သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Monday, November 8, 2010

မြ၀တီမှ ထွက်ပြေးလာသူများ
သံယောဇဉ်က ဒီဆိုဒ်မှာ သွားဖတ်ပါတယ်။ ခဏခဏ update လုပ်ပေးနိုင်တာ တွေ့ရတယ်။ မိတ်ဆွေများကို ပြန်လည် မျှဝေပါတယ်ရှင်. (http://soneseayar.blogspot.com/2010/11/blog-post_08.html) မသိသေးသူများ သွားဖတ်သင့်ပါတယ်။

ဓါတ်ပုံက ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့သတင်းဆိုဒ်(http://ycowanews.blogspot.com/) ကပါ။

Tuesday, October 12, 2010





Taunggyi GTC collapse ဆိုပြီး အခုပဲforward mail လေးရောက်လာလို့ပါ။ သိပြီးတဲ့သူတွေလည်းရှိမှာပါနော်။ ဟုတ်မဟုတ်တော့ ကျွန်မလည်းမသေချာပါဘူးရှင်။ ဒေသခံတွေနဲ့ နီးစပ်တဲ့သူတွေပဲ ပိုသိမှာပါ။ တကယ်ဖြစ်ခဲ့ရင် မသိသေးသူများအား သိစေချင်တဲ့ စေတနာနဲ့ ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ တကယ်လို့ အမှန်မဟုတ်ဘူးဆိုရင်လည်း ပြောခဲ့ပါနော်....။ ဒီသတင်းကို ပြန်ဖျက်ပါ့မယ်။  ဒီလိုအဖြစ်မျိုးတော့ မဖြစ်စေချင်ပါဘူး။ ဓါတ်ပုံထဲက ရက်စွဲအရဆို ကြာတောင်နေပြီပေါ့ (၇ ) လပိုင်းကတည်းကဆိုပဲ။ အခုမှသိလို့ အခုမှပဲ တင်လိုက်တာပါ။ :P မသိသေးသူများ သိပါစေသောဝ်...

ဒီလိုဖြစ်ရခြင်းဟာ ဘယ်သူ့အပြစ်ပါလိမ့်နော်..........။ အားလုံးပဲ သိမှာပါ။ ဒါဟာ....ဘယ်သူ့ကြောင့်ပါလဲ.....?

Sunday, October 10, 2010



From ... RT-RussiaToday's Channel

Saturday, June 26, 2010

မွန်စာပေ၊ မွန်လူမျိုး တိုးတက်ရေးအတွက် တစိုက်မတ်မတ် လုပ်လာခဲ့သူ
မွန်အမျိုးသား ပညာရှင် ဒေါက်တာနိုင်ပန်းလှဟာ ဇွန်လ ၁၈ ရက်နေ့မှာ
ကွယ်လွန်သွားပါတယ်။ အသက် ၇ဝ ကျော်မှ PH.D, LLB ပါရဂူဘွဲ့တွေ ရခဲ့သူ
ဆရာနိုင်ပန်းလှဟာ မကွယ်လွန်ခင် အချိန်အထိ သုတေသန စာတမ်းတွေ ရေးသား
ပြုစုနေခဲ့တာ ဖြစ်ပါတယ်။ ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ ကွယ်လွန်သွားတာဟာ
မွန်လူမျိုးတွေအတွက် သာမက မြန်မာနိုင်ငံက သုတေသန လုပ်ငန်းတွေ အတွက်လည်း
အကြီးအကျယ် ဆုံးရှုံးမှု ဖြစ်တယ်လို့ ပညာရှာနေသူတွေက ပြောပါတယ်။ ဒီအကြောင်း
အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က
တင်ပြပေးထားပါတယ်။


မွန်အမျိုးသား စာပေနဲ့ သုတေသန ပညာရှင် တဦးဖြစ်သူ အသက် ၈၈ နှစ်အရွယ်
ပါမောက္ခ ဒေါက်တာနိုင်ပန်းလှဟာ ရန်ကုန်မြို့ နေအိမ်မှာ
ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုဝင်တဦးကို ဆက်သွယ်မေးခဲ့ရာမှာ အခုလို
ပြောဆိုခဲ့ပါတယ်။


