သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Wednesday, June 30, 2010


တွေးရင်းငေးရင်း
မှေးရင်းတွေးရင်း
မိုးလင်းသွားတယ်။

တွေးရင်းငေးရင်း
ဆွေးရင်းတွေးရင်း
တစ်နေကုန်သွားတယ်။


နေ့တိုင်းမနက်မှာ
ဒီအတွေးနဲ့စပြီး
မိုးချုပ်ညထိ
ဒီအတွေးနဲ့အိပ်စက်တယ်။

ဒီအတွေးနဲ့ ငါဟာ ပုံမှန်လည်ပတ်
ဒီအတွေးနဲ့ မနက်ဖြန်တွေကိုရှေ့ဆက်
သူငယ်ချင်းတွေနဲ့ အဆက်ပြတ်
ပတ်ဝန်းကျင်နဲ့ ငါ…မဆက်စပ်တော့။

ဒါပေမဲ့……
ငါ့မျှော်လင့်ချက် လက်ကျန်လေးက
ဒီတသက်တော့ ဒီအတွေးနဲ့
အရိုးမဆွေးနိုင်လောက်ပါဘူး..
နုတုန်းချိန်မှာ ရူးတတ်တာ
သဘာဝပဲထားလိုက်ပါတော့။

အဲဒီတော့….
တစ်ချိန်ချိန်ပေါ့
ငါ့အလွမ်းလေး လျော့လျော့ပြီး
ခပ်ဖျော့ဖျော့ပဲ ကျန်တဲ့အချိန်
င့ါရင်ခွင်အိမ်လေးဆီ

နောက်တစ်ကြော့...
မင်း…ပြန်ဝင်မလာနဲ့တော့
ပြန်မလာခဲ့နဲ့တော့ 

မလာနဲ့တော့………

ထပ်မလာနဲ့တော့.......။


ဓါတ်ပုံကို ဂူဂဲလ်ကနေ ယူလာပါတယ်။


0 Comments:

Post a Comment



Template by:
Free Blog Templates