မင်းဆိုဖူးတဲ့ သီချင်းရဲ့ Melodyကို ငါပြန်ညည်း မျက်ဝန်းအိမ်မှာ မျက်ရည်မြစ်တို့ စီးဆင်းနေပြန်ပြီ။ အချိန်အခါမဟုတ်တဲ့မျက်ရည်မိုးက ငါ့နှလုံးသားမှာရွှဲရွှဲစို ငှက်ဖျားမိထားသလို ချမ်းအေးလွန်းလို့ တုန်ရီနေဆဲ။ ဒါပေမဲ့လည်း...... ဒီ Melody ဆိုညည်းခဲ့ဖူးတဲ့မင်းလေး ငါ့ဘေးနားဆီကို ပြန်မလာနိုင်တော့ပြီပဲ.....။ ဝေးခဲ့ကြပြီ......... ငါ့အိပ်မက်တွေရဲ့ အဆုံးထိမင်းလေးလိုက်မလာနိုင်တော့ပြီပေါ့။ နောက်ဆုံးတော့လည်း...... ဒို့ နှစ်ယောက်လုံး ချစ်ခဲ့ကြတာ ကံကြမ္မာစေစားချက် တစ်ခုပါပဲတဲ့လား။။ ပျော်နိုင်ပါစေ ချစ်သူ.... မြတ်ဘုရားရှေ့မှာ မျက်နှာပူစွာနဲ့ ငါရည်စူး ဆုတောင်းပေးနေတတ်ခဲ့ပြီပဲ။ အချစ်စစ်ဆိုတာလည်း.... ငါတကယ်ကို နားလည်သွားပါပြီ။ ဒီလိုပါပဲ.... မင်းညည်းဆိုဖူးတဲ့ ဒီ Melody ငါ့နှလုံးသားမှာ နင့်နေအောင် စွဲထင်ကျန်ရစ်ဆဲ.... ငါညည်းဆိုနေဆဲပဲပေါ့ ဒီ Melody.....။ မင်းအငွေ့အသက်တွေနဲ့ စီးဆင်းပျော်ဝင်နေသေးတဲ့ ဒီ Melody .....။
ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို