သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Tuesday, March 23, 2010

အိပ်မရတဲ့ ငါ့ညတွေ
ရေတွက်ကြည့်လိုက်ရင်
ညပေါင်း သုံးရာ့နှစ်ဆယ်ရှိခဲ့ပြီ။  ။
လွမ်းလို့ငိုရတဲ့ ငါ့မျက်ရည်တွေ
နှိုင်းဆရရင်တော့
ဇူလိုင်မိုးစက်တွေထက် ပိုများတယ်။ ။
သတိရ တမ်းတမိချိန်တွေ
ငါ..ပြန်သတိထားမိတော့
အသက်ရှူချိန်တိုင်းလိုလိုပါပဲ။ ။

ဒီခံစားချက်တွေကို 
လွမ်းတယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ 

 ဖွဲ့နွဲ့ရင်ဖွင့်ပြရတာ
မလုံလောက်ဘူးထင်ပါတယ်။
ဒါပေမဲ့ ဒီ့ထက်မှ
 ငါ… ပိုမပြောတတ်တာ…..။ ။

ဒီလိုခံစားချက်နက်နက်တစ်ခုကို
ခပ်ပေါ့ပေါ့ ကဗျာပျက်လေးတစ်ပုဒ်
ရေးစပ်နေရင်း
ငါ့ကိုယ်ငါ မကျေနပ်ဘူး။
ငါဟာ ငါ့ခံစားချက်ကိုတောင်
လေးနက်အောင် မဖွင့်ဟတတ်တဲ့
ခပ်ညံ့ညံ့ ကဗျာရူးတစ်ယောက်လေ။ ။

ငါ့မှာတော့.................
ဒီလို အိပ်မရတဲ့ညတွေမှာ
ချစ်သူ့လွမ်း တေးသီချင်းတွေ
သီဆိုညည်းညူနေဆဲပေါ့။
အိပ်မရတဲ့ညတွေ ဖြတ်သန်းရင်း
စမ်းတ၀ါးဝါး အနာဂတ်တွေနဲ့
ပြန်မလာတဲ့ ချစ်သူကို
မျှော်လင့်နေရင်းလေ
အလွမ်းရင့်ရင့်တွေနဲ့
ငါဟာ.............

အရူးရင့်နေသူတစ်ယောက်ပေါ့…… ။ ။

1 Comment:

  1. ဇာဏီ said...
    ရေးစပ်နေရင်း
    ငါ့ကိုယ်ငါ မကျေနပ်ဘူး။
    ငါဟာ ငါ့ခံစားချက်ကိုတောင်
    လေးနက်အောင် မဖွင့်ဟတတ်တဲ့
    ခပ်ညံ့ညံ့ ကဗျာရူးတစ်ယောက်လေ။ ။

    ခပ်ညံ့ညံ့ လို့ ယူဆတာက မိမိဘာသာပေါ့
    ကဗျာအပေါ်ရိုးသားဖို့ပဲလိုတာပါ ( ဟီး...ဆရာကြီးလုပ်၏)


    ခံစားချက်အမှန်လားဗျ ကိုယ်ချင်းစာပါ၏

Post a Comment



Template by:
Free Blog Templates