သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Monday, April 22, 2013

သီချင်းအသစ်လေးလားမသိဘူး။ နားထောင်ကြည့်တာ နဲနဲတိုက်ဆိုင်နေသလိုလိုနဲ့မို့ .....

မနာလိုတတ်ပြန်ရင်လည်း အချစ်မစစ်ဘူးဆိုပြီး  ငြိုငြင်တတ်တဲ့ချစ်သူတွေနဲ့ ဝေးပါစေ....:D

Wednesday, March 21, 2012



ဒီနေ့တော့.....ဒီသီချင်းလေး နားထောင်နေမိပါတယ်..........။ သူငယ်ချင်းတို့လည်း အလည်လာရင်း နားသောတဆင်သွားကြနော်...။

Tuesday, February 21, 2012



ဆုံနိုင်ခွင့်မရှိနိုင်တော့တဲ့ ကျွန်မတို့ချစ်ခြင်းအတွက် ချန်ထားခဲ့တဲ့ ချစ်သူကသာ.. သူ့ကို  လွမ်းတိုင်းအခုထိ ငိုနေမိတဲ့ ကျွန်မအဖြစ်တွေကို သိခဲ့ရင် ဒီသီချင်းလေးအတိုင်း နှစ်သိမ့်ချင်နေမလား..........ဆိုတဲ့အတွေးနဲ့.. ဒီသီချင်းလေးကို ရွေးတင်လိုက်ပါတယ်။

ချစ်သောသူတိုင်း ဆုံဆည်းပေါင်းဖက်နိုင်ကြပါစေ.........

Tuesday, February 14, 2012



၂၀၁၂ ရဲ့ ချစ်သူများနေ့အတွက် ပြန်မဆုံနိုင်တော့တဲ့ ချစ်သူကို တမ်းတရင်းနဲ့ပဲ ဒီသီချင်းလေးတစ်ပုဒ်ကို တင်လိုက်တယ်။ မပြည့်နိုင်မဲ့ဆုမှန်းသိပေမဲ့လည်း ချစ်သောသူများအားလုံးဆုံစည်းနိုင်ကြပါစေလို့ ချစ်သူများနေ့မှာ ချစ်သူစုံတွဲတွေအတွက် ဆုတောင်းဆန္ဒပြုပေးလိုက်ပါတယ်။

Wednesday, September 14, 2011

Thursday, July 28, 2011

Sunday, July 17, 2011

Monday, July 4, 2011

Monday, May 23, 2011



ကမ္ဘာကြီးပုံမှန်လည်ပတ်နေသလို..... အချိန်နဲ့အမျှပြောင်းလဲခြင်းတွေလည်း ပြောင်းလဲဖြစ်ပျက်နေကြတယ်။ 

လွန်ခဲ့တဲ့ ၂၀၀၉ မေလ ၂၃ ရက်နေ့မှာ ကျွန်မ ကျောင်းတက်ဖို့ သူနဲ့ကျွန်မ လူချင်း နိုင်ငံချင်း ဝေးကွာခဲ့ရတယ်.... ကျွန်မခွဲသွားမှာကို မလိုလားတဲ့အတွက် ဒီ "the day you went away" သီချင်းလေးကိုတောင် သူက နားထောင်ခွင့်ပိတ်ပင်ခဲ့ဖူးတယ်။  နိုင်ငံချင်းဝေးခဲ့ပေမဲ့ ကျွန်မစိတ်ထဲမှာတော့ သူနဲ့ ဘယ်တုန်းကမှ ဝေးကွာခဲ့ခြင်းမရှိခဲ့ဖူးပါဘူး....ဒါပေမဲ့  နောက်ပိုင်းမှာတော့ တကယ်တမ်း ဝေးဖို့အခြေအနေကို သူကသာ ဆောင်ကျဉ်းခဲ့တယ်.. ပတ်ဝန်းကျင်နဲ့ သူ့အသိုင်းအ၀ိုင်းဘက်ကို အလေးသာ ဦးစားပေး သူရွေးချယ်ခဲ့လို့ ကျွန်မကိုချစ်တဲ့အချစ်ကို စွန့်လွှတ်ဖို့ သူရွေးချယ်ခဲ့တယ်။ ကျွန်မကို.... သူထားခဲ့နိုင်ပေမဲ့ ခွန်အားမဲ့စွာ သူပေးတဲ့ ၀မ်းနည်းအားငယ်ခြင်းတွေကို ဆက်ပြီး ပွေ့ဖက်ထားဆဲပါပဲ... ဒီသီချင်းလေး ကြားတိုင်း ဆိုညည်းမိတိုင်း သူပြောခဲ့ဖူးတဲ့စကားတွေ ကြားယောင်နေမိတဲ့အတွက် စွဲလန်းတတ်တဲ့ ကျွန်မအပြစ်တွေပဲပေါ့လေ........... ၂ နှစ်ဆိုတာ ပြည့်သွားခဲ့ပြန်ပြီ...။ အခြေအနေတွေပြောင်းလဲ သွားခဲ့ပေမဲ့ သူ့အပေါ်ထားရှိတဲ့ ချစ်ခြင်းနဲ့ သံယောဇဉ်ကတော့ အရင်အတိုင်းပါပဲ...နဲနဲမှ ယိုင်နဲ့မသွားပါဘူး...။ ဒီချည်နှောင်ကြိုးတွေက သူလွှတ်လိုက်တာနဲ့အမျှ ကျွန်မက ပိုပိုပြီး အရစ်ပတ်ခံနေရသလိုပါ...... သူ..ရွေးချယ်လျှောက်တဲ့လမ်းလေး.. သူရွေးချယ်တဲ့ သူ့လက်တွဲဖော်လေးနဲ့အတူ..ပျော်ရွှင်အေးချမ်းပါစေ။ သာယာရွှင်လန်းပါစေ............။ ကျွန်မကတော့ သူ ချစ်ခဲ့ဖူးတဲ့အချစ်တွေနဲ့အတူ ကျွန်မရဲ့ချစ်ခြင်းတွေနဲ့ သူထားခဲ့တဲ့အလွမ်းလမ်းလေးအတိုင်း ဆက်လျှောက်နေဆဲ.......။

