သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Saturday, December 25, 2010

Wednesday, December 22, 2010

Thursday, December 16, 2010

 ဆောင်းရယ်.... လောကသားကို                                                            အအေးဓါတ်တွေနဲ့ လွှမ်းခြုံ          အေးချမ်းတဲ့ရာသီလေး  ဖန်တီးပေးနေတဲ့ နင့်ရင်မှာလည်း အလွမ်းသိပ်သည်းဆတွေ များလွန်လွန်းလို့ပဲလား...  အခါမသင့်လည်း ခပ်နင့်နင့်နဲ့ နင်ရွာချလိုက်တာများ ငြိုးမာန်တွေပါနေလို့  နင့် ထစ်ချုန်းသံလေးတွေကတောင် ကမ္ဘာကိုတုန်သွားစေသလို....
တခဏလေးဆိုပေမဲ့ 
ခပ်ရှရှနင့်ငိုသံကို ဥသြပျိုလေးကတောင် လွမ်းတေးသီပြီး
ရီဝေေ၀သူ့အလွမ်းတွေကို 
နင်နဲ့အပြိုင် ကျူးရင့်သီဆိုနေလေရဲ့...
နွေခါမဟုတ်လည်း ...
ဥသြပျိုက လွမ်းတေးသီတတ်နေသလို ဆောင်းကလည်း...သူ့ချိန်ခါမဟုတ်ပဲ  အလွမ်းမိုးတွေစွေပြနေလေရဲ့.....  အလွမ်းမီးတွေတောက်လောင်နေလို့များ
ရာသီတွေတောင် ဝေေ၀၀ါးဝါးနဲ့ 
သဘာဝဓလေ့တွေမေ့နေတတ်ကြပြီလား......
ဒီလိုဆို....
ငါလိုလူ အညတြတစ်ယောက်က နာရီတွေလည်ပတ်နေတာကိုမေ့ နေ့ညတွေနဲ့ အလေ့အထတွေလည်း မှားယွင်းနေခဲ့တာ....ဆောင်းရာသီရေ.......ဘယ်နှစ်ကြိမ်တိုင်ခဲ့ပြီလဲကွယ်....  ငါရဲ့ေ၀၀ါးခြင်းတွေ မေ့မှားခြင်းတွေကဘယ်နှစ်ကြိမ်တိုင်ခဲ့ပြီလဲ.. ဥသြငယ်လေးရယ်....။။

Monday, December 13, 2010

 သူလေးပေါ့ ......
ဒီဇာတ်လမ်းထဲက 
ဇာတ်ရံလေး.....
သူ့ဇာတ်ကွက်အတွက် 
ရှောင်ပြေး......

ဝေးပြီလို့ သူထင်ခဲ့တာ
ကံကြမ္မာက သူ့ကိုမညှာ
ညာညာပြီး .......
သရုပ်ဆောင်ခိုင်းတာများ 
ပါးတွေလည်းစိုရွှဲ 
ငိုပွဲတွေအခါခါနွှဲလို့ပေါ့။

အဲလို သရုပ်ဆောင်ချက်က
ဒီဇာတ်လမ်းလေး အတွက် 
သူ့ကရမဲ့ ဇာတ်ကွက်တွေဖြစ်သတဲ့
ခဏခဏငိုရှိုက်နေရတဲ့ 
သူလေးလေ...........

ဝဋ်ကြွေးကြောင့်ထင်တယ် 
ပယ်ငြင်းလို့မရ
ရှောင်ထွက်လည်းမရ
မမျှမတ သူ့ကဏ္ဍမှာ 
ဇာတ်ရံလေးအဖြစ်နဲ့ပဲ
ပါဝင်ဖြည့်စွက်နေရဆဲပေါ့။ ။

Saturday, December 11, 2010

စာဖတ်ဖို့ စာတစ်ရွက် လှန်လိုက်တိုင်း
မင်းမျက်နှာဝိုင်းလေးပဲ ပြန်ပြန်တွေ့နေတယ်။

ငါ့မျက်ဝန်းတွေ ဘယ်နေရာရွေ့ရွေ့
မင်းအရိပ်လေးပဲ ပြည့်နေတယ်။

ကျောင်းစာတွေ ငါမရပေမဲ့
မင်းပေးခဲ့တဲ့ အလွမ်းအိမ်စာတွေတော့
ငါကျေညက်နေပါပြီ.....