“၁၈ ရက်နေ့ ၅ နာရီ မနက်ပိုင်းနော်။ သူ့ရဲ့နေအိမ်မှာပဲ။ လူကြီးရောဂါပါပဲ။ တနင်္ဂနွေနေ့ ၁ နာရီလောက်မှာ သဂြုင်္ိဟ်ပါတယ်။”


ပါမောက္ခ ဒေါက်တာနိုင်ပန်းလှရဲ့ အရိုးပြာတွေကို သူ့ချက်မြှုပ်ဇာတိဖြစ်တဲ့
ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှာ ဂူသွင်း မြှုပ်နှံသွားမယ်လို့
မိသားစုတွေက ပြောပါတယ်။ သူ့ရဲ့ သက်တမ်းတလျှောက်မှာ သုတေသန လုပ်ငန်းတွေကို
အားကြိုးမာန်တက် လုပ်ဆောင်ခဲ့သူ ဖြစ်သလို သူရေးသားခဲ့တဲ့ စာပေတွေဟာ
သမိုင်းမှတ်တိုင်အဖြစ် စာပေယဉ်ကျေးမှု သုတေသန သမားတွေအတွက်
အဖိုးမဖြတ်နိုင်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။ ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ
ရေးသားခဲ့တဲ့ သုတေသနစာပေတွေ အပေါ်မှာ အစဉ်တစိုက် လေ့လာခဲ့သူ၊
ဒေါက်တာနိုင်ပန်းလှနဲ့ ရင်းနှီးသူဖြစ်တဲ့ မွန်စာပေ သုတေသီ
နိုင်အောက်ပိုင်ကို မေးမြန်းခဲ့ရာမှာ အခုလိုပြောပါတယ်။


“ဒေါက်တာနိုင်ပန်းလှရဲ့ စာတွေထဲမှာ ဆိုလို့ရှိရင် ရာဇဓိရာဇ်
အရေးတော်ပုံကျမ်း အကောင်းဆုံးစာအုပ်လို့ ပြောရမှာပေါ့။ သူ့သက်တမ်းတလျှောက်
ပြုလုပ်ခဲ့တဲ့ သုတေသနတွေပေါ့လေ။ မွန် ရှေးဟောင်းကျောက်စာ သမိုင်း
အထောက်အထား ဒါတွေဟာ တော်တော်တန်ဖိုးရှိတယ်။ ဒီ အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့
မွန်စာသင်ကြားမှုပေါ့နော်၊ အဲဒါ အချက်အလက်ကျကျ၊ နောက်ပြီးတော့ တခုက
ဝါရီရူဖြတ်ထုံး ဓမ္မသတ်ကျမ်းပေါ့နော်၊ မွန်ဓမ္မသတ်ကျမ်း ၁၁ စောင်တွဲပေါ့၊
အဲဒါတခုရယ်၊ သူ့ရဲ့ ဆောင်းပါးတွေထဲမှာ သူထုတ်ခဲ့တဲ့ ဒေါက်တာနိုင်ပန်းလှ၏
သုတေသန စာတမ်းများ ဆိုလို့ရှိရင် စာပေပညာရှင်တွေ၊ စာပေဝါသနာရှင်တွေ အနေနဲ့
တော်တော် အထောက်အကူဖြစ်တဲ့ စာအုပ်ပဲ။”


ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ ကွယ်လွန်သွားတာဟာ မွန်လူမျိုးတွေသာမက
မြန်မာနိုင်ငံ သုတေသီလုပ်ငန်းအတွက် ဆုံးရှုံးမှုတရပ်လို့ မွန်သုတေသီ
နိုင်အောက်ပိုင်က ပြောပါတယ်။


