သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Thursday, March 8, 2012

သူငယ်ချင်းအားလုံးကို ကျွန်မ အသိပေးချင်တာလေးပါ။ ကျွန်မရဲ့ labels မှာ ကဗျာရိပ်မြုံဆိုပြီးတော့ နောက်ထပ် ကဏ္ဍတစ်ခုထပ်တိုးဖို့ပါပဲ....။ ဒီကဏ္ဍလေးမှာ ကျွန်မနှစ်သက်တဲ့ကဗျာအမျိုးမျိုးတွေကို ပြန်လည်မျှဝေရင်း စုစည်းထားချင်တဲ့ ရည်ရွယ်ချက်နဲ့ ထပ်တိုးလိုက်တာပါ။ဘာလို့လဲဆိုတော့ ကဗျာတွေကို ဘလော့တွေလည်ရင်း လိုက်ဖတ်ဖြစ်ပေမဲ့ ကြာရင် ကိုယ်လည်ခဲ့တဲ့ တချို့ဆိုဒ်တွေဆို မေ့သွားတတ်တာမျိုး၊ နောက်ဆိုဒ်ပိုင်ရှင်တွေက သူတို့ဆိုဒ်ကို ပြန်ဖျက်လိုက်တာမျိုးဆို ကျွန်မကြိုက်တဲ့ကဗျာတွေ နောက်ထပ်ဖတ်ခွင့်မရတော့ဘူးလေ.... နောက်ပြီး အလွယ်နည်းနဲ့ ကိုယ့်ရဲ့ကွန်ပျူတာ microsoft မှာ ကူးထားလို့ရတယ်ဆိုပေမဲ့လည်း ကျွန်မလို ကဗျာချစ်သူတွေလည်း TYZ ဆီကို အလည်ရောက်ခဲ့ရင် ဖတ်ခွင့်ရအောင်ဆိုတဲ့အတွေးလည်း ၀င်လာလို့ပါ။ ကဗျာတိုင်းကို ကဗျာရေးသူနာမည်နဲ့တကွ ပြန်လည်ပြီးဖော်ပြပေးပါ့မယ်။ ကဗျာချစ်သူတစ်ယောက်မို့ တပါးသူရေးတဲ့ကဗျာတွေကို မလေးစားသလိုမျိုးလည်းကျမှာစိုးလို့ ဒီလိုပို့စ်လေးအဖြစ် သီးသန့် အသိပေးရင်း ကျွန်မစာမျက်နှာမှာ ဖော်ပြဖြစ်မဲ့ ကဗျာဆရာတွေကိုလည်း ခွင့်တောင်းချင်တာပါ။ ဒီလိုနည်းနဲ့သက်သက် ခွင့်တောင်းပြီးတော့လည်း တင်မှာမဟုတ်ပါဘူး။ ဆိုဒ်ပိုင်ရှင်ကို comment ကတဆင့်ဖြစ်ဖြစ်၊ cbox ကတဆင့်ဖြစ်ဖြစ်  TYZ လိပ်စာနဲ့အတူ အသိပေးပြီး ပြန်လည်မျှဝေပါ့မယ်။ တကယ်လို့ ဆိုဒ်ပိုင်ရှင် သို့မဟုတ် ကဗျာရေးသူတွေက သဘောတူခဲ့ရင် သို့မဟုတ် ဘာမှပြန်လည်မတုန့်ပြန်ဘူးဆိုရင် သူတို့ရဲ့ကဗျာကို ဖော်ပြဖို့ သဘောတူမယ်လို့ ယူဆပါတယ်။ သဘောမတူခဲ့ဘူးဆိုရင်တော့ အချိန်မရွေး TYZ ဆီမှာ လာပြီးတော့ အကြောင်းကြားပေးပါရှင်  သက်ဆိုင်တဲ့ ကဗျာတွေကို ပြန်လည်ဖျက်သိမ်းပေးပါ့မယ်။ တကယ်လို့ ကဗျာဟောင်းတွေဖြစ်နေခဲ့ရင် ကဗျာရေးသူမသိတဲ့ ကဗျာမျိုးတွေဖြစ်ခဲ့ရင်တောင် ကူးယူခဲ့တဲ့ဆိုဒ်ကို ကဗျာနဲ့အတူ ဖော်ပြပေးသွားမှာပါ။ လိုအပ်ခဲ့ရင် TYZ ရဲ့ background နဲ့ အရောင်ပြဿနာတွေရှိခဲ့ရင် ကဗျာရဲ့ စာသားတွေရဲ့အရောင် ပြောင်းခြင်းနဲ့ စာလုံးအရွယ်အစားပြောင်းလဲခြင်းတွေကိုလည်း တပါးတည်း ခွင့်ပြုစေချင်ပါတယ်။ ပြန်လည်မျှဝေခွင့်ပေးတဲ့ ကဗျာရှင်အားလုံးကို ကြိုတင်ပြီး လေးနက်စွာ ကျေးဇူးတင်ပါရစေ..........။

ကဗျာချစ်တတ်တဲ့ 
TYZ

Thursday, March 18, 2010

ကျွန်မသံယောဇဉ်သည် မိမိရဲ့ ခံစားချက်နှင့် မျှဝေမှုများကို ရွှေနိုင်ငံတော်မှ သူငယ်ချင်းမိတ်ဆွေများလည်း အလွယ်တကူ မွှေနှောက် ဖတ်ရှုနိုင်ရန် အလို့ငှာ သူငယ်ချင်း ဝေယံ (http://waiyam.co.cc/) နဲ့ ချတ်တင်ခန်းမတွင် ခေါင်းချင်းဆိုင် ဆွေးနွေးကြအပြီး ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်လိုက်သည်မှာ သံယောဇဉ်(TYZ) ကို blogspot.com မှ .tk သို့ ပြောင်းလဲရေးသားသွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ခင်မင်ရသော မိတ်ဆွေများအားလုံး သိသင့်ပါသောကြောင့် ယခုကဲ့သို့ ကြေငြာမောင်းခတ်ပြီး တစ်ဆိုဒ်ဝင်တစ်ဆိုဒ်ထွက် အသိပေးအပ်ပါတယ်..... ဒူ ဝေ ဝေ ဝေ ဝေ ဒူ ......

အပြောင်းအလဲကာလမှာ အလည်ရောက်လာသော ကိုဘရာဗိုတစ်ယောက် ကော်မန့် မပေးလိုက်ရလို့ မကျေနပ်ပဲ လက်စားချေလိုလျှင် နောက်ထပ်တစ်ခေါက်လာပြီး အပုဒ်တိုင်းကို ကြိုက်သလို လက်စားချေ ကော်မန့်ပြန်ပေးနိုင်တယ်နော်.... ဒါက ကြေငြာချက်မဟုတ်ဘူး. စိန်ခေါ်စာလို့ပြောရမလားပဲ.... အဟယ်။

ယခင်...... www.thanyawzin-thanyawzin.blogpot.com
ယခု......... www.thanyawzin.tk

အလည်ရောက်လာသော ချစ်မိတ်ဆွေ သူငယ်ချင်းများအားလုံး .... အားလုံး ကို ခင်မင်လေးစားလျှက် ... သံယောဇဉ် (TYZ)

Template by:
Free Blog Templates