သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Sunday, January 23, 2011

ချစ်ညီမလေး

(မင်းအတွက်လက်ဆောင်လေးပါ။ For My lovely sister )ဆိုပြီး ညီမကို သွန်သင်ခဲ့ဖူး စောင့်ရှောက်ခဲ့ဖူးသလို ညီမကို တစ်ယောက်ထဲ ကိုယ့်အားကိုယ်ကိုးတတ်အောင် ထားရစ်ခဲ့တဲ့ အစ်ကို့အတွက်   (22.1.2011) စနေနေ့ မှာ ကျရောက်တဲ့ အစ်ကို့ရဲ့ (၃၄) နှစ်မြောက် မွေးနေ့လေးမှာ အစ်ကိုသွန်သင်ဆုံးမခဲ့ဖူးတဲ့ စာတိုလေးကိုပဲ အမှတ်တရအနေနဲ့ ညီမရဲ့ ရိပ်မြုံလေးမှာ သိမ်းထားချင်လို့ တင်လိုက်ပါတယ်....။ 

  • (စာထဲက အကြောင်းတွေကို သေချာဖတ်ပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုဝေဖန်ပြီးတော့ ပြုပြင်ပြောင်းလဲကြည့်ပါ၊ အစ်ကိုရေးထားတာမဟုတ်ဘူးနော်)

ညီမလေးအတွက် မှတ်သားဖွယ်ရာစကားများ

  • ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
  • ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။ 
  •  
  • သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။
  •  
  • အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
  •  
  • လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။ 
  •  
  • ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။
  •  
  • ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။
  •  
  • အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။ 
  •  
  • မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။ 
  •  
  • သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
  •  
  • အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် “အတွေ့အကြုံ”ဆိုတာ ဖြစ်လာပါတယ်။
  •  
  • ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
  •  
  • အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။


 ညီမပေးခဲ့တဲ့ အစ်ကို့အတွက်မွေးနေ့ ဆုတောင်းလေးပါ။ 
 
ညီမလေးရဲ့အစ်ကို
၂၀၁၁ ရဲ့ ဇန်န၀ါရီလ ၂၂ရက်မှာ
အစ်ကိုလျှောက်ခဲ့တဲ့
သက်တမ်းခြေလှမ်းတွေက
၃၄ လှမ်းပေါ့

ဖြစ်ချင်တာတွေ ရှိခဲ့သလို
မဖြစ်ချင်တာတွေလည်း
ကြုံခဲ့ရတယ်မဟုတ်လား ..?

ဒါဟာ လောကသားတွေအတွက်
သင်ခန်းစာပဲနော်၊
ပျော်ချိန်မှာ ပျော်ခဲ့ရတဲ့အစ်ကို
စိတ်ညစ်ချိန်တွေလည်း ရှိခဲ့တာပဲ ….

လောကကြီး ဘယ်လိုပြုပြု
မနုတတ်ခဲ့တဲ့ အစ်ကိုက
အမြဲပြန်အံတုခဲ့တာ
လေးစားပါတယ် အစ်ကို..

လူမျိုးကိုချစ်တတ်တဲ့ အစ်ကို
ဘာသာတရားကိုလည်း ကိုင်းရှိုင်းတယ်
ညီမလေးကအစ်ကို့လောက်
မစွမ်းဆောင်နိုင်ပေမဲ့
အမြဲလေးစားလို့
ဂုဏ်ယူခဲ့ရပါတယ်..

တည်ကြည်ဖြောင့်မတ်ပြီး
မှန်ကန်ခြင်းသစ္စတရားကို
ဦးထိပ်ထားတတ်တဲ့အစ်ကို့ကို
ညီမလေး ရိုသေစွာဖြင့်
အတုယူလျှက်ပါ

ဒါကြောင့်မို့လဲ …..
ညီမလေး ချစ်ခင်လေးစား
ရိုသေရသော အစ်ကိုကြီးကို
ကြည်နူးပျော်ရွှင်ရင်း
အေးချမ်းတဲ့ဘ၀လေးမှာ
ဆန္ဒတွေ ပြည့်ဝလို့
အပြုံးပန်းတွေ ဝေနေတာကိုပဲ
မြင်တွေ့နေရပါစေလို့
 ဆုတောင်းပေးပါတယ်။



