သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Wednesday, May 22, 2013








ဓါတ်ပုံ www.keralites.net

Saturday, May 4, 2013











ဓါတ်ပုံမူရင်း www.keralites.net



အမြင့်လည်းကြောက်တတ်တော့ ဒီပုံတွေကြည့်ပြီး သဲထိတ်ရင်ဖိုဖြစ်မိတယ်။ လူတွေရဲ့ ၀ါသနာကလည်း ဆန်းပြားနိုင်လွန်းတယ်။

Monday, April 22, 2013

သီချင်းအသစ်လေးလားမသိဘူး။ နားထောင်ကြည့်တာ နဲနဲတိုက်ဆိုင်နေသလိုလိုနဲ့မို့ .....

မနာလိုတတ်ပြန်ရင်လည်း အချစ်မစစ်ဘူးဆိုပြီး  ငြိုငြင်တတ်တဲ့ချစ်သူတွေနဲ့ ဝေးပါစေ....:D

Wednesday, April 17, 2013

နှစ်သစ်မှာ ဆုတောင်းမေတ္တာပို့သတဲ့ စာတိုလေးနဲ့ နှုတ်ခွန်းဆက်လိုက်ပါတယ်။:)

မိတ်ဆွေပေါင်းဖော်များအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းအေးချမ်းကြပါစေရှင်။
နှစ်သစ်မှာ တောက်ပပျိုမြစ်တဲ့ ခြေလှမ်းတွေနဲ့ ဘ၀လမ်းကို လှမ်းလျှောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။ ။


အခုရောက်နေတဲ့နေရာဒေသက ပိတောက်ပန်းရှားလေတော့ ဒီနား မှာ သွားခူးးးး အဲ...ကူးလာခဲ့ပါတယ်။ လှတယ်မဟုတ်လား ပန်းလေးတွေ......:)

ဒီနှစ်ရဲ့ နှစ်ဆန်း ၁ ရက်နေ့ကတော့ အမှတ်တရနေ့တစ်ခုနဲ့ တိုက်ဆိုင်နေလို့ ဒီသီချင်းဆွေးဆွေးလေးတင်လိုက်မိတာ တောင်းပန်ပါတယ်။ ဒါပေမဲ့ အမှတ်တမဲ့ နေလိုက်လို့မရနိုင်တဲ့နေ့မို့လို့ နားလည်ပေးကြပါလို့.....။

Saturday, January 5, 2013

Blind

Blind ဆိုကိုးရီးယား ဇာတ်ကားလေးပါ။ မျက်မမြင်ဖြစ်သွားတဲ့ ရဲဝန်ထမ်းအမျိုးသမီးတစ်ယောက်ရဲ့ အာရုံခံနိုင်မှုနဲ့ ပြစ်မှုတစ်ခုအပေါ် မျက်မြင်သက်သေလိုက်လုပ်ပေးရင်း သူမကိုယ်တိုင် လူသတ်ကောင်ရဲ့ကြိုးစားနှုတ်ပိတ်ခြင်းကို ပြန်လည်ခုခံနိုင်ခဲ့တဲ့အပြင် မျက်မမြင်ရဲမေအဖြစ် ဆက်လက်ထမ်းဆောင်သွားတဲ့ ဇာတ်လမ်းလေးပါ။
 စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကြာမြင့်ချိန် ၁နာရီနဲ့ ၅၁မိနစ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်မအတွက်တော့ အချိန်ပေးရကျိုးနပ်တဲ့ဇာတ်ကားတစ်ကားပါ။ အကြိုက်ချင်းတူပြီး မကြည့်ရသေးရင် ကြည့်သွား
ပေါ့နော်။ ကြည့်ပြီးသားသူငယ်ချင်းတွေဆိုလည်း ဒီဇာတ်ကားကောင်းကြောင်း သိပြီးသားပေါ့ ဟုတ်တယ်မလား။ 
ကြည့်မယ့် မိတ်ဆွေများကတော့ အင်္ဂလိပ်စာတန်းထိုးအတွက် (cc) ကိုနှိပ်လိုက်ပါနာ
 
