Saturday, July 24, 2010
အရွယ်ရောက်သူတိုင်းအတွက် တစ်ယောက်နဲ့တစ်ယောက် ဘ၀လက်တွဲဖော်ရွေးချယ်ရာမှာ
ချစ်ခြင်းမေတ္တာက အဓိကကျသလို တခြားအရေးပါတဲ့ အချက်တွေလဲ ရှိပါတယ်။အဲဒီထဲမှာ
တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားခြင်း တိုက်ဆိုင်ဖို့ ၊လိုက်ဖက်ညီဖို့လည်းပါရှိမှာပါ။ အဲသလို လိုက်ဖက်ညိီမှု့ ရှိမရှိ လေ့လာရာမှာနှစ်ဦးနှစ်ဖက်ရဲ့ မွေးလရာသီခွင် လိုက်ဖက်ညီ မှု့ရှိမရှိကို ကြည့်ခြင်းကလည်းဆုံးဖြတ်ရာမှာ အထောက်အကူ ပြုပါတယ်။မွေးလရာသီခွင်ကို
အကြမ်းအားဖြင့် မီးဓာတ် ၊ မြေဓာတ် ၊ လေဓာတ် ၊ ရေဓာတ် ဆိုပြီး ဓာတ်ကြီးလေးပါးနဲ့ ပြန်ခွဲ ထားပါတယ်။ သင်က ဘယ်ဓာတ်နဲ့ လိုက်ဖက်လဲ အဆင်ပြေမလဲဆိုတာ ကြည့်လိုက်ရ အောင်နော်...
မီးဓာတ်
မိဿရာသီဖွား(မတ် ၂၁ မှ ဧပြီ ၁၉ ကြား)
သိဟ်ရာသီဖွား(ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ကြား)
ဓနုရာသီဖွား(နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ကြား)
မြေဓာတ်
ပြိဿရာသီဖွား(ဧပြီ ၂၀ မှ မေ ၂၀ ကြား)
ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ကြား)
မကာရ ရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်န၀ါရီ ၁၉ ကြား)
လေဓာတ်
မေထုန်ရာသီဖွား(မေ၂၁ မှ ဇွန် ၂၁ကြား)
တူရာသီဖွား(စက်တင်ဘာ၂၃ မှ အောက်တိုဘာ ၂၂ ကြား)
ကုံရာသီဖွား(ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ကြား)
ရေဓာတ်
ကရကဋ်ရာသီဖွား(ဇွန် ၂၂ မှ ဇူလိုင် ၂၃ ကြား)
ဗြိစ္ဆာရာသီဖွား(အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ကြား)
မိန်ရာသီဖွား(ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ကြား)
မြေဓာတ်နှင့်လေဓါတ်
မြေဓာတ်သမားတွေက ခိုင်မာမှု့ရှိကာ ဟန်ချက်ညီသလို လေဓာတ်သမားတွေကတော့
စကားပြောအလွန်ကောင်းသောပေါင်းသင်း ဆက်ဆံရေးကောင်း သူဖြစ်ပါတယ် ။ မြေဓာတ်က လေဓာတ်ကို တည်ငြိမ်အောင်ပြုလုပ် ပေးနိုင်သလို လေဓာတ်ကလည်း မြေဓာတ်ကို လွတ်လပ်စွာနေတက်အောင် အခွင့်အ ရေးပေးနိုင် ပါတယ်။
မြေဓာတ်နှင့်မြေဓာတ်
အောင်မြင်တဲ့ဘ၀ကို အတူတကွဲ လျှောက်လှမ်းနိုင်ဖို့ အနာဂတ်တွေကို တည်ဆောက်နိုင်စွမ်းရှိတဲ့
အတွဲပါ။နှစ်ယောက်ပေါင်းက ကြီးပွားတိုးတက်အောင် မြင်တက်ပါတယ်။
မြေဓာတ်နှင့်မီးဓာတ်
မီးဓာတ်ရဲ့ အိပ်မက်နဲ့
အိုင်ဒီယာစိတ်ကူးစိတ်သန်းတွေကို ဖြည့်ဆည်းပေးဖို့ မြေဓာတ်က အောက်ခြေခိုင်အောင် ကူညီပေးပါတယ်။
မြေဓာတ်နှင့်ရေဓာတ်
ရေဓာတ်ဟာ မြေဓာတ် ခံစားချက်အစစ်အမှန်ထိတွေ့စေဖို့ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။
လေဓာတ်နှင့်လေဓာတ်
လေဓာတ်စုံတွဲဟာ ဥာဏ်ကြီးရှင်စုံတွဲလို့ ပြောရမှာပါ တစ်ယောက်နဲ့တစ်ယောက် အတွေး အခေါ်တွေ ပွင့်လင်းရိုးသားစွာ ဖလှယ် လေ့ရှိတတ်ကြပါတယ်။
လေဓာတ်နှင့်မီးဓာတ်
ဒီဓာတ်ပိုင်ရှင်တွေက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ချီးကျူးတက်ကြတာ သူတို့ရဲ့ စွမ်းအားနဲ့ အိုင်ဒီယာတွေက သူတို့ဘ၀မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေတတ် ပါတယ်။
လေဓာတ်နှင့်ရေဓာတ်
ဒီဓာတ်နှစ်ခုက ခံစားမှု့ပိုင်းဆိုင်ရာ ဆက်နွယ်မှု့တွေ ရှိတက်ကြပါတယ်။အတွဲညီကာ သူတို့ရဲ့စွမ်း အားတွေ ပေါင်းလိုက်ပါက အထင်ကြီးလောက်ဖွယ် အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။
ရေဓာတ်က လေဓာတ်အနေနဲ့ ခံစားမှု့တွေကို ပိုပြီး ထုတ်ဖော် ပြနိုင်အောင် ကူညီပါတယ်။
ရေဓာတ်နှင့်မီးဓာတ်
ရေဓာတ်က မီးဓာတ်ကို အေးချမ်းတည်ငြိမ်စေပါတယ်။သတိတော
ရေဓာတ်နှင့်ရေဓာတ်
ရေဓာတ်စုံတွဲက သံယောဇဉ်ကြိုးခိုင်မာပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်
အားပေးထောက်ပံ့လေ့ရှိပါတယ်။
မီးဓာတ်နှင့်မီးဓာတ်
အင်အားကြီးဓာတ်နှစ်ခု ပေါင်းဆုံတာဖြစ်သောကြောင့် နှစ်ယောက်ကြား ချစ်ခြင်းမေတ္တာ ခိုင်မာစေဖို့ သေချာတော့ညှိယူရမယ်။ မီးဓာတ်စုံတွဲဟာ စွန့်စား ရှာဖွေလေ့ရှိတဲ့ စုံတွဲပါ။
Labels: မျှဝေခြင်း






