သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Monday, July 19, 2010

လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်များ (၉) ဦးတပြိုင်နက် အသက်စတေးခဲ့ကြရတဲ့ ဒီနေ့ကို မြန်မာနိုင်ငံက နိုင်ငံသားများ မမေ့နိုင်တာ မထူးဆန်းပါဘူးလေ။ သံယောဇဉ်လည်း မြန်မာနိုင်ငံသူတစ်ဦးမို့ အမှတ်ရမိပါတယ်။ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ သမိုင်းတွေ အခုသမိုင်းဖတ်စာတွေမှာ ပါသေးရဲ့လား။ နောင်လာနောက်သား လူငယ်လေးတွေ အာဇာနည်နေ့မှာ ဘယ်သူတွေ အသက်စတေးခဲ့ကြသလဲဆိုတာ သိနိုင်ပါတော့မလား။ ဒီလိုတွေးရင်းနဲ့ သမိုင်းကိုတောင် ဖျောက်ဖျက်ဖို့ ကြိုးစားချင်နေကြတဲ့ လူတွေရဲ့ အတ္တကို တကယ်ကြောက်မိတယ်။ အတိုင်းအဆမရှိတဲ့ လူ့အတ္တတွေကြောင့် လူတွေ ဒုက္ခရောက်ကြရတာလည်း အရေအတွက် မနည်းတော့ဘူး။ ၀ဋ် ဆိုတဲ့စကားလုံးကို ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ကြမှာပါ။ ကြမ္မာရဟတ် တစ်ပတ်လည်ဦးမှာပါလေ။ ကိုယ်ပြု တဲ့ကံက ကိုယ့်ထံကိုပဲ ပဲ့တင်ပြန်လာကြမှာပါ။ အာဇာနည်နေ့တွင်ကျဆုံးခဲ့သော အာဇာနည် သူရဲကောင်းများနှင့်တကွ မြန်မာနိုင်ငံအတွက် အသက်စတေးခဲ့ကြသော သမိုင်းမတွင် ရွက်ပုန်းသီး သူရဲကောင်းများကိုပါ လေးစားသောအားဖြင့် သမိုင်းတွင်ခဲ့သည့် ဤအာဇာနည်နေ့တွင် လေးစားစွာဖြင့် ဦးညွှတ် ဂုဏ်ပြုလိုက်ပါရစေ။

ဓါတ်ပုံကို (http://ngeisokmagazine.blogspot.com/2009_07_19_archive.html) မှ ယူသုံးသည်။ 
မှတ်ချက်။ ။ အာဇာနည်နေ့ကို ဂုဏ်ပြုချင်လို့ အတွေးတစ်ချို့ကို ချရေးလိုက်တာပါ။ အမြီးအမောက်မတည့်တာရှိရင် နားလည်ပေးကြပါနော်။ 

ကျွဲနှစ်ကောင်ခတ်တဲ့ ပွဲမှာ
ဖွတ်ဖွတ်ညက်ကြေခဲ့ရတာ
မြေစာတွေရဲ့ဘ၀ပါ။

ကြားထဲက ၀င်မပါခဲ့ပေမဲ့
ရှောင်လွှဲမရတဲ့ ကံကြမ္မာကြောင့်
သူတို့ တိုက်ပွဲရဲ့ခွါကြမ်းအောက်မှာ
မလွတ်မြောက်ခဲ့ရှာဘူး။

သူတို့တတွေ ပြန်ကလူကျီစယ်
မြေစာမှာတော့ မျက်ရည်လေးလည်
နလန်တောင် မထူနိုင်သေးဘူးကွယ်။

အားလည်းမသန်ပါဘူး
မာန်လည်းမထားနိုင်တဲ့ဘ၀မို့
မြေစာဖြစ်ရတဲ့ ကံဘ၀ကိုပဲ
အပြစ်တွေ ပုံချပါရစေတော့။

Friday, July 16, 2010

Template by:
Free Blog Templates