Friday, April 29, 2011

Saturday, March 12, 2011

   
                                                                               
သံစဉ်/စာသား/အဆို- ပူစူး 
V1    ခဏလေးပါ ချစ်သူရယ် သေချာ ဆက်ဆက် စောင့်နေကွယ်
        ပြန်ခဲ့မယ် ပြောခဲ့လည်း အပြီး နင်ထွက်သွားခဲ့တယ်
V2    လုံခြုံမှု အပြည့် မပေးနိုင်တဲ့ အကာအရံမဲ့ ငါ့ဘ၀အိမ်ထဲ
        မလာဖြစ်တာ ကောင်းပါတယ် နင်ထားရစ်ခဲ့နိုင်ပါတယ်
CHO: အသည်းခွဲခဲ့တဲ့သူလို့ အပြစ် မပြောရက်ဘူးကွယ်
        ရက်စက်လွန်းတဲ့သူလို့ မစွပ်စွဲရက်ဘူးကွယ်
        နင်ပိုင်တဲ့ နင့်ဘ၀ရဲ့လမ်းပဲ ရွေးချယ်ခွင့်ရှိတယ်
        မင်းက မချစ်တော့ပေမဲ့ ငါ မုန်းမရဘူးကွယ်
        မင်း သတိမရတော့ပေမယ့် ငါက မမေ့ဘူးကွယ်
        ငါဆုတောင်းပေးလိုက်ပါ့မယ် အဆင်ပြေပါစေကွယ်
V3    တကယ်ဆို အချစ်နှင့် ဘ၀ဟာကွယ် အကြွေစေ့ ခေါင်းနှင့် ပန်းလို
        အမြင်မှာ ကျောချင်း ကပ်နေလည်း ဆန့်ကျင်ဘက် အရပ်သို့ လှည့်
V4    ရွှေမှုန် ကြဲတဲ့ လမ်းတွေထက် နင် လျှောက်လှမ်းသွားလိုက်ပါကွယ်
        နင် ဆုံးဖြတ်ခဲ့သမျှလည်း မမှားဘူး မင်း မှန်ပါတယ်


စာသားကို (http://www.mysuboo.com/index.php?option=com_blog&name=www.mysuboo.com/yweaponre&task=view&pid=25563&Itemid=) ကနေ ပြန်လည်ဝေမျှလိုက်ပါတယ်။

Wednesday, March 2, 2011

Wednesday, January 26, 2011




သီးချင်းအမည်နဲ့ တေးဆိုသိလို့ ပြန်တင်ထားတယ်နော်။

အားလုံးကို ခင်မင်လေးစားလျှက်.....TYZ

Wednesday, December 22, 2010

Friday, November 26, 2010

Thursday, November 18, 2010

Friday, October 29, 2010



 သူ့ဘက်က မမျှော်လင့်နဲ့တော့လို့ ဆိုခဲ့ပေမဲ့လည်း မသိစိတ်ကနေ သိသိသာသာလေး ပိုပြီးမျှော်လင့်နေမိတာကတော့ ကိုယ့်ဘာသာကိုယ်ရှာတဲ့ ဒုက္ခတစ်ခုလို့ ကိုယ့်ကိုယ်ကို အပြစ်တွေတင်ရင်း မရေရာမှုတွေကို နွမ်းလျစွာနဲ့ မျှော်လင့်နေမိဆဲပေါ့.........။ ဒီသီချင်းလေးနားထောင်ပြီး ရင်ထဲမှာ တိုးတိုးလေးနဲ့ သူ့ကိုတိုင်တည်ပြောမိတယ် ချစ်တဲ့သူကို စွန့်လွှတ်ရတာ ဘယ်လောက်ပင်ပန်းမွန်းကျပ်နေလဲဆိုတာ ......။

Thursday, October 28, 2010

Saturday, October 16, 2010

Thursday, September 30, 2010

Template by:
Free Blog Templates