မင်းမစစ်ချင်တော့တဲ့
ငါ့ခံစားချက်အဖြေလွှာလေးတွေ
မင်းနဲ့ဝေးဝေးမှာ သိမ်းထားရင်း
ရလဒ်မရှိတဲ့ ငါ့ကြင်နာခြင်းတွေအတွက်
မင်းပြောင်းပြန်အချိုးချပေးခဲ့တဲ့
နာကျင်ခြင်းတွေနဲ့ပဲ
ငါ့ရင်မှာ ပြည့်နှက်နေခဲ့ရပြီ။။

မျက်နှာဝိုင်းနဲ့ ထိုသူသည် စာကျက်ပျင်းသော အကျွန်မကို စာမေးပွဲဖြေချိန်မှာပင် လာပြီး နှောင့်ယှက်နေပါသည်.... မည်သူထံသို့ တိုင်ကြားရန်သင့်ပါသနည်း အကြံပေးတော်မူကြပါကုန်.... စိတ်ညစ်တယ်နော် .... စာကျက်လို့မရဘူး ဟူးးးးးးးးးးးးး ရူးလိုက်တော့မယ်နော် လာမတားကြနဲ့ ဒါပဲ... ဗြဲ......:'( :'( :'( ကိုယ့်စိတ်ကို မနိုင်သောသူသည် အရူးမည်သည်။ စိတ်ကိုထိန်းပါလို့ အကြံပေးလျှင်တော့ တတ်နိုင်သေးမည် မထင်ပါ။ ထို့ကြောင့် ထိုအကြံပေးမည် စိတ်ကူးသူများ စိတ်ကူးကို ဖျက်ပစ်လိုက်ပါကုန်။ မျက်နှာဗြောင်တိုက်ပြီး လျှောက်ရေးထားတာကို ပို့စ်အဖြစ်တင်လိုက်သည်။ ဘယ်သူတရားစွဲမည်နည်း။ :):):)

(စိတ်ညစ်တာလေးတွေ ရေးထားမိတာကို ဖတ်မိသူတွေ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော်...။ သံယောဇဉ်ရဲ့ ရင်ဖွင့်ရာ နေရာလေးမို့ပါ။ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တစ်သက်မှာ တစ်ခါလေးတော့ လူငယ်တွေအများစု ရူးဖူးကြမှာပါ... ရူးသွပ်ခြင်းပုံစံနဲ့ အချိန်ကာလသာ မတူညီကြတာလို့ ထင်ပါတယ်.... အလည်လာသူများကို အစဉ်ခင်မင် ကျေးဇူးတင်လျှက်ပါ.... သံယောဇဉ်) 

Friday, December 10, 2010

Italy

Greek

India

Japan

Brazil

Switzerland

France

Vietnam

China

Indonesia

Australia

Korea

Lebanon

Spain
ဓါတ်ပုံ Keralites@yahoogroups.com

Wednesday, December 8, 2010


ပုစွန်ကဲ့သို့အခွံမာပင်လယ်စာများများစားမယ်ဆိုရင် လိမ္မော်ရည် သံပုရာရည်တို့ နဲ့တွဲမစားပါနဲ့
**************
 ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။လူသတ်မှုလို့ ထင်တဲ့အတွက် ရဲတွေက  အပြင်းအထန် စစ်ဆေးမှုတွေ လုပ်ပါတော့တယ်။

သူမရဲ့ ရုပ်အလောင်းကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic (အာဆင်းနစ်လို့ခေါ်တဲ့စိန်ဖြူ) အဆိပ်သင့်လို့  သေဆုံးရကြောင်း အဖြေထွက်လာပါတယ်။ အဲဒီ အာဆင်းနစ် အဆိပ် ဟာ ဘယ်က လာပါသလဲ ။

