သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Monday, March 28, 2011






















ဓါတ်ပုံ Keralites@yahoogroups.com

Friday, March 25, 2011













ဓါတ်ပုံ Keralites@yahoogroups.com

Sunday, March 20, 2011

သူငယ်ချင်း.....သတိရခြင်းနဲ့ မနက်ဖြန်တွေ ဖြတ်သန်းပြီး  လှပတဲ့အနာဂတ်မှာ ရှေ့ဆက်လှမ်းနိုင်ဖို့ ......မွန်းကျပ်ခြင်းကို အဝေးနှင်၊  နင်... ဆိုတာ ရင်ဘတ်ဖြူဖြူနဲ့ အောင်မြင်ခြင်းတွေတလူလူလွှင့်ရင်း နောင်တစ်ချိန်ဆို၊  ဟိုးးးး.... ဟို မိုးကောင်းကင်အထက်မှာ လင်းလက်ထွန်းတောက်တော့မဲ့ ကြယ်တစ်စင်းဆိုတာ မမေ့နဲ့ သူငယ်ချင်း။ ။  (သူငယ်ချင်းတစ်ယောက်အတွက် ရေးပေးခဲ့ဖူးတဲ့ စာတိုလေးပါ။)

Saturday, March 19, 2011

 မေ..... မတွေမဝေ မောင့်အတွက် ဆိုရင်လေ
အရာရာစွန့်လွှတ် ခွင့်လွှတ်တတ်တဲ့မေ။  
  မောင်..... ဟန်ဆောင်ပန်ဆောင်
  မေ့အတွက်ဆိုရင်တောင်
အရာရာစိုးရွံ့တွန့်ဆုတ်တတ်တဲ့မောင်...။   
အားလုံးသော ပုရိသကို ရည်ရွယ်ရေးဖွဲ့ထားခြင်းမဟုတ်ပါ။ သံယောဇဉ်ရဲ့ အနီးအနားမှာ တွေ့မြင်ခဲ့ရတဲ့ အဖြစ်အပျက်လေးကို အခြေခံထား ခံစားရေးဖွဲ့ထားတာပါ။ ကဗျာမမြောက်ပေမဲ့ (မေနဲ့မောင်- ၂) ကိုလည်း ခံစားအားပေးသွားပါဦး။။။။ (ကဗျာလို့ပဲ ခေါင်းစဉ်တပ်လိုက်ပါရစေ။ တကယ့်ကဗျာဆရာတွေရဲ့စာတွေလိုက်ဖတ်မိပြီးတော့ ရေးမိတဲ့စာလေးတွေကို ကဗျာလို့ ခေါင်းစဉ်တပ်ရမှာ လိပ်ပြာမသန့်တော့သလို ခံစားလာရတယ်။ ဒါပေမဲ့လည်း ကဗျာရူးမို့........။)

Friday, March 18, 2011

နွေရင်ခွင်ကို ငါလှစ်အဖွင့်
လွင့်ကြွေနေတဲ့ ရော်ရွက်တွေနဲ့
မြိုက်လောင်နေတဲ့....
နေမင်းတစ်စင်းရယ်ပဲ တွေ့ရတယ်။
 
ငါ့ရင်ခွင်ကို ပြန်လှစ်အဖွင့် နှလုံးသားကို နားစွင့်လိုက်တော့
ရင်ခုန်သံတွေ တဖြုတ်ဖြုတ်လွင့်ကြွေပြီး 
အက်ကြောင်းလေးနဲ့အသဲတစ်စုံက အနှစ်နှစ်အလလ သိုသိပ်ခဲ့ရတဲ့.... ပူလောင်ခြင်းသောကတွေနဲ့မို့ နွေနေဆယ်စင်းထက် ပိုပြင်းလွန်းပါတယ်။ ။

Wednesday, March 16, 2011

သောကတွေကို သူဘေးချိတ်
ဆိတ်ဆိတ်လေးနဲ့ သူ့ပြုံးနေတယ်
လူလည်မှာ တင့်တယ်ဖို့အတွက်တဲ့။

ဘ၀အတွက် မိဘအတွက်
လောကဓံကို အံပြန်တုရင်း
ကြင်သူအနားမှာမရှိလည်းကွယ် .....

