သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Saturday, August 28, 2010

အားလပ်ချိန်လေးမှာ စာတွေလိုက်ဖတ်ရင်း နှစ်သက်မိတဲ့ အမေအတွက် ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်လေးပါ။

M  .... is for the millions things she gives us.
မိခင်ဟာ ကျွန်တော်တို့ကို သန်းပေါင်းများစွာသော ထိုက်တန်တဲ့အရာတွေကို ပေးခဲ့သူပါ။

O.... means only that she's growing old.
မိခင်ဟာ သားသ္မီးတွေ ရှင်သန်ဖို့အတွက် ပေးဆပ်ရင်း အိုမင်းရင့်ရော်သွားခဲ့သူပါ။

T.... is for tears to save us.
မိခင်တွေဟာ သားသ္မီးတွေရဲ့ နောင်ရေးအတွက် ကျမျက်ရည်များခဲ့ရသူပါ။

H.... is for heart of purest gold.
မိခင်ဟာ ကျွန်တော်တို့အတွက်တော့ ဖြူစင်အေးမြတဲ့ ရွှေစင်နှလုံးသားပိုင်ရှင်ပါ။

E.... is for her eyes, with love sight.
မိခင်ဟာ ကျွန်တော်တို့ကို ဂရုဏာများနဲ့ ကြီးမားတဲ့မေတ္တာ အကြင်နာတွေနဲ့ ကြည့်ရှု ပြုစုစောင့်ရှောက်ခဲ့သူပါ။

R.... means right she'll always be.
မိခင်ဟာ ကျွန်တော်တို့အတွက် အမြဲတမ်း မှန်ကန်တဲ့စကားတွေကိုသာ ပြောဆိုတတ်ခဲ့သူပါ။


မူရင်း... ချိုလင်းပြာ အမျိုးသ္မီးစာစောင်၊ အမှတ် ၃၊ ၂၀၀၈ မေလထုတ်
နိုင်ငံတကာ အမေများနေ့ အမှတ်တရစာစု မှ မာန်လှိုင်းငယ်ရဲ့ (မအိုသော၊ မနာသော၊ မသေဆုံးသော)
မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။

Friday, August 20, 2010



ပူစူးရဲ့ သီချင်းတွေတော်တော်များများကြိုက်ပါတယ်။ ခံစားမှုကို ရိုးရှင်းစွာနဲ့ သီဖွဲ့ထားသလို တကယ်လည်း ရင်ကိုထိစေနိုင်လို့ သဘောကျမိတယ်။ ဒီသီချင်းလေးက TYZ အတွက်တော့ တော်တော်လေး တိုက်ဆိုင်မှုရှိတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ လာလည်ရင်း နားဆင်သွားကြပါနော်။

