သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Friday, November 16, 2012


ယုံကြည်ခဲ့မိသမျှ လှည့်စားခံရတဲ့အခါ

 နားလည်ပေးခဲ့သမျှ ဥပေက္ခာပြုခံရတဲ့အခါ

စာနာပေးခဲ့သမျှ အလှောင်ခံရတဲ့အခ

သံယောဇဉ်ထားခဲ့မိသမျှ စူးနစ်နာကျင်စေတဲ့အခါ 

ချစ်မိခဲ့သမျှ ချန်ရစ်ထားခြင်းခံရတဲ့အခါ

တရားမမျှတတဲ့လောကကို အပြစ်မဖွဲ့ချင်တော့ပါ

ဘယ်သူဘယ်ဝါ စာနာပါလို့လည်း မညည်းညူရဲတော့ပါ

ဒါဟာ ကျိန်စာ.... ငါ့ဘ၀ရဲ့ သီးသန့်ကျိန်စာ

တရားခံမဲ့တဲ့ ငါ့အတွက် ကျိန်စာ........။   ။



ရေးပြီးချိန်။ ။ ည ၁၀း၄၄  ၁၅.၁၁.၂၀၁၂ ကြာသပတေးနေ့
ဓါတ်ပုံ....  Google

1 Comment:

  1. မိုးနတ်ကြယ်စင် said...
    ကျိန်စာမိနေတဲ့ သံယောဇဉ်လေးရေ...
    ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်လေးနဲ့တွေ့ပြီး
    ကျရောက်နေတဲ့ ကျိန်စာလေးကို ပယ်ဖျက်နိုင်ပါစေနော်..
    ခင်တဲ့....မိုးနတ်

Post a Comment



Template by:
Free Blog Templates