သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Friday, February 12, 2010

နေအေးအေးမှာ

သီချင်းဆွေးဆွေးနဲ့
ချစ်သူ့ဘေးမှာ
မှေးမှိတ်ရင်း
နွေးထွေးမှုတွေနဲ့လေ
ဒို့ .... အတူရှိခဲ့ဖူးတယ်။

မှိန်ဖျော့ဖျော့
လရောင်အောက်မှာ
ချစ်သူ့ရင်ခွင်မှီရင်း
အကြင်နာတွေနဲ့လေ
ဒို့.... အတူ ရှိခဲ့ဖူးတယ်။

အဝေးကို ထွက်သွားတဲ့ ချစ်သူရယ်.............။

နွေးထွေးမှုတွေ
အကြင်နာတွေနဲ့အတူ
ပြန်လာခဲ့ပါလား....
မငြီးငြူပဲ ကြည်ဖြူနေဆဲ
စောင့်မြဲ စောင့်နေဆဲပါ
မေ့ ချစ်သူရယ်။ ။

0 Comments:

Post a Comment



Template by:
Free Blog Templates