Tuesday, August 17, 2010

တစ်ခါတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးပင်ကြီးတစ်ပင်ရှိတယ်...
ကောင်လေးတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း အဲဒီသစ်ပင်ကြီးဆီကိုလာပြီး ဆော့ကစားလေ့ရှိတယ်..
သစ်ပင်ကြီးက အဲဒီကောင်လေးကိုအလွန်ချစ်ရှာတယ်...
ကောင်လေးကလည်းသစ်ပင်ကြီးကိုချစ်တယ်....
ကောင်လေးဟာနေ့စဉ်သစ်ပင်ကြီးထိပ်ဖျားထိရောက်အောင်တက်တယ်...အသီးတွေကိုစားတယ်..သစ်ပင်ကြီးရဲ့အရိပ်အောက်မှာ တစ်ရေးတစ်မောမှေးတယ်...
ကောင်လေးဟာသစ်ပင်ကြီးကိုချစ်တယ်...သစ်ပင်ကြီးကလည်းအလွန်ပျော်ရှာတယ်...
ဒီလိုနဲ့အချိန်တွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးလာခဲ့တယ်....
တစ်နေ့မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုလာခဲ့တယ်..
သစ်ပင်ကြီး - "ကောင်လေးရေ..လာပါ..ငါနဲ့လာဆော့ပါအုံး"
ကောင်လေး - " ကျွန်တော်အရင်လိုကလေးလေးမဟုတ်တော့ပါဘူး.. ဒီသစ်ပင်ကြီးနားမှာလည်းထပ်ပြီးမဆော့ချင်တော့ဘူး.. ကျွန်တော်အရုပ်တွေလိုချင်တယ်..အဲဒါတွေဝယ်ဖို့အတွက်ပိုက်ဆံလိုအပ်နေပါတယ်"
သစ်ပင်ကြီး - "၀မ်းနည်းပါတယ်ကောင်လေးရယ်.. ငါ့မှာမင်းကိုပေးဖို့ပိုက်ဆံမရှိဘူး... ဒါပေမယ့်ငါ့ရဲ့အသီးတွေအားလုံးကိုမင်းခူးသွားပါ.. ပြီးရင်ရောင်းပါ..အဲဒါဆိုမင်းလိုအပ်နေတဲ့ပိုက်ဆံတွေရပါလိမ့်မယ်"
ကောင်လေးဟာအလွန်စိတ်လှုပ်ရှားစွာနဲ့ သစ်ပင်ပေါ်ကပန်းသီးတွေအားလုံးကိုသိမ်းကျုံးယူပြီး ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...
ပန်းသီးတွေကိုခူးဆွတ်သွားပြီးတဲ့နောက်မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုဘယ်တော့မှပြန်မလာတော့ဘူး...
သစ်ပင်ကြီးဟာအလွန်ဝမ်းနည်းနေခဲ့တယ်....
သက္ကရာဇ်ပေါင်းများစွာကိုကျော်ဖြတ်ပြီးတဲ့ တစ်နေ့မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးဟာ သစ်ပင်ကြီးဆီကို ပြန်လာခဲ့တယ်..
သစ်ပင်ကြီးကစိတ်လှုပ်ရှား စွာနဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးကိုကြည့်နေတယ်...
သစ်ပင်ကြီး - " လာပါ..ငါနဲ့လာဆော့ပါ"
ကောင်လေး - "ငါ့မှာကစားဖို့အတွက်အချိန်မရှိဘူး..ငါ့မိသားစုအတွက်အလုပ်လုပ်နေရတယ်... အခုတို့မိသားစုခိုလှုံဖို့အတွက်အိမ်တစ်လုံးလိုအပ်နေတယ်..ငါ့ကိုကူညီနိုင်မလား?"
သစ်ပင်ကြီး - "၀မ်းနည်းပါတယ်ကောင်လေးရယ်...ငါ့မှာမင်းကိုပေးဖို့အိမ်မရှိပါဘူး..ဒါပေမယ့် မင်းငါ့ရဲ့အကိုင်းအခက်တွေကိုခုတ်သွားပါ..ပြီးရင်မင်းရဲ့အိမ်ကိုဆောက်ပါ"
ကောင်လေးဟာ သစ်ပင်ကြီးရဲ့အကိုင်းအခက်တွေအားလုံးကိုခုတ်ယူပြီး ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...
အချိန်တွေကြာလာတဲ့အခါ ကောင်လေးဟာသစ်ပင်ကြီးဆီ ထပ်ရောက်လာပြန်ပါတယ်...
ကောင်လေး - "ငါလည်းတဖြည်းဖြည်းနဲ့အိုမင်းလာပြီ..အနားယူရင်းနဲ့ငါကိုယ်တိုင်ရွက်လွှင့်ချင်တယ်...ငါ့ကိုလှေတစ်စင်းပေးနိုင်မလား?"
သစ်ပင်ကြီး - "ငါ့ရဲ့ပင်စည်ကိုအသုံးပြုပြီး မင်းအတွက်လှေတစ်စင်းဆောက်ပါ...ဒါဆိုရင် ဟိုးအဝေးကြီးကို မင်းရွက်လွှင့်နိုင်ပါပြီ....ပျော်ရွှင်ပါစေကွာ"
ကောင်လေးဟာသစ်ပင်ကြီးတစ်ပင်လုံးကိုခုတ်ယူသွားပြီး လှေတစ်စင်းပြုလုပ်ခဲ့တယ်...ပြီးတော့ရွက်လွှင့်သွားလိုက်တာ အချိန်တွေအကြာကြီးသူ့ကိုမတွေ့ရတော့ပါဘူး..
အဲဒီနှစ်တွေမှာ သစ်ပင်ကြီးဟာပျော်ရွှင်နေတယ်လို့ထင်ရပေမယ့် တစ်ကယ်တော့မဟုတ်ခဲ့ပါဘူး...
နှစ်များစွာကြာပြီးတဲ့ နောက်ဆုံးမှာတော့ အိုမင်းနေပြီဖြစ်တဲ့အဘိုးအိုတစ်ယောက်ဟာ သစ်ပင်ကြီးဆီကိုရောက်လာခဲ့တယ်...
သစ်ပင်ကြီး - "၀မ်းနည်းပါတယ် ကောင်လေးရယ်... ငါ့မှာမင်းကိုဒီ့ထက်ပိုပြီးပေးစရာ ဘာမှမရှိတော့ဘူး... မင်းအတွက်ပန်းသီးတွေလည်းမရှိတော့ပါဘူး"
အဘိုးအို - "ကိစ္စမရှိပါဘူး...အဲဒါတွေကိုကိုက်ဖို့အတွက် ငါ့မှာသွားတွေမရှိတော့ဘူး"
သစ်ပင်ကြီး - "မင်းတက်ဖို့အတွက်ပင်စည်လည်းငါ့မှာမရှိတော့ပါဘူး"
အဘိုးအို - "အဲလိုတက်ဖို့အတွက်လည်း ငါအရမ်းအိုမင်းနေပါပြီ"
သစ်ပင်ကြီး - "ငါ့မှာမင်းကိုပေးဖို့အတွက် တကယ့်ကိုဘာမှမရှိတော့ပါဘူးကွယ်..ငါ့မှာခြောက်သွေ့နေတဲ့အမြစ်ကြီးတစ်ခုပဲကျန်ပါတော့တယ်"
သစ်ပင်ကြီးကမျက်ရည်များနဲ့ပြောရှာတယ်...
အဘိုးအို - "အခုငါ့အတွက်အများကြီးမလိုအပ်တော့ပါဘူး...အနားယူဖို့နေရာလေးတစ်ခုဆိုရပါပြီ...ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာငါအရမ်းပင်ပန်းခဲ့တယ်"
သစ်ပင်ကြီး - "ကောင်းပြီ..ဒီအမြစ်အိုကြီးဟာအနားယူဖို့အတွက်တော့အကောင်းဆုံးနေရာပါ...လာ-ငါနဲ့အတူထိုင်ပြီးအနားယူလှည့်ပါ"
ပင်ပန်းနွမ်းနယ်နေရှာတဲ့အဘိုးအိုဟာ ခြောက်သွေ့နေပြီဖြစ်တဲ့အမြစ်ကြီးပေါ်မှာ ထိုင်လိုက်ပါတယ်...
သစ်ပင်ကြီးကတော့ဝမ်းသာမှုတွေနဲ့ မျက်ရည်တွေကြားကနေအတောက်ပဆုံးပြုံးနေပါတော့တယ်....

