သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Saturday, December 11, 2010

စာဖတ်ဖို့ စာတစ်ရွက် လှန်လိုက်တိုင်း
မင်းမျက်နှာဝိုင်းလေးပဲ ပြန်ပြန်တွေ့နေတယ်။

ငါ့မျက်ဝန်းတွေ ဘယ်နေရာရွေ့ရွေ့
မင်းအရိပ်လေးပဲ ပြည့်နေတယ်။

ကျောင်းစာတွေ ငါမရပေမဲ့
မင်းပေးခဲ့တဲ့ အလွမ်းအိမ်စာတွေတော့
ငါကျေညက်နေပါပြီ.....

မင်းမစစ်ချင်တော့တဲ့
ငါ့ခံစားချက်အဖြေလွှာလေးတွေ
မင်းနဲ့ဝေးဝေးမှာ သိမ်းထားရင်း
ရလဒ်မရှိတဲ့ ငါ့ကြင်နာခြင်းတွေအတွက်
မင်းပြောင်းပြန်အချိုးချပေးခဲ့တဲ့
နာကျင်ခြင်းတွေနဲ့ပဲ
ငါ့ရင်မှာ ပြည့်နှက်နေခဲ့ရပြီ။။

မျက်နှာဝိုင်းနဲ့ ထိုသူသည် စာကျက်ပျင်းသော အကျွန်မကို စာမေးပွဲဖြေချိန်မှာပင် လာပြီး နှောင့်ယှက်နေပါသည်.... မည်သူထံသို့ တိုင်ကြားရန်သင့်ပါသနည်း အကြံပေးတော်မူကြပါကုန်.... စိတ်ညစ်တယ်နော် .... စာကျက်လို့မရဘူး ဟူးးးးးးးးးးးးး ရူးလိုက်တော့မယ်နော် လာမတားကြနဲ့ ဒါပဲ... ဗြဲ......:'( :'( :'( ကိုယ့်စိတ်ကို မနိုင်သောသူသည် အရူးမည်သည်။ စိတ်ကိုထိန်းပါလို့ အကြံပေးလျှင်တော့ တတ်နိုင်သေးမည် မထင်ပါ။ ထို့ကြောင့် ထိုအကြံပေးမည် စိတ်ကူးသူများ စိတ်ကူးကို ဖျက်ပစ်လိုက်ပါကုန်။ မျက်နှာဗြောင်တိုက်ပြီး လျှောက်ရေးထားတာကို ပို့စ်အဖြစ်တင်လိုက်သည်။ ဘယ်သူတရားစွဲမည်နည်း။ :):):)

(စိတ်ညစ်တာလေးတွေ ရေးထားမိတာကို ဖတ်မိသူတွေ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော်...။ သံယောဇဉ်ရဲ့ ရင်ဖွင့်ရာ နေရာလေးမို့ပါ။ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တစ်သက်မှာ တစ်ခါလေးတော့ လူငယ်တွေအများစု ရူးဖူးကြမှာပါ... ရူးသွပ်ခြင်းပုံစံနဲ့ အချိန်ကာလသာ မတူညီကြတာလို့ ထင်ပါတယ်.... အလည်လာသူများကို အစဉ်ခင်မင် ကျေးဇူးတင်လျှက်ပါ.... သံယောဇဉ်) 

1 Comment:

  1. Mamoonn said...
    စာကောင်းကောင်းကျက် ညီမရေ..။

Post a Comment



Template by:
Free Blog Templates