဿနာများ-Familial problems

(၁) လင်မယားပြတ်စဲခြင်း
(အွန်လိုင်းမိတ်ဆွေအဆင့်မှသံယော
ဇဉ်ပိုလာခြင်းကြောင့်အိမ်ထောင်ဖက်ကိုစိတ်ဝင်စားမှုနည်းလာခြင်း၊
အင်တာနက်ကိုသာအလွန်အမင်းစွဲလမ်း
နေမှုကြောင့်
လင်မယားဆက်ဆံရေးနည်းပါးလာခြင်း နှစ်မျိုးဖြစ်နိုင်ပါတယ်)
(၂) သားသမီးစိတ်ဝေဒနာရခြင်း-မိဘသား
သမီးဆက်ဆံရေးအေးစက်လာခြင်း
၃။ လူမှုရေးအကျိုးဆက်များ-Social problems
အလုပ်ပျက်ခြင်း၊ မိတ်ဆွေစစ်နည်းပါးလာခြင်း၊

Treatment - ကုသမှု

ဆေးကိုတိကနဲဖြတ်ရင် ဆေးဖြတ်တဲ့ withdrawal symptoms တွေကြောင့်
လူထိခိုက်တတ်သလို၊ နက်သမားကို နက်တိကနဲဖြတ်ခိုင်းရင် စိတ်ဓာတ်ကျတာ၊စတဲ့
ဝေဒနာတွေဝင်လာတတ်ပါတယ်။ ဒါကြောင့်မျှင်းပြီးဖြတ်စေရပါ
တယ်။

၁။ တနေ့တာအတွင်းနက်သုံးချိန်ကို မှတ်တမ်းပြုစုစေခြင်း

၂။ ပြင်ပလောကနဲ့ပိုဆက်ဆံစေခြင်း-
ခရီးတိုထွက်ခြင်းစသည်
၃။ မိသားစုသမားများအတွက်၊ မိဘ၀တ်-သားသမီးဝတ်-လင်ဝတ်-မယား
ဝတ်
စသည်များပြန်လည်သတိရစေခြင်း
၎။ သင်တန်း-လက်မှုအတတ်ပညာစတာတက်စြေ
ခင်း
၅။ တရားထိုင်စေခြင်း

Prognosis - ရောဂါပျောက်ကင်းနိုင်မှု

ခံယူချက်နဲ့ အမူအကျင့်ပြောင်းလဲနိုင်မှု attitude and behavioral change
ပေါ်မှာမူတည်ပါတယ်။*
ဒီ Forward mail လေးကိုတော့ ကိုယ့်ကိုယ်ကို ပြန်ပြီး သတိထားရအောင် ဆင်ခြင်တတ်အောင် ပြန်ပြန်ဖတ်ဖို့ တင်လိုက်တာပါ။ လာလည်ရင်း ဗဟုသုတအဖြစ်တော့ ဖတ်သွားပေါ့။ အင်တာနက်စွဲလန်းတဲ့ ရောဂါရနေပြီလားလို့ ကိုယ့်ကိုယ်ကို အမှန်အတိုင်း ရှုမြင်နိုင်ကြပါစေရှင်...... :P....

Sunday, April 4, 2010





အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ စကားလုံးလေးတွေကို အရမ်းသဘောကျမိလို့ သိမ်းထားချင်တာနဲ့ တင်လိုက်တာပါ။

Saturday, April 3, 2010

မြန်မာသက္ကရာဇ် ၁၃၇၁ ပြည့်နှစ်ဝယ် ဘိုးတော်သိကြားမင်းသည် တစ်ဖက်မှ

ဂျော်နီလမ်းလျှောက်ပုလင်း ကျန်တစ်ဖက်မှ ကြက်ကင် ကိုင်ပြီး ယခုနှစ်တွင်

တမူထူးခြားစွာ T-wall သို့ အလည်အပတ်ခရီး ဆင်းသက် ရောက်ရှိမည်ဖြစ်သည်။

အိမ်သာ admin ကြီးများထံသို့ ကိုယ်ရံတော် နတ်သမီးများခြံရံကာ ရေကစား

မည်ဖြစ်ကြောင်း မာတလိနတ်သား၏ mail ကို အိမ်သာ admin ကြီးများမှ လက်ခံ

ရရှိထားပြီး ဖြစ်သည်။


ဤကဲ့သို့ ထူးကဲလှသောအခါသမယ၀ယ် ခုနစ်ရက် သားသမီးများအတွက် ဟော စာတမ်းကို

သိပ္ပံနည်းကျကျ T-wall ၏ ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးများကို ကြေးစား ခေါ်ယူကာ