ဆေးတက္ကသိုလ် တစ်ခုရဲ့ ပါမောက္ခဆရာဝန်ကြီးတစ်ဦး ကိုလည်း ဒီပြဿနာ ကိုအဖြေရှာဖို့  ဖိတ်ခေါ်ခဲ့ပါတယ်။ ပါမောက္ခကြီးဟာ  သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အားလုံးနဲ့ မသေဆုံးခင်ကခံစားခဲ့ ရတဲ့ ရောဂါလက္ခဏာတွေကို မြင်မြင်တွေ့  ခဲ့သူတွေကို  သေချာ မေးမြန်းခဲ့ ပါတယ်။ပြီးနောက်မှာတော့ ဒီ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ” သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ မတော်တဆ အစာထဲကအာဆင်းနစ်စိန်ဖြူအဆိပ်သင့်ခဲ့ ရတာပါ၊ “ လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။

 လူတွေက နားမလည်နိုင်ဘဲ အစာထဲမှာ အာဆင်းနစ်က ဘယ်ကဘယ်လို ပါလာသလဲ ဆိုပြီး ပဟေဠိဖြစ်နေကြပါတယ်။  “Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲမှာ  အစာတွေခြေဖျက် ရာကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီ (vitamin C)ကို နေ့တိုင်း မှီဝဲခဲ့တယ်လို့ သိရပါတယ်ပါတယ် ၊ ဗီတာမင်စီဟာလည်း သူ့ အလိုလိုဆို ပြဿနာ မရှိပါဘူး ၊ သူမဟာ
ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး သူမနဲ့ အတူတူ ညစာမှာပုဇွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ” လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့ တဲ့ အခွံတွေပါတဲ့ သတ္တ၀ါတွေရဲ့ အခွံမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လွန်ခဲ့ တဲ့နှစ်ပေါင်းများစွာကတည်းက လေ့လာ တွေ့ ရှိခဲ့  ကြပါတယ်။ ဒီအစားအသောက်တွေဟာ ဒီအတိုင်း သူ့ချည်းပဲတော့ အဆိပ်အာနိသင် မဖြစ်စေပါဘူး။အာဆင်းနစ်ဟာ ပြဒါး၊ခဲစတဲ့ သိပ်သည်းသောသတ္တုများ  (heavy-metals)လို့ ခေါ်တဲ့  လူ့ ခန္ခာကိုယ်ထဲမှာ များများမရှိသင့်တဲ့ ဆိပ်သင့်သတ္တုတွေထဲမှာပါပါတယ်။သူဟာ ဗီတာမင်စီနဲ့ ပေါင်းစပ်မိသွားရင်တော့ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့
အာဆင်းနစ်အောက်ဆိုဒ်(arsenic oxide, As2O5)ကနေ အဆိပ်ပြင်းလှတဲ့  အာဆင်း
နစ်ထရိုင်အောက်ဆိုဒ်(arsenic trioxide, As2O3)အဖြစ်ပြောင်းလဲသွားပါတယ်။
ဒါက အား လုံးသိကြတဲ့ပရဆေးဆိုင်တွေမှာရောင်းတတ်ကြတဲ့ စိန်ဖြူပဲဖြစ်ပါတယ်။ကျွန်တော်တို့ ခဏခဏကြားနေကြရတဲ့  ကိုယ့်ကိုယ်ကိုယ်သတ်သေချင်ရင်သံပုရာရည်နဲ့ သောက်တဲ့ စိန်
ဖြစ်ပါတယ်။ သံပုရာရည်ထဲက ဗိုက်တာမင်စီနဲ့  အာဆင်းနစ်နဲ့ ပေါင်းသွားပြီး အဆိပ်ဖြစ်သွား တယ်ဆိုပါတော့။ အာဆင်းနစ်အဆိပ်ရဲ့ အာနိသင်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး ၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့ အာရုံကြောတွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးထွက်တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ဒီအပြင် အသက်ရှူရာကနေ စွမ်းအင်ထုတ်တဲ့ လမ်းကြောင်းကိုလဲ ပိတ်လိုက်တဲ့ အတွက် စွမ်းအင်မရတော့ဘဲ  သတိလစ်မေ့မျောခြင်းတွေဖြစ် လာနိုင်ပါတယ်။  ဒါကြောင့် ပုဇွန် ၊ အခွံပါတဲ့ ရေသတ္တ၀ါတွေကို ဗီတာမင်စီ ပါတဲ့ စားအစာများ (ဥပမာလိမ္မော်သီး၊သံပုရာသီး၊ဇီးဖြူသီးစသည်)၊ဗီတာမင်စီဆေးပြားများ(ဥပမာ စီဗစ်)တို့ နဲ့ ပူးတွဲ မစားကြ ဖို့ သတိပေးထားပါတယ်။ဒီအစားအစာတွေကို မကြိုက်လို့ မစားပေမယ့် အခုအချိန်မှာ တုပ်ကွေးအအေးမိတာကို ကာကွယ်တဲ့ အနေနဲ့ စီဗစ်သောက်နေကျလူများလဲ အထူးသတိထားကြရန်လိုပါတယ်။ 