နှုတ်ခမ်းမှာ အပြုံးပန်းအစဉ်
သူဆင်မြန်းရင်း ရှေ့ဆက်လှမ်းလို့
မိဘတွေဂုဏ်တင့်ဖို့ရယ်
သမီးကောင်းတစ်ယောက်တော့ ဖြစ်စေရမယ်တဲ့ ။

သောကကိုဖုံးကွယ်
သူပြုံးနိုင်တယ်
ဘ၀အတွက် သူရုန်း
အပြုံးမပျက်သေးတယ်။

တည်ငြိမ်ရင့်ကျက်
သူမဘ၀အတွက်
တိုက်ပွဲမှာအောင်ပွဲတွေနဲ့
အနိုင်ယူမဲ့ လက်နက်
အပြုံးတစ်ခက်ဖြင့်သာ...........။ ။

(ကဗျာလည်းမဟုတ် စာလည်းမဟုတ် အစပ်အဟပ်လည်းမမိသော စာလေးတစ်ပုဒ်..... စိတ်ကူးခံစားမိတာ ရေးမိခြင်းပါ။)

Tuesday, March 15, 2011

 ဒီသံယောဇဉ် ငါတို့ရဲ့မေတ္တာ၊အကြင်နာ တွေနဲ့ရောယှက် ထွေးပတ်ခဲ့တဲ့ ဒီသံယောဇဉ်.....
ထားခဲ့ကြတဲ့ ဂတိနဲ့သစ္စာ
ဒီတစ်ဘ၀တာအတွက်တော့ ငါဘက်က လျော့မသွားနိုင်ဘူး... ။  ရူးတယ်လို့ဆိုဆို အပိုတွေလို့ပဲပြောပြော
ငါ့သဘောနဲ့ငါ 
နှောင်ကြိုးနဲ့အရစ်ပတ်ခံရင်း ငါ့ချစ်ခြင်းတွေနဲ့ မင်းဘ၀အတွက် လမ်းခင်းပေးခဲ့တာ ဒီ သံယောဇဉ် နွယ်တစ်မျှင်ကြောင့်သာ.....။
 
သံယောဇဉ် ..... ဒီနွယ်တစ်မျှင် တွယ်ငင်နေသရွေ့ မြေ့မြေ့နွမ်းနွမ်း မင်းကိုရည်မှန်း ငါဆက်လွမ်းနေမှာ ထာဝရ တစ်သက်တာ။ ။

Monday, March 14, 2011

ပင်မြင့်ဖျားမှာ ပွင့်လည်းတဝေေ၀
ပင်ခြေရင်းမှာ ကြွေလည်းတဝေေ၀
မြတ်ဘုရားရှေ့မှာ ခစားတဝေေ၀
မေ့ဆံဖျားမှာ ပန်ထားတဝေေ၀၊
 
ပွင့်လည်းမွှေးကြွေလည်းမွှေးနွမ်းလည်းမွှေးဆဲ၊
အဲဒါတွေက သူ့အချင်းရနံ့လေးက တသင်းသင်း
အေးမြတဲ့သူ့အဆင်းက
မြင်သူတွေ ဘ၀င်ငြိမ်းချမ်းပြီး
နမ်းသူတွေ ဘ၀င်အေးစေတဲ့
 မေ့အကြိုက်ဆုံးပန်းလေး
အပွင့်ငယ်ကာသေးပေမဲ့
ရနံ့တွေက သင်းပျံ့မပြယ်
ပွင့်ပန်းရယ်တဲ့ ခရေငယ်............။
       (ပုံတွေကိုတော့ http://phopa-dwm.blogspot.com/2010/07/blog-post_9659.html နဲ့http://group4writer.multiply.com/journal/item/221 ကနေ ကူးယူခဲ့ပါတယ်)     ခရေပန်းပုံလေးတွေ တင်ချင်လွန်းလို့လေ ကဗျာစာပိုဒ်တွေတောင် မစီတတ်တော့ဘူး။ အဆင်ပြေသလို ဖတ်ပေးကြပါနော်...။  အားလုံးကို ခင်မင်လေးစားတဲ့ (TYZ)   