နေ၊လ၊နက္ခက် အစုံအလင် အချိန်၌ ကျဉ်းမြောင်းလှသော အခန်းငယ်ထဲ၌

ဂျော်နီလမ်းလျှောက်လေးသောက်ရင်း (၇)ရက်သားသမီးများ၏ ကံဇာတာကို

ပရိုဂရမ်များ၏ အကူအညီ များဖြင့် အချိန်နှင့် တပြေးညီ တိကျ မှန်ကန်စွာ

ထုတ်ပြန်သွားမည်ဖြစ်သည်။


တနင်္ဂနွေ(အ၊ဥ၊သြ)

အားအားယားယား ဖြစ်နေတတ်သည်။ အူကြောင်ကြား ဖြစ်နေသောသူတစ် ယောက်နှင့်

မိတ်ဆွေဖြစ်ကိန်းရှိသည်။ အူတူတူ အတတ ကောင်မလေးတစ်ယောက်နှင့် ဥတုတု ညုတုတု

ဖြစ်ကိန်းရှိသည်။ အီရတ် နိုင်ငံသို့ နွေရာသီ အပန်းဖြေခရီး

ထွက်ရကိန်းရှိသည်။ ဥ နှင့်ပတ်သက်၍ ကျန်းမာရေး အညံ့ရှိသည်။ အိမ်သာတက်ရင်း

အူကျရောဂါ အပြင်းအထန်း ခံစားရတတ်သည်။ အနာကြီးရောဂါ ဖြစ်နေသော

သူတစ်ယောက်နှင့် မတော်တဆ အိမ်ထောင်ကျကိန်း ရှိသည်။


ယတြာ။ ။အင်္ဂါနေ့တွင် ဥဥနေသော ကြက်မဖင်ကို အံ့သြစွာကြည့်၍ “အောင်ပြီ၊

အောင်ပြီ” ဟု သုံးကြိမ်တိုင်တိုင် အော်ပါ။




တနလာၤ(က၊ခ၊ဂ၊ဃ၊င)

ကုန်းကုန်း ခွခွ အလုပ်များနေတတ်သည်။ တနင်္လာနံဖြစ်ပစ္စည်းများ ဖြစ်သော

ကုန်တင်ကား၊ဘစ်(စ်)ကားများ မမျှော်လင့်ပဲ အစုံလိုက်အပြုံလိုက်

ဝင်လာတတ်သည်။ ရုတ်တရက် ၀င်လာတတ်သဖြင့် သတိကြီးစွာထားရန် လိုအပ်သည်။

ဂေါက်ကြောင် ကြောင်ဖြစ်နေသော ကုလားမတစ်ယောက်နှင့်

ချစ်ကြိုက်ရကိန်းရှိသည်။ ကျပ်မပြည့်သော လူတစ်ယောက်၏ ကြောင်တောင်တောင်

လုပ်ခြင်းခံရတတ်သည်။ လကုန်ရက် ဖြစ်ပါက ငွေဝင်ကိန်းရှိသည်။

ခွေးရူးပြန်ရောဂါ ရှိသူများ ချွတ်ခြုံကျနေသော သူများ၏

မရမကချစ်ကြိုက်ခြင်းကို ခံရတတ်သည်။ ဂတ်ထဲတွင် အိပ်စက်ရကိန်းရှိသည်။

ကြောက်ခမန်းလိလိ ခွေးကိုက်ခြင်း၊ ဂနိုကျခြင်းများ ဖြစ်တတ်သည်။


ယတြာ။ ။ကြာသပတေးနေ့တွင် ဂတုံးပြောင်အောင် တုံးပြီး ကင်းမြီးကောက်ထောင်ကာ

ကြောင်တစ်ကောင်လို အော်ဟစ်၍ ယတြာချေပါ။




အဂၤါ(စ၊ဆ၊ဇ၊စ်၊ည)


