Friday, November 30, 2012
Papaya Leaves Health Benefits သင်္ဘောရွက်ကို ဆေးအဖြစ် အသုံးချခြင်း
2 comments Posted by TYZ at 11:40 PM၂။ Digestion အစာချေ အားပေးတယ်။ သင်္ဘောရွက်မှာပါတဲ့ Karpain ဓါတ်ဟာ အစာချေရာမှာ အနှောက်အယှက်ပြုတဲ့ ပိုးမွှားတွေကို သေစေတယ်။ သင်္ဘောရွက်ထဲမှာပါတဲ့ Papain နဲ့ Chymopapain ဓါတ်တွေက Pepsin (အင်ဇိုင်းမ်) နဲ့တူလို့ အစာချေအားပေးတယ်။ အစာချေ ကောင်းစေချင်လို့ သင်္ဘောရွက်-ရေနွေးကြမ်းလုပ်ရင် အပူချိန် ၁၅ဝ ဒီဂရီ ဖါရင်ဟိုက်သာ ရှိစေသင့်တယ်။ ရေဆူမှတ်ဆိုတာ ၂၁၂ ဒီဂရီဖြစ်တယ်။
၃။ Appetite အစာ စားချင်စိတ်ပိုစေမယ်၊ အထူးသဖြင့် ကလေးတွေ၊ သင်္ဘောရွက်အစိမ်းကို ရေနွေးထဲမှာ ဆားနဲနဲထည့်ပြီး သောက်စေပါ။
၎။ Dengue fever သွေးလွန်တုပ်ကွေး သက်သာစေမယ်၊ သင်္ဘောရွက် ၅ ရွက်ကို ရေလီတာဝက်နဲ့ ပြုတ်သောက်ပါ။
၅။ Menstrual pain ရာသီလာချိန် နာတာ-ကိုက်တာ သက်သာစေမယ်၊ သင်္ဘောရွက် + မန်ကျီးရွက် + ဆား + ရေ ရောပြီး ပြုတ်သောက်ပါ။
၆။ Cancer ကင်ဆာအတွက် သင်္ဘောပင်ကထွက်တဲ့ အစေးဟာ ဆေးတန်ခိုးရှိတယ်။ ရင်သား၊ အဆုပ်၊ သရွက်ရွက်၊ သားအိမ်ဝ၊ အသဲကင်ဆာတွေအတွက် သုံးနိုင်ကြတယ်လို့ ဖလော်ရီဒါ တက္ကသိုလ်က သုတေသန လုပ်သူတွေက ဆိုပါတယ်။ ကင်ဆာအတွက် သုံးသူတွေက သင်္ဘောရွက်ခြောက်ကို ပြုတ်ပြီး ရေနွေးကြမ်းလုပ် သောက်ရတယ်။ ကင်ဆာအတွက် Dried papaya leaf extract အရွက်ခြောက်က Papaya leaf tea အရည်ထက် ပိုစွမ်းတယ်လို့ ဆိုသူတွေကဆိုတယ်။
• Lung Cancer and Papaya အဆုပ်-ကင်ဆာ နဲ့ သင်္ဘောရွက် http://dts-medicaleducation.blogspot.com/2012/01/lung-cancer.html
၇။ Mentally alert စိတ်ပိုင်းမှာ ပိုပြီး လန်းဆန်းစေတယ်။ ဘာအစာမှ စားမထားချိန်သုံးရင် Euphoric စိတ်ထဲမှာ ပိုပျော်နေမယ်။
၈။ သွေးကျဲဆေးတွေဖြစ်တဲ့ Coumadin, Aspirin တွေသောက်နေရသူတွေနဲ့ သင်္ဘောရွက် မသင့်ဘူး။ ကိုယ်ဝန်ရချင်သူတွေနဲ့လဲ သင်္ဘောရွက် မသင့်ဘူး။
Nan Aye: မနေ့ကပဲ မုံရွာက အစ်မတစ်ယောက်က သင်္ဘောရွက်သတ္တုရည်ကောင်းကျိုးတွေကို ပြောပြလို့ နားထောင်ခဲ့ရတယ်။ ဒီနေ့ ဆရာ ဒေါက်တာတင့်ဆွေရဲ့ fb မှာတွေ့လို့ မျှဝေလိုက်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း နှလုံးရောဂါလိုလို၊ ကျီးပေါင်းလိုလို၊ လေးဖက်နာလိုလို ဖြစ်ချင်နေလို့ သင်္ဘောရွက်သတ္တုရည်သောက်ဖို့ စိတ်ကူးထားတယ်။ အဲဒီအစ်မပြောတာတော့ အရွက်နဲ့အရိုးကို blendar နဲ့ ရောမွှေတဲ့အရည် (ဒါမှမဟုတ် အရိုးနဲ့အရွက်ကို ထောင်းပြီး အရည်ညှစ်လို့လည်းရတယ်) ကို ဟင်းခပ်ဇွန်းတစ်ဇွန်းစာ တစ်နေ့ကို တစ်ခါ သောက်ပေးရတယ်လို့ ပြောတယ်။
Tint Swe: ဆရာတော့ လက်ဖက်ထဲမှာ သင်္ဘောရွက်အစိမ်း မရင့်တာကို ကပ်ကြေးနဲ့ ခပ်နုတ်နုတ်ကိုက်ထည့်ပြီး ရောစားတယ်။ အန်တီကလဲ သဘောင်္ပင်လေးတွေ ပျိုးထား၊ ပေါက်ကာစလေးတွေကို တပင်လုံးနုတ်ပြီး ထမင်းဝိုင်းမှာ အတို့တမယ် လုပ်ပေးသေးတယ်။ သုတေသနတော့ မဟုတ်ဘူး။ စားလို့လဲ ကောင်းတယ်၊ ခုထိကျန်းမာရေး ကောင်းနေစေတာအတွက် တစိတ်တပိုင်း အထောက်အကူ ပေးသလားဘဲ။
ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၂
မူရင်းလိပ်စာမှာဖတ်ချင်ရင် ဒီကို သွားပါ။
Labels: သုတ
Saturday, August 25, 2012
အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများအတွက် ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ။ ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း(ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများတစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းများထဲသို့ အပြည့်ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင်ကိုးရက်စီ ထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။ ကို
လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။
လေငန်းရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက်ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်းရောဂါမှ သက်သာ ပျောက်ကင်းစေသည်။
Labels: သုတ
Thursday, July 5, 2012
Labels: သုတ
