သူလေးပေါ့ ......
ဒီဇာတ်လမ်းထဲက
ဇာတ်ရံလေး.....
သူ့ဇာတ်ကွက်အတွက်
ရှောင်ပြေး......
ဝေးပြီလို့ သူထင်ခဲ့တာ
ကံကြမ္မာက သူ့ကိုမညှာ
ညာညာပြီး .......
သရုပ်ဆောင်ခိုင်းတာများ
ပါးတွေလည်းစိုရွှဲ
ငိုပွဲတွေအခါခါနွှဲလို့ပေါ့။
အဲလို သရုပ်ဆောင်ချက်က
ဒီဇာတ်လမ်းလေး အတွက်
သူ့ကရမဲ့ ဇာတ်ကွက်တွေဖြစ်သတဲ့
ခဏခဏငိုရှိုက်နေရတဲ့
သူလေးလေ...........
ဝဋ်ကြွေးကြောင့်ထင်တယ်
ပယ်ငြင်းလို့မရ
ရှောင်ထွက်လည်းမရ
မမျှမတ သူ့ကဏ္ဍမှာ
ဇာတ်ရံလေးအဖြစ်နဲ့ပဲ
ပါဝင်ဖြည့်စွက်နေရဆဲပေါ့။ ။