သံယောဇဉ်မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါတယ်၊

Tuesday, March 30, 2010

သီချင်းတွေ ဆိုညည်းတတ်စအရွယ်မှာ ဘာကြောင့်များ အသဲကွဲသီချင်းတွေ နှစ်သက်ခဲ့မှန်းငါမသိခဲ့ဘူး
ဇာတ်ကားကြည့်တိုင်း မင်းသမီးကို တစ်ဖက်သတ်ကြိုက်တဲ့ အသဲကွဲလူဆိုးတွေကို ငါသနားလွန်းလို့ ငိုခဲ့ဖူးတယ်
စာအုပ်တွေဖတ်တတ်လာတော့လည်း အလွမ်းဇာတ်သိမ်းတဲ့ ဇာတ်လမ်းတွေဆို ငါ့ရင်ထဲမှာ စွဲကျန်ခဲ့တယ်။
ဒီလိုနဲ့ လက်တွေ့ငါ့ဘ၀မှာလည်း ဆယ်ကျော်သက်အရွယ် ရင်ခုန်တတ်စမှာ ငါ့ကိုယ်တိုင် တစ်ဖက်သတ်ဖြစ်ခဲ့ရတယ်………….
ဒါဟာ ငါ့အတွက်တကယ်မဆန်းတော့ပါ မင်းပျော်တာကိုကြည့်ရင်း ချစ်နေခဲ့တာ မင်းမသိလည်း ငါကျေနပ်ခဲ့တာပဲလေ။ မင်းဘ၀လေးကို ပြည့်စုံစေချင်တဲ့ ငါ့စေတနာကို မင်းဆီမှာ ထုတ်ပြောခွင့်မရှိလည်း မြတ်ဘုရားဆီမှာ ဆုတောင်းပေးမယ်။ ငါ့အချစ်နဲ့ အရာရာမင်းဘ၀ကို မပြည့်စုံစေပေမဲ့ မင်းမျက်ဝန်းမှာ ပျော်ရွှင်ကြည်နူးတဲ့ အရိပ်အယောင်လေးတွေ ထာဝရတည်နေပါစေလို့ ဆုတောင်းပေးနေခဲ့တာတွေ  မင်းမသိလည်းနေပါစေတော့…….
ဒီလိုနဲ့ လက်တွေ့ငါ့ဘ၀မှာလည်း မင်းလေးတစ်ယောက်ကို ဘယ်သူမှမသိနိုင်တဲ့ ငါ့ရဲ့ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့ တဖက်သတ်သမားအဖြစ်ပဲ ဆက်ချစ်သွားမယ်…..


စာကျက်မရလို့ ချရေးလိုက်တာ ဒါလေးပဲထွက်လာတယ်။ ပျင်းလိုက်တာ စာကျက်ရတာချည်းကို ဒါပေမဲ့ ရွာပြန်ရခါနီးလို့တော့ ပျော်သား...............

1 Comment:

  1. ပိုးဟပ်လေး said...
    ဟာဟ
    လိုတိုင်းတ ရနိုင်တဲ့
    လိုတရ အမွှေးတိုင်ကိုဆောင်
    ပြည့်စေဗျား

Post a Comment



Template by:
Free Blog Templates