 
 


Friday, November 30, 2012

၁။ Acne ဝက်ခြံပျောက်ချင်ရင် သင်္ဘောရွက်ကို နေမှာအခြောက်လှန်းပြီး ချေပေးပါ၊ ရေနဲ့ရောပြီး မျက်နှာမှာ လိမ်းပေးပါ။

၂။ Digestion အစာချေ အားပေးတယ်။ သင်္ဘောရွက်မှာပါတဲ့ Karpain ဓါတ်ဟာ အစာချေရာမှာ အနှောက်အယှက်ပြုတဲ့ ပိုးမွှားတွေကို သေစေတယ်။ သင်္ဘောရွက်ထဲမှာပါတဲ့ Papain နဲ့ Chymopapain ဓါတ်တွေက Pepsin (အင်ဇိုင်းမ်) နဲ့တူလို့ အစာချေအားပေးတယ်။ အစာချေ ကောင်းစေချင်လို့ သင်္ဘောရွက်-ရေနွေးကြမ်းလုပ်ရင် အပူချိန် ၁၅ဝ ဒီဂရီ ဖါရင်ဟိုက်သာ ရှိစေသင့်တယ်။ ရေဆူမှတ်ဆိုတာ ၂၁၂ ဒီဂရီဖြစ်တယ်။

၃။ Appetite အစာ စားချင်စိတ်ပိုစေမယ်၊ အထူးသဖြင့် ကလေးတွေ၊ သင်္ဘောရွက်အစိမ်းကို ရေနွေးထဲမှာ ဆားနဲနဲထည့်ပြီး သောက်စေပါ။

၎။ Dengue fever သွေးလွန်တုပ်ကွေး သက်သာစေမယ်၊ သင်္ဘောရွက် ၅ ရွက်ကို ရေလီတာဝက်နဲ့ ပြုတ်သောက်ပါ။

၅။ Menstrual pain ရာသီလာချိန် နာတာ-ကိုက်တာ သက်သာစေမယ်၊ သင်္ဘောရွက် + မန်ကျီးရွက် + ဆား + ရေ ရောပြီး ပြုတ်သောက်ပါ။

၆။ Cancer ကင်ဆာအတွက် သင်္ဘောပင်ကထွက်တဲ့ အစေးဟာ ဆေးတန်ခိုးရှိတယ်။ ရင်သား၊ အဆုပ်၊ သရွက်ရွက်၊ သားအိမ်ဝ၊ အသဲကင်ဆာတွေအတွက် သုံးနိုင်ကြတယ်လို့ ဖလော်ရီဒါ တက္ကသိုလ်က သုတေသန လုပ်သူတွေက ဆိုပါတယ်။ ကင်ဆာအတွက် သုံးသူတွေက သင်္ဘောရွက်ခြောက်ကို ပြုတ်ပြီး ရေနွေးကြမ်းလုပ် သောက်ရတယ်။ ကင်ဆာအတွက် Dried papaya leaf extract အရွက်ခြောက်က Papaya leaf tea အရည်ထက် ပိုစွမ်းတယ်လို့ ဆိုသူတွေကဆိုတယ်။

• Lung Cancer and Papaya အဆုပ်-ကင်ဆာ နဲ့ သင်္ဘောရွက် http://dts-medicaleducation.blogspot.com/2012/01/lung-cancer.html

၇။ Mentally alert စိတ်ပိုင်းမှာ ပိုပြီး လန်းဆန်းစေတယ်။ ဘာအစာမှ စားမထားချိန်သုံးရင် Euphoric စိတ်ထဲမှာ ပိုပျော်နေမယ်။

၈။ သွေးကျဲဆေးတွေဖြစ်တဲ့ Coumadin, Aspirin တွေသောက်နေရသူတွေနဲ့ သင်္ဘောရွက် မသင့်ဘူး။ ကိုယ်ဝန်ရချင်သူတွေနဲ့လဲ သင်္ဘောရွက် မသင့်ဘူး။

Nan Aye: မနေ့ကပဲ မုံရွာက အစ်မတစ်ယောက်က သင်္ဘောရွက်သတ္တုရည်ကောင်းကျိုးတွေကို ပြောပြလို့ နားထောင်ခဲ့ရတယ်။ ဒီနေ့ ဆရာ ဒေါက်တာတင့်ဆွေရဲ့ fb မှာတွေ့လို့ မျှဝေလိုက်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း နှလုံးရောဂါလိုလို၊ ကျီးပေါင်းလိုလို၊ လေးဖက်နာလိုလို ဖြစ်ချင်နေလို့ သင်္ဘောရွက်သတ္တုရည်သောက်ဖို့ စိတ်ကူးထားတယ်။ အဲဒီအစ်မပြောတာတော့ အရွက်နဲ့အရိုးကို blendar နဲ့ ရောမွှေတဲ့အရည် (ဒါမှမဟုတ် အရိုးနဲ့အရွက်ကို ထောင်းပြီး အရည်ညှစ်လို့လည်းရတယ်) ကို ဟင်းခပ်ဇွန်းတစ်ဇွန်းစာ တစ်နေ့ကို တစ်ခါ သောက်ပေးရတယ်လို့ ပြောတယ်။

Tint Swe: ဆရာတော့ လက်ဖက်ထဲမှာ သင်္ဘောရွက်အစိမ်း မရင့်တာကို ကပ်ကြေးနဲ့ ခပ်နုတ်နုတ်ကိုက်ထည့်ပြီး ရောစားတယ်။ အန်တီကလဲ သဘောင်္ပင်လေးတွေ ပျိုးထား၊ ပေါက်ကာစလေးတွေကို တပင်လုံးနုတ်ပြီး ထမင်းဝိုင်းမှာ အတို့တမယ် လုပ်ပေးသေးတယ်။ သုတေသနတော့ မဟုတ်ဘူး။ စားလို့လဲ ကောင်းတယ်၊ ခုထိကျန်းမာရေး ကောင်းနေစေတာအတွက် တစိတ်တပိုင်း အထောက်အကူ ပေးသလားဘဲ။

ဒေါက်တာတင့်ဆွေ
၂၆-၁၁-၂ဝ၁၂ 


မူရင်းလိပ်စာမှာဖတ်ချင်ရင် ဒီကို သွားပါ။

Friday, November 16, 2012


ယုံကြည်ခဲ့မိသမျှ လှည့်စားခံရတဲ့အခါ

 နားလည်ပေးခဲ့သမျှ ဥပေက္ခာပြုခံရတဲ့အခါ

စာနာပေးခဲ့သမျှ အလှောင်ခံရတဲ့အခ

သံယောဇဉ်ထားခဲ့မိသမျှ စူးနစ်နာကျင်စေတဲ့အခါ 

ချစ်မိခဲ့သမျှ ချန်ရစ်ထားခြင်းခံရတဲ့အခါ

တရားမမျှတတဲ့လောကကို အပြစ်မဖွဲ့ချင်တော့ပါ

ဘယ်သူဘယ်ဝါ စာနာပါလို့လည်း မညည်းညူရဲတော့ပါ

ဒါဟာ ကျိန်စာ.... ငါ့ဘ၀ရဲ့ သီးသန့်ကျိန်စာ

တရားခံမဲ့တဲ့ ငါ့အတွက် ကျိန်စာ........။   ။



ရေးပြီးချိန်။ ။ ည ၁၀း၄၄  ၁၅.၁၁.၂၀၁၂ ကြာသပတေးနေ့
ဓါတ်ပုံ....  Google

Sunday, November 4, 2012


Freshwater, bronze medal: Great lightning in the Verzasca River in Switzerland, by Tobias Friedrich, Germany


Super macro, runner-up: Kiss me, by Doris Vierkoetter, Germany


Wide Angle - Wrecks, gold medal: The newly-sunk wreck of USS Kittiwake, by Paul Colley, United Kingdom


Macro, bronze medal: A Moray Family, Seychelles, by Sue Ferreira, South Africa


for many more photos

Template by:
Free Blog Templates