Monday, April 9, 2012
မြန်မာနိုင်ငံ ကျောင်းသား ကျောင်းသူများ ဝမ်းသာအားရဖွယ် သတင်းကောင်း
2 comments Posted by TYZ at 2:23 AMဆယ်တန်းအောင်ကျောင်းသူ/သားတွေအတွက် ပြည်တွင်းမှာ ဆေးကျောင်းမမှီခဲ့ရင်နေစရိတ် စားစရိတ်အတွက် ငွေကြေးတတ်နိုင်ပါက ပြည်ပမှာ ဆေးပညာအတွက်အခမဲ့ဆည်းပူးလို့
ရနိုင်တယ်ဆိုတဲ့အခွင့်အရေးကို ရရှိနိုင်ပါသေးတယ်ဆိုပဲလေ....။
သတင်းကောင်းတစ်ခုကို ပြန်လည်မျှဝေလိုက်ပါတယ်နော်...။
အမှတ် (၇၄)၊ ရွှေတောင်တန်းလမ်း၊
လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Ph: 01 - 222540
ဒီကနေ တွေ့လာတဲ့ သတင်းတစ်ပုဒ်ပါ။
Labels: သုတ
Sunday, April 1, 2012
မိမိ ခန္ဓာကိုယ်ကို သဘာဝအလှတရားလေးတွေသုံးပြီး လှပစေချင်တဲ့ သူတွေ အတွက်ပါ။
0 comments Posted by TYZ at 1:08 PMအီတလီတွေရဲ့ မျက်တောင်တွေဟာ စိုပြေပြီး အရမ်းလှတယ်လေ။ သူတို့ဟာ ဆယ်ကျော်သက်ဘ၀ထဲက အဖွားတို့အမေတို့ပြောလို့ ညမအိပ်ခင် မျက်တောင်ကို ကြက်ဆူဆီလိမ်းပေးတဲ့အကျင့် ရှိတာကိုး။
ဂရိတွေရဲ့ အသားတွေနူးညံ့နေတာက သူတို့ခန္ဓာကိုယ်ကို Baby Oil အမြဲလိမ်းလို့ပါတဲ့။
ပိုလန်တွေဟာ သူတို့ရဲ့အလှအပအတွက် ပျားရည်ကို သုံးကြတယ်တဲ့။ ပျားရည်ကိုအပူပေးပြီး မျက်နှာရဲ့အစိုဓာတ်အတွက် လိမ်းကြသလို နှုတ်ခမ်းသားတွေ နှုးညံ့စိုပြေစေဖို့ နှုတ်ခမ်းသားမှာလည်း လိမ်းကြပါသေးတယ်။
အိန္ဒိယလူမျိုးတွေရဲ့ ဆံပင်ဟာ အရမ်းကောင်းတယ်နော်။ ဆံပင်လည်း သန်တယ်။ မဲနက်တောက်ပြောင်နေတယ်လေ။ အဲ့ဒါ အုန်းဆီရဲ့တန်ခိုးကြောင့်ပေါ့။ အုန်းဆီဟာ ဆံလုံးသေးပြီး အရမ်းပါးတဲ့ဆံပင်ကိုလည်း သန်စွမ်းစေတယ်။ လုပ်ရမှာကတော့ ညအိပ်ယာမ၀င်ခင် အပူပေးထားတဲ့အုန်းဆီကို တခေါင်းလုံးအနှံ့လိမ်း၊ ဦးရေပြားကို အသေအချာလေးနှိပ်နယ်ပြီး အိပ်လိုက်ပါ။
မနက်အိပ်ယာနိုးတော့ လျှော်လိုက်ပေါ့။ တပတ်တခါ ပုံမှန်လုပ်ပေးရင် ဆံသားတွေပျက်စီးနေတာတွေနဲ့ ဆံပင်နှစ်ခွဖြစ်တာတွေပါ ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။
အီဂျစ်တွေရဲ့သွားတွေက ဖြူဖြူဖွေးဖွေးနဲ့ လှတယ်လေ။ ဘာလို့လဲဆိုတော့ အီဂျစ်တွေက သွားတိုက်တဲ့အခါ မုန့်ဖုတ်ဆိုဒါနဲ့ ဆားကြမ်းကိုရောပြီး တိုက်လို့ပါတဲ့။ အဲ့အရောကို သင့်လက်ချောင်းလေးတွေကို အသုံးပြုပြီး သွားတိုက်နိုင်ပါတယ်။ ၁မိနစ်လောက်ထားပြီးရင် ပလုတ်ကျင်းပေးရုံပါပဲ။
Australia
သြစတြေးလျတွေဟာ သူတို့ခြေထောက်က အသားမာတွေပျောက်ကင်းအောင် ထောပတ်သီးအခွံနဲ့ သေချာပွတ်တိုက်ကြသတဲ့။
စပိန်တွေရဲ့ ဓလေ့ကတော့ မျက်ကွင်းညိုပြီဆိုတာနဲ့ အာလူးကို ပါးပါးလှီးပြီး မျက်လုံးမှာ ကပ်လိုက်တာပါပဲ။ ၁၀ မိနစ်လောက်ကပ်လိုက်တာနဲ့ မျက်ကွင်းညိုတာလည်း သက်သာသွားတယ်တဲ့။
ဂျမေကာတွေကတော့ အထူးအဆန်းပဲ။ သူတို့ မျက်နှာလေးတွေ နူးညံနေဖို့နဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ ငှက်ပျောသီးအခွံနဲ့ မျက်နှာကိုပွတ်တယ်တဲ့။ နေလောင်တာကို ကုသတာမှာလည်း ငှက်ပျောသီးအခွံကိုသုံးပါသေးတယ်။
ဂျပန်မလေးတွေ အသားအရေလှတာကတော့ တကယ်မနာလိုစရာပဲနော်။ သူတို့က ရေညှိရဲ့အစွမ်းကြောင့် လှနေတာပါ။ မျက်နှာသန့်စင်ဆေးတွေ Toner တွေကိုလည်း ရေညှိက ထုတ်လုပ်တာကိုပဲ သုံးစွဲကြတယ်။ မျက်နှာပေါင်းတင်တာ၊ အဆီပိုတွေကိုဖယ်ရှားတာ အားလုံးကို ရေညှိက ထုတ်ထားတယ်။ ပြီးတော့ ဆံပင်သန်အောင်ဆိုပြီး ရေညှိကို စားကြသေးသတဲ့။ ဘက်စုံအသုံးဝင်တဲ့ ရေညှိပါပဲ။
အသားဖြူတဲ့ စကော့တလန်သူတွေရဲ့ အသားအရေဟာ အရမ်းထိခိုက်လွယ်ပါတယ်။ သူတို့ဟာ အသားအရေ ကောင်းမွန်အောင်အသားအရေကို သန့်စင်ပြီးတာနဲ့ မက်မွန်ဆီကို လိမ်းကြပါတယ်။
ထိုင်ဝမ်ကလူတွေဟာ ကျန်းမာလှပနေတာဟာ ရေနွေးကြမ်းရဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့်ပါပဲ။ သူတို့ဟာ နေလောင်တာကို အေးမြစေဖို့လည်း ရေနွေးကြမ်းရည် လိမ်းကြပါသတဲ့။
တူရကီတွေဟာ ဒိန်ချဉ်အများကြီး သောက်ကြပါတယ်။ ဒိန်ချဉ်ဟာ အစာတွေကို ချေဖျက်တာကို အကူအညီပေးလို့ အစားအစာတွေရဲ့ အဟာရဓာတ်ကို ပိုရပြီး ပိုကျန်းမာလှပနိုင်တယ်လို့ ယုံကြည်ကြလို့ပါပဲ။