စာမလုပ်သူများ အထူးသတိထားပါ စေ့စပ်သေချာ၍ စေ့စေ့စပ်စပ်လုပ်တတ် သော ဆရာ၏

စာမေးပွဲနှင့် စိတ်ညစ်စွာ ကြုံရတတ်သည်။ အပြင်းအထန် ဇစ်ညှပ်ခြင်း

ခံစားရတတ်သည်။ ဆိုက်ကားနင်းစားခြင်း ၊စာခိုးချခြင်း၊ ဈေးရောင်းခြင်း၊

ညစောင့်ခြင်း စသည့် ပညာရပ်များကို ဇင်ဘာဘွေ နိုင်ငံတွင် သွားရောက်

သင်ယူရကိန်းရှိသည်။ စိတ်ရောဂါရှိသူများ အဆဲသန်သူများ ဆစ်ဖလစ်ရောဂါ

ရှိသူများနှင့် စီးပွါးရေးစပ်တူ လုပ်ပါက အထူးအောင်မြင်ကိန်းရှိသည်။ ညှင်း

၊၀ဲ စွဲကပ်နေသော သူများနှင့် အိမ်ထောင်ကျကိန်းရှိသည်။


ယတြာ။ ။စနေနေ့ ညဘက် ၁၂ နာရီတွင် စိုင်းစိုင်းခမ်းလှိုင်၏

သီချင်းတစ်ပုဒ်ကို ဈေးထဲ၌ အဆဲသန်သော ဈေးသည်တစ်ယောက်ရှေ့တွင်

စွဲစွဲမြဲမြဲ ဆယ်ရက် ဆက်ဆိုပါ။




ဗုဒ္ဓဟူး(ယ၊ရ၊လ၊၀)


ဝဲ၊ယားနားအကြီးအကျယ် ပေါက်တတ်သည်။ လမ်းလျှောက်ရင်း လေလည်တတ် သောသူများ၏

နောက်မှမလိုက်ပါနှင့်၊ လုံးပါးပါးနိုင်သည်(နှာခေါင်း)။

ရူှးနှမ်းနှမ်းဖြစ်နေ သူတစ်ယောက်၏ ရင်ဖွင့်စကားကို နားထောင်ပေးရတတ်သည်။

ဝက်ရူးပြန်ရောဂါရှိ သူများ၊ ယဉ်ယဉ်လေး ရူးနေသော သူများ ၊လေကျယ်တတ်သူများ၊

ဝိတ်ပေါပေါနေသူ များနဲ့ စပ်တူစီးပွါးရေးလုပ်ပါက အကြီးအကျယ်

အောင်မြင်ကိန်းရှိသည်။ ၀က်မတစ်ကောင် ကဲ့သို့ ၀အစ်နေသော

မိန်းကလေးတစ်ယောက်၏ ရေလာမြောင်းပေးခြင်း နှင့် ချစ်ခင်နှစ်သက်ခြင်းကို

မထင်မှတ်ပဲ လက်ခံရတတ်သည်။ ယာဉ်၊ ရထားတို့ ပေါ်၌ ယားနာဆေး၊

လိပ်ခေါင်းပျောက်ဆေး ရောင်းခြင်းမှ ထူးခြားစွာအမြတ်ရကိန်းရှိသည်။


ယတြာ။ ။လင်ရှိမယား တစ်ယောက်၏ အိမ်ရှေ့တွင်

“၀င်သက်ထွက်သက်(နွဲ့ယဉ်ဝင်း)”သီချင်းကို လေးဖက်ကုန်း၍ လဒမှိုင်မှိုင်ကာ

လက်ယာရစ်ပတ်ကာ လေးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။




ကြာသပတေး(ပ၊ဖ၊ဗ၊ဘ၊မ)


ဘိုင်ကျပြီး မွဲတေနေတတ်သည်။ မျက်နှာတွင် ပိုးစိုးပက်စက် မီးလောင်တတ်သည်

ဗိုက်ကြီးသည် တစ်ယောက်နှင့် အိမ်ထောင်ကျကိန်းရှိသည်။ ပုတက်မွေးခြင်း

၊ဖွတ် မွေးခြင်း၊ ပုရစ်မွေးခြင်း၊ ဘယာကြော် ကြော်ရောင်းခြင်းစသည့်

အလုပ်များဖြင့် ပိုးစိုး ပက်စက် မြိုးမြိုးမြက်မြက်

စီးပွါးတက်ကိန်းရှိသည်။ ဖိနပ်ချုပ်ခြင်း၊ မီးသွေး ရောင်းဝယ်ခြင်း

၊ပြောင်းဖူးဖုတ်ခြင်း ပညာများရပ်များကို မွန်ဂို***ယား၊ ဖင်လန်၊

ဘော့ဇနီးယား၊ မြန်မာ စသည့်နိုင်ငံများတွင် ပညာတော်သင် သွားရကိန်းရှိသည်။

ဘာဘူကုလားမကြီး၏ ဖောဖောသီသီ မျက်နှာပေးခြင်း၊ ပုဆိုးကြားတွင် ပိပိရိရိ

မေတ္တာစာ ခိုးထည့်ခံရခြင်းများ ကြုံရတတ်သည်။


ယတြာ။ ။ဘောင်းဘီတိုဝတ်၍ ဗိုက်ကြီးသည် တစ်ယောက်နှင့်အတူ ဘောလုံးကွင်းတွင်

ဘရိတ်ဒန့် အတူတွဲက၍ ယတြာချေပါ။ လိုအပ်ဆန္ဒပြည့်ဝ လာလိမ့်မည်။




သောကြာ(သ၊ဟ)


ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် သတိလက်လွတ် ဖြစ်နေတတ်သည်။

သောက်ရှက်ဟက်တက်ကွဲ၍ သူတစ်ပါး၏ သေချင်စော်နံလောက်အောင် သောက်မြင်

ကပ်ခြင်းကို ပိုးစိုးပက်စက် အကြီးအကျယ် ကြုံရတတ်သည်။ သရဲမတစ်ယောက်နှင့်

ဟိုကိစ္စ ဖြစ်ကိန်းရှိသည်။ သင်္ချိုင်းကုန်း၊သုဿာန် စောင့်ခြင်း

၊သန်ကောင်မွေးခြင်း ဟောင်းနွမ်းပစ္စည်းရောင်းဝယ်ခြင်းတို့မှ ဟိုးလေးတကျော်

အကျိုးအမြတ်ရကိန်း ရှိသည်။ ဟိုင်းနေသော သူတစ်ယောက်နှင့်

သိုးသိုးသန့်သန့် သတင်းထွက်ကိန်းရှိ သည်။ သတိကြီးကြီး ထားပါ တော်ကာကျမည်။

သပ်သပ်ရပ်ဝတ်ပြီး ဟိုင်းလတ်ကားတိုက်ကာ ဟပ်ထိုးလဲပြီး ဟောဟဲဟောဟဲ

ဖြစ်နေတတ်သည်။


ယကြာ။ ။သောကြာနေ့တွင် သုဿာန်၌ သေသွားသူ၏ မိသားစုရှေ့တွင် ဟာသလုပ်၍

ဟဲလေးသီချင်းဖြင့် သုံးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။အညံ့များ

ပျောက်သွားလိမ့်မည်။




စနေ(တ၊ထ၊ဒ၊ဓ၊န)


တင်ပါးတွင် ဒက်ပေါက်၍ ဒန့်တန့်တန့်ထုံပေထုံပေ ဖြစ်နေတတ်သည်။

နူနာရောဂါရှိသူ တစ်ယောက်၏ တီတီတာတာ ထူးထူးခြားခြား

ချစ်ကြိုးသွယ်ကိန်းရှိသည်။ တင်တု လုပ်ခြင်း ထီးပြင်ခြင်း ဓါးသွေးခြင်း

ဒန်အိုးဖာထေးခြင်း စသော လုပ်ငန်းများ နှင့် သက်ဆိုင်သော ပညာရပ်များကို

တူနီးရှား ထိုင်း နယူးယောက် စသောနေရာများသို့ သွားရောက်သင်ရကိန်းရှိသည်။

နတ်ကတော်များနှင့် တွဲဖက်လုပ်ငန်းစပ်တူ လုပ်ပါက ထူးထူးခြားခြား

အောင်မြင်ကိန်းရှိသည်။ထီးနှင့် အသံနီးစပ် သောပစ္စည်းများ အပြွတ်လိုက်

ဝင်ကိန်းရှိသည်။ ဓါတ်ရိုက် ဓါတ်ဆင်လုပ်ခြင်း ဓါတ်ရုင်ရိုက် ခြင်း

ဓါတ်သွားခြင်းကိုပိတ်ဆို့ ဆေးရောင်းခြင်း စသောလုပ်ငန်းများမှ

အကျိုးအမြတ်ရရှိမည်။


ယတြာ။ ။တနလာင်္နေ့ တွင် တင်ပါးပေါ်ဝတ်ပြီး နတ်သီချင်းဖွင့်ကာ နံနက်အချိန်၌

နိုင်းနိုင်းကဲ့သို့ ထိထိမိမိ ကပါ။


ဒီနေ့ မေးဝင်စစ်ကြည့်တာ your fortune ဆိုတဲ့ forward mail လေးတစ်စောင်ရောက်နေလို့ စိတ်ဝင်တစားဖတ်လိုက်တော့ စိတ်ဖိစီးမှု နဲနဲပေါ့သွားတယ်။ ဟောတဲ့သူအရမ်းတော်တယ်နော်..... အဲလို ဟာသညာဏ်လေးတာရှိရင်ကောင်းမယ် ... :P....

