သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Sunday, March 13, 2011

 တို့နှစ်ဦး ဖူးစာမပါတာမို့ကံကြမ္မာစေရာ ဝေးခဲ့ကြတာလို့ နင်ဆိုခဲ့တယ်၊ ငါ့ဝေဒနာအတွက် အချိန်တွေက ကုစား ကြာရင်အေးစက်သွားမှာလို့ နင်ပြောခဲ့လည်း.....၊  ရက်လနှစ်တွေသာ တဖြုတ်ဖြုတ် ကြွေလွင့်သွားကြတယ်၊ ငါ့နှလုံးသားထဲမှာတော့ အလွမ်းပွင့်တွေ ဝေဆာဆဲပါပဲ၊  အချိန်တွေ တစ်နှစ်တစ်နှစ်ကုန်သွားတိုင်း ချစ်ခဲ့ခြင်းကြောင့် ........အလွမ်းတွေပဲ တစ်ရစ်တစ်ရစ် ထပ်တိုးလာတယ်၊   ဒါပေမဲ့လည်း....မင်းပြောခဲ့တဲ့ အချိန်ဆိုတဲ့ သမားကငါ့ဝေဒနာကို မကုစားနိုင်သေးပါလား။  အရင်ကတည်းက မေတ္တာ၊အကြင်နာစစ်နဲ့ သစ္စာထား ငါချစ်ခဲ့တယ်၊  အခုထိလည်း............ ငါပေးခဲ့ဖူးတဲ့ဂတိစကား  ငါထားခဲ့တဲ့မေတ္တာ အကြင်နာတွေမပျက်ပြယ်သေးတာ ငါရဲ့မှန်တဲ့ သစ္စာစကားပါ.....။ ။

0 Comments:

Post a Comment



Template by:
Free Blog Templates