***သင်ဘယ်လောက်ပဲအလုပ်တွေများနေပါစေ သင့်ရဲ့အချို့သောအချိန်လေးတွေကိုတော့ မိဘနဲ့အတူကုန်ဆုံးနိုင်ပါစေ***

ဖတ်မိတဲ့ " The Boy & The Apple Tree " ပုံပြင်လေးကို ဘာသာပြန်ပြီး ဖြန့်ဝေလိုက်ပါတယ်....
ဒီပုံပြင်လေးဖတ်ပြီး ကိုယ့်မိဘအပေါ်မှာ အချိန်လေးအနည်းငယ်ပိုပေးနိုင်ပါစေ လို့ဆန္ဒပြုပါတယ်..... 
Forward mail က ရခဲ့တာလေးပါ။ ဒီမေးလ်ရခဲ့တာတော့ ကြာပါပြီ။ ကျွန်မဆို ဒီပုံပြင်လေးကို ၃၊ ၄  ခေါက်လောက် ဖတ်ဖူးပြီးပြီ။ အဲဒါကြောင့်မို့ အလည်ရောက်လာသူများကိုလည်း ဖတ်စေချင်တဲ့ စိတ်ရင်းနဲ့ တင်လိုက်တာပါ။ အိမ်မှာ ကျန်နေခဲ့တဲ့အမေ့ကို မြင်ယောင်မိတယ်။ အမေ့ကို တစ်ယောက်ထဲ မထားခဲ့ချင်ပေမဲ့ အခြေအနေတွေက ဘယ်လိုမှ ကိုယ်ဖန်တီးချင်သလို ခွင့်မပြုဘူးလေ။ အမေနဲ့အတူ ရွာမှာနေခွင့်တောင်းပေမဲ့ အမေက ကျွန်မသာရွာမှာ နေမယ်ဆိုရင် သူအရမ်းစိတ်မကောင်းဖြစ်မိမယ်တဲ့။ သားသမီးကို အမြင့်မှာပဲ မြင်ချင်တာ မိဘတိုင်းရဲ့ အရင်းခံစေတနာတွေပဲမဟုတ်လား။ အမေ့ကို ထားခဲ့ရတာ စိတ်မအေးပေမဲ့ အမေစိတ်မထိခိုက် အောင်လို့ အမေနဲ့ဝေးတဲ့ အမေသွားစေချင်တဲ့ ဒီဒေသလေးမှာ ကျွန်မ မပျော်ပေမဲ့ နေနေရဆဲ ပေါ့။ မိဘတိုင်းဟာ အသက်တွေကြီးရင့် အိုမင်းလာလေလေ သားသမီးမေတ္တာကို ပိုပြီး ငတ်မွတ်တောင့်တလာလေပါပဲ။ သားသမီးတွေအားလုံး ကိုယ့်မိဘရဲ့ စိတ်ခံစားမှုကို နားလည် ပေးနိုင်တဲ့ သားကောင်းသမီးမွန်တွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။

Template by:
Free Blog Templates