အစ်ကို... အရင်နှစ်က ဆုတောင်းလေးပဲ ပြန်ဆုတောင်းပေးလိုက်တယ်နော်....။ အစ်ကို ဒါတွေဖတ်မိရင် ညီမရဲ့ စေတနာတွေနားလည်ခံစားနိုင်ပါစေလို့ ဆုတောင်းပါတယ်။  အဝေးမှ အစ်ကိုတစ်ယောက် ဖြောင့်ဖြူးတဲ့ ဘ၀ခရီးကို အေးချမ်းစွာ လျှောက်လှမ်းနိုင်ပါစေ.....။ 

ချစ်ညီမ.... သံယောဇဉ်(TYZ)

Saturday, January 15, 2011


က................ကလိမ်စေ့ ငြမ်းစင် သူတို့ပင်


..................ခဏခဏ အယောင်တွေပြ
...................ဂတိ အလွန်ပျက်၏

...................ငါတို့အား အသေဖိထား

...................စစ်တပ် ပြည်သူတွေကိုသတ်

..................ဆရာတော်များ အသက်စွန့်သွား

....................ဇစ်မြစ် ဘယ်ကမှန်းမသိ

..................ညှင်းဆဲ ပြည်သူတွေမှာ သူတို့လက်ထဲ

................တရားဥပဒေ စာအုပ်ထဲမှာနေ

.................ထင်ရာစိုင်း လူ့ငရိုင်း

..................ဒလိမ့်ကောက်ကွေး အမြန်ဆင်းပေး

.................ဓန သူတို့ လက်ထဲမှာဗျ

.................နိုင်ငံခြား အဆက်ဖြတ်ထား(အဆက်အသွယ်)

................ပုန်းနေ သချိုင်းကုန်းမြေ

...............ဖွံ့ဖြိုးမူမှာ နောက်ဆုံးကပါ

..............ဗိုလ်ချူပ်မူးကြီး အချိန်မစီး(ဟီးးးးးးးး ဘယ်ဒူပါလိမ့်)

............ဘယ်သူမှ အထင်မကြီးပါဗျ

.............မြုံနေရ သေနတ်ကြောက်လို့ပါကွ

............ယတြာ ခြေလွန်းတယ်ဗျာ

..............ရူးနေ ဘုရင်ရူးပေ

............လူတိုင်း ဘုရားထူးခိုင်း

..............၀ဋ်ရယ် လည်ပါတော့ကွယ်

............သက်တမ်း အမြန်ကုန်စမ်း

..............ဟိုမှာ လေဖြတ်နေပြီကွာ :D

...............အမင်္ဂလာ ဆိုက်ပြီဗျာ တဲ့ သူငယ်ချင်းတို့ရေ.............:P

ဦးဦးမှော်ဆရာအသင်းဝင်မမ ပန်းနှင်းဆီ မှမျှ ဝေလို့ သယ်ရင်းတို့ ပျော်အောင်ပြန်လည်မျှဝေလိုက်ပါတယ်

-- အခု သံယောဇဉ်ကထပ်ဆင့် မျှဝေပေးပါတယ်။

Monday, January 10, 2011


၂၀၁၀ နှစ်ကုန်လို့ ၂၀၁၁ ကို ရောက်လာပြန်ပြီပေါ့...။ ၂၀၁၀ ရဲ့ ဒီဇင်ဘာ ၃၁ ညပိုင်းမှာ သူငယ်ချင်းမောင်နှမများကို Happy New Year ဆိုပြီး နှုတ်ခွန်းမဆက်လိုက်ရဘူးနော်။ ကဲ.. ကဲ သူငယ်ချင်းမောင်နှမများရှင်.... Happy New Year ပါ...ပျော်ရွှင်စရာ နှစ်သစ်လေး ဖြစ်ပါစေရှင်။ ခရီးထွက်နေလို့ အင်တာနက်နဲ့ အဆက်ပြတ်နေခဲ့ပါတယ်။

နှစ်သစ်နဲ့အတူ မနက်ဖြန်ပေါင်းများစွာမှာ ဆန္ဒနဲ့ ဘ၀ ထပ်တူကျပါစေလို့ ဆန္ဒပြုပါတယ်ရှင်။။

သူငယ်ချင်းမောင်နှမများကို အစဉ်လေးစားခင်မင်လျှက်.... သံယောဇဉ် (TYZ)

ဓါတ်ပုံ..http://venomstrikes.com/2010/12/30/happy-new-year-2011/ 

Template by:
Free Blog Templates