သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Wednesday, August 11, 2010

မျှော်လေလေဝေးနေဆဲ ငါ့အနာဂတ်လေး
မှေးမှိန်ပြီတဲ့လား ငါ့စိတ်ကူးတွေ
တွေဝေနေတတ်တဲ့ ငါ့ဆုံးဖြတ်ချက်ကို
ထိုးနှက်ဖို့အသင့်စောင့်နေတဲ့ နာရီလက်တံတွေ.......။

အပြန်လမ်းကို ငါမျှော်ကြည့်လိုက်တော့
မောလျနေတဲ့ ရင်ခွင်အစုံက လှိုက်တုန်
ခုန်နေသေးပေမဲ့လည်း
အသက်ရှူသံတွေက စည်းချက်မညီတော့
လွမ်းလှပေါ့ င့ါဇာတိမြေဆီကို................။

ငါမျှော်နေတဲ့ အနာဂတ်လေး
ရေးရေးသာထင်ပေမဲ့ မလျှော့ချင်တဲ့ဇွဲတွေက
နောက်ပြန်လှည့်ဖို့ ခက်အောင်
လှောင်ပြုံးတွေနဲ့ ငါ့ကို 
မခို့တရို့လေးနဲ့ စိန်ခေါ်နေတော့
ရင်လေးကော့ ခေါင်းလေးမော့ကာ
အားယူရင်းနဲ့..........
ငါ့လွမ်းချင်းတွေကို အသွင်တွေပြောင်း။

မငြီးမငြူနဲ့ သူတစ်လူဖြစ်ရအောင် 
ပြောင်မြောက်တဲ့ အနာဂတ်တစ်ခုဖြစ်လာဖို့
သူငယ်ချင်းရေ..........
အိမ်ပြန်ချင်တဲ့ ငါ့စိတ်ရူးလေးကို 
ခုချက်ချင်းပဲ ဘေးမှာချိတ်လိုက်တော့မယ်။

ဝန်ခံချက်။ ။ စိတ်တွေလေနေလို့ထင်တယ်း) (ပျင်းတာလည်းပါတာပေါ့၊ စာကိုလည်း ၀ါကျတစ်ကြောင်းဖြစ်အောင် ကောင်းကောင်းမဖွဲ့တတ်၊ မရေးတတ်လို့ပါး)း) )အဲဒီမတတ် တစ်ခေါက် စာလေးတွေတောင် ရေးချင်တဲ့စိတ်လေးမရှိသေးလို့ ဒိုင်ယာရီအဟောင်းတွေ ပြန်ဖတ်ရင်း (၁၀.၈.၂၀၀၈) တုန်းက ရေးခဲ့တဲ့ ကဗျာဟောင်းလေးတစ်ပုဒ်ကို တင်လိုက်ပါတယ်။ လာလည်ကြ တဲ့ မိတ်ဆွေ၊ သူငယ်ချင်းများအာလုံးကို ကျေးဇူးအထူးတင်ပါတယ်။

ခင်တတ်တဲ့........ သံယောဇဉ် (TYZ)

7 Comments:

  1. သော်ဇင်စိုး said...
    ကျွန်တော်လည်းပြန်ချင်တာ တပိုင်းကိုသေနေတာပဲ ပြန်လို့မရတာက ခက်တယ်.. :(
    မြန်မြန် ပြန်နိုင်ပါစေဗျား......... :)
    ခိုင်နုငယ် said...
    ပျော်ရာမှာ..မနေရ..တော်ရာမှာနေရတဲ့
    ဘ၀တွေအားလုံး..လွမ်းစိတ်ကို..
    တိတ်တဆိတ်ဖြေသိပ့်နေကြရတာပါပဲ။
    တစ်နေ့နေ့..အနာဂါတ်အတွက်အိမ်ပြန်ချိန်တွေ
    ရောက်လာမှာ...

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်
    သုခုမလေဒီ said...
    စိတ်လေနေရင် အဲလိုပါပဲ။ တစ်နေ့နေ့တစ်ချိန်ချိန်တော့ပြန်ရမှာပါပဲ။
    အဆင်ပြေပျော်ရွှင်ပါစေ...။
    kiki said...
    သွေးလှူမဲ့သူ donar က တုပ်ကွေး လို ဖျားချင်နေရင်တော့ မလှုတာ အကောင်းဆုံးပါပဲ TYZ ရေ ...ဘာ ဗိုင်းရပ်စ်ပိုး မှန်းမသိပေမဲ့ ကူးစက်နိုင် တာမို့ ပါ ..donar က ကျန်းမာ နေမှ လှူသင့်ပါတယ် ။
    cbox မရလို့ မန့်ခဲ့လိုက်တယ်။
    အင်ကြင်းသန့် said...
    သံယောဇဉ်ရေ....
    ခံစားချက်တွေ ထပ်တူကျလို့လားမသိဘူး။ ကဗျာလေးကရင်ထဲကိုရောက်တယ်။

    ပျော်ရွှင်ပါစေနော်....
    ခင်မင်စွာဖြင့်
    မအင်ကြင်း
    ဒေါင်းမင်း said...
    အိမ်ကတော့အရမ်းပြန်ချင်တယ်။။အမေကိုလွမ်းတယ်၊
    မောင်နှမ၊သူငယ်ချင်းတွေကိုလွမ်းတယ်။ပျော်ရာမှမနေရ
    တော်ရာမှာနေရ..ဆိုသလိုလေ..အခုတော့ပြန်ချင်တဲ့စိတ်အောင့်အီးထားအုံးမယ်
    ဝေယံလင်း said...
    ငါလည်းရောက်လာတယ်။ဒီကဗျာလေးကိုကြိုက်တယ်ဟ။ ငါလည်းအိမ်ပြန်ချင်နေခဲ့တာကြာပေါ့ဟာ။

Post a Comment



Template by:
Free Blog Templates