ပြင်သစ်တွေရဲ့ သွားတွေက ခိုင်ခံ့ပြီး ပိုးလည်းမစားဘူးတဲ့။ ဘာလို့လဲသိလား။ သူတို့က ဒိန်ခဲတွေ အရမ်းစားတယ်လေ။ ဒိန်ခဲမှာပါတဲ့ ဓာတ်တွေက သွားကြွေလွှာတွေကိုခိုင်ခံ့စေပြီး သွားပိုးမစားအောင် ကာကွယ်ပေးလို့ပါ။
ဆွီဒင်က အလှပဂေးတွေဟာ သူတို့သားအရေလှပဖို့ ဘလူးဘယ်ရီသီးအစိမ်းတွေကို တခြားအသီးအနှံတွေ
အသားတွေနဲ့ တွဲဖျက်ပြီး စားသုံးကြပါသတဲ့။
ကမ္ဘာ့အလှဆုံးမှာပါတဲ့ ဘရာဇီးသူတွေဟာ ကမ်းခြေသွားတဲ့အခါ သဲတွေလက်တစ်ဆုပ်စာအပြည့်နဲ့ သူတို့
ခန္ဓာကိုယ်ကိုပွတ်တိုက်ကြပါတယ်။ ဒီနည်းက အဆီပိုတွေကို ဖယ်ရှားပေးနိုင်သလို သွေးလှည့်ပတ်မှုကိုလည်း
ကောင်းစေလို့ သူတို့အသားအရေဟာ ကျစ်လစ်လှပနေတာပေါ့။
From-Myanmar Health & Beauty Corner
Reference From:http://welcometoitbank.blogspot.com/
မူရင်းဖတ်ချင်ရင် ဒီကို ၀င်လိုက်ပါ။
Labels: သုတ
Wednesday, March 28, 2012
Labels: သုတ
Tuesday, March 27, 2012
နိုင်ငံတကာက အလှဖန်တီးရှင်များရဲ့ အလှအပ လျှို့ဝျက်ချက်များ၊ ကမ္ဘာ့နိုင်ငံ အသီးသီးက အလှအပ တိုတိုထွာထွာ နည်းနာများကို ဖော်ပြပေးလိုက်ပါတယ်။
ဇရာလျှို့ဝှက်ချက်
သြစတြေးလျမိတ်ကပ်ပညာရှင် ဆူးဒီဗစ်က “လက်နဲ့လည်ပင်းနေရာကို အမြဲတမ်း နေရောင်ကာ ခရင်မ်လိမ်းပေးပါ” တဲ့ ။ ဒီနေရာတွေဟာ မျက်နှာအစိတ်အပိုင်းလိုပဲ ထိန်းသိမ်း ဂရုစိုက် စောင့်ရှောက်ရမယ့် နေရာတွေ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဇရာရဲ့ သက်သေကို ညွှန်ပြနေတဲ့နေရာတွေ ဖြစ်လို့ပါပဲ။ ဒီနေရာတွေကိုပဲ တွဲဖက်ပြီး ဂရုစိုက်ထိန်းသိမ်းလေ နုပျိုမှုကို အချိန်ကြာကြာ ဆွဲဆန့်နိုင်မှာပါ။
လက်သည်း
ပြင်သစ်ပျိုမေတွေဟာ ကြက်သွန်ဖြူ၊ အခွံမာသီးနဲ့ ချိစ်တွေ အစားများလေ့ရှိကြပါတယ်။ ဒီအစားအစာတွေမှာ ဗီတာမင်ဓာတ်တွေပေါကြွယ်ဝပြီး လက်သည်းနဲ့ ဆံပင်ကို အားပြုစေတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒါဟာ အကောင်းဆုံးသော သဘာဝအလှ တိုးဆေး နည်းတစ်ခုလည်း ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ လက်သည်း အောက်ခံ ဆိုးဆေးထဲ ကြက်သွန်ဖြူကို ပါးပါးလေးတွေ စိတ်ထည့်ထားပေးပြီး ဆိုးတာလက်သည်းကို ခိုင်မာကြံ့ခိုင်စေပါတယ်လို့ ကိုလံဘီယာက အလှဖန်တီးရှင် တာတာဟာပါးက ဆိုပါတယ်။
အရေပြားခြောက်သွေ့ခြင်းအတွက်
လက်ခြောက်ခြောက်သွေ့သွေ့ဖြစ်နေရင် သံပရာသီးအခွံနဲ့ ပွတ်ပေးတာ အမြန်ဆုံး ပျောက်ကင်းစေပါတယ်။ ဒီနည်းဟာ အရေပြားအထူးကု အာမန်နာကတ်စ်က ပြောကြားခဲ့တာ ဖြစ်ပြီး သူငယ်စဉ် ကလေးဘဝကတည်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဇမ်ဘာဘွေ ပျိုဖြူတို့ရဲ့ အသားအရေထိန်းသိမ်းနည်း
ဇမ်ဘာဘွေပျိုဖြူတွေဟာ မနက်တိုင်း လက်ဖက်ရည်ပူပူလေးကို သံပရာနဲ့ရောပြီး သောက်လေ့ ရှိကြပါတယ်။ အဲဒါဟာ ခန္ဓာကိုယ်တွင်းရှိ ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူ ဖြစ်စေပြီး သွေးသန့်စင်စေပါတယ်။
ဘရာဇီးပျိုဖြူတို့ရဲ အလှလျှို့ဝှက်ချက်
ဘရာဇီးလူမျိုးတွေ ဟိုတစ်လောက တင်သားအလှဆုံးပြိုင်ပွဲမှာ ယောက်ျားရော၊ မိန်းမရော ဗိုလ်ဆွဲသွားခဲ့ကြပါတယ်။ ဘရာဇီးတွေရဲ့ အလှလျှို့ဝှက်ချက်တွေထဲက ခန္ဓာကိုယ်ပေါ်က မလိုအပ်တဲ့ အမွေးအမှင်တွေကို ရိတ်ပယ်တဲ့နည်းဟာ အတော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ သကြားတစ်ချို့ကို ရေထဲထည့်ပြီး ဆူပွက်လာအောင် ကြိုပါ။ ပြီးရင် သံပရာရည် အနည်းငယ်ထည့်ပါ။ အေးသွားအောင်ထားပြီး ရိတ်ချင်တဲ့ အမွေးအမှင် တွေပေါ် လိမ်းပါ။
အိန္ဒိယလူမျိုးတို့ရဲ့ လျှို့ဝှက်ချက်
အိန္ဒိယဆိုရင် ကမ္ဘာက ဆံပင်အကောင်းဆုံးလူမျိုးအဖြစ် သိကြပါတယ်။ အာရှမှာလည်း အာရှသူတွေရဲ့ ဆံပင်ဟာ တခြားသော လူမျိုးအားလုံးထက် ပိုပြီး ဆံသားထူထဲကြောင်း ကမ္ဘာက အသိအမှတ်ပြု ထားကြပါတယ်။ ဒါကြောင့် ကေသာအလှနဲ့ ပတ်သက်ပြီး ပြောပါမယ်။ သူတို့ လူမျိုးအားလုံး လုပ်လေ့ရှိတဲ့ နည်းလေးလည်းဖြစ်ပါတယ်။
အုန်းဆီကို ခေါင်းပေါ်မှာ နှံ့အောင်လိမ်းပြီးမှ ရေချိုးလေ့ရှိတယ်။ ခေါင်းလျှော်လေ့ရှိတယ်။ အဲဒီလို လုပ်တာဟာ ဆံပင်ကို နက်မှောင်ပြီး သန်စွမ်းစေပါတယ်။ ခေါင်းကို အုန်းဆီလိမ်း၊ နှိပ်နယ်ပေးပြီး ဆယ့်ငါးမိနစ်ခန့်ထားပါသေးတယ်။