နီးစပ်ရာလူတွေကိုလက်ဆင့်ကမ်းပြောပေးကြပါဦး။ (Forward mail လေးထဲကနေ  ပြန်လည်   မျှဝေလိုက်ပါတယ်။ ဓါတ်ပုံကတော့ ဂူဂဲလ်ကနေ ရှာယူထားတာပါ။ သူငယ်ချင်း၊ မောင်နှမများအားလုံး ကာယသုခ စိတ္တသုခတွေနဲ့ ပြည့်စုံကြပါစေ။ အလည်ရောက်လာကြတဲ့အတွက်လည်း လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်ရှင်။)

Monday, December 6, 2010

နုနယ်လွန်းတဲ့ ငါ့ရင်ခွင်ထဲ
အသဲတွေလည်း ကြေမွတော့မယ်။
  ဘယ်လိုကံမျိုးပြုခဲ့လို့လဲ မဲ့ပြုံးနဲ့ငါ့ကိုလှောင်လို့နေလည်း စွဲအားပြင်းလွန်းတဲ့ မွန်းကျပ်ကျပ် သံယောဇဉ်နွယ်တွေနဲ့ ငါရုန်းထွက်မလွတ်နိုင်သေးဘူး။
ရူးချင်ယောင်ဆောင်နေတဲ့ 
မင်းရဲ့ ခနဲ့အပြုံးတွေအောက်မှာ ခါးသက်သက် နာကျင်ခြင်းတွေ  နှိပ်စက်ခံရင်းနဲ့သာ..... ငါကတော့ မူးမူးမိုက်မိုက် ရှေ့ဆက်တိုးနေတုန်း ခံစားချက်တွေက အရှုံးနဲ့လဲပြို ငိုနေတဲ့မျက်ရည်တွေ မခမ်းခြောက်နိုင်သေး ဝေးရလို့ ဆွေးဆွေးမြေ့မြေ့ မေ့ပျောက်မရတဲ့ အတိတ်ခြေရာတွေနောက် တကောက်ကောက်ငါလိုက်ရင်း.....  မင်းကတော့ အတိတ်ကို အိပ်မက်သက်သက်ပဲဆိုပြီး အပြစ်မြင်တတ်နေခဲ့ပြီ။  ထီမထင်အပြုံးလေးနဲ့ ငါ့အလွမ်းခပ်နွမ်းနွမ်းတွေ မင်းလှောင်ပြုံးလိုက်ချိန်မှာ ငါ့ကမ္ဘာငယ်လေး ဟိုး.....အဝေး ..... မှေးမှိန်ပျောက်ပျက် နာကျင်ခြင်းသက်သက်နဲ့ ငါ့ရင်ခွင်ကိုသော့ခတ်လိုက်တယ်။

Sunday, December 5, 2010

ဓါတ်ပုံ- ဂူဂဲလ်
Try to make you smile
 Hide my pain in mind.....

 
When I miss your smile
 As I lose my mind.....

 
 Crying like a child  

My life without rhyme.....