“နိုင်ပန်းလှလို ဆရာမျိုး တော်တော်ရှာရခက်တယ်လို့ ကျနော် ယူဆတယ်။
နောက်ပြီး သူနဲ့အလားတူ ဆက်ကြိုးစားသွားနိုင်ဖို့က တော်တော်လေးကို
အချိန်ယူရတယ်။ အခုလို တန်ဖိုးရှိတဲ့ အသိဉာဏ်ရှိတဲ့ ပညာရှင်တယောက်
ကွယ်လွန်သွားတော့ မွန်ပြည်သူလူထု တရပ်လုံးကတော့ ဝမ်းနည်းမှာပေါ့။
ကျနော့်အနေနဲ့ကလည်း တော်တော်ဝမ်းနည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်
ဒီစာတွေ၊ ဒီ ရှေးဟောင်းမွန်တွေရဲ့ အမွေအနှစ်တွေ ဖော်ထုတ်ဖို့
အများကြီးရှိတဲ့ အထဲမှာ ဘယ်သူတွေ ဖော်ထုတ်နိုင်မလဲ ဆိုတာက။”


ပါမောက္ခ ဒေါက်တာနိုင်ပန်းလှဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်
ကော့ဘိန်းရွာမှာ ၁၉၂၃ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ အခြေခံပညာ အထက်တန်းအထိသာ
သင်ကြားခဲ့ပြီး ဓာတုဗေဒမင်းကြီး ဦးချစ်သောင်းရဲ့ ဓာတုဗေဒဌာနမှာ
စာရေးအဖြစ် စတင်လုပ်ဆောင်ခဲ့ပြီး ပါမောက္ခ ဒေါက်တာလုစ်နဲ့ တွဲဖက်ပြီး
ရှေးဟောင်းသုတေသန လုပ်ငန်းတွေမှာ တာဝန်ယူခဲ့ပါတယ်။ နှစ် ၄ဝ ကျော်
ရှေးဟောင်းယဉ်ကျေးမှု သုတေသနဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အသက် ၇ဝ ကျော်
၁၉၉၁ ခုနှစ် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် မြို့မှာရှိတဲ့ တက္ကသိုလ်ကနေ
ယဉ်ကျေးမှု၊ မနုဿဗေဒ အထူးပြုနဲ့ B.Sc ဘွဲ့ကို ရခဲ့သလို PH.D ဘွဲ့ကိုလည်း
ဂုဏ်ထူးနဲ့ ရရှိခဲ့ပါတယ်။


၁၉၉၂ ခုနှစ်မှာ ဝါရီရူ ဓမ္မသတ်ကျမ်း ၁၁ စောင်တွဲကို ကျမ်းပြုခဲ့လို့ ဥပဒေ
ပါရဂူဘွဲ့ကို ချီးမြှင့်ခြင်း ခံရပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဂျပန်နိုင်ငံ
အိုကာနာဝီကျွန်းမှာရှိတဲ့ မေရူတက္ကသိုလ်မှာ အမြဲတမ်း ပါမောက္ခအဖြစ်
အရှေ့တောင်အာရှ ယဉ်ကျေးမှုနဲ့ သမိုင်းဘာသာရပ်တွေကို ပို့ချပေးခဲ့ပါတယ်။
ဒါ့အပြင် မွန်ကျောင်းသား လူငယ်များ မွန်စာပေ တတ်မြောက်ရေးအတွက်
နိုင်ပန်းလှ ထာဝရရန်ပုံငွေတခု တည်ထောင်ထားပြီး မွန်စာပေ
ဘာသာပြန်ပြိုင်ပွဲတွေ၊ ပညာရေး ထူးချွန်တဲ့ မွန်ကျောင်းသားတွေကို
ထောက်ပံ့ခဲ့ပါတယ်။ ကွယ်လွန်တဲ့ အချိန်အထိ သုတေသန စာပေတွေ ရေးသားနေဆဲလို့
ဆွေမျိုးသားချင်း တဦးက ပြောပါတယ်။

မွန်လူမျိုးအတွက်သာမက မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့သုတေသီတစ်ဦးဖြစ်တဲ့ ဒေါက်တာနိုင်ပန်းလှရဲ့ ကွယ်လွန်ခြင်းအတွက် သံယောဇဉ်လည်း ရင်ထဲမှာ နှမြောတသသနဲ့ ၀မ်းနည်းရပါတယ်။သတ္တ၀ါတိုင်း သေခြင်းတရားကိုတော့ ရှောင်ပုန်းလို့ မလွတ်နိုင်ပါဘူးလေ။  ဒီသတင်းကို တင်လိုက်ရတာကတော့ ဒီအကြောင်း မကြား၊ မသိသေးတော့ လာရောက်လည်ပတ်သူ မောင်နှမ၊ သူငယ်ချင်းများအား သိစေလို၍ မျှဝေပေးလိုက်ပါတယ်။ ဒီသတင်းကိုတော့  Mon Music ကနေ ကူးလာတာပါ။