Friday, April 2, 2010

ကမ္ဘာအကြီးဆုံး Search Engine တစ်ခု ဖြစ်သော  Google Inc က မြန်မာတစ်နိုင်ငံလုံး အင်တာနက်လွယ်ကူစွာသုံးနိုင် ရန်ကူညီပေးမည်ဟု ကတိစာချုပ်
ကိုယမန်နေ့ကချုပ်ဆိုလိုက်သည်.. မေလဆန်းပိုင်းမှာ တစ်နိုင်ငံလုံး ကို fiber optics cabel များစတင်ပြေးဆွဲမှာဖြစ်ပြီး 2010 အကုန်တော့ စတင်သုံးစွဲနိုင်မှာဖြစ် တယ်ဟု Google အင်တာနက်စာမျက်နာတွင်ဖော်ပြထားသည်.
       information
ကို လွယ်ကူစွာရှိရမည့်ဟု Google ရဲ့ဆောင်ပုဒ်နှင့်အညီ အိမ်တိုင်းတပ်ဆင်ရာတွင် တပ်ဆင်ခကို အခမဲ့ပြုလုပ်သွားမည်ဟု အဆိုပါ အင်တာနက်
စာမျက်နှာတွင်ရေးသားထားသည်.. လစဉ် အင်တာနက်သုံးနူန်းကကို လေး အမေရိကန်ဒေါ်လာ ၃၀ - ၄၀ မျှသာ ကုန်ကျမယ်လို့သိရှိရပါတယ်.
အင်တာနက်မြန်နူန်းမှာ လည်း အနည်းဆုံး 3Mbps ရရှိမှာဖြစ်ပါတယ်..

Forward mail က ရတာကို ပြန်လည်မျှဝေခြင်းပါ။

Thursday, April 1, 2010


အမေရေ…..
ဟောဒီ နွေလယ် April လမှာ
သားသမီးတွေနဲ့ဝေးတာကြာလို့
ခြောက်သွေ့နေတဲ့ အမေ့ရင်ခွင်လေးဆီ
သမီးလေးအရောက်လာခဲ့မယ်လေ..။

အသံချိုချိုနဲ့ အကြင်နာပိုလို့
ဘူတာရုံလေးမှာ ထွက်ကြိုနေရမလားတဲ့
လေလှိုင်းကတစ်ဆင့်
မေးလာတဲ့အမေ့မေးခွန်းလေးကြောင့်
ချစ်သမီးရင်မှာ အေးသွားတာပဲအမေ….။

ခဏတာပြန်ရောက်ချိန်လေး
နွေးထွေးတဲ့ အမေ့ရင်ခွင်မှာမှေးစက်ရင်း
နာကျဉ်ခံစားခဲ့ရတဲ့ လောကဓံတွေ
ပြေလျော့စေတာအမှန်ပဲ အမေရယ်…။

ဘယ်အချိန်ဘယ်အခါမှများ
အမေ့အနားမှာ မခွဲမခွါပဲ
ငြိမ်းငြိမ်းချမ်းချမ်းနဲ့
နေရပါ့မလဲအမေရယ်….။

အမေ့ချစ်သမီးလေး
အမေနဲ့ နီးနီးလေး အမြဲနေချင်လို့
အမေနဲ့ခဏခဏဝေးနေခဲ့ရတယ်အမေ……..။

အမေ့ဆီပြန်လာတော့မယ့် သမီးငယ်တစ်ယောက်ရဲ့ ခံစားချက် အမှတ်တရပေါ့…။ ဘူတာရုံမှာ ပြုံးပြီးလာကြိုနေမဲ့အမေ့ကို မြင်ယောင်ရင်း ပျော်လိုက်တာ သူငယ်ချင်းတို့ရေ….။ ပြန်ခွင့်ရတာ တစ်လသာသာ အချိန်လေးဆိုပေမဲ့ အရမ်းကိုအေးချမ်းမဲ့ အချိန်လေးတွေပဲလေ။ သားသမီးတွေအတွက် အမေ့ရင်ခွင်က ထာဝစဉ် အေးမြနေပါတယ်။
  ဓါတ်ပုံကတော့ ဒီကနေ ယူလာတာပါ။ ။

Template by:
Free Blog Templates