အတိတ်ဆိုတာ ပြန်လည်ပြုပြင်ခွင့် မရနိုင်တော့တဲ့ ကာလတစ်ခုပါ။ အမှားတွေ ရှိခဲ့ရင် ပြန်လည်ပြုပြင်ပိုင်ခွင့် မရှိတော့သလို ပျော်ရွှင်ခြင်းတွေကိုလည်း ဆက်လက်ဆုပ်ကိုင် ထားလို့ မရနိုင်တော့ဘူးနော်။ အဲလို သဘောတရားတွေကို နားလည်ထားပေမဲ့ အတိတ်ချိုချိုလေးတွေကို ပြန်တွေးပြီး ပစ္စုပ္ပန်မှာ နာကျင်နေတဲ့ ဒဏ်ရာတွေကို ဆေးအဖြစ် မှီဝဲနေတာ တကယ်တော့ ဒဏ်ရာဟာ ပျောက်မသွားနိုင်ဘူးလေ။ တမြေ့မြေ့ နဲ့ အနာရင်းသွားဖို့ပဲ များတယ်။ ဒါတွေအားလုံး နားလည်နေပါ တယ်။ နားလည်နေရက်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေရတာ တစ်ခါတစ်လေမှာ တကယ်မလွယ်ဘူး ....မင်းသိမှာပါ...။
တစ်ဖက်စွန်းကျတဲ့ ခံစားချက်တစ်ခုကို ဖက်တွယ်ရင်း ကိုယ် မင်းကိုလွမ်းနေဆဲပါပဲ... ချစ်သူ။ ကြာလာတော့လေ ပတ်ဝန်း ကျင်နဲ့ ကိုယ် အဆက်အသွယ်တွေ ပြတ်သွားသလိုခံစားရတယ်။ ဒါပေမဲ့ မင်းကိုလွမ်းတဲ့ ခံစားချက်တွေက ဖြတ်တောက်လို့မရနိုင် အောင် နှောင်တွယ်ခြင်းတွေက ခိုင်မာလွန်းပါတယ်။ ဒါတွေ အားလုံး မင်းသိနေတယ်... အဝေးကနေ မင်းခံစားသိနိုင်သေး တယ်ဆိုတာလည်း ကိုယ်ယုံကြည်နေတယ်။
ကိုယ်နဲ့ ပတ်သက်သမျှ အရာအားလုံး မင်းမေ့ဖို့ကြိုးစားနေတယ်။ ကိုယ့်ကို နာကျင်အောင် အမျိုးမျိုးနှိပ်စက် နေတာ မင်းရည်ရွယ်တဲ့ မင်းကိုနာကျည်းမုန်းမေ့စေဖို့ဆိုတာ ကိုယ့်အတွက် ဖြစ်မလာနိုင်ပါဘူး။ ထပ်ပြီးမကြိုး စားပါနဲ့တော့......... မင်းပေးတဲ့ ဒဏ်ရာတွေနဲ့ ကိုယ့်နှလုံးသားမှာ သွေးချောင်းစီးသွားပါစေချစ်သူရယ်... ကိုယ်မင်းကို မုန်းမှာမဟုတ်ဘူး။ မင်းကို ချစ်ခဲ့တာ မုန်းဖို့မဟုတ်ဘူးလို့ ကိုယ်အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။ ဒါတွေ မင်းသိရဲ့သားနဲ့ မင်းနှလုံးသားကိုပါ နာကျင်ပင်ပန်းစေမဲ့ ဟန်ဆောင်ခြင်းဆိုတဲ့ မျက်နှာဖုံးကို ခွါချလိုက်ပါတော့နော်.။ အရာရာ ခွင့်လွှတ်နေမဲ့ မင်းအပေါ်မှာထားတဲ့ကိုယ့်မေတ္တာတရားတွေကို ယုံကြည် နေပေးပါ။
အကြောင်းပြချက် မခိုင်လုံဘဲနဲ့ မင်းစွန့်ထားရစ်ခဲ့ပေမဲ့ ကိုယ်မင်းကို စောဒကတွေမတက်ခဲ့သလို ဘာအကြောင်းပြချက်မှ မတောင်းဆိုခဲ့ပါဘူးနော်။ ဒါပေမဲ့ မင်းသိဖို့တော့ ကိုယ်ပြောလိုက်ပါရစေ... မင်းဘက် က အခြေအနေတွေ ဘယ်လိုပြောင်းလဲသွားပါစေ မင်းကိုပဲ ကိုယ်ဆက်ချစ်သွားမယ်။ မင်းကိုယ့်ကို မေ့နိုင် တယ်ဆိုရင် မေ့လိုက်ပါတော့..... မလွတ်လပ်တော့တဲ့ မင်းဘ၀ရဲ့ မနက်ဖြန်တွေအတွက်တော့ ကိုယ့်ကိုမေ့ နေတာ အကောင်းဆုံးပါပဲလေ။
ကိုယ်ကတော့ မင်းကို သန့်ရှင်းတဲ့အချစ်နဲ့ ဆက်ချစ်နေရင်း မင်းဘ၀လေးအေးချမ်းပါစေလို့ ဆက်ပြီးတော့ ဆုတောင်းပေးနေဦးမှာပါ။ ဒါပေမဲ့... ကိုယ့်မနက်ဖြန်တွေကို အဓိပ္ပါယ်ရှိရှိ ကျော်ဖြတ်နိုင်ဖို့ စိတ်ခွန်အားတွေ မွေးရဦးမယ် ... ချစ်သူရယ်...။ အခုအချိန်ထိတော့ ....ကိုယ့်မနက်ဖြန်တိုင်းမှာ မင်းကိုတမ်းတနေတဲ့ ခံစားချက် တစ်ခုကလွဲပြီး ဘာမှမရှိတော့သလိုပဲ။ ပျော်ရွှင်ခြင်းဆိုတာ မင်းကိုယ့်ရင်ခွင်ကနေ အပြီးအပိုင်ထွက်ခွါခဲ့ချိန် ကတည်းက ဆိတ်သုန်းသွားခဲ့တာ ခုထိပါပဲလေ။ ကိုယ့် အာရုံတွေတိုင်းမှာ အမြဲတမ်းမင်းပဲ စိုးမိုးနေတယ် ဆိုတာ မင်းတကယ်ချစ်တဲ့သူနဲ့ ဝေးရတဲ့အခါ ဒီခံစားချက်ကို မင်းကောင်းကောင်းနားလည်မှာပါ။ တကယ်လို့ မင်းကိုယ့်ကိုတကယ်ချစ်ခဲ့တယ်ဆိုရင် မင်းကိုယ်တိုင် ဒီအချိန်မှာ ကိုယ့်နဲ့ ထပ်တူ ခံစားနေရမှာပါ။ ကိုယ့်.. တသက်မှာ တစ်ယောက်တည်းချစ်ခဲ့ဖူးတယ် အဲဒါမင်းပဲပေါ့ ချစ်သူရယ်........။နောက်ဆုံး ငါ့နှလုံးသားသေဆုံး ချိန်ထိလေးတော့ မင်းတစ်ယောက်ထဲကိုပဲ တစ်သက်လုံးဆက်ချစ်သွားပါရစေ.......။မင်းမသိနိုင်တော့ပေမဲ့ ကိုယ်တစ်ယောက်ထဲ လွမ်းနေရစ်ပါရစေတော့.. ..ချစ်သူ။