သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Wednesday, December 8, 2010


ပုစွန်ကဲ့သို့အခွံမာပင်လယ်စာများများစားမယ်ဆိုရင် လိမ္မော်ရည် သံပုရာရည်တို့ နဲ့တွဲမစားပါနဲ့
**************
 ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။လူသတ်မှုလို့ ထင်တဲ့အတွက် ရဲတွေက  အပြင်းအထန် စစ်ဆေးမှုတွေ လုပ်ပါတော့တယ်။

သူမရဲ့ ရုပ်အလောင်းကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic (အာဆင်းနစ်လို့ခေါ်တဲ့စိန်ဖြူ) အဆိပ်သင့်လို့  သေဆုံးရကြောင်း အဖြေထွက်လာပါတယ်။ အဲဒီ အာဆင်းနစ် အဆိပ် ဟာ ဘယ်က လာပါသလဲ ။

ဆေးတက္ကသိုလ် တစ်ခုရဲ့ ပါမောက္ခဆရာဝန်ကြီးတစ်ဦး ကိုလည်း ဒီပြဿနာ ကိုအဖြေရှာဖို့  ဖိတ်ခေါ်ခဲ့ပါတယ်။ ပါမောက္ခကြီးဟာ  သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အားလုံးနဲ့ မသေဆုံးခင်ကခံစားခဲ့ ရတဲ့ ရောဂါလက္ခဏာတွေကို မြင်မြင်တွေ့  ခဲ့သူတွေကို  သေချာ မေးမြန်းခဲ့ ပါတယ်။ပြီးနောက်မှာတော့ ဒီ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ” သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ မတော်တဆ အစာထဲကအာဆင်းနစ်စိန်ဖြူအဆိပ်သင့်ခဲ့ ရတာပါ၊ “ လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။

 လူတွေက နားမလည်နိုင်ဘဲ အစာထဲမှာ အာဆင်းနစ်က ဘယ်ကဘယ်လို ပါလာသလဲ ဆိုပြီး ပဟေဠိဖြစ်နေကြပါတယ်။  “Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲမှာ  အစာတွေခြေဖျက် ရာကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီ (vitamin C)ကို နေ့တိုင်း မှီဝဲခဲ့တယ်လို့ သိရပါတယ်ပါတယ် ၊ ဗီတာမင်စီဟာလည်း သူ့ အလိုလိုဆို ပြဿနာ မရှိပါဘူး ၊ သူမဟာ
ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး သူမနဲ့ အတူတူ ညစာမှာပုဇွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ” လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့ တဲ့ အခွံတွေပါတဲ့ သတ္တ၀ါတွေရဲ့ အခွံမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လွန်ခဲ့ တဲ့နှစ်ပေါင်းများစွာကတည်းက လေ့လာ တွေ့ ရှိခဲ့  ကြပါတယ်။ ဒီအစားအသောက်တွေဟာ ဒီအတိုင်း သူ့ချည်းပဲတော့ အဆိပ်အာနိသင် မဖြစ်စေပါဘူး။အာဆင်းနစ်ဟာ ပြဒါး၊ခဲစတဲ့ သိပ်သည်းသောသတ္တုများ  (heavy-metals)လို့ ခေါ်တဲ့  လူ့ ခန္ခာကိုယ်ထဲမှာ များများမရှိသင့်တဲ့ ဆိပ်သင့်သတ္တုတွေထဲမှာပါပါတယ်။သူဟာ ဗီတာမင်စီနဲ့ ပေါင်းစပ်မိသွားရင်တော့ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့
အာဆင်းနစ်အောက်ဆိုဒ်(arsenic oxide, As2O5)ကနေ အဆိပ်ပြင်းလှတဲ့  အာဆင်း
နစ်ထရိုင်အောက်ဆိုဒ်(arsenic trioxide, As2O3)အဖြစ်ပြောင်းလဲသွားပါတယ်။
ဒါက အား လုံးသိကြတဲ့ပရဆေးဆိုင်တွေမှာရောင်းတတ်ကြတဲ့ စိန်ဖြူပဲဖြစ်ပါတယ်။ကျွန်တော်တို့ ခဏခဏကြားနေကြရတဲ့  ကိုယ့်ကိုယ်ကိုယ်သတ်သေချင်ရင်သံပုရာရည်နဲ့ သောက်တဲ့ စိန်
ဖြစ်ပါတယ်။ သံပုရာရည်ထဲက ဗိုက်တာမင်စီနဲ့  အာဆင်းနစ်နဲ့ ပေါင်းသွားပြီး အဆိပ်ဖြစ်သွား တယ်ဆိုပါတော့။ အာဆင်းနစ်အဆိပ်ရဲ့ အာနိသင်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး ၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့ အာရုံကြောတွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးထွက်တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ဒီအပြင် အသက်ရှူရာကနေ စွမ်းအင်ထုတ်တဲ့ လမ်းကြောင်းကိုလဲ ပိတ်လိုက်တဲ့ အတွက် စွမ်းအင်မရတော့ဘဲ  သတိလစ်မေ့မျောခြင်းတွေဖြစ် လာနိုင်ပါတယ်။  ဒါကြောင့် ပုဇွန် ၊ အခွံပါတဲ့ ရေသတ္တ၀ါတွေကို ဗီတာမင်စီ ပါတဲ့ စားအစာများ (ဥပမာလိမ္မော်သီး၊သံပုရာသီး၊ဇီးဖြူသီးစသည်)၊ဗီတာမင်စီဆေးပြားများ(ဥပမာ စီဗစ်)တို့ နဲ့ ပူးတွဲ မစားကြ ဖို့ သတိပေးထားပါတယ်။ဒီအစားအစာတွေကို မကြိုက်လို့ မစားပေမယ့် အခုအချိန်မှာ တုပ်ကွေးအအေးမိတာကို ကာကွယ်တဲ့ အနေနဲ့ စီဗစ်သောက်နေကျလူများလဲ အထူးသတိထားကြရန်လိုပါတယ်။ 