မြန်မာမှာတော့ အလားတူ နည်းတစ်မျိုးလည်း ရှိပါတယ်။ ဘာလဲဆိုတော့ ခေါင်းမလျှော်ခင် နာရီဝက်အလိုလောက် အုန်းဆီနဲ့ ရွဲနစ်နေအောင် လိမ်းပြီး ခေါင်းလျှော်တယ်။ ရေချိုးပြီးတော့ ခေါင်းကို ပြန်ပြီး အုန်းဆီနဲ့ ရွဲနစ်နေအောင် လိမ်းတဲ့နည်းလေး ဖြစ်ပါတယ်။ ဒီနည်းဟာ ဆံပင်ကို သန်စွမ်းရုံမျှမက နက်မှောင် တောက်ပြောင်လာစေပါတယ်။
နောက်တစ်နည်းကတော့ အိန္ဒိယလူမျိုး အလှဖန်တီးရှင် ဒါရိုက်တာ ကီဆာရီက အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေအတွက် ပေါင်းတင်နည်းကို လက်တို့ ဖော်ပြပေး ထားပါတယ်။ ပေါင်းတင်တယ်ဆိုတာ အိန္ဒိယယဉ်ကျေးမှုမှာ အရေးပါအရေးကြီးတဲ့ အလှပြင်နည်း တစ်ခုဖြစ်ပါတယ်။
စန္ဒကူးပေါင်ဒါကို စားပွဲတင်ဇွန်းတစ်ဇွန်းခန့်ယူပြီး နနွင်းမှုန့်လက်တစ်တို့ခန့်နဲ့ ရောပေးပါ။ ပြီးရင် လိမ္မော်ရည် စားပွဲဇွန်းအနည်းငယ်နဲ့ ရောပေးပါ။ အဲဒီအရည်နဲ့ မျက်နှာကို လိမ်းပေးပါ။ လည်ပင်းနေရာပါ လိမ်းပေးပါ။
ခြောက်သွေ့သွားတဲ့အထိ ထားပြီးမှ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။ သာမန် အသားအရေ ပိုင်ရှင်တွေ အတွက်ကျတော့ နှင်းဆီရည်ကို သုံးပေးပါ။
နှုတ်ခမ်းနီ
ပြင်သစ်မိတ်ကပ်ပညာရှင် တယ်ရီဒီဂန်းဇ်ဘာဂ်ကတော့ အမြဲတမ်း နှုတ်ခမ်းနီဆိုးပေးပါလို့ ဆိုထားပါတယ်။ ပြင်သစ်ပျိုဖြူတွေဟာ lipgloss ထက် နှုတ်ခမ်းနီအတောင့်ကို ပိုပြီး သုံးစွဲလေ့ ရှိကြပါတယ်။ အိမ်ပြင်ထွက်ရင် နှုတ်ခမ်းနီမဆိုးဘဲ ထွက်လေ့မရှိကြပါဘူး။ ဒါကြောင့် နှုတ်ခမ်းနီ ဆိုးတာဟာလည်း ညို့အားပြင်းစေတဲ့ အလှပြင်နည်း တစ်ခုဖြစ်တာမို့ တိုက်တွန်းလိုက်ရပါတယ်။
( မြန်မာသတင်းရပ်ဝန်း မှ ပြန်လည်မျှဝေပါသည်။)
Labels: သုတ
Sunday, March 25, 2012



Labels: သုတ
Monday, March 19, 2012
ဟိုဖွေဒီရှာရင်း gtalk မှာ auto reply လုပ်လို့ရတာကို သိရလို့ ပြန်မျှဝေတာပါ။
သူလည်းပဲ ကိုယ့်စက်မှာ Ideal အမြဲတမ်းလုပ်ထားချင်သလို software တစ်ခုကို download ပြီး ကိုယ့်စက်မှာ run ပေးရတယ်။ run ထားတာကို ဖွင့်ပြီး သူတောင်းတဲ့ username နဲ့ password ကို ထည့်ပေးလိုက်ပါ။ (ကိုယ့် email ရဲ့ username နဲ့ password ပါ) နောက်ပြီး ကိုယ် auto reply လုပ်စေလိုတဲ့ message ကို ရိုက်ထည့်လိုက်ပြီးရင်Start automatically with Windows ကို အမှန်ခြစ်ပေးလိုက်ပါ။ နောက်ဆုံးမှာ save လုပ်လိုက်ပါ.......... သင်အဝေးကိုရောက်နေချိန်အတွင်း သင့်ကိုယ်စား သင့်သူငယ်ချင်းဆီကို အလိုလိုစာပြန်ပေးမှာပါ။
ဒီမှာ ဒေါင်းလုပ်ယူလိုက်နော်...။
ဒီကနေ ရှာဖွေလာခဲ့ပါတယ်။
Labels: သုတ
Wednesday, March 14, 2012
Labels: သုတ
Sunday, March 4, 2012
ဒေါက်တာခင်ဗျာ Welding (Co2, Ar) အငွေ့အသက်တွေကို ရှုရှိုက်မိခြင်းအားဖြင့် ဘာဆိုးကျိုးတွေ ရှိနိုင်ပါသလဲခင်ဗျာ။
၂ဝဝ၄ မတ်လ ၁၁ နေ့ ထုတ်ပြန်ချက်တခုထဲမှာ "အမေရိကန်မှာ ဂဟေဆော် လုပ်ငန်းမယ် လူပေါင်း ၄ သိန်းကျော် လုပ်ကိုင်နေရတယ်၊ သူတို့မှာ လုပ်ငန်းခွင်-ကျန်းမာရေး အန္တရာယ်တွေ ရှိနေကြရတယ်၊ အဲဒါတွေထဲမှာ အသက်ရှူလမ်း၊ အာရုံကြောနဲ့ မျိုးပွားလမ်းတွေမှာ ထိခိုက်နိုင်တယ်" လို့ ပါရှိခဲ့တယ်။ သုတေသနတွေ ဆက်လုပ်စရာတော့ ရှိတယ်လို့လဲ ဆိုပါတယ်။
၂ဝဝ၃ ခုနှစ်က အတော်ကြီးပြည့်စုံတဲ့ ဂဟေဆော်ခြင်းနဲ့ပါတ်သက်တဲ့ သိပ္ပံစာပေ ဆန်းစစ်ချက်တခု ထုတ်ခဲ့တယ်။ အဲဒီ ဂဟေဆော်ခြင်းနဲ့ ကျန်းမာရေး စာတမ်း အဆိုအရ Bronchitis လေပြွန်ရောင်ခြင်း၊ Airway irritation အသက်ရှူလမ်း ထိခိုက်ခြင်း နဲ့ တခြား အသက်ရှူလမ်းဝေဒနာတွေ အများစုမှာ ခံစားကြရတယ်လို့ ပါရှိခဲ့တယ်။ တချို့ကလည်း အဆုပ်-ကင်ဆာ၊ အာရုံကြောရောဂါ ဖြစ်မလားပြောကြတယ်။ အထောက်အထားတွေတော့ မပြည့်စုံပါ။
ဂဟေဆော်ရာကနေ ထွက်တဲ့ အငွေ့ထဲမှာ Nickel နစ်ကယ်လ် Chromium ခရိုမီယမ် နဲ့ Manganese မင်းဂနီးစ်တွေ ပါနေနိုင်တယ်။ အမေရိကန် ပြည်နယ်၊ ကောင်တီ နဲ့ မြူနီစပယ် အလုပ်သမားမားအဖွဲ့ American Federation of State, County, and Municipal Employees (AFSCME) ကနေထုတ်တဲ့ သတိပေးစာထဲမှာ ပိုပြီး ပြည့်စုံအောင် ပါတယ်။ Chromium, Nickel, Manganese တွေအပြင် Arsenic, Asbestos, Silica, Beryllium, Cadmium, Nitrogen oxides, Phosgene, Acrolein, Fluorine compounds, Carbon monoxide, Cobalt, Copper, Lead, Ozone, Selenium, Zinc တွေ ပါနေတာဟာ အဆိပ်အတောက်တွေ ဖြစ်ချင် ဖြစ်နိုင်တယ်လို့ ရေးထားတယ်။ အတိအကျ ပြောရတာတော့ ခက်တယ်လို့ ဝန်ခံပါတယ်။