Friday, April 2, 2010

ကမ္ဘာအကြီးဆုံး Search Engine တစ်ခု ဖြစ်သော  Google Inc က မြန်မာတစ်နိုင်ငံလုံး အင်တာနက်လွယ်ကူစွာသုံးနိုင် ရန်ကူညီပေးမည်ဟု ကတိစာချုပ်
ကိုယမန်နေ့ကချုပ်ဆိုလိုက်သည်.. မေလဆန်းပိုင်းမှာ တစ်နိုင်ငံလုံး ကို fiber optics cabel များစတင်ပြေးဆွဲမှာဖြစ်ပြီး 2010 အကုန်တော့ စတင်သုံးစွဲနိုင်မှာဖြစ် တယ်ဟု Google အင်တာနက်စာမျက်နာတွင်ဖော်ပြထားသည်.
       information
ကို လွယ်ကူစွာရှိရမည့်ဟု Google ရဲ့ဆောင်ပုဒ်နှင့်အညီ အိမ်တိုင်းတပ်ဆင်ရာတွင် တပ်ဆင်ခကို အခမဲ့ပြုလုပ်သွားမည်ဟု အဆိုပါ အင်တာနက်
စာမျက်နှာတွင်ရေးသားထားသည်.. လစဉ် အင်တာနက်သုံးနူန်းကကို လေး အမေရိကန်ဒေါ်လာ ၃၀ - ၄၀ မျှသာ ကုန်ကျမယ်လို့သိရှိရပါတယ်.
အင်တာနက်မြန်နူန်းမှာ လည်း အနည်းဆုံး 3Mbps ရရှိမှာဖြစ်ပါတယ်..

