သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Saturday, August 25, 2012


အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများအတွက် ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ။ ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း(ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများတစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းများထဲသို့ အပြည့်ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင်ကိုးရက်စီ ထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။ ကို

းရက်စေ့လျှင် ဆးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံးသွား ပေးပါ။ တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျဓာတ်စာဆေးများစားခြင်း ထက် စိတ်ချရသော ရိုးရာဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်းတို့မှလည်း သက်သာပျောက်ကင်း စေပါသည်။

လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။


လေငန်းရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက်ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်းရောဂါမှ သက်သာ ပျောက်ကင်းစေသည်။

source: Health Articles (Face Book ကပါ။) like လုပ်ထားသင့်တဲ့ စာမျက်နှာလေးပါ။

Wednesday, August 8, 2012

Don't Love




အချစ်က ဘက်မမျှတဲ့အခါ ပိုချစ်မိသူက နာကျင်ခံစားရစမြဲ။ မချစ်တတ်တဲ့သူတွေထဲ ကိုယ်လည်း ပါဝင်ချင်ခဲ့ဖူးရဲ့....။ မချစ်ပါနဲ့လို့ တားဆီးခွင့်မရှိတဲ့အခါ အချစ်မတွေ့သေးသူတွေအတွက် ပိုမချစ်ပါနဲ့လို့ သတိပေးချင်မိတယ်။ ကိုယ်ရင်နဲ့အမျှ ချစ်ရတဲ့သူနဲ့ ဆုံဆည်းခွင့်မရတဲ့အခါ
 နောက်အချစ်သစ်နဲ့ တွေ့ဆုံခွင့်ရမယ်ဆိုပြီး မျှော်လင့်နေတတ်သူတွေ ရှိကောင်းရှိကြမှာပါ။ ခက်တာက ကိုယ်လည်း အဲဒီစာရင်းထဲ မပါဝင်နိုင်သေးသလို မေ့ဖို့ကိုယ်ကြိုးစားရင် ပိုပိုလွမ်းလို့ နေ့ရက်တွေ ရေတွက်နေရင်း အနာဟောင်းတွေတောင် ရင်းနေရာက သွေးတွေပြန်ပြန်ထွက်လို့...။ တကယ်ချစ်မိခဲ့သူအဖို့ ထားရစ်ခဲ့သူဆီကနေ "မုန်းတယ် " ဆိုတဲ့စကားထက် "မေ့လိုက်ပါတော့" ဆိုတဲ့စကားက အဆပေါင်းများစွာ နာကျင်ခံခက်စေပြန်တယ်။


အားလုံးပဲ   ချစ်တဲ့သူနဲ့သာ တွေ့ဆုံ လက်တွဲနိုင်ကြပါစေ....။ 

Tuesday, August 7, 2012




သူငယ်ချင်းတို့ရေ…….
နေလို့မကောင်းဘူး
ငါလေ………..
ညနက်လာလေလေ
နာရီစက်သံက ပိုညံလာသလိုလို
ပန်ကာသံကလည်းတခန်းလုံးပြည့်လျှံလို့
နားစည်ထဲမှာ ကမ္ဘာကြီးပျက်တော့မလို
ငါ့စိတ်တွေကစဥ့်ကလျား
အိပ်မက်ဆိုးမက်စရာမလိုပါပဲ
ချောက်ချားနေမိတယ်။

အချိန်တွေက မြန်မြန်ကုန်စေချင်တဲ့အခါ 

အလွန်နှေးနေတတ်ပြီး
မကုန်စေချင်တဲ့အချိန်တွေ
ကုန်လွယ်တတ်တဲ့အကြောင်း စဉ်းစားမိနေရင်း....
ဇက်ကြောတွေတက် ပုခုံး ၂ ဖက်လုံးက 
တောင့်တင်းညောင်းညာလွန်းတယ်။

နင်တို့တတွေရော.....

အိပ်ပျက်ညတွေ
ငါ့လို မရှိပါစေနဲ့လို့..............။ 

သူငယ်ချင်းတို့ရေ…….
နေလို့မကောင်းဘူး
ငါလေ……….. 
တညပြီးတည 
မျက်လုံးတွေအကြောင်သားနဲ့
လက်ဖက်သုတ်မစားရပဲ
မိုးလင်းသွားခဲ့တာ
ဘယ်နှညမြောက်ပြီလဲ မမှတ်မိတော့.........။

နင်တို့တွေရော.....

