သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Monday, March 1, 2010

အနေနီးခဲ့လို့ ....

အချစ်တွေ ကြီးခဲ့တာလားမောင်။
ဒါဆိုရင်
ဟန်မဆောင်ပဲ
မေးခွန်လေးမေးပါရစေလား။

အနေနီးလို့ ....
အချစ်ကြီးခဲ့စတမ်းသာဆို
အနေတွေဝေးခဲ့ရင်
အချစ်တွေလည်း
အေးစက်ပျက်သုန်းသွားတော့မှာလား။
အေးစက်ပျက်သုန်းနိုင်သလားမောင်။
ဒါဆိုရင် ….
အဲဒီလို အချစ်မျိုးကို
ဘယ်လိုအချစ်ပေတံနဲ့
တိုင်းတာရမှာလဲ။

မောင်ရေ...... 
ဖြေခဲ့ပေးပါနော်....

မေ့အတွက် ဖြေသာစေမယ့် 
အဖြေလေး တစ်ခုခုပေါ့။

1 Comment:

  1. စည်သူ said...
    ဩော်..

    အနေနီးလို့ အချစ်ကြီးခဲ့သလား..
    .. ဒါဆိုရင်..
    အနေဝေးရင်ရော အချစ်တွေ အေးစက်ပျက်သသုန်းသွားမှာလားတဲ့..

    ရိုးရိုးလေးနဲ့ အဓိပ္ပါယ်ရှိတယ်ဗျာ..

    အားလုံးမဟုတ်ပေမယ့် တစ်ခါတစ်ခါ ခုလိုမျိုး ဖြစ်တတ်တယ် ထင်တယ်ဗျာ..

    ခင်မင်စွာဖြင့်
    စည်သူ

Post a Comment



Template by:
Free Blog Templates