သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Sunday, February 14, 2010

ချစ်သူများနေ့တဲ့လား ......

ယဲ့ယဲ့လေး ပြုံးမိတယ်
ချစ်ခဲ့ဖူးပေမဲ့
ကိုယ့်အတွက် ဒီလိုနေ့မျိုး
မရှိခဲ့ရိုးအမှန်ပါ...။



ချစ်ခဲ့ကြတဲ့တစ်ချိန်က
အိပ်မက်မဟုတ်ခဲ့ပေမဲ့
ကိုယ့်အတွက်တော့ဖြင့်
အလွမ်းတွေ သက်သက်ပါပဲလား...။

ဒီနေ့မှာ....
မင်းဘာများလုပ်နေမလဲ
မမျိုသိပ်နိုင်လို့
vzo လေးမှာ
ခြေရာ လိုက်ကောက်မိတယ်...။

တကယ်ပါပဲ
busy ပြနေတယ်လေ
ကိုယ်ဘယ်လို ဖြေနိုင်မလဲကွယ်
အလွယ်ဆုံး ထွက်ပေါက်နဲ့ ကိုယ်ငိုမိပါတယ်...။

ငိုတာ မင်းမကြိုက်တတ်ပေမဲ့
အခုအချိန်မှာ ကိုယ်ငိုတာ
မင်းမှ မမြင်နိုင်တော့တာ
မင်းကိုယ့်ကို မဆူနိုင်တော့ဘူးလေ...။

နားလည်မှုတွေနဲ့
လမ်းခွဲခဲ့ကြတဲ့ ဒို့နှစ်ယောက်
ဘယ်တော့မှ မမုန်းကြေးလို့
ဂတိတွေ ဆိုခဲ့ကြတယ်နော်...။

မမုန်းပါဘူး ချစ်သူရယ်
မင်းကိုချစ်ခဲ့တာ မုန်းမေ့ဖို့မဟုတ်ပါဘူး
ဒီတော့ မင်းတို့နှစ်ယောက်ကို
VZOရဲ့ နောက်ကွယ်မှာ
တိတ်တဆိက် ကြည့်နေရင်း
ကိုယ်ရှိုက်နေမိတယ်...။


ကိုယ်လေ ငိုနေရင်းနဲ့
ဆုတောင်းပေးနေပါတယ်
မင်းတို့ နှစ်ယောက်စလုံး အတွက်ပေါ့
Happy Valentine day ပါ ချစ်သူရယ်
Happy Valentine ပါ......။

0 Comments:

Post a Comment



Template by:
Free Blog Templates