အကြောင်းတချို့တွေကြောင့်
အိပ်ပျက်နေမှာကို ငါစိုးရိမ်မိနေလို့........။

သူငယ်ချင်းတို့ရေ…….
နေလို့မကောင်းဘူး
ငါလေ………..
မနက်ခင်းမှာ.....
ငှက်ကလေးတွေ တေးသီရင်း
ငါ့ဝရံတာဘေးနား
ဖြတ်ရင်းပျံသန်းသွားကြတဲ့
သူတို့လေးတွေကို ငေးကြည့်နေရင်း...
ငါ့နားထင်က ထိုးကိုက်နာကျင်လွန်းလို့
ခေါင်းတစ်ခုလုံးက မူးဝေခံခက်လွန်းတယ်။ 

နင်တို့တစ်တွေလည်း 

ပျံသန်းသွားကြပြီပဲ
တစ်နေရာသစ်ဆီသို့........။

သူငယ်ချင်းတို့ရေ.......
နေလို့မကောင်းဘူး
ငါလေ……….. 
တနေ့တနေ့ ငါ့အခန်းနားကို
 ဖြတ်လျှောက်သွားလာနေကြတဲ့ ဖိနပ်သံတွေ
နားစွင့်မိနေရင်း …..
ဘယ်သူတံခါးလာခေါက်မလဲလို့
 ခဏခဏတံခါးဆီ အကြည့်ရောက်သွားမိခိုက်
 ဧည့်လာစရာမရှိပါဘူးလို့
သတိတရပြန်ပြီးတွေးမိချိန်
မျက်ဝန်းအိမ်တွေ စွတ်စိုနေသလိုလို
မျက်သားတွေအောင့်သက်သက်နဲ့
မျက်ရိုးတွေ ထိုးထိုးပြီးကိုက်လွန်းလို့
ငါ့မျက်လုံး၂ ဖက်လုံး
 ဇွတ်မှိတ်ထားနေရင်း
 နာကျင်ခံခက်လွန်းတယ်။

နင်တို့တတွေရော….
 တခါခါ  ငါတွေးမိသလိုတွေး
မျက်ဝန်းတွေ စွတ်စိုနေကြမလားလို့…..။

သူငယ်ချင်းတို့ရေ…….
နေလို့မကောင်းဘူး
ငါလေ……….. 
ဇက်ကြောတွေအရမ်းထိုးတယ်
ခေါင်းတွေကအရမ်းမူးပြီး
မျက်ရိုးတွေတအားကိုက်နေတယ်
ဒီအကြောင်းတရားတွေရဲ့ရလဒ်က
ငါ ရိုးရိုးလေးပဲ
သာမန်နေမကောင်းဖြစ်ရုံပါ…။
နင်တို့တတွေရော….
နေကောင်းကြလို့
အဆင်ပြေကြရဲ့လား…….?

ဒီလိုအချိန်မှာ
နင်တို့တတွေဆီက
ငါ့စိတ်ထဲ   တိုးတိတ်စွာ
တောင်းတမိနေတာတွေတော့ ရှိတယ်….။

နင်တို့တတွေရှိနေခဲ့မယ်ဆိုရင်
ငါမျှော်လင့်နေမိတာက  
စေတနာတွေထည့်ပြုတ်ထားတဲ့
ဆန်ပြုတ်လေးတစ်ခွက်ပဲဖြစ်ဖြစ်ပေါ့။

နင်တို့တတွေရှိနေခဲ့မယ်ဆိုရင်  
ငါအကြားချင်ဆုံးက ပျော်ရွှင်ပေါ့ပါးစေမဲ့
ဟာသလေးတစ်ပုဒ်ပဲဖြစ်ဖြစ်ပေါ့။

နင်တို့တတွေရှိနေခဲ့မယ်ဆိုရင်
ငါအလိုချင်ဆုံးက နှစ်သိမ့်မှုတွေနဲ့
ငါ့စိတ်ကိုနွေးထွေးစေမဲ့ ဂရုဏာစကားလေးတွေပေါ့။


နာကျင်ခြင်း………
မူးဝေခြင်း…………
နွမ်းမောခြင်း………
အင်း………..
အဆိုးဆုံးက ငါရဲ့….
လွမ်းမောသတိရခြင်းတွေပါ……။

ဒါကြောင့်မို့…..
ငါလေ……
နေလို့မကောင်းဘူး
သူငယ်ချင်းတို့ရေ…….။ ။

ရေးပြီးချိန် 12:18 am (7.August.2012) Tuesday

ကျောင်းပြီးကုန်လို့ တစ်ယောက်ပြီးတစ်ယောက် ပြန်ပြန်သွားကြတဲ့ သူငယ်ချင်းတွေကြောင့် အဖျားခတ်သွားတဲ့စိတ်နဲ့ ချွေးတွေတအားထွက်ပြီး နေမကောင်းဖြစ်တာတွေကို ရောသမမွှေ ရေးလိုက်တာ ကဗျာရှည်လိုလို စာလေးတွေ စီချလိုက်မိတာပါ။ ဒီမှာကျောင်းတက်ရင်း ခင်ခဲ့တဲ့သူတွေအများစုက ကိုယ့်ထက်အတန်းကြီးသမားတွေဆိုတော့ အရင်နှစ်တွေလို သူပြန်ကိုယ်ပြန် ခဏတာကျောင်းပိတ်တုန်းပြန်ကြတာမျိုးမဟုတ်ပဲ ဟိုလူလည်းပြန် ဟိုးတစ်ယောက်လည်းပြန်နဲ့ ကိုယ်တစ်ယောက်ထဲ ကျန် ...ဖြစ်နေလို့ စိတ်အားငယ်မိသလိုလို.....အော်......ဒီအသက်နဲ့... မရင့်ကျက်သေးပါလားနော်......။ (ဓါတ်ပုံက ဂူဂဲလ်ကပါ)


Template by:
Free Blog Templates