အတိတ်ကို အရိပ်လို့ပြောကြတယ်
အရိပ်ဆိုတော့လည်း
အသက်ရှင်နေတဲ့ တစ်သက်တာ
ပျောက်ပျက်မသွားနိုင်တဲ့ အရာပဲလေ။ ။
ဒါပေမဲ့ ….
တစ်ချို့ကျတော့
အတိတ်ကို ဖျောက်ဖျက်ဖို့ ကြိုးစားကြတယ်
ကြိုးစားတဲ့ လူသားတိုင်းကို
လောကကြီးက ဟားတိုက်ရယ်နေမှာပါ။ ။
အရိပ်ဆိုမှတော့
အရိပ်ကိုဖျောက်ဖို့ ကြိုးစားချင်ရင်
တည်နေတဲ့ အရာဝတ်ထုရဲ့ အကောင်အထည်ကိုသာ
ပထမဆုံး ဖျောက်ဖျက်ရတော့မှာပေါ့။ ။
ဒါကြောင့်မို့ အတိတ်ကို ဖျောက်ဖျက်ဖို့
ကိုယ်ကိုယ်တိုင် ဘယ်တော့မှ
ကြိုးစားမိမှာ မဟုတ်တော့ဘူး။ ။
ဒါပေမဲ့……
အတိတ်က အရိပ်ဆိုးတွေလို
ထပ်ပြီး မကျန်ရစ်နေဖို့နဲ့
နောက်ထပ် အတိတ်လှလှလေးတွေ
ချန်ရစ်ထားနိုင်ဖို့တော့
ပစ်စုပ်ပန်တွေကို အတည်ငြိမ်ဆုံး
အကောင်းဆုံးဖြစ်အောင်ပဲ
ကြိုးစား ဖန်တီးကြည့်ချင်ပါတယ်။ ။