သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Saturday, September 18, 2010

ချစ်ရတဲ့သူရေ ဒို့တစ်တွေ ရင်နာနာနဲ့ပဲ တစ်ယောက်ရင်ခွင်ဆီ တစ်ယောက်က ပြန်လာဖို့ ဘယ်လိုမှ ဖြစ်မလာနိုင်တော့လည်း နှုတ်မဆက်ပဲ လမ်းခွဲကြရတော့မှာပေါ့..။ တကယ်ချစ်ခဲ့မိသူတွေ ဘယ်သူတစ်ယောက်ကမှ ဒီလိုလမ်းခွဲခြင်းမျိုးနဲ့ အဆုံးသတ်ချင်မှာမဟုတ်ဘူးနော်။ ရူးမတတ်ချစ်ခဲ့ရတာပါ။ ချစ်သူကို ငါ့ဘ၀ထက်ချစ်ခဲ့တယ်။ အရာရာငါစွန့်လွှတ် ချစ်ခဲ့ပေမဲ့လည်း ကံကြမ္မာက မျက်နှာသာမပေးတော့လည်း ချစ်သူပြောခဲ့သလို ကိုယ်တို့ ၂ ယောက် ဖူးစာမပါလို့လားကွယ်။ ပြန်မဆုံနိုင်တဲ့လမ်းကို ဆက်လျှောက်ကြရင်း ဝေးကြဦးမယ် ဘယ်အချိန်ထိလဲ....... ဒီတစ်သက်တာအတွက်လား......။ ငါတော့ လွမ်းနေရဆဲပါပဲ ချစ်သူ။ မင်းလေးတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ။ မေတ္တာတရားမှာ ကံခေလွန်းတဲ့ ကိုယ့်ဘ၀အတွက် ၀မ်းနည်းအားငယ်မိတယ်။ အဆက်အသွယ်တွေ မရတော့တဲ့ ဒီ ၂ လပြည့်တဲ့နေ့လေးမှာ မင်းလည်းကြိုက်တတ်တဲ့ သီချင်းလေးတစ်ပုဒ် ကိုယ်နားထောင်နေမိတယ်ရင်း င့ါနှလုံးသားလေး မွန်းကျပ်နေတယ်။ မင်းသိရင် ကိုယ့်ကိုသနားနေဦးမှာပါ ကိုယ်သိနေပါတယ်ချစ်သူ. မင်းရဲ့အကြင်နာတွေ ကိုယ့်အပေါ်လျော့သွားမှာမဟုတ်ဘူးနော်.......။ အဲဒီအတွက်ကြောင့် မင်းကိုချစ်ခဲ့မိတာ ကိုယ်နောင်တမရပါဘူး။ နှလုံးသားတွေကြေမွသွားခဲ့ရင်လည်း ဆက်ချစ်နေမှာပါ။

ထူးအိမ်သင် - ပြန်မလာတော့ဘူးကွယ်

0 Comments:

Post a Comment



Template by:
Free Blog Templates