သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Thursday, April 1, 2010


အမေရေ…..
ဟောဒီ နွေလယ် April လမှာ
သားသမီးတွေနဲ့ဝေးတာကြာလို့
ခြောက်သွေ့နေတဲ့ အမေ့ရင်ခွင်လေးဆီ
သမီးလေးအရောက်လာခဲ့မယ်လေ..။

အသံချိုချိုနဲ့ အကြင်နာပိုလို့
ဘူတာရုံလေးမှာ ထွက်ကြိုနေရမလားတဲ့
လေလှိုင်းကတစ်ဆင့်
မေးလာတဲ့အမေ့မေးခွန်းလေးကြောင့်
ချစ်သမီးရင်မှာ အေးသွားတာပဲအမေ….။

ခဏတာပြန်ရောက်ချိန်လေး
နွေးထွေးတဲ့ အမေ့ရင်ခွင်မှာမှေးစက်ရင်း
နာကျဉ်ခံစားခဲ့ရတဲ့ လောကဓံတွေ
ပြေလျော့စေတာအမှန်ပဲ အမေရယ်…။

ဘယ်အချိန်ဘယ်အခါမှများ
အမေ့အနားမှာ မခွဲမခွါပဲ
ငြိမ်းငြိမ်းချမ်းချမ်းနဲ့
နေရပါ့မလဲအမေရယ်….။

အမေ့ချစ်သမီးလေး
အမေနဲ့ နီးနီးလေး အမြဲနေချင်လို့
အမေနဲ့ခဏခဏဝေးနေခဲ့ရတယ်အမေ……..။

အမေ့ဆီပြန်လာတော့မယ့် သမီးငယ်တစ်ယောက်ရဲ့ ခံစားချက် အမှတ်တရပေါ့…။ ဘူတာရုံမှာ ပြုံးပြီးလာကြိုနေမဲ့အမေ့ကို မြင်ယောင်ရင်း ပျော်လိုက်တာ သူငယ်ချင်းတို့ရေ….။ ပြန်ခွင့်ရတာ တစ်လသာသာ အချိန်လေးဆိုပေမဲ့ အရမ်းကိုအေးချမ်းမဲ့ အချိန်လေးတွေပဲလေ။ သားသမီးတွေအတွက် အမေ့ရင်ခွင်က ထာဝစဉ် အေးမြနေပါတယ်။
  ဓါတ်ပုံကတော့ ဒီကနေ ယူလာတာပါ။

0 Comments:

Post a Comment



Template by:
Free Blog Templates