main |
sidebar
gtalk မှာ ပုန်းနေချင်တယ်ဆိုရင်တော့ ဒီလင့်ခ် http://www.google.com/talk/labsedition/download.html ကို copy လုပ်ပြီး ဖွင့်လိုက်ပါ။ သူကတော့ Google Talk Labs Edition ပါ။ ခုနက copy လာတဲ့ address ကို Tap မှာဖွင့်ပြီးရင် Agree and Download ကို ကလစ်လိုက်ပါ။ Opening clickonce_bootstrap.application ဆိုတဲ့ box လေးတက်လာရင်တော့ cancel လိုက်ပါ အောက်မှာ ပေါ်လာတဲ့ The Google Talk Labs Edition installer should start in seconds.Having trouble with the download? Click here. ဆိုတဲ့စာကြောင်းလေးမှာ click here ကို တစ်ချက်နှိပ်လိုက်ပြီးဒေါင်းလုတ်
ဆွဲလိုက်ပါ။ run ပြီးရင် gtalk လိုပဲ ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ့်အကောင့်ကို sign in ၀င်ပြီးတော့ invisible ကိုရွေးလိုက်ပေါ့။ ဒါပေမဲ့ မြန်မာဖောင့်တော့မပေါ်ဘူး။ မြန်မာဖောင့် ထည့်လို့ရရင်လည်း ပြန်လည်မျှဝေပေးပါနော်။ ပုံတွေနဲ့ ရှင်းပြဖို့က ပုံမတင်တတ်လို့ ဒီအတိုင်းလေးပဲ တင်လိုက်ရတာ နားလည် ပေးကြပါ။ နည်းပညာနဲ့ ပတ်သက်ပြီး နားမလည်ပါဘူး။ ဒါလေးကို ရှာဖွေရင်းတွေ့လာခဲ့လို့ ပြန်ပြီးမျှဝေ တာပါ။ သိပြီးသူတွေ အများကြီးရှိကြမှာပါနော်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မသိသူတစ်ယောက်ယောက်တွေ့လို့
သဘောကျပြီး သုံးခွင့်ရလိုက်မယ်ဆိုရင်ပဲ ကြည်နူးလှပါပြီ။ ပျော်ရွှင်နိုင်ကြပါစေရှင်။
0 Comments:
Post a Comment