Sunday, March 13, 2011

 တို့နှစ်ဦး ဖူးစာမပါတာမို့ကံကြမ္မာစေရာ ဝေးခဲ့ကြတာလို့ နင်ဆိုခဲ့တယ်၊ ငါ့ဝေဒနာအတွက် အချိန်တွေက ကုစား ကြာရင်အေးစက်သွားမှာလို့ နင်ပြောခဲ့လည်း.....၊  ရက်လနှစ်တွေသာ တဖြုတ်ဖြုတ် ကြွေလွင့်သွားကြတယ်၊ ငါ့နှလုံးသားထဲမှာတော့ အလွမ်းပွင့်တွေ ဝေဆာဆဲပါပဲ၊  အချိန်တွေ တစ်နှစ်တစ်နှစ်ကုန်သွားတိုင်း ချစ်ခဲ့ခြင်းကြောင့် ........အလွမ်းတွေပဲ တစ်ရစ်တစ်ရစ် ထပ်တိုးလာတယ်၊   ဒါပေမဲ့လည်း....မင်းပြောခဲ့တဲ့ အချိန်ဆိုတဲ့ သမားကငါ့ဝေဒနာကို မကုစားနိုင်သေးပါလား။  အရင်ကတည်းက မေတ္တာ၊အကြင်နာစစ်နဲ့ သစ္စာထား ငါချစ်ခဲ့တယ်၊  အခုထိလည်း............ ငါပေးခဲ့ဖူးတဲ့ဂတိစကား  ငါထားခဲ့တဲ့မေတ္တာ အကြင်နာတွေမပျက်ပြယ်သေးတာ ငါရဲ့မှန်တဲ့ သစ္စာစကားပါ.....။ ။

Saturday, March 12, 2011

   
                                                                               
သံစဉ်/စာသား/အဆို- ပူစူး 
V1    ခဏလေးပါ ချစ်သူရယ် သေချာ ဆက်ဆက် စောင့်နေကွယ်
        ပြန်ခဲ့မယ် ပြောခဲ့လည်း အပြီး နင်ထွက်သွားခဲ့တယ်
V2    လုံခြုံမှု အပြည့် မပေးနိုင်တဲ့ အကာအရံမဲ့ ငါ့ဘ၀အိမ်ထဲ
        မလာဖြစ်တာ ကောင်းပါတယ် နင်ထားရစ်ခဲ့နိုင်ပါတယ်
CHO: အသည်းခွဲခဲ့တဲ့သူလို့ အပြစ် မပြောရက်ဘူးကွယ်
        ရက်စက်လွန်းတဲ့သူလို့ မစွပ်စွဲရက်ဘူးကွယ်
        နင်ပိုင်တဲ့ နင့်ဘ၀ရဲ့လမ်းပဲ ရွေးချယ်ခွင့်ရှိတယ်
        မင်းက မချစ်တော့ပေမဲ့ ငါ မုန်းမရဘူးကွယ်
        မင်း သတိမရတော့ပေမယ့် ငါက မမေ့ဘူးကွယ်
        ငါဆုတောင်းပေးလိုက်ပါ့မယ် အဆင်ပြေပါစေကွယ်
V3    တကယ်ဆို အချစ်နှင့် ဘ၀ဟာကွယ် အကြွေစေ့ ခေါင်းနှင့် ပန်းလို
        အမြင်မှာ ကျောချင်း ကပ်နေလည်း ဆန့်ကျင်ဘက် အရပ်သို့ လှည့်
V4    ရွှေမှုန် ကြဲတဲ့ လမ်းတွေထက် နင် လျှောက်လှမ်းသွားလိုက်ပါကွယ်
        နင် ဆုံးဖြတ်ခဲ့သမျှလည်း မမှားဘူး မင်း မှန်ပါတယ်


စာသားကို (http://www.mysuboo.com/index.php?option=com_blog&name=www.mysuboo.com/yweaponre&task=view&pid=25563&Itemid=) ကနေ ပြန်လည်ဝေမျှလိုက်ပါတယ်။

Wednesday, March 2, 2011

Template by:
Free Blog Templates