အချစ်က ဘက်မမျှတဲ့အခါ ပိုချစ်မိသူက နာကျင်ခံစားရစမြဲ။ မချစ်တတ်တဲ့သူတွေထဲ ကိုယ်လည်း ပါဝင်ချင်ခဲ့ဖူးရဲ့....။ မချစ်ပါနဲ့လို့ တားဆီးခွင့်မရှိတဲ့အခါ အချစ်မတွေ့သေးသူတွေအတွက် ပိုမချစ်ပါနဲ့လို့ သတိပေးချင်မိတယ်။ ကိုယ်ရင်နဲ့အမျှ ချစ်ရတဲ့သူနဲ့ ဆုံဆည်းခွင့်မရတဲ့အခါ
နောက်အချစ်သစ်နဲ့ တွေ့ဆုံခွင့်ရမယ်ဆိုပြီး မျှော်လင့်နေတတ်သူတွေ ရှိကောင်းရှိကြမှာပါ။ ခက်တာက ကိုယ်လည်း အဲဒီစာရင်းထဲ မပါဝင်နိုင်သေးသလို မေ့ဖို့ကိုယ်ကြိုးစားရင် ပိုပိုလွမ်းလို့ နေ့ရက်တွေ ရေတွက်နေရင်း အနာဟောင်းတွေတောင် ရင်းနေရာက သွေးတွေပြန်ပြန်ထွက်လို့...။ တကယ်ချစ်မိခဲ့သူအဖို့ ထားရစ်ခဲ့သူဆီကနေ "မုန်းတယ် " ဆိုတဲ့စကားထက် "မေ့လိုက်ပါတော့" ဆိုတဲ့စကားက အဆပေါင်းများစွာ နာကျင်ခံခက်စေပြန်တယ်။
အားလုံးပဲ ချစ်တဲ့သူနဲ့သာ တွေ့ဆုံ လက်တွဲနိုင်ကြပါစေ....။