သံစဉ်/စာသား/အဆို- ပူစူး
V1 ခဏလေးပါ ချစ်သူရယ် သေချာ ဆက်ဆက် စောင့်နေကွယ်
ပြန်ခဲ့မယ် ပြောခဲ့လည်း အပြီး နင်ထွက်သွားခဲ့တယ်
V2 လုံခြုံမှု အပြည့် မပေးနိုင်တဲ့ အကာအရံမဲ့ ငါ့ဘ၀အိမ်ထဲ
မလာဖြစ်တာ ကောင်းပါတယ် နင်ထားရစ်ခဲ့နိုင်ပါတယ်
CHO: အသည်းခွဲခဲ့တဲ့သူလို့ အပြစ် မပြောရက်ဘူးကွယ်
ရက်စက်လွန်းတဲ့သူလို့ မစွပ်စွဲရက်ဘူးကွယ်
နင်ပိုင်တဲ့ နင့်ဘ၀ရဲ့လမ်းပဲ ရွေးချယ်ခွင့်ရှိတယ်
မင်းက မချစ်တော့ပေမဲ့ ငါ မုန်းမရဘူးကွယ်
မင်း သတိမရတော့ပေမယ့် ငါက မမေ့ဘူးကွယ်
ငါဆုတောင်းပေးလိုက်ပါ့မယ် အဆင်ပြေပါစေကွယ်
V3 တကယ်ဆို အချစ်နှင့် ဘ၀ဟာကွယ် အကြွေစေ့ ခေါင်းနှင့် ပန်းလို
အမြင်မှာ ကျောချင်း ကပ်နေလည်း ဆန့်ကျင်ဘက် အရပ်သို့ လှည့်
V4 ရွှေမှုန် ကြဲတဲ့ လမ်းတွေထက် နင် လျှောက်လှမ်းသွားလိုက်ပါကွယ်
နင် ဆုံးဖြတ်ခဲ့သမျှလည်း မမှားဘူး မင်း မှန်ပါတယ်
စာသားကို (http://www.mysuboo.com/index.php?option=com_blog&name=www.mysuboo.com/yweaponre&task=view&pid=25563&Itemid=) ကနေ ပြန်လည်ဝေမျှလိုက်ပါတယ်။