Forward mail က ရတာကို ပြန်လည်မျှဝေခြင်းပါ။

Saturday, February 27, 2010

ခရစ်ယာန်ဘာသာဝင်တွေရဲ့ သမ္မာကျမ်းစာထဲမှာ ခရစ်တော်အတု ပေါ်လာမယ်ဆိုတာ ပါရှိပါတယ်။ အဲ့အခုတော့ သူ့ကိုယ်သူ ခရစ်တော်လို့ ပြောတဲ့သူ နောက်တစ်ယောက် ပေါ်လာပါပြီးဗျာ ..တန်ခိုးတော့မပြနိုင်ပေမဲ့ လူပေါင်း တစ်သောင်းလောက်ကို လက်နက်မရှိ၊ ငွေမရှိဘဲ သူကိုရှစ်ခိုးတဲ့သူတွေ၊ သူ့နောက်လိုက်တွေ ဖြစ်လာအောင်လုပ်နိုင်တဲ့သူ့အစွမ်းကိုတော့ လျှော့တွက်လို့မရဘူး။ သူဟာ ရုရှားလူမျိုးဖြစ်ပြီး နာမည်ကတော့ Sergey Anatolyevitch Torop လို့ခေါ်ပါတယ်။
သူဟာ Krasnodar မြို့ မှာ ဇန်နဝါရီလ ၁၄ရက် ၁၉၆၁ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ သူရဲ့ဘာသာဝင်တွေကိုတော့ Vissarionites လို့ခေါ်ပါတယ်။ သူနေတဲ့ Petropavlovka ရွာနားက ရွာပေါင်းသုံးဆယ်လောက်မှာရှိတဲ့ လူအယောက် ၅ဝဝဝ လောက်ဟာသူ့ကို ယေရှု့လို့ယုံကြည်ကြသလို ကမ္ဘာတစ်ဝန်းမှာဆို သူ့ကို ယုံကြည်သူ ၁ဝဝဝဝ လောက်ရှိပါတယ်။ အမှန်တော့ သူဟာ "Church of the Last Testament" ဆိုတဲ့ ဘာသာကို စတင်အုပ်မြစ်ချပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဘာသာဟာ ရုရှားအောက်သဒေါ့ခရစ်ယာန် နဲ့ ဗုဒ္ဓဘာသာဝင် တွေကနေပြီး ပတ်ဝန်းကျင်နှင့်ဆက်နွယ်၍ ဆင်ခြင်အပ်သော သတ္တလောက။ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပညာ။ ဂေဟဗေဒ နဲ့ သက်သက်လွတ်စားခြင်း စတဲ့ ကောင်းမြတ်တဲ့အချက်တွေကို ပေါင်းစည်းထားခြင်းသာဖြစ်ပါတယ်။ "Community of Unified Faith" (ယုံကြည်မှု့များ ပေါင်းစည်းထားသောအဖွဲ့) လို့လဲ တစ်မျိုးတဖုန်လူသိကြပါသေးတယ်။
နောက်တစ်ယောက်ကတော့ dailymail ကပါ
မုတ်ဆိတ်မွှေး နှုတ်ခမ်းမွေးတွေနဲ့ အဝတ်အစား ဝတ်ဆင်ပုံ က ယေရှု့ နဲ့တူသလို တစ်ချက်တစ်ချက်တစ်ပြုံးလိုက်တဲ့ အချိန်မှာ တော့ သူတော်စင်တစ်ယောက်နဲ့လိုပါဘဲ။ ဒါပေမဲ့ သူကို ယုံကြည်ကြတာတော့ ဆိုက်ဘေးရီးယားအစွန်အဖျား ကလူတွေ ဖြစ်ပါတယ်။ Sergei Torop ဆိုတဲ့သူဟာအရင်က ယာဉ်ထိန်းရဲ တစ်ယောက်ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်ပုံကလဲ အပိုစာသားတွေမပါဘဲ ယေရှု ကဲ့သိုသာဖြစ်ပါတယ်။ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ Torop ဟာ မော်စကို မြို့နဲ့ မိုင်ပေါင်း ၂ဝဝဝ လောက်ဝေးတဲ့ Petropavlovka ဆိုတဲ့ ရွာကလေးတစ်ရွာက လူအယောက်ပေါင်း ၅ဝဝဝ လောက်ရဲ့ အထင်ကြီး ကိုးကွယ်ယုံကြည်မှု့ကိုခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Torop စစ်မှု့ထမ်းအပြီးမှာတော့ ယာဉ်ထိန်းရဲ့ဝင်လုပ်ပါတယ်။ ယာဉ်ထိန်းရဲ့အလုပ်ကလဲပြုတ်သွားရော ချက်ခြင်းလက်ငင်းဆိုသလိုဘဲ သူဟာ လွန်ခဲ့တဲ့ နှစ် ၂ဝဝဝ လောက်က ကားတိုင်မှာ အသေသတ်ခြင်းခံခဲ့ရတဲ့ ယေရှုဖြစ်ပြီး ဒုတိယအကြိမ် ပြန်ကြွလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဘုရားသခင်က သူကို ဒီကမ္ဘာမြေပေါ်မှာ အကြမ်းဖက်မှု့ စစ်ခင်းနေမှု့ နဲ့ သဘာဝဘေးအန္တရာယ်တွေ... .. (မကောင်းတာတွေအကုန်လုံးကို ပေါ့ဗျာ) ဆုံးမသင်ကြားပေးဖို့လွတ်လိုက်တာလို့ဆိုပါတယ်။ သူ့တို့ရွာမှာ တစ်ကမ္ဘာလုံး ပြုလုပ်နေတဲ့ ခရစ္စမက်ပွဲတော် မပြုလုပ်ဘဲ သူရဲ့ တရားစဟောတဲ့နေ့ သြဂုတ်လ ၁၈ ရက်နေ့မှာကြီးကျယ် ခန်းနားစွာပွဲတော်ကြီး ပြုလုပ်ကြပါတယ်။ သူရဲ့နောက်လိုက်ဖြစ်ခြင်ရင်တော့ သက်သက်လွတ်စားရမယ် ဆေးလိပ်၊ အရက် မသောက်ရဘူး ပြီးတော့ ပိုက်ဆံလဲကိုင်လို့ မရပါဘူး။ ရွာထဲမှာတော့ သူ့ယုံကြည်သူ တွေဟာ သစ်လုံးအိမ် ပေါင်း သုံးရာလောက် နဲ့ဆောက်နေကြပြီး ထောင်ပေါင်းများစွာသော တခြားယုံကြည်သူတွေကလည်း အိမ်တွေကို ရွာပါတ်လည်မှာ ဆောက်ပြီးနေကြပါတယ်။ အကြောင်းကတော့ သူတို့ဆီက ဆိုးရွားလှတဲ့ ဆောင်းရာသီမှာ သူတို့ယုံကြည်ကိုးစားရတဲ့ မေရှိယအရှင် နဲ့ အနီးမှာနေခြင်လို့ဘဲဖြစ်ပါတယ်။ သူတို့ရွာနဲ့နီးတဲ့ တောင်ပေါ်မှာတော့ ခေါင်းလောင်းကြီး တစ်လုံးထားပြီး တစ်ရက်ကို သုံးခါ တီးပါတယ်။ အဲ့ဒီခေါင်းလောင်းတီရင်တော့ အလုပ်လုပ်နေတဲ့သူတွေဟာ အလုပ်ကို ရပ်ပြီး ဒူးထောက်ဘုရားရှင်ခိုးကြရပါတယ်။ Torop ဟာ မိန်းမနဲ့ သားသမီးခြောက်ယောက်ရှိပါတယ်။ အဲ့ဒီ သားသမီးခြောက်ယောက်ထဲမှာတော့ တစ်ယောက်က မွေးစားထားတာဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ နေ့ရက်တွေကို ပန်းချီဆွဲတဲ့အလုပ်နဲ့ ကုန်စေသူတစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင် လဲ သူဟာ ပြင်သစ်၊ အီတလီ နဲ့ ဟောလန်နိုင်ငံတို့ကိုသွားပြီး သူ့ကိုယ်ကိုးကွယ်တဲ့ တပည့်သစ်တွေရရှိဖို့ သာသနာပြုထွက်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ သူ့ဘုရားကျောင်းကပိုက်ဆံမဟုတ်ဘူးတဲ့ ခေါ်တဲ့သူစပွန်စာနဲ့ သွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ်တစ်ယောက်ကတော့ သူတို့ကိုယ်သူတို့ ယေရှု့ခရစ်တော် ဝင်စားတာပါလို့ ပြောခဲ့ကြတဲ့ သူများဖြစ်ပါတယ်။
သူနာမည်ကတော့ Suma Ching Hai ဖြစ်ပါတယ်။ ဂျပန်လူမျိုးဖြစ်ပြီး ၁၉၅၀ မေလ ၁၂ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ သူ့ကိုယ်သူကတော့ ဗုဒ္ဓဘုရားနဲ့ ယေရှု့ဘုရားဝင်စား တာလို့ပြောသူဖြစ်ပါတယ်။ သူကတော့ တရားထိုင်ခြင်းနဲ့ ပါတ်သတ်တဲ့ အကြောင်းတွေကို သင်ကြားပေးသူတစ်ယောက်ဖြစ်ပါတယ်။
Jim Jones လို့ခေါ်ပါတယ် ၁၉၃၁ မေလ ၁၃ ရက်နေ့မှာမွေးပြီး ၁၉၇၈ နိုင်ဝင်ဘာလ ၁၈ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကတော့ သူ့ကိုယ်သူ ဗုဒ္ဓဘုရား၊ ယေရှု့ဘုရား၊ ရုရှာရဲ့အောက်တိုဘာတော်လှန်ရေးက လီနင်၊ ပြီးတော့ဘာတွေလဲမသိဘူး Akhenaten တို့ Father Divine တို့စုံနေတာဘဲ ။
John Nichols Thom လို့ခေါ်ပါတယ်။ ၁၇၉၉ မှာမွေးပြီး ၁၈၃၈ မေလ ၃၁ မှာတိုက်ပွဲကျလို့ သေဆုံးခဲ့သူဖြစ်ပါတယ်။ သူကလဲ သူကိုယ်သူ ယေရှု ဝင်စားတာပါတဲ့ သူခန္ဓာကိုယ်ကလဲ ကောင်းမြတ်တဲ့ ဝိဥာဉ်တွေရဲ့ ဘုံဘိမာန်ဖြစ်တယ်လို့ပြောပါတယ်။
Marshall Applewhite ဖြစ်ပြီး သူကလဲ သူ့ကိုယ်သူ ဘုရားသားတော် ယေရှုဖြစ်ပါတယ်လို့ပြောခဲ့သူတစ်ဦးဖြစ်ပါတယ်။

