သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Monday, March 14, 2011

ခရေငယ်

ပင်မြင့်ဖျားမှာ ပွင့်လည်းတဝေေ၀
ပင်ခြေရင်းမှာ ကြွေလည်းတဝေေ၀
မြတ်ဘုရားရှေ့မှာ ခစားတဝေေ၀
မေ့ဆံဖျားမှာ ပန်ထားတဝေေ၀၊
 
ပွင့်လည်းမွှေးကြွေလည်းမွှေးနွမ်းလည်းမွှေးဆဲ၊
အဲဒါတွေက သူ့အချင်းရနံ့လေးက တသင်းသင်း
အေးမြတဲ့သူ့အဆင်းက
မြင်သူတွေ ဘ၀င်ငြိမ်းချမ်းပြီး
နမ်းသူတွေ ဘ၀င်အေးစေတဲ့
 မေ့အကြိုက်ဆုံးပန်းလေး
အပွင့်ငယ်ကာသေးပေမဲ့
ရနံ့တွေက သင်းပျံ့မပြယ်
ပွင့်ပန်းရယ်တဲ့ ခရေငယ်............။
       (ပုံတွေကိုတော့ http://phopa-dwm.blogspot.com/2010/07/blog-post_9659.html နဲ့http://group4writer.multiply.com/journal/item/221 ကနေ ကူးယူခဲ့ပါတယ်)     ခရေပန်းပုံလေးတွေ တင်ချင်လွန်းလို့လေ ကဗျာစာပိုဒ်တွေတောင် မစီတတ်တော့ဘူး။ အဆင်ပြေသလို ဖတ်ပေးကြပါနော်...။  အားလုံးကို ခင်မင်လေးစားတဲ့ (TYZ)   

2 Comments:

  1. Anonymous said...
    ကဗျာလေးကို လာခံစားပါတယ်ဗျို့
    ကြိုက်လို့တောင် G talk Message တင်ထားသေးတယ်
    ခင်မင်စွာဖြင့်
    Anonymous said...
    သင်္ကြန်နီးလာပြီဆိုတော့ လွမ်းစရာလေးတွေကော
    ဆောင်ရန်ရှောင်ရန်လေးတွေကိုပါ ဂရုစိုက်တော့မယ်သူငယ်ချင်းရေ

    ခင်မင်စွာဖြင့်

Post a Comment



Template by:
Free Blog Templates