သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Sunday, July 11, 2010


နည်းလမ်းမကျတဲ့
သူတို့ရဲ့ သစ္စာတရားမှာ
မေတ္တာတွေလည်းခေါင်းပါးနေတယ်
အကြင်နာဆိုတာ နာကျင်စရာတွေပဲလေ
အနာဟောင်းကို ပြန်ဆွကြရင်း
မာန်မာနတွေ အရောင်အထပ်ထပ်ဆိုး
မရိုးနိုင်တဲ့ သံသယ၀တ်စုံကိုယ်စီနဲ့
နားလည်မှုဆိုတာလည်းမရှိတော့လို့
ဒေါသသွေးတွေနဲ့ ရဲရဲနီနေတဲ့
နှလုံးသားနဲ့ သူတို့နှစ်ယောက်ပေါ့
အနာဂတ်မှာ အတူတူလက်တွဲ
ဘ၀တိုက်ပွဲ နွှဲကြဦးမတဲ့လေ    ။။။

2 Comments:

  1. ရေသန့်  said...
    ဘာကြောင့် လက်တွဲတာပါလိမ့် 
    TYZ said...
    ဘာကြောင့်လက်တွဲတယ်ဆိုတာကို ဘယ်လိုထင်ကြလဲဟင်.......

Post a Comment



Template by:
Free Blog Templates