မူရင်းကတော့ Mistake 51 Area ကပါ။ အဲဒီမှာ ပုံနဲ့တကွ ဝေေ၀ဆာဆာ ဖော်ပြထားပါတယ်။

Tuesday, February 16, 2010



Google Buzz ကို ဒီ ၂ ရက်အတွင်းမှာ တော်တော်လန့်သွားတယ်။ အဓိကကတော့ privacy လုံးဝကို မလုံခြုံတော့ဘူး။ Google ဘာတွေလုပ်နေလဲ မသိတော့ဘူး ဒီ ၂ ရက်အတွင်းမှာကို သူတို့ တိတ်တိတ်လေးနေ့ ပြင်နေတာ အများကြီးပဲ။
Buzz ထဲမှာ ကျွန်တော့်ကို follow လုပ်ဖို့ ကျွန်တော့်ကို ခွင့်တောင်းစရာမလိုဘူး။ follow လုပ်ပြီးတာနဲ့ ကျွန်တော် တင်သမျှ Buzz messages တွေအကုန် ဖတ်လို့ရသွားပြီ။ ကျွန်တော် မတင်ဘဲနဲ့လဲ အခြား Google က services တွေ မှာ ကျွန်တော်လုပ်သမျှ Buzz မှာ update လုပ်နေတယ်။ ဥပမာ Google Reader မှာ တစ်ခုခု share တာမျိုးကို အကုန်ကြည့်လို့ ရနေတယ်။ နောက် Gtalk Status message ကိုလဲ update လုပ်တယ်။
Google Profile မှာ ကိုယ့်ဖြည့်ထားသလောက် information ကလဲ လူတိုင်းကြည့်လို့ရနေပြီ။ အရင်က profile ကို hide လုပ်ထားလို့ရတယ်။ အခု Buzz ထွက်လာတော့ profile က ကျွန်တော့် message က နာမည်ကို နှိပ်လိုက်တာနဲ့ တန်းပြီး ကြည့်ရုံပဲ ဖုန်းနံပါတ်တွေ Geolocation တွေများ ထည့်ထားသေးရင် ဘယ်နားရောက်နေတယ် ဆိုတာပါသိရမယ်။ အရမ်းကြောက်ဖို့ ကောင်းတယ် နောက် Google က live Search လိုမျိုးလုပ်ပြီး လူတိုင်း messages တွေကို ဝင်ရှာနိုင်တဲ့ service မျိုးလုပ်နိုင်သေးတယ်။ မိုဘိုင်းဖုန်းကနေ Nearby Search အခုလုပ်လိုက်ရင် Buzz ကို မိုဘိုင်းဖုန်းသုံးနေတဲ့ သူတွေ (မြန်မာနိုင်ငံသားတွေ) အကုန်ရှာလို့ ရနေတယ်။
တော်တော်လေးလန့်သွားတယ် ကျွန်တော်က VIP ပုဂ္ဂိုလ်လဲမဟုတ်ဘူး ကိုယ့်အကြောင်းကို ဖုံးထားမှ ဖြစ်မယ့် လူမျိုးလဲ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော့် အကြောင်းကို web ပေါ်မှာ အကုန်ကြည့်လို့ ရနေတာကိုတော့ တော်တော်လေးလန့်သွားတယ်။ လောလောဆယ် Buzz ထဲမှာ Mashable လိုမျိုးကို follow လုပ်လို့ရတယ်။ သူတို့ ဘာတွေ အသစ်တင်လဲဖတ်လို့ရတယ် comment ဝင်ရေးလိုက်ပြီဆိုပါစို့ အဲဒီ comment မှာပါတဲ့ ကျွန်တော့် နာမည် profile ကနေ email ဖြည့်ထားရင် spam mail