နီးစပ်ရာလူတွေကိုလက်ဆင့်ကမ်းပြောပေးကြပါဦး။ (Forward mail လေးထဲကနေ  ပြန်လည်   မျှဝေလိုက်ပါတယ်။ ဓါတ်ပုံကတော့ ဂူဂဲလ်ကနေ ရှာယူထားတာပါ။ သူငယ်ချင်း၊ မောင်နှမများအားလုံး ကာယသုခ စိတ္တသုခတွေနဲ့ ပြည့်စုံကြပါစေ။ အလည်ရောက်လာကြတဲ့အတွက်လည်း လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်ရှင်။)

4 Comments:

  1. နေမျိုး said...
    ညီမလေး အခုပို့စ် လေးက အရမ်းကို တန်ဖိုးရှိလှပါတယ် ။ အခုလို့ မျှဝေ အသိပေးတာ ကျေးဇူးတင်ပါတယ် ။ ညီမလေး ထာဝရ ပျော်ရွှင်ပါစေ နော်.............
    Anonymous said...
    ဆိုင်တွေမှာ ပုစွန်လိမော်ဆိုပြီး ပုစွန်ကို လိမ်မော်ရည် ဆမ်းပြီး ရောင်းလေ့ရှိတယ်ကော။
    sosegado said...
    မှတ်သားရပါသည်ဗျာ၊ အထူးသဖြင့် ပထမတစ်ခု အခွံမာတွေနဲ့ စီဖျော်ရည်တွေ၊
    ငဝန်နဒီ said...
    တခုတော့ လို နေတာ အမှန်ပဲ ... ပင်လယ်ကမာ က သံပုရာသီး နဲ့ စား မှ ကောင်းတာ ပါ ပုဇွန်သုတ် ကလဲ သံပုရာသီး နဲ့ သုတ်စား ရတာပါ။ အဆိပ်ဖြစ်တဲ့ အရင်းအမြစ် တခုခု လိုနေသလိုပဲ...

Post a Comment



Template by:
Free Blog Templates