Short-term Effects ရေတို ဖြစ်နိုင်တာတွေကတော့
• Metal fume fever ၄-၁၂ နာရီအတွင်း ကိုယ်ပူမယ်၊ ချမ်းမယ်၊ ရေငတ်မယ်၊ ကြွက်သားတွေ နာမယ်၊ ရင်ပတ် နာမယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူကြပ်သံထွက်မယ်၊ အားယုတ်မယ်၊ ပျို့ချင်မယ်၊ သတ္တုနံ့ ရနေမယ်။
• အငွေ့ကနေ မျက်စိ၊ နှာခေါင်း၊ ရင်ပတ်နဲ့ အသက်ရှူလမ်းကို ကလိမယ်။ ချောင်းတိုး၊ ရင်ကြပ်ကနေ အဆုပ်ရောင်တာ ဖြစ်နိုင်တယ်။
• အငွေ့ထဲမှာ Cadmium (ကက်ဒမီယမ်) ပါနေတာက သေစေနိုင်တဲ့အထိ ဆိုးဝါးတယ်။
• လေထဲက Ultraviolet rays ခရမ်းလွန်ရောင်ခြည်နဲ့ ဓါတ်ပြုပြီးတော့ ခေါင်းမူတာ၊ ချမ်းတာ၊ ချောင်းဆိုးတာတွေ ဖြစ်စေနိုင်တယ်။
Long-term Effects ရေရှည် သက်ရောက်မှုတွေထဲမှာ
• Lung cancer အဆုပ်-ကင်ဆာကိုလဲ စဉ်းစာနိုင်တယ်။ Larynx လေပြွန် နဲ့ Urinary tract cancer ဆီးလမ်း ကင်ဆာတွေကိုလဲ ဖြစ်စေမလား သံသယရှိတယ်။
• နာတာရှည် အသက်ရှူလမ်းရောဂါတွေ ဖြစ်ကြတဲ့ Bronchitis လေပြွန်ရောင်၊ Asthma ပန်းနာ၊ Pneumonia နူမိုးနီးယား၊ Emphysema အင်ဖိုက်ဆီးမား၊ Pneumoconiosis နူမိုကော်နီယိုးဆစ် ရောဂါတွေလဲ ဖြစ်နိုင်တယ်။
• တခြားဟာတွေလဲ ဖြစ်နိုင်သေးတယ်။ Heart disease နှလုံးရောဂါ၊ Skin diseases အရေပြားရောဂါ၊ Hearing loss နားထိခိုက်တာ၊ Chronic gastritis နာတာရှည်အစာအိမ် ရောင်တာ၊ အူထိခိုက်တာတွေ ပါတယ်။
• Reproductive risks မျိုးပွါးလမ်းကို ဘယ်လိုသက်ရောက်နိုင်သလဲ။ Stainless steel လုပ်ငန်း လုပ်သူတွေမှာ Poorer sperm quality သုတ်ပိုး-အရည်အသွေး ကျတာ သူများတွေထက် များတယ်။ သူတို့ ဇနီးတွေမယ် သူများတွေထက် ကလေးပျက်တာ၊ ကလေးရဘို့ နောက်ကျတာတွေ ပိုဖြစ်နိုင်တယ်။
• Parkinson's Disease (ပါကင်ဆန်) ရောဂါကို ပြောခဲ့တဲ့ သတိပေးစာတမ်းမှာတော့ မပါဘူး၊ ဆက်စပ်နိုင်မလား ထင်ရတယ်။
Reducing the Hazards အန္တရာယ် နည်းအောင် ဘယ်လို လုပ်မလဲ AFSCME fact sheet ထဲမှာ ဖေါ်ပြထားတာတွေ ကတော့ -
• ဒီလုပ်ငန်းမလုပ်ခင် လုပ်ငန်းရဲ့သဘာဝကို သိထားပါ။ Metals, Surface coatings, Electrodes ဘယ်လို သတ္တုတွေ သုံးတာလဲ။
• Material safety data sheet (MSDS) အန္တရာယ်-ကာကွယ်နည်းကို တောင်းယူပါ။
• ဖြစ်နိုင်ရင် Cadmium-free silver solders, Asbestos-free electrodes, Gloves, Hot pads အန္တရာယ် နည်းတာတွေ သုံးပါ။
• Adequate ventilation လေဝင်-လေထွက် ကောင်းပါစေ။ ဥပမာ Local exhaust ventilation လေထုတ်စက်။ Ventilated workbench သုံးပါ။ Hoods တွေကလဲ Point of welding နဲ့ နီးတာ၊ တိုတာကိုသာ သုံးပါ။ Ventilation systems ကို သန့်ရှင်းပေးတာ ပုံမှန်လုပ်ပါ။
• Fire-resistant materials မီးမလောင်စေနိုင်တာတွေ ဖြစ်ပါစေ။
source : Dr. တင့်ဆွေ (မူရင်းကို ဖတ်ချင်ရင် ဒီမှာ ကလင့်ခ်ပါ။)
Labels: သုတ
Sunday, February 19, 2012
ဥတလုံးရဲ. လျို.၀ှက်ချက်တွေကို လေ.လာကြည်.ရအောင်။ လူတွေအတွက် ဥကို စားတာထက် တခြား ဘယ်လိုနေရာတွေ မှာ အသုံးပြုလို.ရတယ်ဆိုတာ သိရအောင် ရေးသားဖော်ပြပေးလိုက်ပါတယ်။
source: Royal-Myanmar.com
Labels: သုတ
Monday, January 24, 2011
သွေးလှူတာနဲ့ ပတ်သက်ပြီး အယူအဆအမှားတွေ အတွေးအမှားတွေ အများကြီး
ကြုံဖူးကြားဖူးခဲ့ပါတယ်။ အဲဒီလို အယူအဆအမှား အမြင်အမှားတွေကြောင့်
သွေးလှူနိုင်ရဲ့သားနဲ့ သွေးမလှူဖြစ်တဲ့လူတွေ အများကြီးပါပဲ။
မွန်မြတ်ဖြူစင်လှတဲ့ လှူဒါန်းမှုတစ်ခုကို လူတွေက လုပ်ချင်ပေမယ့်
ဘယ်လိုအချက်တွေက တားဆီးထားသလဲ။
၁။ သွေးလှူပြီးရင် ၀ လာမယ်။
တကယ်တော့ သွေးလှူတာကြောင့် ခန္ဓာကိုယ်အလေးချိန် တိုးလာပြီး ၀ လာတာမျိုး
မရှိပါဘူး။ အသားအရည် စိုပြေပြီး အလှတိုးတာပဲ ရှိပါတယ်။ သွေးလှူထားတာကြောင့်