Saturday, December 4, 2010

ဆောင်းမြူတွေအုံ့ဆိုင်း 
လေရိုင်းခတ်ချိန်မှာ
လွင့်မျောနေတဲ့ 
ဆံနွယ်နော့နော့ကို
ဆော့ကစားကျီစယ်
ပြုံးရယ်တတ်တဲ့
လဲ့လဲ့မျက်ဝန်း 
ရွှန်းစိုအကြည့်ရှင်
သခင်မောင့်ကို ညှိုးရော်စိတ်နဲ့
ယဲ့ယဲ့လေးလွမ်း .... တမ်းတမိတယ်။

Tuesday, November 30, 2010

မင်းဆိုဖူးတဲ့ သီချင်းရဲ့ Melodyကို ငါပြန်ညည်း မျက်ဝန်းအိမ်မှာ မျက်ရည်မြစ်တို့ စီးဆင်းနေပြန်ပြီ။ အချိန်အခါမဟုတ်တဲ့မျက်ရည်မိုးက ငါ့နှလုံးသားမှာရွှဲရွှဲစို ငှက်ဖျားမိထားသလို ချမ်းအေးလွန်းလို့ တုန်ရီနေဆဲ။  ဒါပေမဲ့လည်း...... ဒီ Melody ဆိုညည်းခဲ့ဖူးတဲ့မင်းလေး ငါ့ဘေးနားဆီကို ပြန်မလာနိုင်တော့ပြီပဲ.....။  ဝေးခဲ့ကြပြီ......... ငါ့အိပ်မက်တွေရဲ့ အဆုံးထိမင်းလေးလိုက်မလာနိုင်တော့ပြီပေါ့။    နောက်ဆုံးတော့လည်း...... ဒို့ နှစ်ယောက်လုံး ချစ်ခဲ့ကြတာ ကံကြမ္မာစေစားချက် တစ်ခုပါပဲတဲ့လား။။  ပျော်နိုင်ပါစေ ချစ်သူ.... မြတ်ဘုရားရှေ့မှာ မျက်နှာပူစွာနဲ့ ငါရည်စူး ဆုတောင်းပေးနေတတ်ခဲ့ပြီပဲ။   အချစ်စစ်ဆိုတာလည်း.... ငါတကယ်ကို နားလည်သွားပါပြီ။ ဒီလိုပါပဲ....  မင်းညည်းဆိုဖူးတဲ့ ဒီ Melody ငါ့နှလုံးသားမှာ နင့်နေအောင် စွဲထင်ကျန်ရစ်ဆဲ.... ငါညည်းဆိုနေဆဲပဲပေါ့ ဒီ Melody.....။  မင်းအငွေ့အသက်တွေနဲ့ စီးဆင်းပျော်ဝင်နေသေးတဲ့ ဒီ Melody .....။

Friday, November 26, 2010

Monday, November 22, 2010



ဘာသာစကားကို နားမလည်ပေမဲ့ တကယ့်ကို အနုပညာမြောက်တဲ့ ပြကွက်တွေမို့ သဘောကျလို့ သိမ်းထားချင်တာရော မကြည့်ရသေးတဲ့ သူငယ်ချင်းမောင်နှမများကိုပါ ကြည့်ရှုခံစားစေချင်လို့ မျှဝေလိုက်ပါတယ်နော်။ အလည်လာသူများအားလုံးကို ခင်မင်စွာဖြင့် အစဉ်ကျေးဇူးတင်လျှက်.... သံယောဇဉ်။

Saturday, November 20, 2010















ဓါတ်ပုံ Keralites@yahoogroups.com

Friday, November 19, 2010
















ဓါတ်ပုံ Keralites@yahoogroups.com

Thursday, November 18, 2010

Wednesday, November 17, 2010

Aspire to reach your potential.
Believe in yourself .
Create a good life .
D
ream about what you might become .
Exercise frequently .
Forgive honest mistakes.
Glorify the creative spirit .
Humor yourself and others .
Imagine great things.
Joyfully live each day .
Kindly help others .
Love one another.
Meditate daily..
Nurture the environment ..
Organize for harmonious action .
P
raise performance weel done .
Question most things .
R
egulate your own behavior .
Smile often.
Think rationally .
Understand your self.
Value life .
Work for the common good .
X-ray and carefully examine problems .
Yearn to improve.
Zestfully pursue happiness ..


Forward mail မှတဆင့် ပြန်လည်မျှဝေပါတယ်။ လာရောက်လည်ပတ်ပေးကြတဲ့ သူငယ်ချင်းမောင်နှမများအားလုံးကို အစဉ်ကျေးဇူးတင်လျှက်..... သံယောဇဉ်။

Tuesday, November 16, 2010












ဓါတ်ပုံ Keralites@yahoogroups.com

Template by:
Free Blog Templates