ပြာသိုဆို ခွါညိုတွေပွင့်သတဲ့
စာဆိုတွေ အဆက်ဆက်ဖွဲ့နွဲ့
ချစ်စဖွယ့်ဂုဏ်ရည်နဲ့ ဒီလပြာသို....။
မြူနှင်းပြောက်ပြောက်
မှိုင်းပျပျလရောင်အောက်
အေးချမ်းမှုတွေပျောက်ပြီး
ဘယ်ဆီကိုမျှော်မှန်း ငါ... လွမ်းရမှာလဲ...။
အမေ့ကိုတမ်းတ မှန်းဆလည်းမဖြေသာ
ချစ်သူကို ရော်ရမ်း လွမ်းခွင့်မသာတဲ့ငါ....
ခွါညိုရယ်.... နင်ကော...
ဖူးသလား ပွင့်သလား ငါလည်းမမြင်သာ
အမိမြေနဲ့ဝေး......
ရတက်မအေးနိုင်တဲ့ ဒီပြာသိုမှာ
ခွါညိုရယ်.... နင်နားလည်နိုင်မလား...။
ငါလေ........
ဒီလိုလပြာသိုမှာ ခွါညိုတွေနဲ့ ဖူးပွင့်ဝေဆာ
သာယာနေတဲ့ မွေးရပ်ဆီကို သတိတရနဲ့
ခွါညိုရယ်.... လွမ်းတယ် နင့်ကို....။ ။