အားပြန်ဖြည့်ဖို့ဆိုပြီး ပုံမှန် စားသောက်တာထက် ပိုပြီး စားဖို့သောက်ဖို့လည်း မလိုပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားသောက်နေထိုင်ပါ။ အဲဒီလိုဆို အရင်ကထက် ပိုပြီး ၀ လာစရာ မရှိပါဘူး။
၂။ သွေးလှူတာကြောင့် ရောဂါကူးမယ်။
တကယ်တော့ သွေးဖောက်ယူတဲ့နေရာမှာ အသုံးပြုတဲ့ အပ်တွေ၊ သွေးအိတ်တွေ၊
ပစ္စည်းကိရိယာတွေဟာ သန့်ရှင်းပါတယ်။ သွေးဖောက်တဲ့အခါမှာ တစ်ခါသုံးအပ်တွေကို
သုံးထားပါတယ်။ သွေးဖောက်ပေးတဲ့ သူနာပြုတွေကလည်း တစ်ခါသုံး လက်အိတ်တွေကို
အသုံးပြုပါတယ်။ အစအဆုံး စနစ်တကျ ရှိလှတဲ့အတွက် သွေးလှူရှင်တွေအနေနဲ့ ရောဂါပိုး
ကူးစက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
၃။ သွေးလှူပြီးရင် ကျန်းမာရေး ထိခိုက်မယ်။
တကယ်တော့ သွေးမလှူခင်မှာတင် ဆရာဝန်က သွေးလှူရှင်ရဲ့ ကျန်းမာရေးကို
အရင်စစ်ဆေးပေးပါတယ်။ သွေးလှူဒါန်းဖို့ သင့် မသင့်ကို ဆုံးဖြတ်ပေးပါတယ်။
ကျန်းမာရေး ကောင်းမွန်မှ သွေးပေးလှူတာပါ။ ဒါပေမယ့် သွေးလှူပြီးရင်တော့
ကုတင်ပေါ်မှာ မိနစ် အနည်းငယ်လောက်တော့ အနားယူသင့်ပါတယ်။
၎။ သွေးဖောက်တဲ့အခါ အပ်ကြီးကြီးကြောင့် နာမယ်။
တကယ်တော့ နာတယ်ဆိုတာ အရမ်းနာတာ မဟုတ်ပါဘူး။ နားဖောက်တာလောက်
သွားနှုတ်တာလောက် မနာပါဘူး။ ပုရွတ်ဆိတ် ကိုက်ရင်တောင် ဒီထက်ပိုနာပါတယ်။
တစ်ခုလောက် သတိရစေချင်တာက သွေးလှူဖို့ အပ်ထိုးတဲ့အချိန် နာတဲ့
နာကျင်မှုဒုက္ခက သွေးလိုနေတဲ့ လူနာရဲ့
သွေးမရရင် ခံစားရမယ့် နာကျင်မှုဒုက္ခနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်ဘူး ဆိုတာပါပဲ။
၅။ သွေးလှူရတာ အချိန်ကုန်မယ်။
တကယ်တော့ သွေးလှူတာ အစအဆုံးက အလွန်ဆုံး တစ်နာရီ ပတ်ဝန်းကျင်ပဲ ကြာပါတယ်။ အဲဒီ
တစ်နာရီမှာ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်ရတာတွေ၊ မေးခွန်းတွေ ဖြေရတာတွေ၊
ကျန်းမာရေး စစ်ဆေးမှု ခံယူရတာတွေက အချိန်အများဆုံး ယူသွားပါတယ်။ သွေးလှူတဲ့အချိန်က
၁၀မိနစ် ပတ်ဝန်းကျင်ပဲ ရှိပါတယ်။
၆။ သွေးလှူတဲ့အခါ သွေးအများကြီး ဖောက်ယူခံရမယ်။
တကယ်တော့ သွေးအများကြီး ဖောက်မယူပါဘူး။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်အပေါ်
မူတည်ပြီး ၄၀၀ မီလီလီတာကနေ ၄၅၀ မီလီလီတာကြားပဲ ယူပါတယ်။ အဲဒီထုတ်ယူလိုက်တဲ့
သွေးပမာဏကို ခန္ဓာကိုယ်က အချိန်ပိုင်းအတွင်း ပြန်လည် ဖြည့်ဆည်းပေးပါတယ်။
၇။ ကျွန်တော် သွေးလှူဖို့ မလိုဘူး။ သွေးလှူရှင်တွေက အများကြီးပဲလေ။
တကယ်တော့ လူနာတွေအတွက် သွေးလှူရှင် လိုနေပါတယ်။ သွေးလှူလို့ရနိုင်တဲ့ လူဦးရေ
စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းကပဲ သွေးလှူနေကြတာပါ။ မြန်မာနိုင်ငံမှာဆို ဒီထက်နည်းပါတယ်။ သွေးကို အစားထိုးဖို့အရာ မပေါ်သေးပါဘူး။ သက်ရှိလူသားဆီကပဲ ရနိုင်တဲ့အတွက်
သွေးလှူရှင်တွေ အများကြီး လိုနေပါတယ်။
၈။ သွေးဆိုတာ အကြာကြီး အထားခံတယ်။ တစ်ခါ လှူပြီးရင် လုံလောက်တယ်။
တကယ်တော့ အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ သိမ်းထားလို့ရပါတယ်။
သွေးနီဥကို သာမာန် အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်နိုင်ပါတယ်။
သွေးဥမွှားကတော့ ၅ ရက်ပဲ
အထားခံပါတယ်။ အဲဒီလို အထားခံပေမယ့် လူနာတွေရဲ့ သွေးလိုအပ်ချက်က
များလွန်းတဲ့အတွက် လှူထားတဲ့သွေးတွေ သွေးဘဏ်မှာ အဲဒီလောက်တောင်
ကြာကြာမထားလိုက်ရပဲ လူနာတွေဆီကို သွေးသွင်းကုသပေးလိုက်ရတာ များပါတယ်။ ဒါကြောင့်
သွေးဘဏ်မှာ သွေးအိတ်တစ်ခုကို အကြာကြီး မမြင်ရပါဘူး။
၉။ ဘာသာတရားကြောင့် သွေးလှူလို့မရဘူး။
တကယ်တော့ ကိုးကွယ်တဲ့ ဘာသာတရားတိုင်းလိုလို...
ဗုဒ္ဒဘာသာ - ဗုဒ္ဒဘာသာမှာ ပါရမီ(၁၀)ပါးရှိပါတယ်.သွေးလှူဒါန်းခြင်းဆိုတာ ပါရမီ (၁၀)ပါးတစ်ပါးအပါအ၀င်ဖြစ်တဲ့ လှူဒါန်းခြင်းဒါနပါရမီဖြစ်သလို.သွေးဖောက်စဉ်ခဏနာကျင်မှုကို သည်းခံရတဲ့အတွက် ခန္ဒီပါရမီလည်းဖြစ်ပါတယ်..ဒါကြောင့် သွေးလှူဒါန်းခြင်းဖြင့် ကိုယ့်ရဲ့ ပါရမီကို ရင့်သန်သထက်ရင့်သန်စေရန်
ဖြည့်နိုင်ကြပါစေ...
ခရစ်ယာန်ဘာသာ - ခရစ်တော်ကဟောကြားခဲ့ပါတယ်.’ကိုယ်နဲ့ ပတ်သက်သူတိုင်းကို ကိုယ်နှင့်အတူချစ်အံ့.. လူ့လောကမှာ နေထိုင်တဲ့ လူတစ်ယောက်အနေနဲ့ တခြားလူတယောက်ရဲ့ အသက်ကို ကယ်တင်ခြင်းဟာ ခရစ်တော်ရဲ့ အဆုံးအမအတိုင်း ချစ်ရာရောက်ပါတယ်.
