Thursday, March 18, 2010
ဟောဒီစာသင်ခန်းလေးထဲက white board လေးက ဒို့ရဲ့အဖြူရောင် နှလုံးသားလေးဖြစ်သလို Microphone လေးက ဒို့အချစ်တွေကို ကြေငြာဖို့အတွက်ပေါ့၊ တနစ်တကျ စီတန်းထားတဲ့ ခုံတန်းလေးတွေက ဒို့အကြင်နာတွေလေ၊ ဒါပေမဲ့ အကြင်နာတွေနဲ့ မင်းမွန်းကျပ်နေမှာစိုးလို့ နှလုံးသားရဲ့ တစ်ဖက်ဆီမှာ ၃ တန်းလောက်ပဲ စီထားတာပေါ့၊ အမြဲတမ်းလင်းလက်နေတဲ့ လျှပ်စစ်မီးရောင်တွေက မင်းအတွက်အမြဲတမ်းတောက်ပနေတဲ့ သစ္စတရားတွေလေ၊ မင်းရဲ့မနာလိုဝန်သိုမှုတွေ ဖြေပျောက်ငြိမ်းအေးစေဖို့ Aircon လေးလည်းတပ်ထားတယ်၊ တခါတလေ မင်းတွေဝေတဲ့အခါ မင်းကို မီးမောင်းထိုးပြီး ရှင်းပြနိုင်ဖို့ Projector လေးလည်း ပါသေးရဲ့၊ ဘ၀အခက်အခဲတွေကြားမှာ မတော်တဆ အတ္တတွေနဲ့ လောင်ကျွမ်းလာတဲ့မင်းကို မေတ္တာရေစင်လေးနဲ့ ဖြန်းပက်ဖို့ အရေးပေါ်ရေပိုက်လေးလည်း တပ်ဆင်ထားပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဒို့တတွေရဲ့ အချစ် Files တွေကိုတစ်ခုခြင်း လေ့လာနိုင်ဖို့ ကွန်ပျူတာလေးလည်း မပါမဖြစ်ဘူးလေ၊ တော်ပါသေးရဲ့ ချစ်သူလေးရေ..… မေ့ကျန်ခဲ့တော့မလို့ ဒို့နှစ်ယောက်ရဲ့ အချစ်စာသင်ခန်းလေးထဲ ကြည်ဖြူစွာနဲ့ လှမ်းဝင်နိုင်ဖို့က အဓိကသော့ချက်ဖြစ်တဲ့ နားလည်မှု ဆိုတဲ့တံခါးပေါက်လေးပဲပေါ့ကွယ်။
ဟဲ ဟဲ ကျောင်းစာသင်ခန်းထဲ ဆရာစာသင်နေတုန်း အတွေးပေါက်လာလို့ ချရေးလိုက်တာကို၊ ဒီမှာ လာသိမ်းထားချင်လို့…..။ ဖတ်ပြီး အားပေးသွားတဲ့အတွက်….. ကျေးဇူးအထူးပေါ့နော်။ လိုသေးတဲ့ အရာတွေ ထပ်ဖြည့်ပေးလို့လည်းရပါတယ်ရှင်…..။
Labels: တွေးမိရေးမိသမျှ








စာသင်ခန်းထဲ အတင်းဝင်ခိုင်းနေလို့ ပြေးပြီဗျို့ ...