ပို့လို့ရပြီ။ Geolocation နဲ့ Buzz ကို update လုပ်ထားရင် ကျွန်တော်ရှိတဲ့ နိုင်ငံကို လိုက်ပြီး location based Spam ကြော်ငြာတွေ ပို့လို့ရပြီ။ ပြောလို့မရဘူး contact မှာပါတဲ့ ဖုန်းနံပါတ်တွေကို mobile ဖုန်း ကြေငြာလုပ်တဲ့ သူတွေ location based နဲ့ လိုက်ရှာပြီး SMS ကြော်ငြာတွေ ပို့လို့ ရနေမယ်။ အနည်းဆုံး SMS နဲ့ မင်းထီပေါက်ပါတယ် ဆိုပြီး လာတဲ့ အချိန် ထီထိုးထားမိရင် ကျွန်တော်သာဆို ယုံမိတော့မှာပဲ။
Google Buzz က အမှန်တော့ Twitter + FaceBook’s Like + Geolocation ပေါင်းထားတာပဲ။ Google က အချိန်တို အတွင်းမှာ သူ့ရဲ့ Social Networking ဆိုဒ်ကို အကြီးကြီးဖြစ်လာချင်တော့ အတင်း force လုပ်ပြီး ကျွန်တော် ဘာမှ မသိလိုက်ရပဲ ကျွန်တော့် Gtalk list ထဲက သူတွေကို follow လုပ်ထားပြီးသားဖြစ်နေတာ တွေ့ရတယ်။ မလုပ်ရသေးတဲ့သူများဆိုလဲ Recommanded ဆိုပြီး လာပြနေသေးတယ်။ Spammer တွေအတွက် အကောင်းဆုံး ဂွင်တစ်ခုလိုဖြစ်နေပြီ bot များရေးထားပြီး crawl လုပ်လိုက်ရင် Buzz ကနေ နာရီဝက်လောက် အတွင်းမှာ email contact ပေါင်းသိန်းချီရနိုင်တယ်။ ပြီးရင် အဲဒီကောင်တွေ ကို business တွေဆီ ဒေါ်လာ ရာဂဏန်းလောက်နဲ့ ရောင်းစား ပိုက်ဆံရှာလို့ရတယ်။
ထွက်တာ ၂ ရက်ပဲရှိသေးတဲ့ Buzz ရဲ့Privacy သတင်းကတော့ web ပေါ်မှာ တော်တော်လေးပြန့်နေတယ်။ အခု ကျွန်တော်ရေးထားတာတောင် personal အမြင်ပဲ ရှိသေးတယ် security professional တွေရဲ့ articles တွေ အခုပဲ “Google Buzz Privacy” ဆိုပြီး ရှာလိုက်တာတောင် result 66,300,000 အဲဒီလောက်ထွက်နေပြီ။ ကျွမ်းကျင်တဲ့သူတွေ ရေးထားတာကို ရှာဖတ်ကြည့်လေ Buzz က ကြောက်စရာကောင်းလာလာလေလေ ဖြစ်လာတာနဲ့ ကျွန်တော်ကတော့ Buzz ကို လုံးဝပိတ်လိုက်ပြီ။ ပိတ်ချင်ရင် Gmail အောက်ဆုံးမှာ turn off buzz ဆိုပြီး ရှိပါတယ်။ အဲဒီကနေ ပိတ်လို့ရပါတယ်။ ကျွန်တော်ကတော့ Buzz သုံးလိုက်ကတည်းက online privacy နဲ့ပက်သက်ပြီး shock ရသွားတယ် ပထမဆုံးဘဲ။ Google လိုမျိုးက သူ့ product အောင်မြင်ဖို့ဆို ကျွန်တော်တို့ privacy ကို ချနင်းဖို့ ဝန်လေးပုံ မရဘူး။ :(


Template by:
Free Blog Templates