မွတ်ဆလင်နှင့် ဟိန္ဒူဘာသာ - မွတ်ဆလင်နှင့် ဟိန္ဒူဘာသာ မှာလည်း ကုသိုလ်ဒါနပြုမှုကို အားပေးချီးမြှောက်ထားပါတယ်။ အမှန်တော့ သွေးလှူတယ်ဆိုတာ ထပ်ခါတလဲလဲ ပြုလုပ်လို့ရတဲ့
မွန်မြတ်ဖြုစင်တဲ့ လှူဒါန်းမှုတစ်ခုဖြစ်သလို တပါးသူတဦးရဲ့ အသက်ကို ကယ်တင်ခြင်းဇီဝတဒါန လှူဒါန်းမှုတစ်ခုပါ။
ကျန်းမာသန်စွမ်းတဲ့ သာမန်လူတစ်ယောက်ဟာ (၄)လတစ်ကြိမ်နှင့် တစ်နှစ်ကို (၃)ကြိမ်သွေးလှူဒါန်းလို့ရပါတယ်.အခုပြောသွားတဲ့ အချက်တွေကြောင့် သွေးမလှူဖြစ်ခဲ့တာပါဆိုရင် နောက်ရက်တွေက စပြီး
လူ့အသက်တွေကို ကယ်ဖို့အတွက် ဒီစာကို တစ်ခါလောက် အစအဆုံး ပြန်ဖတ်ပေးပါလို့
တောင်းဆိုချင်ပါတယ်။
သွေးကို အစားထိုးလို့ရတဲ့အရာ မပေါ်သေးပါဘူး။
သွေးဟာ လူ့ကိုယ်ခန္ဓာအလေးချိန်ရဲ့ ခုနစ်ရာခိုင်နှုန်းနီးပါး ရှိပါတယ်။
သွေးဟာ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို သယ်ဆောင်ပေးပါတယ်။
သွေးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အညစ်အကြေးဓါတ်များကို
စွန့်ထုတ်ဖျက်ဆီးစေဖို့အတွက် အဆုတ်၊ ကျောက်ကပ်နဲ့ အသည်းတွေဆီကို
သယ်ဆောင်ပေးသွားပြန်တယ်။
သွေးဟာ ရောဂါတွေကို တိုက်ထုတ်ပေးပြီး ဒဏ်ရာတွေ အနာတွေ ကျက်စေဖို့
ကူညီပေးသေးတယ်။
အေ၊ဘီ၊ အေဘီ၊ အို ဆိုပြီးတော့ အဓိက သွေးအမျိုးအစားအုပ်စုကြီး လေးခုရှိပါတယ်။
သွေးအမျိုးအစားတိုင်းမှာ မျောက်သွေးလို့ခေါ်တဲ့ RH အပေါင်း အနုတ် ဆိုတာလည်း
ရှိပြန်သေးတယ်။
သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားနဲ့ သွေးရည်ကြည်ဆိုပြီး အဓိက ၄ မျိုး
ပေါင်းစပ်ပါဝင်နေတယ်။
သွေးဖြူဥဟာ သွေးဆဲလ်ထဲမှာ အကြီးဆုံးပါပဲ။ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့
တာဝန်ယူပေးထားပါတယ်။ သွေးဖြူဥတွေရဲ့ သက်တမ်းဟာ တိုလွန်းလှပါတယ်။ ရက်အနည်းငယ်
ဒါမှမဟုတ် တစ်ပတ်လောက်ပဲ သက်တမ်းရှိပါတယ်။ သွေးစက်လေးတစ်စက်မှာ
သွေးဖြူဥဆဲလ်ပေါင်း ခုနစ်ထောင်ကနေ နှစ်သောင်းခွဲအထိ ရှိတတ်ပါတယ်။ ကိုယ်ထဲကို
ဝင်လာတဲ့ ရောဂါပိုးက ပြန်လည်ခုခံတယ်ဆိုရင် သွေးဖြူဥဆဲလ် အရေအတွက် ဒီထက်မက
များပြားလာတတ်ပါတယ်။
သွေးနီဥဟာ သွေးပမာဏရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အောက်ဆီဂျင်နဲ့
အာဟာရဓါတ်တွေကို အဓိက သယ်ဆောင်ပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေကို
အဆုတ်ကို ပြန်လည် သယ်ယူပေးပြန်တယ်။
သွေးဥမွှားက အသေးငယ်ဆုံး သွေးဆဲလ်လေးတွေပါ။ သွေးပမာဏရဲ့ ၅ ရာခိုင်နှုန်းက ၇
ရာခိုင်နှုန်းအထိဟာ သွေးဥမွှားလေးတွေပါ။ သွေးဥမွှားတွေက ဒဏ်ရာ အနာတရဖြစ်တဲ့အခါမှာ
သွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးပါတယ်။
သွေးရည်ကြည်က စေးကပ်ကပ်ရှိလှတဲ့ အ၀ါရောင်ဖျော့ဖျော့ အရည်လေးပါ။ သွေးပမာဏ
စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းဟာ သွေးရည်ကြည်တွေပါ။ သွေးရည်ကြည်ထဲမှာ ရေဓါတ်၊
ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေ ပေါင်းစပ် ပါဝင်နေပါတယ်။ သွေးရည်ကြည်ရဲ့ ၉၅
ရာခိုင်နှုန်းက ရေတွေပါ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းက ဟိုမုန်းဓါတ်တွေ၊
ဆားဓါတ်နဲ့ ပရိုတင်းဓါတ်တွေပေါ့။
သွေးနီဥဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀ အထိ သက်တမ်းရှိပါတယ်။
သွေးနီဥကို သာမာန်အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်ထားလို့ရပါတယ်။
အေးခဲထားတဲ့ သွေးနီဥတွေဆိုရင် ၁၀ နှစ်နဲ့ အထက် သိမ်းထားလို့ရပါတယ်။
သွေးဥမွှားကတော့ ၅ ရက်အတွင်း အသုံးပြုရပါတယ်။
သွေးဥမွှားကို သွေးကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့ သွေးသွင်းကုသမှုမှာ
အသုံးပြုပါတယ်။
သွေးရည်ကြည်ဟာ သွေးပေါင်ချိန်ကို ထိန်းတဲ့နေရာမှာ ကူညီပေးပါတယ်။ သွေးဆဲလ်တွေ၊
ဟိုမုန်းဓါတ်တွေ၊ အင်ဇိုင်းတွေကိုလည်း သယ်ဆောင်ပေးပါတယ်။ သွေးခဲစေဖို့အတွက်နဲ့
ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်ကိုလည်း သယ်ဆောင်ပေးပါတယ်။
အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ ထားလို့ရပါတယ်။
မြန်မာနိုင်ငံမှာတော့ Whole blood donation လို့ခေါ်တဲ့ အများသိကြတဲ့ သွေးလှူဒါန်းမှုကိုသာ
ပြုလုပ်နိုင်ပါတယ်. ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ Whole blood donation,Plasma donation,Platelet
donation ဆိုပြီး ခွဲခြားလှူဒါန်းနိုင်ပါတယ်..
