သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Saturday, March 27, 2010

လင်းလက်စရောင်ခြည်မှာ
မနက်ခင်းတေးကိုသီကျူး
တစ်ပင်မှတစ်ပင်ဆီသို့
ကူးကာမြူးနေကြတဲ့
နံနက်ခင်းကိုအလှဆင်ကြသူ
ငှက်ငယ်လေးတို့ရယ် ….

တောက်ပလာတဲ့
သူရိန်မင်းရဲ့ ရောင်ခြည်အောက်မှာ
ကျီစယ်နေတဲ့လေပြေကြား
ပျော်မြူးလို့သာ
ဖူးပွင့်ဖို့အားယူနေတဲ့
နံနက်ခင်းကိုအလှဆင်ကြသူ
ပန်းပွင့်ကလေးတို့ရယ်…..

တစ်နေ့တာရဲ့အစ
လင်းဖြာလာတဲ့
နေခြည်အလင်းအောက်မှာ
ငါလည်းလေ……….
မင်းတို့တစ်တွေလို
နံနက်ခင်းအလှကို
ပြည့်စုံစေချင်သမို့
လှပတဲ့ မနက်ခင်းလေးတွေမှာ
အားငယ်ဝမ်းနည်းမှုအစား
ပြုံးရယ်ခြင်းများကိုသာ
ငါ့ထံသို့………….
ပေးသနားပါလားကွယ်။

0 Comments:

Post a Comment



Template by:
Free Blog Templates