မှတ်ချက်။ယခုဖော်ပြချက်များမှာ'ဖတ်မိသမျှ၊မှတ်မိသမျှ'ကိုပြန်လည်ဝေငှခြင်းဖြစ်ပါသည်။မူရင်းရေးသားသူပညာရှင်
များရဲ့အမည်များကိုမမှတ်မိသဖြင့်ကိုးကားနေရာတွက်ဖော်ပြနိုင်ခြင်းမရှိသည်ကိုနားလည်ပေးကြစေရန် ပန်ကြားအပ်ပါသည်။ ။
ဝင်းသု
အခု အပိုင်းကတော့သွေးလှူရှင်တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အချက်တွေနဲ့ သွေးလှူဒါန်းခြင်းမှာ ပြုလုပ်တဲ့သွေးအမျိုးအစားစစ်ဆေးခြင်း၊သွေးလှူရှင်ကျန်းမာရေးစစ်ဆေးခြင်း၊သွေးထုတ်ယူခြင်း၊အာဟာရဖြည့်တင်းခြင်းဆိုတဲ့ အဆင့်ဆင့်ကို ဖော်ပြပေးသွားပါမယ်.
သွေးလှူဒါန်းခြင်းမပြုနိုင်တဲ့သူတွေအကြောင်းလည်းရေးပေးလိုက်ပါတယ်.
သွေးလှူရှင်တစ်ယောက်ဖြစ်ဖို့ကိုယ့်မှာသန့်ရှင်းတဲ့သွေးပိုင်ဆိုင်ဖို့နဲ့ ဟေမိုဂလိုဘင်လို့ ခေါ်တဲ့ သွေးအားပြည့်မှုတွေရှိမှ
လှူဒါန်းနိုင်မှာဖြစ်ပါတယ်.
သွေးလှူဒါန်းလိုသူဟာသွေးလှူရန်အတွက် သွားမဲ့နေ့မှာဘာတွေပြင်ဆင်သွားရပါမလဲ?
ခုမှစတင်လှူဒါန်းမဲ့သူဆိုရင်
မှတ်ပုံတင်(သို့)ကျောင်းသား/၀န်ထမ်းကတ်ယူသွားရပါမယ်.
အမြဲတမ်းသွေးလှူတဲ့သူဆိုရင်တော့ သွေးလှူရှင်ကတ်ပြားယူဆောင်သွားရပါမယ်.
သွေးလှူမဲ့နေ့မနက်မှာ အားရှိအောင် မနက်စာအ၀စားလို့ ရေ (သို့)ဖျော်ရည် များများသောက်ထားရင် သွေးလှူတဲ့အခါ
သွေးရဲ့ စီးဆင်းမှုကို မြန်ဆန်စေပါတယ်.သတိပြုရမှာက
ဘာမှမစားမသောက်ထားပဲမသွားပါနဲ့.....သွေးလှူပြီး မူးမော်တာ ဖြစ်တတ်လို့ ပါ.....
[IMG]http://api.ning.com/files/C1*FO7L3NUFkuT3pUs9p-87Mc*1rGhyEra2l428JQMz3cuUeOo6XeD6rFpT0e80p0YpvnVDscZwYDxSu1QjidKOqF6weR0GD/Untitled2copy.jpg?width=437[/IMG]
![]()
သွေးသည်အသက်၊အသက်သည်သွေးဖြစ်လို့ သွေးလှူဒါန်းခြင်းဖြင့် တပါးသူရဲ့ အသက်တစ်ချောင်းကိုကယ်တင်ပေးပါလို့ တိုက်တွန်းရင်း
Credits To----------Win Thu
(မှတ်ချက်.....တန်ဖိုးရှိတဲ့ ပို့စ်လေးကို ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီ လင့်ခ် (http://www.myidgroup.org/showthread.php/552-%E1%80%B1%E1%80%9E%E1%80%BC%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9%E1%80%A1%E1%80%9E%E1%80%80%E1%80%B9%E1%81%8A%E1%80%A1%E1%80%9E%E1%80%80%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9%E1%80%B1%E1%80%9E%E1%80%BC%E1%80%B8) ကနေ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။)
Labels: သုတ
Wednesday, December 8, 2010
ပုစွန်ကဲ့သို့အခွံမာပင်လယ်စာများများစားမယ်ဆိုရင် လိမ္မော်ရည် သံပုရာရည်တို့ နဲ့တွဲမစားပါနဲ့
**************
ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။လူသတ်မှုလို့ ထင်တဲ့အတွက် ရဲတွေက အပြင်းအထန် စစ်ဆေးမှုတွေ လုပ်ပါတော့တယ်။
ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး သူမနဲ့ အတူတူ ညစာမှာပုဇွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ” လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။
နီးစပ်ရာလူတွေကိုလက်ဆင့်ကမ်းပြောပေးကြပါဦး။ (Forward mail လေးထဲကနေ ပြန်လည် မျှဝေလိုက်ပါတယ်။ ဓါတ်ပုံကတော့ ဂူဂဲလ်ကနေ ရှာယူထားတာပါ။ သူငယ်ချင်း၊ မောင်နှမများအားလုံး ကာယသုခ စိတ္တသုခတွေနဲ့ ပြည့်စုံကြပါစေ။ အလည်ရောက်လာကြတဲ့အတွက်လည်း လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်ရှင်။)
Labels: သုတ
Monday, November 22, 2010
ဘာသာစကားကို နားမလည်ပေမဲ့ တကယ့်ကို အနုပညာမြောက်တဲ့ ပြကွက်တွေမို့ သဘောကျလို့ သိမ်းထားချင်တာရော မကြည့်ရသေးတဲ့ သူငယ်ချင်းမောင်နှမများကိုပါ ကြည့်ရှုခံစားစေချင်လို့ မျှဝေလိုက်ပါတယ်နော်။ အလည်လာသူများအားလုံးကို ခင်မင်စွာဖြင့် အစဉ်ကျေးဇူးတင်လျှက်.... သံယောဇဉ်။
Labels: သုတ
Saturday, July 3, 2010
ဆွဲလိုက်ပါ။ run ပြီးရင် gtalk လိုပဲ ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ့်အကောင့်ကို sign in ၀င်ပြီးတော့ invisible ကိုရွေးလိုက်ပေါ့။ ဒါပေမဲ့ မြန်မာဖောင့်တော့မပေါ်ဘူး။ မြန်မာဖောင့် ထည့်လို့ရရင်လည်း ပြန်လည်မျှဝေပေးပါနော်။ ပုံတွေနဲ့ ရှင်းပြဖို့က ပုံမတင်တတ်လို့ ဒီအတိုင်းလေးပဲ တင်လိုက်ရတာ နားလည် ပေးကြပါ။ နည်းပညာနဲ့ ပတ်သက်ပြီး နားမလည်ပါဘူး။ ဒါလေးကို ရှာဖွေရင်းတွေ့လာခဲ့လို့ ပြန်ပြီးမျှဝေ တာပါ။ သိပြီးသူတွေ အများကြီးရှိကြမှာပါနော်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မသိသူတစ်ယောက်ယောက်တွေ့လို့
သဘောကျပြီး သုံးခွင့်ရလိုက်မယ်ဆိုရင်ပဲ ကြည်နူးလှပါပြီ။ ပျော်ရွှင်နိုင်ကြပါစေရှင်။
Labels: သုတ




















